ဆန်းကြယ်သောအထူးပစ္စည်း! ၂
Vol. 19 Ch. 273
အာရုံစိုက်ခံရအောင် သူဘာလုပ်ရမလဲ? ရုပ်သံဌာနကို live လွှင့်ခိုင်းရမလား? ဒါပေမဲ့ ရုပ်သံဌာနကြီးကို သူ့ရဲ့နှစ်ကုန်စားသောက်ပွဲလွှင့်ခိုင်းဖို့ကမဖြစ်နိုင်။
ရုံချန်းစီရင်စုရုပ်သံဌာနကိုလုပ်ခိုင်းရမလား?
ထားတော့။ ရုံချန်းစီရင်စုရုပ်သံဌာနကိုကြည့်ရှုသူက စံအိမ်ရဲ့ live လွှင့်တာလောက်တောင် များမည်မဟုတ်။
ထိုအတွေးနှင့် ချင်လင်ကြောင်သွားသည်။
ဒါဆိုရင် ဘာလို့သူ့စံအိမ်က live မလွှင့်ရမှာလဲ?
စံအိမ်ရဲ့တရားဝင်အကောင့်မှာ ပရိသတ်တွေအများကြီး။ နှစ်ကုန်စားသောက်ပွဲ live လွှင့်တာကိုစောင့်ကြည့်မည့်သူတွေရှိလောက်သည်။
ကြည့်ရတာ စံအိမ်ကတစ်ခါမှ live လွှင့်ဖူးပုံမရ။ ဒီတစ်ကြိမ် ပွဲဦးထွက်လုပ်နိုင်တော့မည်။
လူစိတ်ဝင်စားမှုပိုရအောင် ချင်းလင်ဆေးဖက်ဝိုင်နဲ့နံ့သာဖြူနံ့သာတချို့ကို ဘယ်ဘက်ထောင့်ထိပ်ကနေပို့လိုက်မည်။ ဒီပစ္စည်းတွေရဲ့မက်လုံးအောက်မှာ live လွှင့်တာကိုစောင့်ကြည့်မယ့်သူတွေ သေချာပေါက်အများကြီးရှိလိမ့်မည်။ အာရုံစိုက်မှုအပြည့်အဝမရမှာ စိုးရိမ်စရာလိုသေးလား?


ချင်လင်ကထိုအကြောင်းတွေးပြီး ကျောက်မိုချင်းကိုမှာလိုက်သည်_ ''မိုချင်း... ဗီဒီယိုတစ်ပုဒ်ရိုက်ပြီး တရားဝင်ဝဘ်ဆိုဒ်မှာတင်လိုက်ပါဦး... ကိုယ်တို့နှစ်ကုန်စားသောက်ပွဲကို Live လွှင့်မယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါ... အချိန်ကျရင် ပရိသတ်တွေကို အကျိုးအမြတ်တွေပေးမယ်... လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင် ၃၀ မီလီလီတာ ပုလင်း ၅၀ နဲ့ အိပ်ပျော်စေတဲ့နံ့သာဖြူနံ့သာ ၁၀ ဂရမ် အိတ် ၂၀၀ ကိုပေးမယ်''
ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်_ ''ဟုတ်ပြီ... ပြီးရင် ဓာတ်ပုံဆရာနဲ့ယောင်ယောင်ကိုခေါ်ပြီး ဗီဒီယိုရိုက်လိုက်မယ်''
ဘယ်ကုမ္ပဏီရဲ့တရားဝင်အကောင့်မဆို လူသိများအောင်ဆက်ပြီးထိန်းထားနိုင်ဖို့ အရည်အသွေးကောင်းသောဗီဒီယိုများမကြာခဏတင်ပေးရသည်။ ပြီးခဲ့သောနှစ်ရက်အတွင်း ကုမ္ပဏီအတော်များများကလည်း နှစ်ကုန်စားသောက်ပွဲနှင့်ဆိုင်သောဗီဒီယိုများကိုတင်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ နှစ်ကုန်စားသောက်ပွဲကလည်း ပြည်သူများအာရုံစိုက်သောအရာများထဲမှတစ်ခုဖြစ်ပြီး အလွန်နာမည်ကျော်၏။
ညနေပိုင်းတွင် ကျောက်မိုချင်းက တရားဝင်အကောင့်တွင် ဗီဒီယိုတင်လိုက်သည်။ ပရိသတ်များစွာက ထိုဗီဒီယိုကိုတွေ့သွားကြ၏။
''မင်္ဂလာပါ အားလုံးပဲ... ကျွန်မကယောင်ယောင်ပါ... အားလုံးနဲ့ထပ်ဆုံပြန်ပြီနော်... ကျွန်မသတင်းကောင်းလေးတစ်ခုပြောပြပါရစေ... ကျွန်မတို့စံအိမ်က ၂၈ ရက်နေ့ညနှစ်ကုန်စားသောက်ပွဲကျရင် live လွှင့်မှာပါ... အဲဒီအချိန်ကျရင် live ထဲမှာ အခမဲ့ကံစမ်းခွင့်အိတ်ရှိပါမယ်... လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်နဲ့ အိပ်ပျော်စေတဲ့နံ့သာဖြူနံ့သာပါပါမယ်ရှင်''
ဗီဒီယိုပထမပိုင်းကိုတွေ့သောအခါ ပရိသတ်များက သိပ်ပြီးစိတ်မဝင်စားကြ။ ဘာပဲဖြစ်ဖြစ် ရှုမျှော်ခင်းနေရာရဲ့နှစ်ကုန်စားသောက်ပွဲ live လွှင့်တာလေ။ ပြိုင်ပွဲမှမဟုတ်တာ။
သို့သော် လိပ်ခေါင်းဆေးဖက်ဝင်ဝိုင်နှင့် အိပ်ပျော်စေသောနံ့သာဖြူနံ့သာကို အခမဲ့ကံစမ်းပေးမည့်အိတ်ပါကြောင်းတွေ့သောအခါ ချက်ချင်းစိတ်ဝင်စားသွားကြသည်။ ဘယ်စိတ်လှုပ်ရှားစရာပါတီကမှ ချင်းလင်စံအိမ် live တာကိုစောင့်ကြည့်ဖို့တားနိုင်တော့မည်မဟုတ်ချေ။
အချိန်တိုအတွင်း ဗီဒီယိုမှတ်ချက်နေရာတွင် ထူးထူးခြားခြားလှုပ်ခတ်သွား၏။
''ဟား ဟား... ဗီဒီယိုမကြည့်မိရင် အရေးကြီးသတင်းလွတ်သွားတော့မလို့''
''နှစ်ကုန်စားသောက်ပွဲကို live လွှင့်တာ ဘာအဓိပ္ပါယ်ရှိလဲ... အိုး နေပါဦး... အရမ်းစိတ်ဝင်စားသွားပြီ''
''ငါတော့ ကံစမ်းမဲအိတ်ကို လုံးဝစိတ်မဝင်စားဘူး... ချင်းလင်စံအိမ်ရဲ့ live လွှင့်တာကို သက်သက်ကြည့်ချင်လို့''
“…”
ရုံးခန်းထဲတွင် ချင်လင်က ကျောက်မိုချင်းတင်လိုက်သောဗီဒီယိုကိုကြည့်ပြီး ရေပန်းစားခေါင်းစဉ်ဖြစ်အောင် Dou+ ကိုနှိပ်လိုက်သည်။ ညာဘက်ကိုဆွဲချ၍ ယွမ် ၂၀၀၀၀ ပေးချေလိုက်၏။
တခဏအတွင်း ဗီဒီယို၏ like နှင့်မှတ်ချက်များမှာ မယုံနိုင်လောက်သောအရှိန်နှင့်ပြန်တက်လာသည်။ ဗီဒီယိုလည်း ပေါက်သွား၏။
ဆေးဖက်ဝင်ဝိုင်နှင့်နံ့သာ၏မက်လုံးကြောင့် Live ထဲတွင် သေချာပေါက်လူအများကြီးရှိလိမ့်မည်။ ဒါဆိုရင် အာရုံစိုက်မှုအလုံအလောက်ရဖို့က ကိစ္စမရှိတော့။
ချင်လင်တွေးတောနေစဉ် သူ့စိတ်ထဲတွင်အသိပေးစာပေါ်လာသည်။


(ဂီတပူဇော်ပွဲလိုအပ်ချက်များ ၂/၄)
''???'' ထိုအသိပေးစာကိုရလျှင် ချင်လင်မှာ ရုတ်ချည်းမတုံ့ပြန်နိုင်ဖြစ်သွားသည်။ အာရုံစိုက်ခံရမှုလိုအပ်ချက်ပြည့်သွားပြီလား?
ဘာကြောင့်ထင်မှတ်မထားလောက်အောင်ဖြစ်သွားတာလဲ? စားသောက်ပွဲကျင်းပတဲ့အထိစောင့်ရမယ်ထင်နေတာ။
ဒါက ဂိမ်းဆော့နေရသလိုပင်။ သူဌေးရှေ့မှာတော့ တစ်ဖက်လူကိုကိုင်တွယ်ဖြေရှင်းဖို့အချိန်ဘယ်လောက်ရလဲစီစဉ်ထားသည်။ နောက်ဆုံးကျ စက္ကန့်ပိုင်းနှင့် သူဌေးကိုသတ်ပစ်လိုက်၏။ အခုပြီးမြောက်အောင်မြင်သွားတယ်လို့လည်းမခံစားရ။
ဒီလိုဆိုရင် လိုအပ်ချက် ၂ ခုသာကျန်တော့သည်: တေးဂီတအစီအစဉ် ၁၀ ခုနဲ့ ဝန်ထမ်းတွေရဲ့အားတက်သရောပါဝင်မှု။ ပြီးတော့ ဒီလိုအပ်ချက်နှစ်ခုက စားသောက်ပွဲစတဲ့အချိန်အထိစောင့်လိုက်ရင် ပြဿနာမရှိတော့။
အကြောင်းတချို့ကြောင့် ချင်လင်မှာရုတ်တရက် လက်တွေ့ဘဝသရုပ်ဆောင်ဂိမ်းဆော့နေရသလို ခံစားလိုက်ရသည်။
နှစ်ကုန်စားသောက်ပွဲသတင်းပြန့်သွားသဖြင့် စံအိမ်နှင့်အစားအသောက်ကုမ္ပဏီဝန်ထမ်းများမှာ တက်တက်ကြွကြွဆွေးနွေးကြတော့သည်။ အရည်အချင်းရှိသော ငယ်ငယ်ရွယ်ရွယ်ဝန်ထမ်းအတော်များများက စိတ်ဝင်စားကြ၏။
ဘာပဲဖြစ်ဖြစ် နှစ်ကုန်စားသောက်ပွဲမှာ အရည်အချင်းထုတ်ပြနိုင်ရင် လက်တွဲဖော်ရွေးချယ်ရာတွင် ဦးစားပေးဖြစ်ကောင်းဖြစ်လာနိုင်သည်။ အစားအသောက်ကုမ္ပဏီဖြစ်ဖြစ် စံအိမ်ဖြစ်ဖြစ် တစ်ကိုယ်တည်းသမားတွေကအများကြီးလေ။
နောက်တစ်နေ့၌_
ကျောက်မိုချင်းက ကောင်းယောင်ယောင်နှင့် အစားအသောက်ကုမ္ပဏီမှစာရေးမလေးရှောင်လီကို သူမရုံးခန်းထဲဖုန်းဆက်ခေါ်ပြီး ညွှန်ကြားလိုက်သည်_ ''မင်းတို့နှစ်ယောက်က နှစ်ကုန်စားသောက်ပွဲစည်းရုံးရေးအတွက် တာဝန်ခံတွေပဲ... စီရင်စုထဲကဟိုတယ်သုံးခုကို အစ်မဆက်သွယ်ထားပြီးပြီ... သူတို့ဆီကခုံအပိုတွေငှားပြီး အခမ်းအနားပြင်ဆင်ဖို့ ချန်တပေတို့ကိုခေါ်သွားလိုက်ပါ''
ပါတီကို စီရင်စုခန်းမထဲကျင်းပမည်ဆိုသော်လည်း လူ ၈၀၀ အတွက် စားပွဲအလုံအလောက်မရှိချေ။ သူတို့ဘာသာသူတို့ နည်းလမ်းစဉ်းစားရမည်။
ထို့ကြောင့် ကျောက်မိုချင်းက စီရင်စုထဲမှဟိုတယ်ကြီးသုံးခုကိုဆက်သွယ်လိုက်သည်။ သူတို့အားလုံးမှာ စားပွဲအပိုများရှိသဖြင့် အရင်ဆုံးသူတို့ဆီမှငှားနိုင်၏။
ထိုဟိုတယ်သုံးခုက ကျောက်မိုချင်းထိုင်ခုံငှားလိုကြောင်းသတင်းရလျှင် ချက်ချင်းသဘောတူလိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဟိုတယ်ကလည်း လက်ရှိစီးပွားရေးအတွက် ချင်းလင်စံအိမ်ကိုအားထားနေရသည်လေ။ ချင်းလင်စံအိမ်ခရီးသည်များကြောင့် ဟိုတယ်စီးပွားရေးက အရင်ထက်ပိုပြီးအဆင်ပြေလာသည်။
''ကောင်းပါပြီး အစ်မမိုချင်း'' ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး အစားအသောက်ကုမ္ပဏီမှလာသောရှောင်လီနှင့်အတူ ရုံးခန်းထဲမှထွက်လာ၏။ ထို့နောက် ချန်တပေကိုရှာ၍ ထိုင်ခုံများရွှေ့ရန် လူခေါ်သွားလိုက်သည်။
အချိန်တချို့ကုန်လွန်သွားသည်။
နောက်အချိန်များ၌ ခန်းမထဲရှိပွဲကျင်းပနေရာကိုပြင်ဆင်ခြင်းအပြင် ကောင်းယောင်ယောင်နှင့် အစားအသောက်ကုမ္ပဏီဝန်ထမ်းရှောင်လီလည်း ဖျော်ဖြေရေးအတွက်စာရင်းပေးထားသောဝန်ထမ်းများကိုစုပြီး အစမ်းလေ့ကျင့်ရန်ခေါ်လာခဲ့၏။
ဒီလိုနှစ်ကုန်စားသောက်ပွဲမျိုးကို ပထမဆုံးကျင်းပခြင်းဖြစ်သော်လည်း အားလုံးကစိတ်အားတက်ကြွပြီး အပြင်းအထန်ဖြစ်နေကြသည်။
စီရင်စုမြို့တော်မှာ တဖြည်းဖြည်းနှင့် နှစ်သစ်အငွေ့အသက်စတင်လာသည်။ ဆိုင်အတော်များများတွင် အလှဆင်နေကြ၏။ နှစ်သစ်ရောက်ခါနီးလျှင် ပစ္စည်းအမျိုးအမျိုး၏တန်ဖိုးမှာ ရက်ပိုင်းနှင့် မြန်မြန်ဆန်ဆန်တက်သွားသည်။
တက္ကစီနှင့် Grab ဝန်ဆောင်မှုတန်ဖိုးများတောင် ထိုးတက်သွားလေသည်။