← Chapters

အထူးပစ္စည်း: သံသာပင်!

Vol. 19 Ch. 275

အထူးပစ္စည်း: သံသာပင်!

Vol. 19 Ch. 275

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအသစ်ထဲတွင် အထူးအသုံးအဆောင်ပစ္စည်းများစွာရှိသည်။ ဘယ်တစ်ခုကိုရမလဲဆိုသည်က ဂီတပွဲအခမ်းအနားစာလိပ်၏နောက်ဆုံးလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သည့်အခါမှသာ သိပေမည်။

သူ့အသိပြန်ဝင်လာရုံရှိသေး၊ ချန်လီလျှောက်ဝင်လာသည်_ ''သူဌေးချင် ဂုဏ်ယူပါတယ်... ဒီနေ့နှစ်ကုန်စားသောက်ပွဲရဲ့အငွေ့အသက်က အရမ်းကောင်းတာပဲ... ရုံချန်းစီရင်စုမှာ ဘယ်ကုမ္ပဏီမှ ဒီလောက်အတိုင်းအတာရှိတဲ့နှစ်ကုန်စားသောက်ပွဲမျိုးမကျင်းပနိုင်ခဲ့ဖူးဘူး''

ချင်လင်က အပြုံးနှင့်နှုတ်ဆက်လိုက်၏_ ''ကြိုဆိုပါတယ် လက်ထောက်ချန်... ပြီးရင် အတူတူသောက်ကြတာပေါ့''

ချန်လီကလက်ကာပြပြီး_ ''သူဌေးချင်... ကျုပ်က စီရင်စုကိုယ်စား လက်ဆောင်လာပို့ရုံသက်သက်ပါ... ခဏနေ စီရင်စုကိုပြန်ရမယ်... ဒီညအချိန်ပိုဆင်းစရာရှိသေးတယ်''

သူ့နောက်က ကျုံးလဲ့လည်းရှေ့တိုးလာပြီး အနီရောင်ပဝါစနှင့်ပတ်ထားသောလက်မှတ်နှစ်ခုကို ချင်လင်ဆီကမ်းပေးလိုက်သည်။

ချင်လင်က လက်မှတ်ကိုဇဝေဇဝါနှင့်ယူလိုက်သည်။ ထိုလက်မှတ်မှာ ရုံချန်းစီရင်စုမှပေးသောထူးချွန်လက်မှတ်ပင်။ တစ်ခုက ချင်းလင်အစားအသောက်ကုမ္ပဏီအတွက်။ နောက်တစ်ခုက ချင်းလင်စံအိမ်အတွက်။

ဤသည်မှာ ရုံချန်းစီရင်စုအတွက်ပါဝင်ဆောင်ရွက်ခြင်းကြောင့် စီရင်စုကချီးမြှင့်သောကုမ္ပဏီဖြစ်လေသည်။ သာမန်အခြေအနေဆို ညဘက်ကြီး အိမ်တိုင်ယာရောက် ကိုယ်တိုင်လာပို့မည်မဟုတ်ချေ။

သို့သော်လည်း ပန်းတွေနှင့်ဝေါယဉ်တွေက လူတွေကိုသယ်ဆောင်တတ်သည်။ တစ်ခါတရံ အထူးအခြေအနေများအတွက် သီးသန့်ဧည့်ဝတ်မျိုးလိုအပ်၏။

ဒီနေ့ချင်းလင်စံအိမ်ရဲ့နှစ်ကုန်စားသောက်ပွဲမှာ သက်ဝင်လှုပ်ရှားနေသဖြင့် လာပို့ပေးရပေမည်။

လက်မှတ်ပို့​ပြီးနောက် ချန်လီကကြာကြာမနေ။ ဒီနေ့လူအဖွဲ့အစည်းမှာ သူကမှန်ကန်နေရင်တောင် အခြေအမြစ်မရှိသောစွပ်စွဲချက်များကိုစိုးရိမ်နေရသည်။

မသောက်ဖို့ငြင်းရတာ သူ့အတွက်ခက်ကောင်းခက်မည်။ သို့သော် မနက်ဖြန်ကျ အွန်လိုင်းပေါ်ပြန့်သွားနိုင်၏။ အဲဒီနောက်မှာ သူများကုမ္ပဏီရဲ့စားသောက်ပွဲမှာ အသားငါးစားနေတဲ့သတင်းတွေတက်လာမည်။ ကိုယ်ရေးကိုယ်တာပြဿနာတွေရှိလာနိုင်သည်။

တစ်ခါတရံမှာ တရားမျှတမှုက လူလိမ်ပါးစပ်ကိုမယှဉ်နိုင်။

တချို့လူတွေက ပြီးခဲ့သောနှစ် ၂၀ အတွင်း လူမှုစီးပွားရေးလျင်လျင်မြန်မြန်ဖွံ့ဖြိုးလာသည်ဆိုသော်လည်း ကိုယ်ကျင့်တရားတန်ဖိုးများတဖြည်းဖြည်းဆုတ်ယုတ်လာသည်ဟုဆိုကြမည်။

ထိုအဆိုမှာ သတိပေးစကားဆိုသော်လည်း တချို့အရာများက အမှန်ပင်မတတ်သာအောင်ပုံဖော်နေသည်။

ချန်လီထွက်သွားသည်နှင့် တန့်ကွမ်းက လူသုံးယောက်ကိုဦးဆောင်ပြီးဝင်လာ၏။

သူတို့ထဲမှတစ်ယောက်ကို သူသိသည်။ ချင်းလင်ဆော့ကိုယ်စားလှယ် ချန်ဟယ်ပင်။

''ဥက္ကဌချင်... ဂုဏ်ယူပါတယ်'' ချန်ဟယ်က ဝင်လာလာချင်း ချင်လင်ကိုတရင်းတနှီးလက်ဆွဲနှုတ်ဆက်လိုက်သည်။

တန့်ကွမ်းလည်း တခြားနှစ်ယောက်ကိုမိတ်ဆက်ပေးလိုက်၏_ ''ဥက္ကဌချင်... ဒီနှစ်ယောက်က ချင်မြို့တော်နဲ့ကျင်မြို့တော်ရဲ့ကိုယ်စားလှယ် ကျိုးတကျိုးနဲ့ ကျင်စွေ့ပါ''

ချင်းလင်ဆော့နှစ်သုတ်ရောက်ပြီးနောက် ထုတ်လုပ်ရေးကအကြီးအကျယ်တိုးတက်လာသည်။ တန့်ကွမ်းက ချန်ဟယ်အပြင် တခြားမြို့များမှကိုယ်စားလှယ်လျှောက်သည့် ဒေသခံကိုယ်စားလှယ်နှစ်ဦးကိုရွေးချယ်ခဲ့၏။ သူတို့ကိုလည်း ချန်ဟယ်လိုပင် ဒီနေ့နှစ်ကုန်စားသောက်ပွဲသို့ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိချင်းလင်ဆော့စျေးကွက်ကကောင်းနေသဖြင့် လူအတော်များများက ကိုယ်စားလှယ်လျှောက်ချင်ကြသည်။

သို့သော် ကျိုးတကျိုးနှင့်ကျင်စွေ့မှာ ဒီနှစ်သူ့ကိုမမြင်ဖူးခဲ့။ ပထမအချက်အနေနှင့် အစားအသောက်ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်သောတန့်ကွမ်းက သူတို့နှစ်ဦးကိုဆက်သွယ်ထားပြီဖြစ်သည်။ ဒုတိယအချက်အနေနှင့် သူတို့နှစ်ဦးကိုသီးသန့်တွေ့ဆုံရန် ချင်လင်မှာအချိန်မရှိခြင်းပင်။

ကျိုးတကျိုးနှင့်ကျင်စွေ့လည်းရှေ့တိုးပြီး ချင်လင်နှင့် ဝမ်းသာအားရလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

''ဥက္ကဌချင်... ဥက္ကဌအကြောင်း အများကြီးကြားဖူးပါတယ်''

''ဥက္ကဌချင်နဲ့တွေ့ချင်နေတာ ကြာပါပြီ... ဒီနေ့မှတွေ့ရတော့တယ်''

ချင်းလင်ဆော့မှာ ရောင်းရအလွန်လွယ်ကူပြီး အမြောက်အများရောင်းချရသည်။ သူတို့နှစ်ဦးအတွက် သဘောတူညီချက်ကောင်းတစ်ခုဖြစ်၏။ သူတို့ကလည်း မြို့တော်ကိုယ်စားလှယ်ဖြစ်ရုံနှင့်မတင်းတိမ်၍ သူဌေးချင်အမြင်မကြည်တာမျိုးမဖြစ်စေချင်။

အပြင်ဘက်၌_

ခန်းမထဲတွင် အစားအသောက်များတည်ခင်းနေပြီဖြစ်သည်။ ဝန်ထမ်းအားလုံးက နေရာယူထားပြီး ဆူဆူညံညံစားသောက်နေကြ၏။





ပတ်ပတ်လည်တွင် စာတန်းများလည်းချိတ်ဆွဲထားသည်_ ''ချင်းလင်စံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီ၏ နှစ်ကုန်စားသောက်ပွဲ''။ ဒါချင်းလင်စံအိမ်ရဲ့နှစ်ကုန်စားသောက်ပွဲဖြစ်ကြောင်း ထင်ထင်ရှားရှား။

နဖူးစည်းစာတန်းဆိုသည်မှာ လိုရင်းတိုရှင်းဖြစ်ရမည်။ ဆေးရုံတွင် စည်းရုံးသောစာတန်းလိုပင်_ ''ခွဲစိတ်ခန်းကို ငွေနှင့်ဖြည့်ထားသည်''။

တစ်ချက်ကြည့်ရုံနှင့်သိသာသည်။ ပြဌာန်းစာအုပ်အဖြစ်တောင်သုံးနိုင်၏။

ရုံချန်းစီရင်စုရုပ်သံဌာနမှလူများက အနောက်ဘက်တွင် မှတ်တမ်းတင်စက်ပစ္စည်းများဆင်နေကြသည်။

အရှေ့ပိုင်းစားပွဲတစ်ဝိုင်းတွင် ကျောက်မိုချင်းလည်း ဘဏ္ဍာရေး၊ စာရင်းကိုင်ဌာနနှင့်အတူထိုင်နေ၏။ ဘဏ္ဍာရေးဌာနမှရှောင်ရှင်းမှာ ဖုန်းတစ်လုံးနှင့်စတိတ်စင်ကိုမျက်နှာမူထားသည်။

ထိုဖုန်းမှာ Live လွှင့်သည့်ဖုန်းပင်။ စံအိမ်တရားဝင်အကောင့်မှ နှစ်ကုန်စားသောက်ပွဲကို live လွှင့်မည်၊ ဆေးဖက်ဝင်ဝိုင်နှင့်နံ့သာမှုန့်ပေးမည်ဟု ဗီဒီယိုတင်ထားပြီးဖြစ်၍ ကိုယ့်စကားကိုယ်ပြန်ရုတ်သိမ်းလို့မရ။

ရှောင်ရှင်းက သူမဖုန်းမှ live ထဲရှိလူအရေအတွက်ကိုကြည့်ရင်း နည်းနည်းစိတ်လှုပ်ရှားသွားသည်။ အွန်လိုင်းပရိသတ်က ၁၀၀၀၀၀ ကျော်နေလေပြီ။

နာမည်ကျော် လိပ်ခေါင်းသက်သာစေသောချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် အိပ်ပျော်စေသောနံ့သာဖြူနံ့သာမှုန့်က အလွန်ဆွဲဆောင်မှုအားကောင်းသောကြောင့် တရားဝင်အကောင့် live မှာ လူဝင်ပိုများနေသည်။

သူမမျက်နှာပြစရာမလို။ ဖုန်းကိုသာဂရုစိုက်ပြီး ကံစမ်းမဲအိတ်ပို့နေရသော်လည်း စာရင်းကိုင်လေးတစ်ဦးအနေနှင့် ဒီလိုမြင်ကွင်းကြီးမျိုးမမြင်ခဲ့ဖူးပေ။

ဒီအတောအတွင်း A စာရင်းဝင် PK live လွှင့်သူများနှင့် ကာဂို live လွှင့်သူများ၏ လူအရေအတွက်မှာ ၁၀၀၀၀၀ ထိမရောက်ခဲ့ပေ။

ထိုအချိန်တွင် ချင်းလင်စံအိမ် live မှာ အသက်ဝင်နေပြီ။ မှတ်ချက်များအထပ်ထပ်ရိုက်နေ၏:

''ငါက လိပ်ခေါင်းဆေးဖက်ဝင်ဝိုင်အတွက် ဝင်ကြည့်တာမဟုတ်ဘူး''

''ငါကအိပ်မပျော်တာမျိုးမရှိဘူး... သက်သက်လာကြည့်တာ''

''လိပ်ခေါင်းဆေးဖက်ဝင်ဝိုင်နောက်လိုက်နေတာ မဟုတ်ပါဘူးနော်?''

''ဟား ဟား... နေ့တိုင်းအလုပ်ပင်ပန်းတာ... အိပ်မပျော်နိုင်တဲ့သူတွေရှိသေးတယ်လို့ မပြောနဲ့နော်?''

''ငါ့မှာ လိပ်ခေါင်းရော အိပ်မပျော်ရောဂါရောရှိတယ်... မလိုရင် မြန်မြန်ထွက်သွား... လာမလုနဲ့!''

“…”

အမှန်တကယ် ပရိသတ်များရောက်နေခြင်းမှာ ဆေးဖက်ဝင်ဝိုင်နှင့်နံ့သာမှုန့်ကြောင့်ဖြစ်သည်။ ကျည်ဆန်လိုဖန်သားပြင်တွင်ပေါ်နေသောအကြောင်းအရာများမှာလည်း ထိုအကြောင်းနှင့်ဆက်စပ်နေ၏။

ချင်လင်က နောက်ခံနေရာမှထွက်လာပြီး ကျောက်မိုချင်းနားလာထိုင်သောအခါ အရပ်ရှည်ရှည်နှင့်ကြော့ရှင်းသောတင်ဆက်သူတစ်ဦး စတိတ်စင်ပေါ်လျှောက်လာသည်။

သူမက စီရင်စုစာပေအသင်း၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အလွန်လှသည်။ သူမစင်ပေါ်ရောက်သောအခါ အလွန်သာယာသောအသံနှင့် အဖွင့်စကားပြောကြားလေသည်။

တင်ဆက်သူစင်ပေါ်ရောက်ရောက်ချင်း စံအိမ် live ထဲတွင် မှတ်ချက်များနည်းနည်းပြောင်းလဲသွား၏။

''ဒီတင်ဆက်သူက ခန္ဓာကိုယ်အချိုးအစားကောင်းလိုက်တာ!''

''ဝိုး... မျက်နှာလေးက ရည်ရည်မွန်မွန်လေး... ကြိုက်တယ်''

''အခုကစပြီး ဒီတင်ဆက်သူလေးပေါ်ပေါ်လာပါစေလို့''

''ယောင်ယောင်ကမဆိုးဘူးဆိုပေမဲ့ စံအိမ်ဗီဒီယိုထဲမှာ တခြားမိန်းကလေးတွေပါလာလည်း စိတ်မဆိုးဘူး''

“…”

ရှောင်ရှင်းက ရုတ်တရက်ပြောင်းလဲသွားသောမှတ်ချက်များကိုကြည့်ရင်း ထိုတဏှာရူးအုပ်စုအတွက် သက်ပြင်းချမိသည်။ ထို့နောက် သူမတာဝန်ကိုမမေ့။ စားသောက်ပွဲမစခင် ၃၀ မီလီလီတာဆေးဖက်ဝင်ဝိုင် ၂ ပုလင်းနှင့် ၆ ဂရမ်နံ့သာဖြူနံ့သာမှုန့် ၄ ထုပ်ဝေရဦးမည်။

သူမကစီစဉ်ပြီး ကံစမ်းမဲအိတ်ကို တိတ်တိတ်လေးဝေလိုက်သည်။ ပြီးလျှင် စင်ပေါ်ဆက်ကြည့်လိုက်၏။ ပထမဆုံးဖျော်ဖြေသူ စင်ပေါ်ရောက်နေပြီ။

ကံစမ်းမဲအိတ်ရရှိကြောင်းကိုလည်း စတင်ရေတွက်ပြီဖြစ်သည်။ သို့သော် ခဏအကြာ Live တစ်ခုလုံးအုံကြွသွား၏။

''သောက်... ဘယ်ဘက်ထိပ်ထောင့်မှာ ကံစမ်းမဲအိတ်ရှိမှန်း အခုမှသဘောပေါက်တယ်... ငါအထင်မှားတာမှတ်လို့''

''ဒါနည်းလမ်းမကျဘူး... အစီအစဉ်ကိုအရင်ဆုံးကြေညာသင့်တာမလား? အာရုံမစိုက်မိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်မလဲ?''

''တကယ်ဆရာမကျတာပါ... ငါသတိမထားဘဲ ထွက်မိတော့မလို့... တော်သေးတယ်... ဖုန်းကိုတစ်ချက်ကြည့်လိုက်လို့ပေါ့''

“…”

ရှောင်ရှင်းက သူမကိုဝေဖန်ထားသောမှတ်ချက်များတွေ့လျှင် ဒီလူတွေအရူးတွေဟု ခံစားမိသည်။

သူမက ဘဏ္ဍာရေးမှာ တောက်လျှောက်လုပ်လာတဲ့သူ ဟုတ်ပြီလား? ဘယ်လိုလုပ် ဆရာကျမလဲ။

မကြာမီ နှစ်ကုန်စားသောက်ပွဲ၏ပထမဆုံးအစီအစဉ် စတင်တင်ဆက်သည်။ ဝန်ထမ်းတွေအရင်ဆုံးတက်ပြီးဖျော်ဖြေရင် စိတ်လှုပ်ရှားမည်စိုးသောကြောင့် ပထမဆုံးဖျော်ဖြေသူမှာ စီရင်စုစာပေနှင့်အနုပညာအသင်းမှ မိန်းကလေးတစ်ဦးဖြစ်သည်။ အစီအစဉ်က သီချင်းတစ်ပုဒ်ဖြစ်ပြီး အလွန်မြူးကြွသောသံစဉ်ဖြစ်၏။





သီချင်းဆုံးသောအခါ အဓိကပွဲအစီအစဉ်စတင်သည်။ ဝန်ထမ်းအားလုံးက ဖန်သားပြင်ကြီးပေါ်တွင် ကံစမ်းမဲကြော်ငြာဝင်သည်ကိုမြင်ရ၏။

တင်ဆက်သူလှလှလေးက စင်ပေါ်ပြန်တက်လာပြီး ချိုသာသောအသံနှင့်_ ''သီချင်းကောင်းလေးပြီးသွားပါပြီ... နောက်အစီအစဉ်ကတော့ အားလုံးမျှော်လင့်စောင့်စားနေတဲ့ ကံစမ်းမဲအစီအစဉ်ပါ''

''အားလုံးမြင်တဲ့အတိုင်းပါပဲ... ဒီညနှစ်ကုန်စားသောက်ပွဲအတွက် ကုမ္ပဏီကဆုတွေအများကြီးပြင်ထားတယ်ဆိုတာ... ဒါ့အပြင် ကုမ္ပဏီက ဧည့်သည်တချို့ကိုလည်း ဖိတ်ထားပါသေးတယ်... သူတို့ကလည်း အားလုံးအတွက်လက်ဆောင်အဖြစ် ဟုန်ပေါင်းတွေအများကြီးယူလာပါတယ်''

''အခု... ချင်းလင်ဆော့ရဲ့အမှုဆောင်စီးပွားရေးလုပ်ငန်းရှင်ကျိုးတကျိုးကို ကြိုဆိုလိုက်ရအောင်... သူကအားလုံးအတွက် ယွမ် ၂၀၀၀ ဟုန်ပေါင်း ၅ အိတ်ယူလာပါတယ်ရှင်''

ယွမ် ၂၀၀၀ ဟုန်ပေါင်း ၅ အိတ်ကို ဝန်ထမ်း ၅ ယောက်ရနိုင်သည့်သဘောပင်။

ထိုကြေညာချက်ကြောင့် ဝန်ထမ်းများစိတ်တက်ကြွသွားသည်။ သူတို့ကအားရပါးရလက်ခုပ်တီးပြီး ဝန်ထမ်း ၅ ယောက်ထဲမှတစ်ယောက်ဖြစ်ရန်မျှော်လင့်နေကြ၏။

ဤစီရင်စုငယ်လေးအတွက် ယွမ် ၂၀၀၀ မှာ အမှန်တကယ်များသည်။ အတော်များများက တစ်လတစ်လ ယွမ် ၂၀၀၀ ကျော်သာဝင်ငွေရှိကြသည်။

ဒီလိုဧည့်သည်တွေယူလာသောဟုန်ပေါင်းကို နည်းရာကများ စဉ်လေ့ရှိကြသည်။ ကျိုးတကျိုး၏ ယွမ် ၂၀၀၀ ဟုန်ပေါင်း ၅ အိတ်ကို လင်ဖုန်းတို့လိုတင်သွင်းသူများထက် ပိုမှတ်ရ၏။ ပုံမှန်အားဖြင့် နောက်မှာထားလိမ့်မည်။

သို့သော် ကျိုးတကျိုးမှာ အလောတကြီးသွားပြီး အရေးတကြီးတက်စရာကိစ္စရှိနေသည်။ ဒီတော့ အစီအစဉ်ကိုညှိယူရ၏။

ကျိုးတကျိုးက စင်ပေါ်လျှောက်လာရာ တင်ဆက်သူအလှလေးက သူမလက်ထဲမှမိုက်ခရိုဖုန်းကို သူ့ဆီကမ်းပေးလိုက်သည်။

ကျိုးတကျိုးက မိုက်ခရိုဖုန်းယူပြီး အပြုံးနှင့်ပြောလိုက်၏_ ''အရင်ဆုံး ချင်းလင်ကုမ္ပဏီရဲ့နှစ်ကုန်စားသောက်ပွဲကိုတက်ရောက်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်... ချင်းလင်ဆော့ရဲ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အားလုံးရဲ့အားစိုက်ထုတ်မှုကို အထူးကျေးဇူးတင်ပါတယ်... ထုတ်လုပ်ရေးအင်အားကြောင့်သာ စားသုံးသူတွေကို အရသာရှိတဲ့ဆော့ပုလင်းတွေရောင်းချနိုင်တာပါ...''

ကျိုးတကျိုးပြောပြီးလျှင် တင်ဆက်သူလည်းရှေ့တိုးလာပြီး ကျိုးတကျိုးအား ရီမုပေးလိုက်ကာ_ ''ဥက္ကဌကျိုး... ဒါကကံစမ်းမဲရီမုပါ... ဒီမှာရောက်နေတဲ့ဝန်ထမ်းအားလုံးရဲ့နာမည်ကို ဆုမဲစာရင်းသွင်းထားပါတယ်... ဒီရီမုကိုနှိပ်လိုက်တာနဲ့ ဝန်ထမ်းတွေရဲ့နာမည်က ဖန်သားပြင်ကြီးပေါ်မှာ ကျပန်းပေါ်နေပါလိမ့်မယ်... ရီမုကိုနောက်တစ်ချက်နှိပ်လိုက်ရင် ရပ်သွားပါလိမ့်မယ်... ဒီလိုနဲ့ဥက္ကဌကိုယ်တိုင် ဒီကံထူးရှင်ဝန်ထမ်းငါးယောက်ကိုရွေးပေးနိုင်ပါတယ်ရှင်''

ကျိုးတကျိုးက တုံ့ဆိုင်းမနေဘဲ ရီမုကိုနှိပ်လိုက်သည်။ ချက်ချင်းဆိုသလို နာမည်နှင့်သက်ဆိုင်ရာဓာတ်ပုံများ ဖန်သားပြင်ပေါ်ထွက်လာ၏။

နာမည်ဓာတ်ပုံများမှာ အလွန်မြန်မြန်ဆန်ဆန်ပေါ်နေသဖြင့် လူ့မျက်စိနှင့်မြင်နိုင်ဖို့ခက်သည်။ သို့ဆိုလျှင်တောင် ဝန်ထမ်းများက မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်နေဆဲပင်။

ကျိုးတကျိုးက ရပ်မည်ခလုတ်ကိုထပ်နှိပ်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် ဝန်ထမ်း ၅ ဦး၏နာမည်နှင့်ဓာတ်ပုံများပေါ်လာသည်။

''ငါရတယ်... ဟား ဟား... ငါရတယ်''

“ငါ့နာမည်ပဲ!”

အံ့သြသံတသီကြီးထွက်လာသည်။

ဝန်ထမ်းတစ်ဦးက ဆုမဲကိုအာရုံစိုက်ပုံမပေါ်ဘဲ သူမပေါက်နိုင်ဟုထင်ပြီး မဲရလဒ်ထွက်နေစဉ် ခေါင်းငုံ့ကာ ငါးစားနေ၏။ သူ့ဘေးလူက အကြိမ်ကြိမ်သတိပေးမှ အံ့သြပြီးမတ်တပ်ထရပ်လိုက်သည်။

မကြာမီ_

ထိုကံထူးရှင်ဝန်ထမ်း ၅ ဦးကို တင်ဆက်သူက စင်ပေါ်ဖိတ်ခေါ်လိုက်သည်။ ကျိုးတကျိုးကိုယ်တိုင် သူယူလာသောဟုန်ပေါင်းများကို သူတို့ ၅ ဦးအားပေးလိုက်၏။ အခမ်းအနားလုပ်ထုံးနှင့် အလွန်ညီသည်။

သူတို့ဘေးတွင် စံအိမ်မှဓာတ်ပုံဆရာက ဓာတ်ပုံများရိုက်နေ၏။

ရုံချန်းစီရင်စုရုပ်သံဌာနမှဗီဒီယိုရိုက်သူက ထိုမြင်ကွင်းကြောင့် သက်ပြင်းချပြီး သူ့ဘေးမှလုပ်ဖော်ကိုင်ဖက်များအား_ ''ရုံချန်းစီရင်စုမှာ ဘယ်ကုမ္ပဏီမှ ဒီလိုခမ်းနားတဲ့နှစ်ကုန်စားသောက်ပွဲမျိုးမလုပ်နိုင်ခဲ့ဘူး''

သူ့ဘေးမှလူကလည်း ခေါင်းညိမ့်လိုက်သည်။

စင်ပေါ်မှမဲပေါက်သောဝန်ထမ်း ၅ ဦးမှာ ကျိုးတကျိုးပေးသောဟုန်ပေါင်းအိတ်ထူထူကိုကိုင်ချင်လှပြီ။ စင်ပေါ်တွင်ဆုပ်ကိုင်ထားရသော်လည်း စင်ပေါ်မှဆင်းသည်နှင့်ထိန်းမထားနိုင်တော့။ ချက်ချင်းဟုန်ပေါင်းအိတ်ကိုဖွင့်၍ အထဲကငွေကိုထုတ်ပြီး သူတို့လုပ်ဖော်ကိုင်ဖက်များအားကျအောင်ပြလိုက်လေသည်။

ထို့နောက် တင်ဆက်သူမိန်းမလှလေးက ဒုတိယအစီအစဉ်ကိုစတင်ကြေညာလိုက်သည်။ ဒီတစ်ကြိမ်မှာလည်း သီချင်းပဲဖြစ်သော်လည်း လူငယ်နှင့်အမျိုးသမီးစုံတွဲသီချင်းဖြစ်သည်။

အစပိုင်း သီချင်းအစီအစဉ်နှစ်ခုကိုကြည့်ပြီး ချင်လင်အလွန်ကျေနပ်သွား၏။ ကောင်းယောင်ယောင်တို့ကလည်း သူ့ညွှန်ကြားချက်အတိုင်း ကြပ်ကြပ်မတ်မတ်လိုက်နာကြသည်။

ထို့နောက် အစီအစဉ်များတစ်ခုပြီးတစ်ခုဆက်လာသည်။ အစီအစဉ်တိုင်းလိုလိုကြားထဲတွင် မဲနှိုက်အစီအစဉ်ရှိပြီး မဲနှိုက်အစီအစဉ်တိုင်းမှာ ဝန်ထမ်းများအတက်ကြွဆုံး၊ အပြင်းပြဆုံးအငွေ့အသက်ရှိလေသည်။

၁၀ ခုမြောက်အစီအစဉ်မတိုင်ခင်_

ချန်တပေက အားဟူဖွင့်ရန်သွားခဲ့သည်။ သူ့ဘေးမှလုံခြုံရေးအစောင့်က ပါဝင်အားဖြည့်သီဆိုပေး၏_ ''ပြင်းပြင်းထန်ထန်ကြိုးစားမှ အနိုင်ရနိုင်မလား''

ထိုပူးပေါင်းသီဆိုမှုကြောင့် လူအများကမအီမလည်ပြုံးလိုက်ကြသည်။ အဓိကအချက်မှာ ချန်တပေ၏အားဟူက လုံခြုံရေးအစောင့်၏သံစဉ်ကိုမလိုက်နိုင်ခြင်းပင်။

သို့သော် ပညာရှင်များ၏စတိတ်စင်မဟုတ်။ ကုမ္ပဏီပါတီပွဲသာဖြစ်သောကြောင့် ရင်းနှီးသူနှစ်ဦး၏ဟာသဖြစ်နေပုံမှာ ပျော်ပျော်ရွှင်ရွှင်ရယ်သံများဖုံးလွှမ်းသွားသည်။

လုံခြုံရေးအစောင့်က ရယ်သံကြားလျှင် အောင့်သီးအောင့်သက်ဖြစ်သွား၏။ ဒီလိုဖြစ်လာမယ်ဆိုတာ သူသိသည်။ သူစာရင်းမသွင်းချင်သော်လည်း ကြီးကြပ်ချန်ကအတင်းတောင်းဆိုပြီး အရှက်ရအောင် စင်ပေါ်ဆွဲတင်ခဲ့သည်။

ချန်တပေက လုံးဝဂရုမစိုက်။ သူ့ကြည့်ရတာ အပျော်လုပ်နေသလိုပင်။ ဖျော်ဖြေရေးပြီးလျှင် သူကဝန်ထမ်းများကို အလေးတောင်ပြုနေသေးသည်။

ချန်တပေနှင့်လုံခြုံရေးအစောင့် စင်ပေါ်မှဆင်းလျှင် ချင်လင်မှာပြုံးရွှင်နေသည်။ နောက်ထပ်အသိပေးစာက သူ့စိတ်ထဲပေါ်လာပြီ:

(ဂီတပွဲအခမ်းအနားစာလိပ်အသုံးပြုရန် လိုအပ်ချက်များပြည့်စုံသွားပါပြီ ၄/၄။ အသုံးပြုလိုပါသလား?)

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား အသုံးပြုမည်ကိုတန်းရွေးစေလိုက်၏။

သူ့စိတ်ထဲကဖန်သားပြင်တွင် ဂီတပွဲအခမ်းအနားစာလိပ်ပေါ်မှပုံစံများမှာ အထူးအလင်းရောင်နှင့်တောက်ပလာသည်။ ခဏအကြာ ပျောက်ကွယ်သွားပြီး ဂိမ်းဇာတ်ကောင်၏ကျောပိုးအိတ်ထဲတစ်ခုခုရောက်လာ၏။

(အထူးပစ္စည်းရတဲ့အတွက် ဂုဏ်ယူပါတယ်: သံသာပင်)





All Chapters