← Chapters

အပင်က အသံထွက်တယ်! နှစ် ၅၀၀ သက်တမ်းရှိဂင်ဂို!

Vol. 19 Ch. 276

အပင်က အသံထွက်တယ်! နှစ် ၅၀၀ သက်တမ်းရှိဂင်ဂို!

Vol. 19 Ch. 276

သံသာပင်မှာ သစ်မြစ်နှင့်တူသော အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည်။ သစ်မြစ်ပုံစံက အော်ဂင်အမျိုးအစားတူရိယာကာတွန်းပုံနှင့်ဆင်၏။

ချင်လင်က ဒီလိုပစ္စည်းမျိုးကို စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအဟောင်းထဲတွင် မရခဲ့ဖူးပေ။

ပုံစံအသစ်ထဲထပ်ထည့်ထားခြင်းဖြစ်မည်။ ဒီပစ္စည်းရဲ့တိတိကျကျလုပ်ဆောင်ချက်ကို သူမသိ။

အသိပေးစာရရချင်း ချင်လင်ကဆင်ခြေတစ်ခုတွေးမိပြီး ကျောက်မိုချင်းအား_ ''ကိုယ်စံအိမ်ပြန်ပြီး ပါမောက္ခရန်တို့ကိုကြည့်လိုက်ဦးမယ်... မင်းဒီမှာတစ်ချက်ကြည့်ထားလိုက်နော်''

သူကဂိမ်းထဲဝင်ပြီး သံသာပင်ကိုထုတ်ကာ စစ်ဆေးကြည့်ဖို့ သွားချင်သည်လေ။

''ဟုတ်ပြီ!'' ကျောက်မိုချင်းက သိပ်တွေးတောမနေ။

ပါမောက္ခရန်တို့ကို နှစ်ကုန်စားသောက်ပွဲဖိတ်ထားသော်လည်း သူတို့ ၄ ယောက်က ဒီလိုပွဲလမ်းသဘင်မျိုး စိတ်မဝင်စားချေ။

သူတို့၏ဂုဏ်ပုဒ်ကြောင့် ပါဝင်ဖို့လည်းမတိုက်တွန်းတော့။

ပါမောက္ခရန်၏နောက်ခံမိသားစုအခြေအနေဖြစ်စေ၊ လီရှင်းနှင့်လီခိုင်တို့တူဝရီး၏ အဆက်အသွယ်များဖြစ်စေ ဒီလိုနှစ်ကုန်စားသောက်ပွဲမျိုးနှင့် အမှန်ပင်သဟဇာတမဖြစ်ချေ။

ချင်လင်ကမတ်တပ်ထရပ်ပြီး စီရင်စုခန်းမထဲမှထွက်လာသည်။ သူလည်းအပြည့်အဝသရုပ်ဆောင်ပြီး စံအိမ်သို့တန်းတန်းမောင်းလာခဲ့၏။ သူ့ရုံးခန်းထဲပြန်ရောက်လျှင် ဂိမ်းထဲဝင်လိုက်သည်။





သူ့လက်ထဲမှသစ်ပင်မှာ ကာတွန်းပုံမဟုတ်တော့ဘဲ အမှန်တကယ်သစ်မြစ်များနှင့်ပတ်ထားသည်။ အလွန်ထူထဲသော ထိုသစ်မြစ်များကို မင်ကဲ့သို့ပုံစံများနှင့်ရစ်ထား၏။

ထိုပုံစံများကိုမြင်သောအခါ နောက်ထပ်ဇာတ်ဝင်ပစ္စည်းဖြစ်မည်ဟု အကြမ်းဖျင်းကောက်ချက်ချလိုက်သည်။

(သံသာပင်: ဂမ္ဘီရပစ္စည်း!)

(နှစ် ၅၀၀ သက်တမ်းရှိသောသစ်ပင်များတွင် ဝိဉာဥ်ရှိသည်ဟု ဒဏ္ဍာရီလာရှိသည်။ လေတိုက်ခတ်သောအခါ အထူးသံသာပင်မှာ သစ်ရွက်နှင့်သစ်ကိုင်းများအကြား သာယာဖွယ်တူရိယာနှင့်တီးခတ်သကဲ့သို့အသံမျိုးပြုနိုင်သည်။)

(ပူဇော်ပွဲတချို့လုပ်ပြီးရနိုင်သော အထူးပစ္စည်းဖြစ်သည်။ သံသာပင်မှာ အရည်အသွေး ၂ သစ်ပင်ကို လေတိုက်ခတ်စဉ် တေးသံထွက်သောအရည်အသွေးမျိုးရအောင် မွမ်းမံပေးနိုင်သည်:

သာယာနာပျော်ဖွယ် +၂၊ စိတ်အေးချမ်းမှု +၂၊ စိတ်နှင့်ခန္ဓာသက်သောင့်သက်သာဖြစ်စေခြင်း +၂၊ စိတ်ဖိအားလျော့ကျစေခြင်း +၂!

လိုအပ်ချက်: နှစ် ၅၀၀ သက်တမ်းရှိသောသစ်ပင်)

ချင်လင်က မှတ်ချက်ကိုကြည့်ရင်း အံ့သြသွား၏။

အရည်အသွေး ၂ ကို အရင်ကမမြင်ဖူး၍မဟုတ်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲတွင် အရည်အသွေး ၂ သုံးပွင့်ဆိုင်ဇီးပင်များစွာရှိသည်။ ခမ်းနားခြင်း +၂၊ အလှစိုက်ပင် +၂၊ ဆွဲဆောင်မှုရှိခြင်း +၂ အရည်အသွေးများလည်းရှိ၏။

သို့သော် သုံးပွင့်ဆိုင်ဇီးပင်၏အရည်အသွေးများမှာ အကြည့်ခံရဖို့ဆိုပါလျှင် သံသာပင်၏ အာနိသင်က စိတ်တည်ငြိမ်ဖို့၊ ခန္ဓာကိုယ်သက်သာစေဖို့ သို့မဟုတ် စိတ်ဖိအားလျော့ကျစေဖို့ စိတ်အခြေအနေများအပေါ်တွင်အသုံးပြုနိုင်သည်။

ထိုအရည်အသွေးများမှာ စိတ်မတည်ငြိမ်သူ၊ စိတ်မြန်လက်မြန်ရှိသူ၊ စိတ်ဖိအားများနေသူများအတွက် သေချာပေါက်အသုံးတည့်ပေမည်။

ဘယ်လိုလူတွေက ခရီးသွားတတ်လဲ? အများစုမှာ စိတ်ဖိအားများနေတဲ့သူတွေ၊ အပန်းဖြေချင်တဲ့သူတွေပင်။

ဒါရှုမျှော်ခင်းနေရာအတွက်ပစ္စည်းကောင်းဆိုတာ လုံးဝသံသယဖြစ်ဖွယ်မရှိပေ။

ဒါပေမဲ့ စံအိမ်ထဲမှာ သံသာပင်နဲ့ပြုပြင်မွမ်းမံနိုင်တဲ့ နှစ် ၅၀၀ သက်တမ်းသစ်ပင်ကို ဘယ်သွားရှာရမလဲ?

နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်ကို ရွှေ့စိုက်ရမလား?

ဒါတော့မဖြစ်နိုင်။

တောနက်တောင်နက်ထဲသွားပြီး ပြုပြင်ဖို့အတွက် နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်ရှာရင်ရော?

ဒါဆိုရင် မပြုပြင်ဖြစ်ဖို့များသည်။

ရုတ်တရက်ချင်လင်ကြောင်သွားသည်။ စံအိမ်မှာ နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်မရှိတာ ဟုတ်ဟန်မတူ။

သူက အနောက်ဘက်ခြံဝင်းနှင့်မလှမ်းမကမ်းတွင်ရှိသော ဂင်ဂိုပင်နှစ်ပင်ကိုသတိရသွားသည်။

သို့သော်လည်း ဂင်ဂိုပင်နှစ်ပင်မှာ လုံးဝညိုးခြောက်ပြီး သေလုနီးနီးဖြစ်နေပြီ။ ဒီသံသာပင်ကိုသုံးပြီး ပြုပြင်နိုင်မလားသူမသိ။





ပြုပြင်မွမ်းမံပြီးရင်လည်း ဂင်ဂိုပင်နှစ်ပင်ဘယ်လိုဖြစ်သွားမလဲ သူမသိချေ။ ဒီအထူးအသုံးအဆောင်ပစ္စည်းကို ဖြုန်းတီးသလိုဖြစ်သွားမလား။

နောက်ဆုံး ချင်လင်က သံသာပင်ကိုယူကာ အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

ပြုပြင်မွမ်းမံလို့ရမရ စမ်းကြည့်ပြီးမှသိတော့မည်။ ဘာပဲဖြစ်ဖြစ် အခုတခြားပြုပြင်စရာလည်း ရှိမှမရှိဘဲ။

သူကအိတ်တစ်လုံးကောက်ပြီး သံသာပင်ကိုထုပ်ပိုးလိုက်သည်။ သူရုံးခန်းထဲမှထွက်လျှင် ပတ္တရောင်လှည့်နေသော လုံခြုံရေးအစောင့်နှစ်ဦးနှင့်ဆုံသည်။

“သူဌေး!”

လုံခြုံရေးအစောင့်နှစ်ဦးက သူ့ကိုရိုရိုသေသေနှုတ်ဆက်လိုက်သည်။

ယနေ့နှစ်ကုန်စားသောက်ပွဲဖြစ်သော်လည်း စံအိမ်နှင့်အစားအသောက်ကုမ္ပဏီမှလူတိုင်း စီရင်စုခန်းမကိုမသွားကြချေ။ ဝိုင်လုပ်ငန်းအပါအဝင် တာဝန်ကျဝန်ထမ်းများရှိသည်။

အားလပ်ရက်များလည်း အတူတူပင်။ တာဝန်ကျသူရှိကိုရှိရမည်။ အထူးသဖြင့် စံအိမ်တွင်ဘဲစာကျွေးရဦးမည်။

စံအိမ်ရှိဆိုင်းဘုတ်နှစ်ခုကိုလည်း အထူးစောင့်ကြည့်သူရှိရမည်။

တာဝန်ကျဝန်ထမ်းများမှာ အကျိုးအမြတ်မရှိခြင်းတော့မဟုတ်။ လူတိုင်း ဟုန်ပေါင်းအိတ်ကြီးကြီးရသည်။ နောက်ပြီး နှစ်သစ်ဒုတိယမြောက်နေ့တွင် တခြားသူများအလုပ်ပြန်ဝင်သောအခါ သူတို့ကအနားယူနိုင်သည်။ ထို့အပြင် တခြားသူများထက် အားလပ်ရက်သုံးရက်ပိုရလိမ့်မည်။

ဒါကလည်း စိတ်ဆန္ဒအလျောက်ပင်။ လူပုဂ္ဂိုလ်အပေါ်မူတည်သည်။

တချို့လူများက နှစ်သစ်ကို သူတို့မိသားစုနှင့်အတူကုန်ဆုံးဖို့ရွေးချယ်ပြီး အများစုကလည်း ဟုန်ပေါင်းအိတ်ကြီးကြီးနှင့်အားလပ်ရက်အပိုသုံးရက်ကိုရွေးချယ်ကြသည်။

သို့သော် တာဝန်ယူဖို့လိုသောနေရာက အကန့်အသတ်ရှိသည်။ တာဝန်ကျလိုသူတိုင်း နှစ်သစ်မှာ တာဝန်ယူခွင့်မရှိချေ။

''အလုပ်ကြိုးစားတာပဲ'' ချင်လင်က လုံခြုံရေးအစောင့်နှစ်ဦးကိုခေါင်းညိမ့်ပြပြီး မူလခန်းမဆီတန်းလျှောက်သွားလိုက်သည်။

သူဝင်သွားသောအခါ ပါမောက္ခရန်၊ လီခိုင်၊ လီရှင်းနှင့် ပါမောက္ခရန်၏လက်ထောက်ကိုတွေ့ရသည်။

သူတို့လေးယောက်မှာ အခုမှစားသောက်ပြီးပုံရှိ၏။ တာဝန်ကျစားဖိုမှူးက ဒိုင်ခံချက်ပြုတ်ပေးသည်။

''ညီလေးချင်... မင်းရဲ့နှစ်ကုန်စားသောက်ပွဲက ဒီလောက်မြန်မြန်ပြီးသွားပြီလား?'' လီခိုင်က ချင်လင်ဝင်လာသည်ကိုမြင်လျှင် ဇဝေဇဝါနှင့်မေးလိုက်၏။

ချင်လင်ကရှင်းပြလိုက်သည်_ ''ကျွန်တော်ဖြေရှင်းစရာလေးရှိလို့ ပြန်လာတာပါ''

''သူဌေးကပြန်ပြေးလာတဲ့ ကုမ္ပဏီနှစ်ကုန်စားသောက်ပွဲမျိုး အခုမှတွေ့ဖူးတာပဲ'' လီရှင်းကစလိုက်သည်_ ''ချင်လင်... မနက်ဖြန် ဦးလေးနဲ့ငါ မင်မြို့တော်ပြန်မလို့... ဒီဝိုင်တစ်သုတ်ရဲ့အခြေအနေကို နေ့တိုင်းစစ်ဆေးမယ့်သူစီစဉ်ထားဖို့မမေ့နဲ့ဦး''

''ဟုတ်ကဲ့... ကျွန်တော်စီစဉ်လိုက်ပါမယ်'' ချင်လင်ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ပါမောက္ခရန်ကလည်း_ ''သူဌေးချင်... ပြောရမှာလည်းရှက်ပါတယ်... ငါမင်းရဲ့ဆေးဖက်ဝင်ဝိုင်ထဲက ပုံပြောင်းဓာတ်ပစ္စည်းကို မတွေ့နိုင်သေးဘူး... ငါလည်းမနက်ဖြန်ပြန်မယ်... ငါအတင့်ရဲပြီး တစ်ခုလောက်တောင်းဆိုလို့ရမလား? ငါပြန်ရင် ဓာတ်ခွဲခန်းမှာလေ့လာဖို့ ဝိုင်နည်းနည်းယူသွားခွင့်ပေးပါ''

''ကောင်းပါပြီ... ကျွန်တော်မနက်ဖြန် ပါမောက္ခရန်အတွက် ပြင်ဆင်ပေးထားပါမယ်'' ချင်လင်ကခေါင်းညိမ့်လိုက်ပြီး ပါမောက္ခရန်ကိုမငြင်း။ ဒီဆေးဖက်ဝင်ဝိုင်က ဒီလောက်လေ့လာရခက်မည်ဟုသူမထင်မိပေ။ ပါမောက္ခရန်လိုအဆင့်အတန်းနှင့်ကျွမ်းကျင်သူတောင် ပုံပြောင်းဓာတ်ပစ္စည်းကိုဖွံ့ဖြိုးအောင် ဒီလောက်ကြာတဲ့အထိမတတ်နိုင်ပါချေ။





All Chapters