အခန်း (၁)
Vol. 1 Ch. 1
"အန္တရာယ်ရှိတယ် အရှင့်ကိုကာကွယ်ကြ။"
တစ်စုံတစ်ယောက်က ဥပျောက်နေသော ကြက်မတစ်ကောင်ကဲ့သို့ အော်ဟစ်နေ၏။ဖှေး ဆူညံသံများကို ကြားနေရသည်။ ထို့ကြောင့် သူ၏ အိပ်ချင်နေသော မျက်လုံးများကို အားတင်းပြီး ဖွင့်ကြည့်လိုက်ရာတွင် အရာဝတ္တုတစ်ခု သူ့ဆီသို့ပျံ၍လာသည်ကိုတွေ့လိုက်ရ၏။ထိုအရာသည် မြှားတစ်ချောင်းဖြစ်ကြောင်း သတိထားမိသည်။ထိုမြှားသည် သူ့မျက်နှာထံ အလွန်လျင်မြန်စွာ ပျံသန်းလာလေရာ လေထုကို နှစ်ခြမ်းခွဲနေသကဲ့သို့ပင်။
"သေစမ်းဟ ဘာတွေဖြစ်နေတာလဲ? ဘယ်.......ကောင် ငါ့ကိုပစ်နေတာလဲ"
ဖှေးချက်ချင်း နိုးကြားသွားပြီး ကြောက်ရွံ့လွန်းသဖြင့် ကြက်သီးမွေးညှင်းပါထသွားသည်။
သို့သော် သူဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အဆိုပါမြှားဟာ သူ့စီသို့ရောက်လာရာ...
"ဘန်း.."
မြှားက သူ့ဦးထုတ်ကို ဝင်တိုက်တော့သည်။
မြှားသည် ဦးထုတ်ကို မဖောက်နိုင်သော်လဲ ဦးထုတ်ကို အပြင်းထန် လှုပ်ခါစေရာ ဖှေးမူးဝေသွားသည်။ဖှေး နားတွေအူထူကာ ကောင်းကင်ရောမြေကြီးပါ ချာချာလည်သွားသည်။လေးခွနဲ့ထုခံလိုက်ရတဲ့ အရုပ်မတစ်ခုလို ဖှေးရဲ့ခန္ဓာကိုယ်မှာ နောက်သို့လွှင့်ထွက်သွားလေ၏။
"အား... သေစမ်းကွာ"
သူ့ခန္ဓာကိုယ် လေထဲမှာ လွှင့်စင်နေစဥ် နာကျင်စွာ ငြီးတွားလိုက်၏။
"ဘုရားရေ အရှင်ဘုရင် ထိသွားပြီ ကူညီကြ.."
"စစ်သား အရှင့်ကို သွားသယ်"
"အန်ဒီ မင်းအဲ့မှာ ရပ်ပြီး ဘာလုပ်နေတာလဲ သူတော်စင်တွေနဲ့ မှော်ဆရာတွေကို သွားခေါ်ခဲ့"
"ဟေး ဒီအောက်က ခွေးမသားတွေက နန်းတော်ကို သိမ်းဖို့ ထပ်ကြံနေကြပြီ။"စစ်သားတစ်ယောက်က နန်းတော်ကိုဝိုင်းထားတဲ့ အနက်ရောင်ဝတ်စုံများနှင့် စစ်တပ်ကို ညွှန်ပြလိုက်သည်။
"သေ..သေ သေစမ်းကွာ သူတို့မှာ ဘာလို့ လှေကားကြီးတွေရှိနေတာလဲ"
"လေးသည်တော်တွေ.... အသင့်ပြင်... ပစ်တော့"
ဖှေးလေပေါ်မြှောက်နေစင် အမိန့်ပေးသံတွေ ကစင့်ကလျားခြေသံတွေကြားနေရသည်။သူ တစ်ခုမှ နားမလည်ချေ။ ရှင်ဘုရင်? မှော်ဆရာ? သူတော်စင်? လေးသည်တော်?
ဒါဘယ်နေရာလဲ? ရုပ်ရှင်ရိုက်နေကြတာလား? ဘာတွေဖြစ်ကုန်နေတာလဲဟ?
မကြာခင်မှာပဲ သူ့ခန္ဓာကိုယ် အေးစက်တဲ့ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်ကို ခံစားလိုက်ရသည်။
ဖှေးiမူးဝေနေတုန်း ဆူညံသံတွေက ပိုပိုကျယ်လာ၏။
"ဘာအရှင်ဘုရင်လဲ။ ဘာလို့ သူတို့ငါ့ကိုပြောနေသလိုခံစားရတာလဲ။"
"လီးပဲ ဘုရင်တွေ ဘုရင်မတွေသောက်ဂရုမစိုက်ဘူး။ငါ့ကို မြှားနဲ့ပစ်တာဘယ်ကောင်လဲ မသိစေနဲ့ နို့မို့ဆို ငါအဲ့ မေလိုးကို သတ်မိလိမ့်မယ်။"ဟု ဖှေး တွေးလိုက်မိ၏။
သူနိုးနိုးချင်းမှာပင် ခေါင်းကို မြှားမှန်တော့မလိုဖြစ်ခဲ့သည်။အရမ်းကြောက်သကဲ့သို့ပင် ဒေါသလဲထွက်ရာ စိတ်ထဲက ကျိန်ဆဲလိုက်ချင်းပင်။
ချက်ချင်းပင် တစ်ကိုယ်လုံးနာကျင်လာပြီး ချောကလက်များစွာစားမိသော ခွေးတစ်ကောင်လို ချောင်းတဟွတ်ဟွတ်ဆိုးပြီး ကြမ်းပြင်ပေါ်သို့လဲကျကာ မေ့မြောသွားလေတော့သည်။
ဘယ်လောက်ကြာသွားပြီရယ်တော့ မသိ ဖှေးဒုတိယအကြိမ် အိပ်ရာမှနိုးလား၏။
ခေါင်းမူးနောက်နေလေရာ အမြင်အာရုံမှာ ဝိုးတိုးဝါးတားဖြစ်နေသဖြင့် ပတ်ဝန်းကျင်ကို အသေချာ မလေ့လာနိုင်သေးချေ။
သူသည်နူးညံ့သောတိမ်လွှာပေါ်တွင် အိပ်နေသလိုခံစားရသည်။သို့သော် သူလှုပ်ရှားရန်ကြိုးစားသည့် အခါတစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလေသည်။ခေါင်းသည်လဲ တစ်စုံတစ်ယောက်က တုတ်နဲ့ဖြတ်ရိုက်ထားသလိုလေးလံနေ၏။ မျက်လုံးပင်ကောင်းစွာမဖွင့်နိုင်သေးချေ။ဘေးမှ အမျိုသမီးနှစ်ယောက်စကားပြောသံမှလွှဲ၍ ကျန်တာ ဘာမှမသိရသေးချေ။
"အန်ဂျယ်လာ နင်ကတော်တော်မိုက်မဲတာပဲ။ ငါသာနင့်နေရာမှာဆို သူ့ကိုအဲ့လောက်ဂရုစိုက်မှာမဟုတ်ဘူး။အကယ်၍သူသေသွားရင် ဒီချမ်းဘော့တ် တိုင်းပြည်မှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန် နင်ရမှာပဲလေ။နောက်ပီး နင်ဒီတော်ဝင် စောက်ရူးကိုလဲ လက်ထပ်စရာမလိုတော့ဘူး"
သူတို့ရဲ့ ရယ်သံများ၊ စကားပြောသံများ၊ အရဆို အသက်၁၅နှစ်လောက်ရှိတဲ့ အမျိုးသမီးငယ်တွေဖြစ်မယ်လို့ ဖှေးခန့်မှန်းမိသည်။
"စကားပြောတာ ကြည့်ပြော"
နောက်ထပ်နူးညံ့တဲ့အသံတစ်ခုက ဖြတ်ပြောလိုက်သည်။စက္ကန့်အနည်းငယ်လောက်ရပ်ပြီး သူမဆက်ပြောလေသည်။
"အမ်မာ ငါ့ရဲ့ မိိုက်မဲတဲ့ညီမ နင်ဘာပြောနေတယ်ဆိုတာရော နင်သိရဲ့လား။ နောက်တစ်ခါအဲဲ့ဒီလိုမပြောပါနဲ့။ အလတ်ဇန်းဒါးက ငါ့ရဲ့ခင်ပွန်းလောင်းလေ။"
"အလတ်ဇန်းဒါးဆိုတာ ဘယ်ကကောင်လဲ"ဟု ဖှေးတွေးလိုက်သည်။ ဘာတွေဖြစ်နေတယ်ဆိုတာ သူနားမလည်နိုင်ချေ။
သူမိန်းကလေးခန္ဓာကိုယ်မှ ချိုမြိန်သော အနံ့တစ်ခုရလိုက်သည်။
သူမျက်လုံးကို အသားကုန်ကြိုးစားပြီးဖွင့်ကြည့်ရာ မြင်ရသည့်မြင်ကွင်းမှာ ဖှေးကို အံံ့သြမင်သက်သွားစေသည်။
သူရောက်နေတာက လာဗင်ဒါပန်းရနံ့သင်းပျံ့နေသော ရှေးခေတ်အနောက်တိုင်းစတိုင် နန်းတော်တစ်ခုထဲတွင်ဖြစ်သည်။ နန်းတော်မှာ ခန်းနားလွန်းသဖြင့် အိမ်မက်မက်နေသကဲ့သို့ပင်။သူ့ရှေ့တွင်မြင်နေရသည်မှာ ခန္ဓာကိုယ် သွယ်လျလှပသောအမျိုးသမီးတစ်ယောက်။
သူမနှင့်ပိုဝေးသော နေရာတွင်ရှိနေသူမှာ အစေခံဝတ်စုံနဲ့အမျိုးသမီး။သူမရဲ့ရွှေရောင်ဆံပင်များကို ကျစ်ဆံမြှီးကျစ်ထား၏။သူနိုးလာသည်ကို မနှစ်ခြိုက်သလို သူမမျက်နှာမှာ ဆူပုတ်နေလေသည်။
"အလတ်ဇန်းဒါးကို ဂရုမစိုက်တဲ့သူက သူမထင်တယ်။"ဖှေး တွေးမိသည်။ "သူမက အသက်ငယ်သလောက် တော်တော်သွေးအေးတာပဲ။"
သူအိပ်နေသော ရွှေကွပ်ထားပြီး ကြီးမားသည့် ကတီပါအိပ်ရာကြီးကို ဖှေးသတိထားမိလိုက်၏။နောက်ပြီး နူးညံ့တဲ့ ကတီပါ ခေါင်းအုံး။လှပတဲ့မိန်းမပျိုလေးတစ်ယောက်မှာ စိတ်ပူသည့်မျက်နှာဖြင့် အိပ်ယာဘေးမှာထိုင်နေလေသည်။
သူမရဲ့ပိုးသားဆံပင်တွေမှာ တိမ်မဲများကို ခရမ်းရောင်ကြိုးတစ်ချောင်းနှင့် စုချည်ထားသလိုပင်။သူမအသားအရေက နှင်းထက်ပင်ပျော့ပျောင်းပြီး ရေခဲထက်ပင် ချောမွေ့သယောင်။သူမ၏ကောက်ကြောင်းများသည် ခရမ်းရင့်ရောင်ဂါဝန်ပေါ်တွင် ထင်ရှားနေလေသည်။
အဆိုပါအချက်များကြောင့်သူမသည် ယောက်ကျားတိုင်း အိမ်မက်မက်ရသော နတ်သမီးလေး ကဲ့သို့ပင် ပြီးပြည့်စုံ လှပလွန်းလှ၏။
"အဟမ်း.." ဖှေး အာရုံစိုက်မှုရရန်ချောင်းဟန့်လိုက်သည်။
"နင်နိုးလာပြီလား" အနက်ရောင်ဆံပင်နှင့် အချောအလှ အန်ဂျယ်လာမှ အနားကပ်လာ၏။ သူမမျက်နှာသည် စိုးရိမ်ချင်းမှ အံ့သြပျော်ရွှင်သည့် မျက်နှာ ဖြစ်လာလေသည်။
"အလတ်ဇန်းဒါး နင်ဘယ်လိုနေသေးလဲ နာကျဥ်နေတုန်းပဲလား။ သူတော်စဥ် အီဗန်ပြောတာကတော့ နင်ကောင်းကောင်းအနားယူဖို့လိုဦးမယ်တဲ့.....။"
"ငါ... အမ်... ဘာဖြစ်သွားတာလဲ"ဘာပြန်ပြောရမလဲဆိုတာ ဖှေးမသိချေ။သူထိုကဲ့သို့ပြောအပြီးတွင် ထိတ်လန့်သွား၏။
ဖှေး မယုံနိုင်ဖွယ်ရာတစ်ခုကို သတိထားမိသွားသောကြောင့်ပင်။
အန်ဂျယ်လာသည် ထူးဆန်းတဲ့အသံထွက်ပုံရှိသည့် ရှေးကျတဲ့ဘာသာစကားတစ်ခုကိုပြောနေချင်းပင်။ဖှေးသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော်လဲ ဤကဲ့သို့ဘာသာစကားကို တစ်ခါမှမကြားဖူး မလေ့လာဖူးပေ။ပိုထူးဆန်းသည်မှာ သူမလေ့လာဖူးသော်လဲ ထိုဘာသာစကားကို ကောင်းကောင်းမွန်မွန်ပြောတတ်နေချင်းပင်။
"နင်မေ့သွားပြီလား အလတ်ဇန်းဒါး။နင် စစ်သားတွေကို ဦးဆောင်ပြီး နိုင်ငံတော်ကိုကာကွယ်နေတုန်း ဟိုဘက်ကရန်သူက နင့်ကိုမြှားနဲ့ချောင်းပစ်လိုက်တာပဲ။တော်သေးတာပေါ့ နင်ဦးထုတ်ဝတ်ထားပေလို့ နို့မို့ဆို ပြသနာပိုကြီးသွားနိုင်တယ်။" အန်ဂျယ်လာက ရှင်းပြသည်။
ထို့နောက်သူမဘယ်လက်ကို ဖှေးနဖူးပေါ်အသာအယာတင်လိုက်သည်။နဖူးက ပူမနေဘူး။
သူမမျက်လုံးများထဲတွင် အံ့သြသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။ "တော်သေးတယ် နင့်ခန္ဓာကိုယ်အပူချိန် ပြန်ကျသွားပြီ။နင်အဖျားမတက်ဘူးဆို အရာအားလုံးအဆင်ပြေသွားမယ်လို့ သူတော်စဥ် အီဗန်ကပြောသွားတယ်။နင်ဟာ ရဲရင့်တဲ့ ဘုရင်တစ်ပါးပဲ အလတ်ဇန်းဒါး။"
"ငါ? ဘုရင်? အလတ်ဇန်းဒါး?" ဘာတွေဖြစ်ကုန်လဲဆိုတာ ဖှေးမသိချေ။
"ဟုတ်တယ်လေ ချမ်းဘော့ဒ်ရဲ့ ငယ်ရွယ်ပြီးရဲရင့်တဲ့ ဘုရင်။နင်ခံတပ်ကို အချိန်ကိုက်ရောက်ပြီး ငါတို့စစ်သားတွေကို အားတတ်စေခဲ့လို့ သူတို့တွေကျူးကျော်သူတွေကို နောက်တစ်ကြိမ်တိုက်ထုတ်နိုင်ခဲ့တာပဲ။" အန်ဂျယ်လာက အပြုံးနဲ့ပြန်ဖြေလိုက်သည်။
ဖှေး ထူးဆန်းသလို ခံစားရသည်။အကြောင်းတစ်ခုခုကြောင့် ထိုအမျိုးသမီးရဲ့ အသံနေအသံထားမှာ ငိုနေတဲ့ကလေးတစ်ယောက်အား ချော့နေတဲ့ မူကြိုဆရာမတစ်ယောက်လိုဖြစ်နေသည်။
"သူကရဲရင့်တဲ့ဘုရင်တစ်ပါးမဟုတ်ပါဘူး"
ရွှေရောင်ဆံပင်နဲ့ အမ်မာက ဝင်ပြောလိုက်၏။
"ဝန်ကြီးချုပ် ဘစ်ဇား ခဏခဏတောင်းဆိုလို့သာ သူစစ်မြေပြင်ကိုလိုက်သွားတာ။အလတ်ဇန်းဒါး အဲ့ခံတပ်ကို သူ့သဘောနဲ့သူသွားမယ်ထင်လို့လား။သူစစ်ဝတ်စုံ ဝတ်နေတုန်းက ဘောင်းဘီထဲသေးပေါက်ချတော့မလို ကြောက်လန့်နေတာ ငါမှတ်မိသေးတယ်။သူခံတပ်ထဲရောက်ရောက်ချင်း
စောက်ရူး တစ်ယောက်လို ခေါင်းတည့်တည့်မြှားမှန်ခဲ့တာ စစ်သားတွေကို စိတ်ဓာတ်တက်ကြွစေတယ်ဆိုရင်တော့ သူမှန်ပါတယ်"
အမ်မာ ပြောတာတွေကို မှန်မမှန်မသိသော်လည်း ထိုအရာများကို ဂရုစိုက်နေရန်အချိန်မရှိပေ။
"ဘာတွေဖြစ်ကုန်တာလဲ။ ငါငါ့အခန်းရှေ့မှာ ငါ့ခေါင်းကိုတစ်ခုခုလာမှန်ခဲ့တာမဟုတ်ဘူးလား။နောက်ပီးငါနိုးလာတော့ ငါကဒီတစ်ခါမှမကြားဘူးတဲ့ ချမ်းဘော့ဒ် နိုင်ငံရဲ့ဘုရင်အလတ်ဇန်းဒါးတဲ့လား။နောက်ပီးငါ့ရှေ့မာ ရှိနေတဲ့ အချောအလှ လေးက ငါ့ဇနီးလောင်း။ဘာတွေဖြစ်ကုန်တာလဲ။"
ဖှေး ကိုယ့်နဖူးကိုယ် နှစ်ချက်လောက်ပြန်ပုတ်ကြည့်လိုက်သည်။
"ဒါ နောက်ပြောင်နေကြတာလား။ ဒါမှမဟုတ်ငါတစ်ခြား ကမ္ဘာရောက်နေတာလား။" ဖှေးတွေးနေသည်။ "ဒါ နောက်ပြောင်နေတာတော့မဖြစ်နိုင်ဘူး အန်ဂျယ်လာရဲ့အလှက ကမ္ဘာအပြင်ပါရောက်တယ် ငါ့ကိုစဖို့ သူ့ကိုပိုက်ဆံဘယ်သူပေးမှာလဲ။ပြီးတော့ အဲ့အမ်မာ ကလဲတော်တော်ချစ်ရာကောင်းတာပဲ။"
"ပိုအရေးကြီးတာက ငါဒီရှေးဘာသာစကားကို တစ်ခါမှမကြားဖူးပဲနဲ့ နားလည်နိုင်ပြောနိုင်နေတာပဲ....." ဖှေး အခြေနေတွေကို သုံးသပ်နေလေ၏။