← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

အန်ဂျယ်လာသည် အိပ်ရာအစွန်းကို တင်းကြပ်စွာကိုင်ထား၏။သူမ၏မျက်လုံးများမှာ စိုးရိမ်မှုများနှင့်ပြည့်နေပြီး စိတ်ကလဲ ကစဥ့်ကလျားဖြစ်နေလေသည်။

“သနားစရာကောင်းလိုက်တဲ့ အလတ်ဇန်းဒါး။ ပြုတ်ကျတုန်းက ခေါင်းထိမသွားပါစေနဲ့ မျှော်လင့်ရတာပါပဲ။သူကအရင်တုန်းကလဲ ဉာဏ်ကောင်းတဲ့သူမဟုတ်ပေမယ့် အနည်းဆုံးတော့ စကားပြောနိုင်ခဲ့ပါတယ်။”

ထိုအချိန်မှာပဲ အထက်စီးဆန်ပြီး ကျယ်လောင်တဲ့အသံတစ်ခု တံခါးနောက်ကနေ ပေါ်ထွက်လာသည်။

“အလတ်ဇန်းဒါး မင်း ဒဏ်ရာရသွားတယ်လို့ ငါကြားတယ်။ “ အမျိုးသမီးနှစ်ယောက်သည် အသံလာရာဘက်သို့လှည့်ကြည့်ကာ နှစ်ဦးလုံးမျက်နှာပျက်သွား၏။အသံက စိုးရိမ်သည်ထက် ပျက်ရယ်ပြုနေသည့်သဖွယ်။

“အားလုံးအဆင်ပြေရဲ့လား။”

ဖှေးမော့ကြည့်လိုက်ရာ သားနားစွာဝတ်စားထားသော ခပ်ဝဝလူတစ်ယောက် နန်းတော်အိပ်ခန်းထဲသို့ဝင်လာသည်ကို တွေ့လိုက်ရ၏။ထိုသူ၏ နှုတ်ခမ်းများမှာ အေးစက်စက်ရယ်လျက်ရှိသည်။

“ဂေးလ် နင်ဒီမှာဘာလုပ်နေတာလဲ။”အန်ဂျယ်လာက ခပ်မာမာမေးလိုက်သည်။ဒီအသစ်ရောက်လာတဲ့ အဝလွန်ပုဂ္ဂိုလ်နဲ့ သူ့ဘေးက အလှပဂေး တို့ကြားက တင်းမာမှုကို ဖှေးခံစားလိုက်ရသည်။

သူတို့နှစ်ယောက် မသင့်မြတ်သည်မှာ ထင်ရှားသည်။

“ဟဟ.... အန်ဂျယ်လာ ငါ့ရဲ့နတ်သမီးလေး မင်းဘာကိုဆိုလိုတာလဲ။ငါက ငါ့ရဲ့ချစ်သူငယ်ချင်း အလတ်ဇန်းဒါး ဒဏ်ရာရသွားတယ်ကြားလို့ စိုးရိမ်ပြီးသတင်းလာမေးတာလေ။ ငါလုပ်တာ ဘာမှားလို့လဲ။”

ခပ်ဝဝလူက လမ်းလျှောက်လာကာ အိပ်ယာပေါ်တို့ တက်ထိုင်လိုက်၏။

“ဂေးလ် နင်ဘာလုပ်တာလဲ။ဘုရင်ရဲ့ အိပ်ရာပေါ်ကိုတက်ထိုင်တာ နင်အတင့်ရဲလှချည်လား။” အမ်မာ စိတ်ဆိုးစွာ ထအော်လေသည်။

ဂေးလ်က အမ်မာကို တစ်ချက်ကြည့်လိုက်၏။သူ့မျက်လုံးတွေထဲမှာ မကောင်းမှုတွေနဲ့ ရမ္မက်တွေပြည့်နပ်နေလေသည်။ထို့နောက်သူ၏ နှုတ်ခမ်းများကို လျှာဖြင့် တစ်ချက် ယှက်ပြီး

“ပါးစပ်ပိတ်ထားစမ်း အစေခံ။မင်းနောက်မှ နောင်တရမယ့်ဟာတွေမပြောမိစေနဲ့။” ထို့နောက်တစ်ဖက်သို့ သာသာယာယာလှည့်ကာ ဖှေးကိုတစ်ချက်ကြည့်လိုက်သည်။မျက်နှာက ဒဏ်ရာရသော သူငယ်ချင်းအတွက် စာနာဟန်မရှိ။ဒဏ်ရာရနေသော တိရိစ္ဆာန်တစ်ကောင်အား အားရကျေနပ်စွာကြည့်နေသလိုပင်။ဖှေးကလည်း ဂေးလ်ကို ပြန်စိုက်ကြည့်နေလေသည်။

ဂေးလ်၏ ယုတ်မာတဲ့စိတ်ထားတို့နှင့် သူကို မထီမဲ့မြင်ကြည့်နေသည်ကို ဖှေးခံစားလိုက်ရသည်။ ဂေးလ်က သူ့ခံစားချက်များကို နည်းနည်းမှဖုံးကွယ်မထား မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေ၏။

ဖှေး စိတ်ရှုပ်သွားသည်။”ဒီစောက်ရုပ်ဆိုးတဲ့ ဖတ်တီးက တကယ်အလတ်ဇန်းဒါးသူငယ်ချင်းလား။ဒီလောက်ဆိုးတဲ့စောက်ခွက်ကို ဒီကောင်ဘုရင်ကိုဘယ်လိုပြရဲတာလဲ။သူလဲ မိသားစုနောက်ခံတောင့်တာပဲလား။”

ဖှေးတွေးနေတုန်းမှာပင် ဂေးလ်က သူ၏အဆီပြန်နေသော လက်များဖြင့် ဖှေး မျက်နှာကို အရုပ်ကဲ့သို့ စတင်ကိုင်တွယ်တော့သည်။

“မင်းနေကောင်းတဲ့ပုံပါပဲ အလတ်ဇန်းဒါး ဟားဟား။ ငါဒီနေ့နေ့လည် အရေးကြီးတဲ့ဧည့်သည်တွေကို ဧည့်ခံဖို့ရာရှိတယ်။ ဘယ်လိုလဲ မင်းလိုက်ခဲ့မလား။” ဂေးလ်ကပြုံးပြီးမေးသည်။ သို့သော်လည်း သူ့အသံမှာ ဖိတ်ခေါ်သည်ထက် အမိန့်ပေးနေသကဲ့သို့ပင်။

သူဖှေးမျက်နှာကို ကိုင်ချင်သလိုကိုင်တွယ်ကာ တစ်ရံတစ်ရံ ပါးလဲရိုက်လိုက်သေး၏။ ဘုရင်တစ်ပါးကို အိမ်မွှေးတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံနေရသော ခံစားချက်ကို ဂေးလ်သဘောကျသည်။

အလတ်ဇန်းဒါးလိုကောင်မျိုး ဘုရင်ဘယ်လိုဖြစ်လာတာလဲဆိုတာ သူပြန်တွေးမိသည်။”သူ အသက်၁၇နှစ်မှာ ဉာဏ်ရည်က ၃နှစ်ကလေးလောက်ပဲရှိတယ်။ဒါတောင် သူ့ကိုထီးနန်းပေးလိုက်ရအောင်ထိ ဘုရားသခင်က သူ့ကိုဘယ်လောက်တောင်ချစ်လိုက်သလဲ။”

ဂေးလ်က သူ့ကိုယ့်သူ သဘောကျနေစဥ်မှာပင် မမျှော်လင့်တာတစ်ခု ဖြစ်သွားလေသည်။

“ဖျောင်း...”

ဂေးလ် ဘယ်ဘက်ပါးပြင်တစ်ခုလုံး နီရဲသွားလေ၏။ သူ့မျက်နှာသည် ထိတ်လန့်အံ့သြသွားဟန်ရှိသည်။

ဂေးလ်ဝင်လာ ကတည်းက နေမထိထိုင်မသာ ဖြစ်နေသော အမ်မာနဲ့ အန်ဂျယ်လာပါ အံ့သြ သွား၏။ မြင်လိုက်ရသည်ကို မယုံနိုင်ကြချေ။

အလတ်ဇန်းဒါး၏ ကြောက်ရွံ့ကာအလျော့ပေးတတ်သော သဘာဝကြောင့် ဂေးလ်၏ မကြာခဏ အနိုင်ကျင့်ခြင်းကိုခံရသည်။

“သူဂေးလ်ရဲ့မျက်နှာကို ရိုက်လိုက်တာပဲ။ အဲ့တာ တကယ်ဖြစ်သွားတာလား။” သူတို့နှစ်ယောက်လုံး အံ့သြ သွားသော်လည်း ကျေနပ်သလို ခံစားရသည်။ ဂေးလ်ကို သည်းခံလာရသည်မှာ အတော်ကြာပြီဖြစ်သည်။

“မင်း... မင်းဘာလုပ်တာလဲ”

“မင်းနောက်တစ်ခါ အဲ့ရွံစရာကောင်းတဲ့လက်နဲ့ ငါ့ကိုထိရဲထိကြည့် ငါ့ခြေထောက် မင်းဖင်ထဲရောက်သွားမယ်။” ဖှေး ပြောလိုက်သည်။

ဂေးလ်၏လုပ်ရပ်သည် ဖှေးကို အတော်စိတ်ဆိုးစေသည်။ ဖှေးက သူ့ကို ဒေါသထွက်စေသူများကို ညင်ညင်သာသာ ဆက်ဆံတတ်သူမဟုတ်ချေ။

ဂေးလ်သည် ဖှေးကို လက်ညိုးထိုးကာ အသားကုန်အော်ဟစ်နေသည်။ဒေါသဖြစ်လွန်း သဖြင့် တစ်ကိုယ်လုံးဆက်ဆက်တုန်နေ၏။

“မင်း... မင်းငါ့ကိုရိုက်ရဲတယ်ပေါ့ ခွေးမသား”ဟု ဂေးလ်က ထပ်ခါထပ်ခါအော်ဟစ်နေသည်။

ဖှေးက ဘာမှမတုန့်ပြန်။ အိပ်ရာပေါ်မှထရန် ကြိုးစားနေ၏။

“ဒီကောင် နန်းတော်ထဲမှာ ဘာလို့ အော်လား ဆဲလား လုပ်ရဲတာလဲ” ဖှေး ဇဝေဇဝါဖြစ်သွားသည်။ နန်းတော်အစောင့်တွေ ဘာတွေရောက်မလာသင့်ဘူးလား။ “သူက တကယ်ပဲ ဘုရင့်ထက်အရေးကြီးတဲ့လူဖြစ်နေနိုင်မလား။”

ဖှေးတွေးနေစဥ်မှာပဲ ဂေးလ်က ဆုံးဖြတ်ပြီးသွားရာ ဖှေးကို ဝင်လုံးတော့သည်။မကျေနပ်ဖြစ်၍ လက်စားချေလိုပုံရ၏။

“တော်ပါတော့ ဂေးလ်။” အန်ဂျယ်လာ အမိန့်ပေးလိုက်သည်။ “နင်ကဝန်ကြီးတစ်ယောက် သားပါပဲ။ နင်ဘာလို့ ဒီလိုလုပ်ရဲရတာလဲ။”

အန်ဂျယ်လာ ဘာပဲပြောနေနေ ဂေးလ်ဂရုမစိုက် ဖှေးကိုသာတိုက်ခိုက်ရန်ကြိုးစားနေသည်။ အန်ဂျယ်လာနှင့် အမ်မာတို့ကလဲ ဂေးလ်ကို နောက်ဝိုင်းဆွဲကာ ဖှေးကိုကာကွယ်ရန် အတက်နိုင်ဆုံး ကြိုးစားကြ၏။

အမျိုးသမီး နှစ်ဦးဖြစ်သော်ငြား ဂေလ်း၏ ယောက်ျားအားကို ယှဥ်ရန် မဖြစ်နိုင်ချေ။

“ဖျောင်း....”

ဒေါသထွက်နေသော ဂေးလ်က အမ်မာ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ရိုက်လိုက်သော အရှိန်ကြောင့် အမ်မာ အနောက်ကို အနည်းငယ်လွှင့်စင်သွား၏။ မကြာခင်မှာပဲ လှပသောမျက်နှာမှာ ရောင်ရမ်းလာခါ မျက်လုံးများမှာ မျက်ရည်ဝဲနေလေသည်။

ထို့နောက် ဂေးလ်က အန်ဂျယ်လာကို လက်ကောက်ဝတ်မှ သူ့အနားရောက်အောင် ကောက်ဆွဲလိုက်၏။ ထို့နောက် အန်ဂျယ်လာ လည်တိုင်ကို အကြိမ်ကြိမ်နမ်းကာ “လှပတဲ့ အန်ဂျယ်လာ ဒီအလတ်ဇန်းဒါးဆိုတဲ့ကောင်က မင်းနဲ့ဘယ်လိုမှ သင့်တော်မှာမဟုတ်ဘူး။ သူ့ကိုကြည့်စမ်းပါ ဘုရင်နဲ့တူတဲ့ဟာ တစ်ခုမှမရှိဘူး။ ထီးနန်းရပြီး ပြီးချင်းမှာပဲ သူချမ်းဘော့ဒ် တိုင်းပြည်ကို အရှုပ်ထုတ်ထဲပို့လိုက်တာလေ။ဟီးဟီး…အန်ဂျယ်လာ မင်းငါ့မိန်းမလုပ်မလား ဘယ်လိုလဲ။”

သူသည် အန်ဂျယ်လာ၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေ၏။နွေးထွေးပြီး ချောမွေ့တဲ့အထိအတွေ့ကြောင့် ဂေးလ် အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်စွမ်းမရှိတော့ချေ။ သူသည် ဘုရင့်နန်းတော်ထဲရောက်နေကြောင်းနှင့် အန်ဂျယ်လာသည် အနာဂတ်တွင်ဖြစ်လာမည့် မိဖုရားဆိုတာတို့ကို မေ့လျော့ကာ အန်ဂျယ်လာ၏ နှုတ်ခမ်းကို အတင်းနမ်းရန် ကြိုးစားတော့သည်။

ရုတ်တရက်။

“ဒုတ်...”

သံဦးထုတ်မှာ ဂေးလ် နဖူးကို နမ်းရှိုက်သွားတော့သည်။အရှိန်ဟုန်ပြင်းလွန်းသဖြင့် တူနဲ့ထုလိုက်သကဲ့သို့ပင်။

မြန်ဆန်လွန်းလှသဖြင့် ဂေးလ်ဘာမှမတွေ့လိုက်ရ။နဖူးဒဏ်ရာမှ သွေးများ ဒလဟောထွက်လာသောအခါ ဂေးလ် လန့်ဖြန့်ပြီး အန်ဂျယ်လာ လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။

ဘဝမှာ ဘယ်တော့မှမတွေ့နိုင်တဲ့ အရာတစ်ခုကို ထပ်မံကြုံတွေ့လိုက်ရကာ အန်ဂျယ်လာ ဆွံ့အ သွားသည်။

ဖှေး သံဦးထုတ်ကို ပြန်ကောက်ယူပြီး “မင်းငါ့ကောင်မလေးကို ထိရဲတယ်ပေါ့။ ဘုရင်ကို မင်းကထိရဲတယ်ပေါ့ ဖတ်တီး မအေလိုး။ငါမင်းကို စုတ်ပြတ်နေအောင်မရိုက်ရရင် ငါဘုရင်မလုပ်တော့ဘူး။”

သူ ဆဲနေရင်း နေလို့ပိုကောင်းလာသည်။စိတ်ထဲမှာလဲ “ငါ ဒီဖတ်တီးကို အစက ဘာကောင်ကြီးလဲမသိသေးလို့ နည်းနည်းရှိန်နေတာ။ ဒါပေမယ့် အခုတော့ ဒီကောင်က ဝန်ကြီးချုပ်သားပဲ။ ဒီကောင့်ကို ငါလုပ်ချင်သလိုလုပ်လို့ရတာပဲ...”

နန်းတော် အိပ်ဆောင်ထဲတွင် အပ်တစ်ချောင်းပြုတ်ကျသံကို ကြားနိုင်လောက်တဲ့ထိ တိတ်ဆိတ်နေ၏။

အန်ဂျယ်လာနဲ့အမ်မာနှစ်ယောက်လုံး ဖှေးအပြုအမူများကြောင့် များစွာ အံ့သြခဲ့ရသော်လည်း ဒီတစ်ခါမှာတော့ တစ်ခုခုမူမမှန်ဖြစ်နေသည်ကို သတိထားမိလာသည်။ “ဒါမဖြစ်နိုင်ဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။” သူတို့ဖှေးကို ကြည့်နေသည်။ “ဂေးလ်ကို အမြဲကြောက်နေရတဲ့ ၁၇နှစ်အရွယ် အလတ်ဇန်းဒါးက ပြောင်းလဲသွားပြီထင်တယ်။”

ဂေးလ်က ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်ရှိနေသည်။အလတ်ဇန်းဒါးရဲ့ အပြုမူတွေအများကြီးပြောင်းလဲသွားသည်ကို သူသတိထားမိ၏။

အလတ်ဇန်းဒါး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖှေးရဲ့အပြုမူများက ဂေးလ်ကို ထိတ်လန့်စေသည်။ သံဦးထုတ်နဲ့ လွှဲရိုက်လိုက်သည့် အားမှာပြင်းထန်လွန်းသည်။ သူ့ကို အသေသတ်လို သကဲ့သို့ပင်။

စက္ကန့်အနည်းငယ် ကြာပြီးသော် ဂေးလ် စိတ်ပြန်လျော့လိုက်သည်။ နန်းတော်ကို လာရသည့် အဓိကအကြောင်းရင်းကို ပြန်စဥ်းစားသည်။

ထို့နောက် သူ့ဘယ်လက်ကို အပေါ်မြှောက်ကာ ထူးဆန်းတဲ့ ဂါထာတစ်ခု ရွတ်ဆိုလိုက်၏။ ထို့နောက် လက်ပေါ်တွင် မီးလုံးတစ်ခုပေါ်လာပြီး မီးလုံး၏ အပူရှိန်မှာ နန်းတော်တစ်ခုလုံးပြန့်သွားသည်။

ဂေးလ်သည် မကြာခင်ကခံစားခဲ့ရတဲ့ အံ့သြထိတ်လန့်မှုတွေပျောက်ဆုံးကာ ပို၍ရဲရင့်လာသည်။ ထို့နောက် ဖှေးကို လှမ်းရန်စ လိုက်သည်။ “ဘုရင်ဆိုတာ မင်းလား။ မင်းကိုယ်မင်းက လွဲရင် ဒီတိုင်းပြည်မှာ မင်းကို ဘုရင်လို့ ဘယ်သူကမှမသက်မှတ်ဘူးကွ။ မင်းငါ့ကို ရိုက်ရဲတယ်ပေါ့။ ဂုဏ်သိက္ခာရှိတဲ့မှော်ဆရာရဲ့ ဒေါသကိုခံစားကြည့်လိုက်။”

ဖှေးသည် အန်ဂျယ်လာနှင့် အမ်မာတို့ အထင်ကြီးစေလိုသဖြင့် ကြောက်ရွံ့ဟန်မပြသေးချေ။သို့သော် မီးလုံးကိုတွေ့လိုက်ရသောအခါ အနည်းငယ်ထိတ်လန့်သွားသည်။

“သေစမ်းဟ ဒီစောက်ပိန်းဖတ်တီးက မှော်ဆရာတဲ့လား။ ကြည့်ရသလောက် စကေးလဲ နည်းနည်းကြမ်းပုံပဲ။ ငါဘာလုပ်ရမလဲ။ ဒီလိုဖြစ်မယ်မှန်းသိရင် သူ့ကိုစကားနဲ့ပဲ အဆင်ပြေအောင်ပြောပါတယ်။

လက်ရှိ အရှုပ်ထုတ်ထဲက လွတ်နိုင်သည့် နည်းကို ဖှေးစဥ်းစားနေ၏။

ဂေးလ် လက်ထဲက မီးလုံးနှင့် သူ့လက်ထဲက သံဦးထုတ်ကိုကြည့်ကာ ဖှေးတွေးလိုက်သည်။ “ဘာလဲကွာ ချမယ်ဆိုလဲ ဓားဖြစ်ဖြစ် လက်နက်တစ်ခုခု ပေးမှပေါ့။” စက္ကန့်အနည်းငယ်လောက် စဥ်းစားပြီးနောက် ဖှေးစအော်တော့သည်။ “အစောင့်တွေ၊ အစောင့်တွေ၊ ဒီမှာလုပ်ကြံသူရှိတယ်။ တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံဖို့ကြိုးစားနေတယ်။”

“ဟားဟား အော်မနေနဲ့ ဘာမှမထူးဘူး။”

ဂေးလ် ရယ်မောကာ လက်ကို တစ်ချက်တောက်လိုက်သည်။ ထို့နောက် အပူချိန်ပြင်းသည့်မီးလုံးသည် ဖှေးမျက်နှာထံသို့ ကျည်ဆံကဲ့သို့ ပျံသန်းသွားတော့သည်။

All Chapters