← Chapters

ဒါကိုဘယ်သူထင်ထားမလဲ? အထူးမြေကြီးရသည့်အတွက် ဂုဏ်ယူပါတယ်!

Vol. 19 Ch. 282

ဒါကိုဘယ်သူထင်ထားမလဲ? အထူးမြေကြီးရသည့်အတွက် ဂုဏ်ယူပါတယ်!

Vol. 19 Ch. 282

ချင်းလင်စံအိမ်ကိုကြိုးကိုင်သူက ချင်လင်ဟုကြားကြားချင်း ကားထဲကလူငယ်တစ်စုမှာ အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်အောင်ဖြစ်သွားသည်။

အားလုံးတုန်လှုပ်သွားလိမ့်မည်။

ဒီမတိုင်ခင်က ချင်လင်ရဲ့မိသားစုအကြောင်းကိုမသိတဲ့သူရှိလို့လား?

သူ့အဘိုးနဲ့အဖေက ကင်ဆာရောဂါနှင့်တစ်ယောက်ပြီးတစ်ယောက်ကွယ်လွန်သွားပြီး အကြွေးတွေတင်ခဲ့သည်။ ရွာထဲမှလူအတော်များများဆီကပိုက်ဆံတွေချေးပြီး သူ့မိသားစုဆီကလည်းချေးခဲ့၏။ သူတို့မိသားစုက မချေးပေးခဲ့ခြင်းသာ။

အရင်က ချင်လင်မိသားစုချွတ်ခြုံကျလိုက်ပုံမှာ အကြွေးက ကျန်သူ့ဘဝတစ်လျှောက်လုံးပြန်ဆပ်ရလောက်သည်။

အခုတော့ ချင်းလင်စံအိမ်ကို ချင်လင်ပိုင်တာလို့ သူတို့ကိုအတည်ပြောနေတာလား?

ဆင်းရဲသားလေးက သူဌေးကြီးဖြစ်လာတယ်ပေါ့?

လူငယ်များက သူတို့တစ်နှစ်လောက်မရှိတဲ့အတောအတွင်း ဒီလိုမယုံနိုင်စရာဖြစ်ပျက်လာမယ်လို့ မယုံကြည်နိုင်သေး?

''အဲဒါချင်လုံထင်တယ်... သူ့ကိုမေးကြည့်ရအောင်'' တစ်ယောက်က ရုတ်တရက်ရှေ့ကိုညွှန်ပြလိုက်ရာ လမ်းဘေးတွင် မော်တော်ဆိုင်ကယ်ပေါ်မှဆင်းနေသောလူငယ်တစ်ယောက်ကိုတွေ့ရသည်။

ဒီနေ့လိုလူအဖွဲ့အစည်းမှာ နှစ်သစ်ကာလတွင် ဆိုင်ကယ်စီးပြီးရွာပြန်လာသောလူငယ်တစ်ယောက်အဖို့ အလွန်ဆိုးရွားသည်။ သို့သော် ချင်လုံဖြစ်နေမှန်းတွေ့ရသောအခါ ထူးဆန်းသည်ဟုမမြင်မိ။





ဘာပဲဖြစ်ဖြစ် ဒီကောင်ရဲ့အကြောင်းကြားထားပြီးပြီ။

ကားမောင်းနေသောလူငယ်က ချင်လုံဘေးတွင်ကားရပ်ပြီး နှုတ်ဆက်လိုက်သည်_ ''ချင်လုံ... ပြန်လာတာလား?''

''ချင်ဟောင်... မင်းတို့ကောင်တွေပဲ'' ချင်လင်က သူတို့ကိုတွေ့လျှင် မျက်မှောင်ကြုတ်ပြီးပြန်ဖြေလိုက်၏။ သူတို့မှာ တစ်ရွာတည်းသား တစ်တန်းတည်းတက်ခဲ့သူများဖြစ်သော်လည်း ဒီလေးကောင်နှင့် သူသိပ်အရောအနှောမရှိခဲ့။

ချင်ဟောင်တို့မှာ ရွာထဲတွင်အုပ်စုဖွဲ့ပြီးနေသည်။

''ချင်လုံ... အခုတလော ဘာတွေလုပ်နေလဲ?'' ချင်ဟောင်က ချင်လင်အကြောင်းတိုက်ရိုက်မစုံစမ်းဘဲ အရင်ဆုံးချင်လုံအကြောင်းသိချင်သလိုမေးလိုက်၏။

ချင်လုံက ဘာမှဖုံးကွယ်မထားဘဲ ပြုံးပြုံးနှင့်_ ''ငါအဖေ့ဆီက ယွမ် ၃၀၀၀၀၀ ချေးပြီး ခရမ်းချဉ်သီးစိုက်ဖို့မြေစာချုပ်ချုပ်ထားတယ်''

''မင်းစိုက်ပျိုးသီးနှံတွေလုပ်နေတာလား?'' ဒီလုပ်ငန်းကို ချင်ဟောင်ကလုံးဝအထင်မကြီး။ သူကခေါင်းခါလိုက်ပြီး_ ''ချင်လုံ... မင်းဘာလို့ ယွမ် ၃၀၀၀၀၀ နဲ့တခြားဟာမလုပ်တာလဲ? အခုခေတ်မှာ စိုက်ပျိုးသီးနှံတွေလုပ်ရတာမလွယ်ဘူး... ဘာမှမရတဲ့သူတွေအများကြီးပဲ... ခရမ်းချဉ်သီးကပိုဆိုးတာပေါ့... အင်တာနက်ပေါ်မှာ ရောင်းမကောင်းတဲ့နေရာတွေပုံနေတာ မတွေ့ဘူးလား?''

ချင်ဟောင်က ဒီလုပ်ငန်းအကြောင်းအရမ်းသိသလိုလိုနှင့် နည်းလမ်းကျကျဝေဖန်ပြလိုက်သည်။ သို့သော် ရှေ့ခရီးသည်ထိုင်ခုံတွင်ထိုင်နေသောလူငယ်က ဖြတ်ပြောလိုက်၏_ ''အမ်... ချင်းလင်ဆော့က ချင်းလင်စံအိမ်ကထင်တယ် ဟုတ်လား?''

''အာ!'' ချင်ဟောင်မျက်နှာပေါ်မှအပြုံးမှာ ချက်ချင်းဆိုသလိုအေးစက်သွားသည်။

သူဘာဆိုလိုမှန်း သူသိသည်။ ချင်လင်က ချင်းလင်စံအိမ်ကိုပိုင်တယ်ဆိုတော့ ချင်းလင်ဆော့ကလည်း သူ့ဟာပဲပေါ့။

အခုချင်လုံက ခရမ်းချဉ်သီးတွေစိုက်နေတာ ချင်လင်ရဲ့ကြည့်ရှုစောင်မမှုကိုရထားလို့ ဟုတ်တယ်မလား? ဒါဆိုရင် သူ့အတွက်ဆုံးရှုံးဖို့ဆိုတာမဖြစ်နိုင်။

ချင်လုံ၏ငြိမ်သက်စွာပြုံးနေပုံကိုကြည့်ရင်း ချင်ဟောင်မျက်နှာနည်းနည်းရဲသွားသလိုပင်။ သူကချက်ချင်းကားလီဗာကိုဖိနင်းပြီး မောင်းထွက်သွားလိုက်သည်။

…

ချင်လင်က ဒါတွေမသိ။ သူကအိမ်ဟောင်းခြံဝင်းထဲ ကားမောင်းဝင်လာခဲ့သည်။

ကားတံခါးဖွင့်လိုက်သည်နှင့် ဝမ်ချိုင်ကအူလိုက်သည်။

ခွေးခေါင်းပေါ်မှမွေးနီလည်း ခွေးကိုတက်စီးရင်း တကျွိကျွိအော်လိုက်၏။

ချင်လင်က ကားပေါ်မှဆင်းပြီး သူ့ရှေ့ကအိမ်ဟောင်းကို ခံစားချက်တချို့နှင့်ကြည့်နေလိုက်သည်။ ဒါသူကြီးပြင်းလာခဲ့သောနေရာ။

အိမ်ဟောင်းမှာ ပြင်ဆင်ထားခါစဖြစ်၍ မနှစ်ကလောက်အိုဟောင်းမနေတော့။





ကားပေါ်မှဆင်းပြီးလျှင် မိသားစုနှစ်ခုက သူတို့ပြင်ဆင်လာသောပစ္စည်းများကို ကားပေါ်မှချလိုက်သည်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ရဲ့နှစ်ရက်ကို အိမ်ဟောင်းထဲမှာ အချိန်ဖြုန်းရမည်လေ။

ချင်လင်က ပစ္စည်းတွေအများကြီးယူလာသည်။ အရည်အသွေး ၂ သဘာဝငါး၊ ငါးရှဉ့်၊ ခရု၊ ရေချိုငါး၊ ဟင်းသီးဟင်းရွက်၊ ဖရဲသီး၊ စတော်ဘယ်ရီသီးနှင့်ရှန်းရွှေလက်ဆောင်ဆန်တွေပါသည်။

နောက်ပြီး ပမာဏကအများကြီးပင်။ ကားတစ်စီးအပြည့်။

ထိုပစ္စည်းများက ချင်ရန်နှင့်ချင်ရွှေ့ကန်း၏အာရုံကိုဆွဲဆောင်လိုက်သည်။ သူတို့က ဒါတွေကို ချင်လင်၏အိမ်နှင့်ချင်းလင်စံအိမ်မှာ စားခဲ့ဖူးသည်။ အရသာက အလွန်အထက်တန်းကျ၏။

ချင်ရန်ကချက်ချင်းရှေ့တိုးလာပြီး ချင်လင်၏ပခုံးပေါ်လက်တင်လိုက်ကာ ပြုံးစိစိနှင့်_ ''လင်ဇီ... မင်းနှစ်သစ်အတွက် တကယ်အများကြီးဝယ်လာတာပဲ''

''ဆာနေပြီလား?'' ချင်လင်က စနောက်ပြီးမေးလိုက်သည်။

ချင်ရန်ကမငြင်းဘဲ ပြုံးပြုံးနှင့်ဆိုလိုက်၏_ ''အင်း... ဆာနေပြီ... မင်းကပစ္စည်းစိုက်... ငါကဟင်းချက်စွမ်းရည်စိုက်မယ်ဆိုရင်ရော?''

''ဦးလေးတရှန်း ဦးလေးတလင်တို့ကိုလည်း ခေါ်လိုက်ပါဦး... သူတို့ကိုလည်း ပြုစုချင်လို့'' ချင်လင်ကပြုံးပြီးပြောလိုက်သည်။ ဒီတစ်ခေါက်သူပစ္စည်းအများကြီးဝယ်လာပြီး သူ့မိသားစုကိုကူညီခဲ့သူများအား အိမ်ဟောင်းတွင်ဧည့်ခံမည်။

ဒီနေ့ပြန်လာတာအဆင်ပြေသည်။

နှစ်တစ်နှစ်၏ ၃၀ မြောက်နေ့တွင် အားလုံးကအိမ်စောင့်နေပြီး ကိုယ့်အိမ်မှာသာစားကြ၏။ နှစ်သစ်၏ပထမဆုံးနေ့တွင် ထပ်ပြီးပူဇော်ကြရသည်။ ထို့နောက် အားလုံးထွက်ခွာကြ၏။

ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် အားလုံးမှာ သူတို့ဘဝနှင့်သူတို့အလုပ်ရှုပ်နေကြ၍ အရင်လိုဖြည်းဖြည်းနှေးနှေးမဟုတ်တော့။ နှစ်သစ်၏ပထမဆုံးနေ့မှ ၁၅ ရက်နေ့အထိ အချိန်ရသေးသည်။

ချင်ရန်ကချက်ချင်းပြုံးလိုက်ပြီး_ ''ကောင်းပြီလေ... ပြီးရင် မင်းအတွက်သွားပေးမယ်''

''ငါသွားလိုက်မယ် ရှောင်ရန်... လျောင်လီကိုသေချာဂရုစိုက်'' ချင်ရွှေ့ကန်းက ပြောလိုက်သည်။

ချင်လင်ရဲ့အဖေ ကွယ်လွန်သွားပြီဆိုတော့ သူ့ကို ချင်လင်ရဲ့အုပ်ထိန်းသူဟုယူဆနိုင်၏။ ဧည့်သည်တွေကို သူဖိတ်ကူရမည်။ နောင်မှာချင်လင်လက်ထပ်တဲ့အခါ သူခေါင်းခံပေးရမည်။ သူ့သားကလည်း မီးပန်းတွေကူဖောက်ပေးရမည်။

ကားထဲမှအားလုံးရွှေ့ပြီးနောက် ချင်လင်ကသူ့အခန်းဟောင်းကိုသန့်ရှင်းရန် ကျောက်မိုချင်းအားခေါ်လာခဲ့သည်။

ချင်ရွှေ့ကန်းကမှာကြားပြီး ချင်လင်ကိုကူဖိတ်ပေးရန်ချက်ချင်းထွက်သွား၏။

ချင်လင်နှင့်ချင်ရန်၏အိမ်ဟောင်းကို သစ်သားနှင့်ဆောက်ထားသည်။ ချင်လင်ပြတင်းပေါက်ဖွင့်လိုက်ရင်တောင် အုပ်ကြွပ်မိုးနှင့်ရေညှိကိုတွေ့နိုင်သည်။

ဒီလိုလယ်တောအိမ်မျိုးက ကျောက်မိုချင်းကိုအံ့သြသွားစေ၏။

ချင်လင်က တံခါးပိတ်ပြီး ကျောက်မိုချင်းအနောက်လျှောက်လာကာ သူမခါးကိုဖက်ရင်း မေးလိုက်သည်_ ''အချစ်... မင်းအသက်အောင့်ထားနိုင်ပါ့မလား?''

''ဘာလို့ ဒီလိုမေးတာလဲ?'' ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်၏။

''ဒီအခန်းက အသံသိပ်မလုံဘူး... မင်းအောင့်ထားရတာ အရမ်းခက်လိမ့်မယ်'' ချင်လင်က ကျောက်မိုချင်းနားနားကပ်ပြီး ကျီစယ်လိုက်သည်_ ''အမေက အောက်ထပ်မှာနေမှာ''





All Chapters