ဒါကိုဘယ်သူထင်ထားမလဲ? အထူးမြေကြီးရသည့်အတွက် ဂုဏ်ယူပါတယ်! ၂
Vol. 19 Ch. 283
''အာ...'' ကျောက်မိုချင်းက ချင်လင်ဆိုလိုသည်ကို ချက်ချင်းသဘောပေါက်သွားပြီး_ ''ဒါဆို မရှုပ်နဲ့လေ... ရှင်က လူကိုပိုပြီးနှိပ်စက်တတ်လာတာ... ကျွန်မထိန်းမထားနိုင်မှာစိုးတယ်''
ချင်လင်က အလေးအနက်ခေါင်းညိမ့်လိုက်ကာ_ ''ဟုတ်ပြီလေ... မင်းအသက်အောင့်ကျွမ်းတယ်ဆိုတာ ကိုယ်သိတယ်... ဒီညစိတ်အေးသွားပြီ''
''ရှင်သေချင်လို့လား?!'' ကျောက်မိုချင်းက ချက်ချင်းချင်လင်ကိုမျက်စောင်းထိုးကြည့်လိုက်သည်။ ဒီလူတော့ ဒီညသေချာပေါက်အကွက်တွေထုတ်ဦးမည်။
ချင်လင်နှင့်ကျောက်မိုချင်း အခန်းထဲမှထွက်လာသောအခါ တစ်ယောက်ယောက်ရောက်နေပြီ။ ချင်တရှန်းက သူ့ဇနီးနှင့်သူ့သားချင်လုံကိုခေါ်ခဲ့သည်။
''ရှောင်လင်... မိုချင်းလည်းရောက်နေပြီလား'' ချင်တရှန်းကအပြုံးနှင့် ရှေ့တိုးလာ၏။
“ချင်လင်” ချင်လုံကနောက်မှလိုက်လာသည်။
ချင်လင်လည်းပြုံးပြီး နှုတ်ဆက်လိုက်၏_ ''အစ်ကိုလုံ... ခင်ဗျားစာချုပ်ချုပ်ထားတဲ့ ခရမ်းချဉ်သီးအခင်းက ဘယ်လိုဖြစ်သွားပြီလဲ?''


ချင်လုံကအပြုံးနှင့်ရှင်းပြလိုက်သည်_ ''မြေထွန်ဖို့လူငှားထားပြီ... နှစ်သစ်ရောက်ပြီး ဖေဖော်ဝါရီလောက်မှာဖြစ်လိမ့်မယ်... ခရမ်းချဉ်သီးစိုက်ဖို့ရက်ကောင်းပဲ... အခင်းတရားဝင်စစိုက်တဲ့အခါ မင်းကိုအသိပေးမယ်''
“ကောင်းပါပြီ!” ချင်လင်ခေါင်းညိမ့်လိုက်သည်။
သိပ်မကြာမီ_
ချင်လင်၏မိသားစုအခက်ခဲဆုံးအချိန်တွင် ပိုက်ဆံချေးပေးခဲ့သော ချင်တလင်နှင့်ချင်အာ့ကန်းကိုလည်း ချင်ရွှေ့ကန်းကဖိတ်လာသည်။
အိမ်ဟောင်းမှာ ချက်ချင်းအသက်ဝင်သွား၏။
''လင်ဇီ... ဒါမင်းရဲ့အစ်ကိုကာဇီ'' ချင်တလင်က ချင်လင်ဆီလူငယ်တစ်ဦးခေါ်လာသည်။ သူက ချင်လင်ထက်အများကြီးပိုကြီးသည်။ ''ငါရပ်ကွက်ဟောင်းထဲမှာ ဆိုင်တစ်ဆိုင်ငှားခဲ့တယ်... ထင်ထားတဲ့အတိုင်းပဲ စီရင်စုကတစ်ယောက်လာပြီး စာရင်းကောက်တယ်... မင်းဆီကသတင်းရတာနဲ့ ဆိုင်ကြီးဆောက်ခဲ့တာ... နောက်နှစ်ကျရင် မင်းအစ်ကိုကာဇီကိုပြန်လာပြီး ဆိုင်မှာကူခိုင်းဖို့စီစဉ်ထားတယ်''
ချင်လင်လည်း ချင်ကာကိုနှုတ်ဆက်လိုက်သည်_ ''အစ်ကိုကာဇီ... မတွေ့တာကြာပြီ''
''အင်း... လင်ဇီ... မင်းကတကယ်အံ့သြဖို့ကောင်းတယ်'' ချင်ကာက စိတ်လှုပ်ရှားစွာပြောလိုက်၏။
အရင်ကသူတို့မိသားစုကို လူကြီးကပိုက်ဆံချေးလျှင် အချိန်တော်တော်နှင့် သူတို့မိသားစုပြန်ဆပ်နိုင်မည်မဟုတ်မှန်းသိ၍ ကြိုတင်ပြင်ဆင်ထားသည်။
ရုတ်တရက်ကြီးချင်လင်က ဒီလောက်လုပ်နိုင်လာလိမ့်မည်ဟု သူမထင်မိပေ။
လူကြီးက သူ့ကိုပြောရင် မတုံ့ပြန်သလောက်ပင်။ အရင်လူကြီး၏စေတနာကြောင့်သာ သူ့မိသားစုက အကျိုးအမြတ်အများကြီးရခြင်းဖြစ်သည်။
အပြင်လောကကြီးကိုသူမြင်ခဲ့ပြီးနောက် စီရင်စု၏မုန့်စျေးလမ်းက ဘယ်လောက်အလားအလာရှိကြောင်း သူသိသည်။ သူသာလက်ဦးမှုယူထားရင် အရင်ဆုံးအစုပေါ်အမြတ်ရနိုင်သည်။
ဒါတွေအားလုံးက ချင်လင်ရဲ့သတင်းအချက်အလက်ကျေးဇူးကြောင့်ပင်။
ချင်လင်၏အိမ်ဟောင်းမှာ အလွန်သက်ဝင်လှုပ်ရှားနေသည်ကို ရွာထဲမှအတော်များများတွေ့သွားကြသည်။ လွန်ခဲ့သောနှစ်ရက်က ရွာကိုပြန်လာသူများအပြောအများဆုံးမှာ ချင်လင်နှင့်ချင်းလင်စံအိမ်ပင်။
အားလုံးက ရေခြားမြေခြားနှင့်အလုပ်များနေကြပြီး အချင်းချင်းဆက်သွယ်ခဲသည်။ အွန်လိုင်းမှချင်းလင်စံအိမ်နှင့်ချင်းလင်ဆော့အကြောင်းသိရင်တောင် ချင်လင်ကိုဆက်သွယ်ဖို့ခက်၏။


သို့သော် ရွာပြန်လာသောအခါ အချင်းချင်းစကားစပ်မိကြသည်။ ချင်အာ့ကန်း၊ ချင်တလင်တို့မှာ ချင်းလင်စံအိမ်အကြောင်း အသေးစိတ်သိထားသဖြင့် စကားဝိုင်းဖွဲ့သောအခါ တချို့အကြောင်းများပြောမိသည်။ ထို့နောက် တစ်ရွာလုံးသတင်းပြန့်သွား၏။
အခုတော့ နာမည်ကျော်ချင်းလင်စံအိမ်နှင့်ချင်းလင်ဆော့အားလုံးက ချင်လင်၏လုပ်ငန်းတွေမှန်းသိသွားကြပြီ။
မနှစ်ကပဲ ဆင်းရဲတဲ့မိသားစုနဲ့ လူတကာရှောင်ရအောင် နေရာတကာပိုက်ဆံလိုက်ချေးနေသေးတဲ့ကောင်လေးက ဒီနှစ်တော့သူဌေးကြီးဖြစ်လာပြီတဲ့။
ချင်လင်မှာ လက်ရှိရွာထဲတွင် အချမ်းသာဆုံးဖြစ်သည်။ ရွာထဲကဘယ်သူမှ သူ့လက်ရှိအောင်မြင်မှုမျိုးမရ။
ရွာထဲတွင် အိမ်ဟောင်းတံခါးမကြီးများမှာ ကျယ်ကျယ်ဖွင့်ထားကြ၏။ ချင်လင်အိမ်တွင် လူအများကြီးစုဝေးနေပုံကြောင့် နေရာအတော်များများက လှမ်းမြင်ရသည်။
ချင်အာ့ကန်းနှင့်ချင်တရှန်းတို့ကို ချင်လင်ဖိတ်ထားမှန်း အားလုံးသိကြသည်။ ရွာက သိပ်မကြီး။ ဘယ်သူက ချင်လင်ရဲ့မိသားစုကိုပိုက်ဆံပြန်ချေးလဲ ဘယ်သူကပြန်မချေးဘူးလဲ အကုန်သိသည်။
အစက ချင်လင်ရဲ့မိသားစုကို ပြန်လည်မရပ်တည်နိုင်တော့ဟု ထင်ထားကြ၏။ ဒီလိုရလဒ်မျိုးထွက်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ?
အရင်ကသာ သူ့ကို ယွမ် ၂၀၀၀၀၊ ၃၀၀၀၀ လောက်ပြန်ချေးခဲ့ရင် သူတို့ပိုက်ဆံပြန်ရရုံသာမက ချင်လင်လည်း သူတို့ကိုကျေးဇူးကြွေးတင်နေလိမ့်မည်။ စွပ်ပြုတ်လေးဘာလေးသောက်ဖို့ ချင်လင်ကိုခေါ်ခိုင်းလည်းရမည် ဟုတ်တယ်မလား?
ချင်ဟောင်မှာ သူ့အိမ်ဧည့်ခန်းထဲထိုင်ပြီး ချင်းလင်စံအိမ်ဗီဒီယိုများကိုရှာလိုက်သည်။ ရှာလေလေ အံ့သြရလေလေပင်။ ချင်လင်ရဲ့လုပ်ငန်းကကြီးလိုက်တာ။ ဝန်ထမ်းတင် ၈၀၀ ရှိနေပြီ။
ဒီလောက်အတိုင်းအတာရှိသောကုမ္ပဏီမျိုး ရုံချန်းစီရင်စုတွင် သိပ်များများစားစားမရှိ။
ခပ်လှမ်းလှမ်းမှ ချင်လင်၏အိမ်ဟောင်းအသက်ဝင်နေပုံကိုကြည့်ရင်း ချင်လုံကိုမနာလိုဖြစ်လာသည်။ ဒီကောင်က ငတုံး။ မျက်နှာလိုမျက်နှာရလုပ်ပြီး ရာဇဝတ်မှုမှတ်တမ်းနဲ့။ ဒါပေမဲ့ သူ့မှာအဖေကောင်းရှိတယ်လေ။ အရင်က ချင်လင်ကိုပိုက်ဆံချေးခဲ့တာ တကယ်ကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုပဲ။
''အဖေ... အရင်တုန်းက ဘာလို့ချင်လင်ရဲ့မိသားစုကိုပိုက်ဆံမချေးခဲ့တာလဲ?'' ချင်ဟောင်က သူ့ဘေးနားရှိသူ့အဖေချင်ဇယ်ကို အလိုမကျသလိုပြောလိုက်သည်_ ''အဲလိုသာဆိုရင် ဟိုငတုံးချင်လုံ ဒီလိုဇိမ်ခံကားမျိုးနဲ့ကားကြုံလိုက်စီးနေတာကို မနာလိုဖြစ်နေစရာမလိုတော့ဘူးပေါ့... အရင်ကသာ အဲဒီကျေးဇူးရှိခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အဲလိုကားမျိုးစီးချင်စီးနိုင်မှာ''
ချင်ဇယ်က သူ့သားစကားကြားလျှင် ဒေါသတကြီးနှင့်_ ''သူကရုတ်တရက်ချမ်းသာလာတာကွ... မကောင်းတာလည်းဖြစ်နိုင်တယ်... သူဘယ်လောက်ကြာကြာခံမယ်ထင်လို့လဲ?''
တကယ်တော့ သူလည်းခံစားချက်မကောင်း။ အရင်ချင်လင်မိသားစုကိုပိုက်ဆံမချေးခဲ့ခြင်းမှာ သူတို့မိသားစုအတွက် ချင်လင်၏မျိုးဆက်တွင်ပြန်လည်ရပ်တည်နိုင်ဖို့ခက်ခဲမည်ဟု တထစ်ချယုံကြည်ထားသောကြောင့်ပင်။ စောင်းချိတ်သလိုလိုစကားများတောင် ပြောခဲ့သေးသည်။ သူတို့ဒီလိုဖြစ်လာမယ်လို့ ဘယ်ထင်ထားပါ့မလဲ?
ချင်လင်၏အိမ်ဟောင်း၌ မိသားစုနှစ်စု၏အမျိုးသမီးများဖြစ်သော လျောင်လီနှင့်ကျောက်မိုချင်းမှာ မီးဖိုချောင်တွင်ကူနေကြသည်။ သူတို့ကဖိတ်ထားမှတော့ ချက်ပြုတ်ရတော့မည်။
ချင်လင်က ချင်တလင်တို့ကိုဖိတ်ပြီး ကျေးဇူးကိုသတိတရရှိကြောင်း အားလုံးကိုပြောပြနေသည်။ တစ်ချိန်တည်းမှာ ကျေးဇူးဆပ်ရခြင်းအတွက်ပီတိလည်းဖြာနေ၏။
အခုတော့ ရွာထဲကလူအားလုံး ချင်းလင်စံအိမ်ကိုသူဖွင့်ထားမှန်းသိသွားလောက်ပြီ။ ဒီကိစ္စကို ထပ်ပြီးဖုံးကွယ်ထားလို့မရတော့။ အရင်က သူ့အမေပိုက်ဆံချေးဖို့သွားရင် မချေးပေးခဲ့သောသူများအတွက် ဘာမှပြောစရာမရှိ။ ဘာပဲဖြစ်ဖြစ် သူ့ကိုပိုက်ဆံချေးဖို့လည်းမလို။ သို့သော် သူ့ကိုလက်ညိုးထိုးပြောဆိုခဲ့သူများကိုတော့ အမှတ်ရနေဦးမည်။
သုံးနှစ်တာငြိမ်းချမ်းရေးက ဘာအဓိပ္ပါယ်လဲဆိုတာ ဒီလူတွေကိုပြောပြချင်သေးသည်။ နောင်မှာသူတို့တက်လာချင်ရင်တောင် သူကလျစ်လျူရှုထားဦးမည်ပင်။
ချင်တလင်၊ ချင်တရှန်းနှင့် ချင်အာ့ကန်းတို့က အရူးမဟုတ်။ ချင်လင်၏ရည်ရွယ်ချက်ကိုသူတို့သိသည်။ နောက်ပြီး ချင်လင်လိုလူတစ်ယောက်ရဲ့သတိတရရှိခြင်းကိုခံရသည်မှာ သေချာပေါက်နတ်ကောင်းမသလိုရှိလေသည်။