← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

"အား...." အန်ဂျယ်လာ အော်ဟစ်လိုက်သည်။ဂေးလ် ရဲ့လက်ထဲမှာ မီးလုံးစ,ပေါ်လာကတည်းက သူ့ကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ သူမ ကပျာကယာ နည်းလမ်းရှာနေခဲ့သည်။ သို့သော်လဲ အခုချိန်တွင် ထိုအရာအားလုံး အသုံးမဝင်တော့ချေ။

"သေစမ်း" ဖှေးဟာ သူ့ထံရောက်လာသည့် မီးလုံးကို လက်ထဲမှ သံဦးထုတ်နဲ့ကာလိုက်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ချေ။

"ဘုန်း.." မီးလုံးသည် ဦးထုတ်နှင့်ဝင်တိုက်ကာ မီးတောက်မီးစများနှင့် မီးခိုးများဖွာထွက်သွား၏။ သံဦးထုတ်ပင် အပူဒဏ် ကြောင့်နီရဲလာကာ စတင်အရည်ပျော်လာလေသည်။

"ရှဲ..... " ဖှေး အသားမီးလောင်သော အနံ့ကိုရလိုက်သည်။

သူ့လက်ထဲက ပူပြင်းအရည်ပျော်နေသည့် ဦးထုတ်ကို အမြန်လွှတ်ချလိုက်၏။ သူတက်နိုင်သမျှမြန်မြန်လွှတ်ချသော်လည်း သူ့လက်မှအသားတစ်ချို့ မီးလောင်ကုန်သည်။

မီးလုံးသည် တဖြည်းဖြည်း စွမ်းအင်ကုန်ဆုံးကာ ငြိမ်းသက်သွား၏။

ဂေးလ် လက်ထဲမှာ နောက်ထပ်မီးလုံးတစ်ခုပေါ်လာတာတွေ့လိုက်ရသည့်အတွက် ဖှေး သက်ပျင်းမချနိုင်သေးပေ။

"ဒါမတရားဘူး" ဖှေးလှမ်းအော်လိုက်သည်။ "သတ္တိရှိရင် လက်လက်ချင်း ချမယ်လေ။ မီးနဲ့ကစားတာ အန္တရာယ်များတယ်လို့ မင်းမိဘတွေက မဆုံးမခဲ့ဘူးလား။"

"ဘာ" အန်ဂျယ်လာနဲ့ အမ်မာ နှစ်ယောက်လုံးဆွံ့အသွားသည်။ "ဒီလိုဆုံးမ စကားမျိုး တစ်ခါမှမကြားဖူးပါဘူး။"

"အလက်ဇန်းဒါးက စောက်ပိန်းဖြစ်နေတုန်းပဲထင်ပါတယ်။" နှစ်ယောက်လုံး စိတ်ပျက်လက်ပျက် တွေးမိ၏။

အိပ်ယာတစ်ဖက်ခြမ်းသို့ ဖှေးတဖြည်းဖြည်းရွှေ့သွားကာ ခံတပ်မှာ ရှိစဥ်က သူဝတ်ခဲ့တဲ့သံချပ်ကာ အင်္ကျီကို ဖှေးကောက်ကိုင်လိုက်သည်ကိုတော့ သူတို့နှစ်ယောက်လုံး သတိမထားမိလိုက်ချေ။ထိုအရာကို နောက်ကြောတွင်ဝှက်ကာ ဂေးလ်ထံသို့ တဖြည်းဖြည်းချည်းကပ်သွားနေ၏။

"မင်းနေနှင့်ဦး လက်လှမ်းမှီတဲ့နေရာရောက်တာနဲ့ မင်းကို မင်းမိဘတွေနေရာမှာ ဝင်ဆုံးမပေးလိုက်မယ်။" ဖှေးသည် သူနှင့်ဂေးလ်ကြားရှိ အကွာအဝေးကို တွက်ကာ ရုတ်တရက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

သို့သော်----

"ခွေးမသား သေစမ်း"

ဂေးလ်က အလွန်ဒေါသဖြစ်နေရာ သူ၏ ဂုဏ်ရှိသော မှော်ဆရာ၏ ဒေါသကို လျော့မည်မဟုတ်။

ဒီစောက်ပိန်းဘုရင် သူ့ကိုလုပ်ခဲ့သည်ကို လက်စားချေရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။

"ဝှစ်..."

ဒုတိယမီးလုံးသည် ဖှေးထံသို့ပျံသန်းသွားသည်။

အန်ဂျယ်လာသည် မျက်နှာဖြူဖတ်ဖြူ‌ရော် ဖြစ်လောက်သည်အထိ ကြောက်လန့်နေသော်လဲ ဖှေးရှေ့မှဝင်ကာပြီး ကယ်ရန်ဆုံးဖြတ်လိုက်၏။

ဖှေးရှေ့တွင် အန်ဂျယ်လာရုတ်တရက်ပေါ်လာသည်ကို ဂေးလ်တွေ့သောအခါ မီးလုံးကို ကပြာကရာ ပြန်သိမ်းရန်ကြိုးစားသော်လဲ မမှီတော့ချေ။

ဖှေးကလည်း ဘာမှတွေးမနေတော့ပဲ အန်ဂျယ်လာကို ရင်ခွင်ထဲသို့ဆွဲလိုက်ပြီး မီးလုံးလာရာသို့ နောက်ကြောလှည့်ကာ အန်ဂျယ်လာကို ကာကွယ်လိုက်သည်။ကြောပြင်တွင် အပူရှိန်ကို ခံစားလိုက်ရ၏။

"ငါတော့ သေပြီထင်တာပဲ။"

အဲ့အချိန်မှာပဲ----

"ဖျောတ်"

ဘယ်ကရောက်လာမှန်းမသိတဲ့ လက်တစ်ဖတ်က မီးလုံးကို ဖမ်းပြီး ဆုပ်ကိုင်လိုက်သည်။ထို့နောက် အသာအယာညှစ်ကာ မီးလုံးကို ငြိမ်းသက်လိုက်၏။

ဖှေးစိတ်သက်သာရာရသွားကို အန်ဂျယ်လာကို လွှတ်လိုက်သည်။

"ဆရာတစ်ယောက်ပဲ။"ဟု သူတွေးလိုက်သည်။

ထိုအချိန်မှာပဲ ဂေးလ်ရဲ့ မျက်နှာမှာ အေးစက်သွားသည်။နန်းတော်ထဲသို့ ရုတ်တရက် ရောက်လာသောလူကို စိုက်ကြည့်ရင်း မျက်နှာသည်အရောင်ဖျော့သထက် ဖျော့လာကာ ခန္ဓာကိုယ်မှာ တုန်ရီ လာသည်။

ကြောင်ကိုမြင်လိုက်ရတဲ့ ကြွက်တစ်ကောင်လို ဂေးလ်အလွန်ကြောက်ရွံ့ကာ အသံနေ အသံထားပါ ပြောင်းသွားတော့သည်။ "မစ်စတာ လမ်း.. လမ်းပါ့ဒ်, ဦးလေးဒီမှာ ဘာလုပ်နေတာလဲ ကျွန်တော်---ကျွန်တော်---။"

ဂေးလ် ဇောချွေးများပြန်ကာ ရှင်းပြရန် အသည်းအသန် ကြိုးစားနေလေသည်။

မစ်စတာ လမ်းပါ့ဒ်က ဂေးလ်ကို အရေးမလုပ်၊ အန်ဂျယ်လာကို အသာအယာ အရိုအသေပေးပြီး ဖှေးကို အေးတိအေးစက်ကြည့်ကာ ပြောလိုက်သည်။ "အရှင် အလတ်ဇန်းဒါး---"

ဖှေး ဒီ"ဆရာ"ဆိုတဲ့သူကို အသေချာအကဲခက်နေသည်။

သူ့ရှေ့မှာ ရပ်နေတာက အရပ် ၆ပေ၅လက်မလောက်ရှိတဲ့ လူဖြောင့်တစ်ဦးဖြစ်သည်။ထိုသူ၏ ဆံပင်အနီရောင်များမှာ ရဲရဲတောက်နေသော မီးကဲ့သို့ပင်။

ပို၍ထင်ရှားနေသည်မှာ သူ၏နောက်‌‌ကျောတွင် လွယ်ထားသည့် ငါးပေရှည်သော ဓားကြီးပင်။ ဓားသွားများသည် ကျောက်မီးသွေးကဲ့သို့ပင် မဲနက်နေပြီး ဓားအလေးအချိန်သည် ပေါင်၂၀၀လောက်လေးပုံရသည်။

ဖှေးကို တွေဝေစေသည်မှာ ဒီဆရာက အတော်သန်မာပုံပေါက်သော်လဲ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ တိုက်ပွဲမှာ ဒဏ်ရာရခဲ့လို့ဖြစ်မယ်လို့ ဖှေးတွေးမိသည်။

ဖှေးထူးဆန်းသလိုလဲ ခံစားရသည်။လမ်းပါဒ်က သူ့ကိုကယ်ခဲ့သည်မှန်သော်လဲ သူ့အပေါ်တွင် ခင်မင်ရင်းနှီးဟန်မရှိ။ သူ့အကြည့်တွေထဲမှာ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့မှု တွေကို ဖှေးခံစားရသည်။ ဖှေးလဲ သူ့ကို ဘယ်သူမှန်းသေချာမသိသောကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

"မစ်စတာ လမ်း.. လမ်းပါ့ဒ် ကျွန်တော်အခုသွားလို့ရပြီလား။" ဂေးလ်က လွန်စွာ ထိတ်လန့်နေသည်။

လမ်းပါ့ဒ် က သူ့ကိုလှည့်ပင်မကြည့်။ "သွားတော့မလို့လား။ မင်းရဲ့ ဘုရင်ကိုရန်လိုတဲ့အပြုမူကို မင်းရှင်းမပြတော့ဘူးလား။"

"အား... ဟုတ်တယ်။ ကျွန်တော် စနှောက်နေတာပါ။ကျွန်တော် သူနဲ့အတူကြီးပြင်းလာတယ်ဆိုတာကို ဦးလေးသိတယ်မလား။ကျွန်တော့ မှော်ပညာကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးလို့ ဖြစ်သွားတာပါ။ကျွန်တော်က အခုမှ စတင်လေ့လာသူ မှော်ဆရာအဆင့်ပဲရှိသေးတာလေ။"

ဂေးလ် အကြောင်းပြချက် တစ်ခုကိုအမြန်ရှာတွေ့သွားသည်။

သူသည် အစွမ်းကုန်ရှင်းပြနေလေရာ သူပင်ယုံချင်သွားသည်။

ရှင်းပြနေစဥ်မှာပင် လည်ပင်းပေါ်ဓားထောက်ခံနေရသကဲ့သို့ လမ်းပါ့ဒ်၏ အေးစက်စက်အကြည့်ကို ခံစားလိုက်ရသည်။ ဒီလူက သူ့ကို ပုရွက်ဆိတ်လေးတစ်ကောင်လို သတ်နိုင်သည်ဆိုတာကို သူသိသည်။စကားဆက်ပြောရန်ပင် ထိတ်လန့်လာသောကြောင့် ပါးစပ်ပိတ်ကာ မလုံမလဲပြုံးပြနေသည်။

လမ်းပါ့ဒ် မျက်နှာတွင် ရွံရှာသည့်ဟန်ရှိသည်။

သူလက်သီးဆုပ်လိုက်သည့်အချိန်တွက် အခန်းထဲမှာရှိတဲ့လူတိုင်း မယုံနိုင်စရာကောင်း​သောဖိအားကို ခံစားလိုက်ရ၏။

သို့သော် လမ်ပါ့ဒ်မျက်နှာသည် တစ်စုံတစ်ခုကို စဥ်းစားမိသွားဟန်ရသည်။ ထို့နောက် အနည်းငယ်တွံ့ဆုတ်စွာဖြည့် လက်ပြန်ဖြည်လိုက်သည်။ဖိအားများမရှိတော့။ "ထွက်သွားစမ်း နောက်တစ်ခါတော့ရမှာမဟုတ်ဘူး။" လမ်းပါ့ဒ် ဂေးလ်ကို မောင်းထုတ်လိုက်သည်။

"ဟုတ် ဟုတ် ဟုတ်" ဂေးလ် သေဒဏ်ကျ အကျဥ်းသားတစ်ယောက် လွတ်ငြိမ်းချမ်းသာရာရသကဲ့သို့ စိတ်သက်သာသွားလေသည်။ အသက်မြန်မြန်ရှူထုတ်ကာ ဓားလွယ်ထားတဲ့သူကို အရိုသေပေးပြီး ထွက်သွားရန်ပြင်ရာတွင်....

"ဟေ့ယောင် နေဦး"

ဖှေးရုတ်တရက် တားလိုက်သည်။

ဂေးလ် လမ်းပါ့ဒ် ကိုမော့ကြည့်လိုက်သည်။ သို့သော် သူက ဘာမှမပြော။ သူဖှေးပြောတာကို နားထောင်ရဦးမယ်ထင်သည်။

ဖှေး ပါးစပ်ကို ကျယ်နိုင်သလောက်ပြုံးပြီး ဂေးလ်ထံ ချည်းကပ်သွားသည်။

ထို့နောက် ဂေးလ်ပခုံးပေါ်ကို လက်တင်လိုက်သည်။အားလုံးကတော့ ဘုရင်က ဂေးလ်ကို သူတို့ရဲ့ရင်းနှီးမှူကြောင့် နှစ်သိမ့်စကားပြောတော့မည်ဟု ထင်နေကြ၏။

သို့သော်....

သူဘာမှမပြောပဲ ဂေးလ်မျက်နှာကို စတင်ရိုက်နှပ်တော့သည်။ "နောက်တစ်ခါအဲ့လိုလာမလုပ်နဲ့။ နောက်တစ်ခါအဲ့လိုလာမလုပ်နဲ့။" ရိုက်နှပ်ရင်း ထက်ခါထက်ခါအော်ဟစ်နေ၏။

"ဖျောင်း ဖျောင်း ဖျောင်း"

ရိုက်နှပ်သံများက စည်းချက်ပင်ကျနေသေးသည်။

ဖှေး အပြုအမူက အန်ဂျယ်လာနဲ့ အမ်မာကိုနောက်တစ်ချိန်ထပ်အံ့သြစေသည်။ မျက်နှာ အေးစက်စက်နှင့် လမ်းပါ့ဒ် ပင် အံ့သြနေ၏။

"ဒီရက်စက်ကြမ်းတမ်းတဲ့ လူက တကယ်ပဲဘုရင်လား။ ဒါက တကယ်ပဲ ပိန်းတိန်းတိန်း ဘုရင် အလတ်ဇန်းဒါးပဲလား။"

သနားစရာကောင်းသောဂေးလ်မှာ ဘာလုပ်ရမလဲပင် မသိတော့ချေ။ လမ်းပါ့ဒ်ရောက်လာမှုကြောင့် သူ့အစွမ်းတွေမသုံးရဲတော့အောင် ကြောက်လန့်ခဲ့သည်။ ပြီးတော့ ယခုလဲ ဖှေးရဲ့တိုက်ခိုက်မှုတွေကို ပြန်ခုခံရန်ကြောက်လန့်နေလေ၏။

အလတ်ဇန်းဒါး လက်စားချေနေတုန်းမှာပဲ ဂေးလ်ကသူ့အပြုမူများကို နောင်တရခဲ့သည်။ "ဘုရင်အလတ်ဇန်းဒါး မြှားမှန်ပြီးကတည်းက ဒီလိုကြမ်းတမ်းလာတာကိုသိရင် ငါဒီကိုမလာခဲ့ပါဘူး။" ဟု တွေးမိသည်။

ဖှေး လက်များ ထုံကျဥ်လာသဖြင့် ရပ်လိုက်သည်။

ဂေးလ်သည် သူ့အိမ်မက်ဆိုး ပြီးသွားပြီဟု ထင်မှတ်လိုက်သည်။

ဖှေးသည် သူ၏လက်များကိုပွတ်သက်နေရင်း ဂေးလ်ဘောကို ပိတ်ကန်လိုက်တော့သည်။ ဂေးလ် နာကျင်စွာအော်ဟစ်ရင်း ပုဇွန်တစ်ကောင်ကဲ့သို့ကွေးကျသွားတော့သည်။ထို့နောက်တွင် လေးဘက်ထောက်လျှက် နန်းတော်အိပ်ခန်းဆောင်ထဲမှအပြန် ထွက်သွားတော့သည်။

သူသည် သင်ခန်းစာရသွားပြီး သည်ရူးမိုက်တဲ့ဘုရင်အား နောက်တစ်ခါရန်စရဲတော့မည်မဟုတ်ပေ။

"မင်း သည်တစ်ခါကံကောင်းသွားတယ်မှတ်။"ဟု ဖှေး ဂေးလ်ကို လှမ်းအော်ပြောလိုက်သည်။

ဖှေးသည် ရိုးသားသည့်လူတစ်ယောက်ဖြစ်သော်လဲ အနိုင်ကျင့်ခံရသည်ကို အသာအယာ‌ကြေအေးလိုက်သည့် သူမျိုးမဟုတ်။ ချက်ချင်း လက်တုံ့ပြန်တတ်သည်။

ဂေးလ်ကို အပေါ်တွင်ဒေါသဖြေဖျောက်ပြီးသော် ဖှေးပို၍နေလို့ကောင်းလာသည်။

ဖှေး တစ်ဖက်သို့ လှည့်လိုက်သည့်အခါတွင် အန်ဂျယ်လာ အန်မာနှင့် လမ်းပါ့ဒ်တို့ ၏ မျက်နှာပေါ်မှ အံ့သြမှုများကိုတွေ့လိုက်ရသည်။ သူတို့သည် သူ့အား အမည်မသိသေးသော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြ၏။

"သေစမ်း.. ငါလွန်သွားလို့လားမသိဘူး။"ဟု ဖှေးတွေးလိုက်သည်။

"အား ခေါင်းမူးလိုက်တာ ငါမေ့တော့မှာလားမသိဘူး။" ဖှေးကြမ်းပြင်ပေါ်တို့လဲကျ သွား၏။

အန်ဂျယ်လာရော အမ်မာရော စိုးရိမ်သွား၏။

ဖှေး၏မြှားဒဏ်ရာ ပြန်ဆိုးလာပြီဟုထင်နေကြသည်။ ထို့နောက်ဖှေးကို အိပ်ရာပေါ်သို့ ပြန်သယ်သွားလေသည်။

လမ်းပါ့ဒ် ဖှေးကို ကြည့်လိုက်သည်။ ဖှေး၏ဆိုးဝါးသော သရုပ်ဆောင်မှုကို သံသယရှိသော်လဲ ဘာမှမပြောချေ။အန်ဂျယ်လာကို ဖှေးဒဏ်ရာအကြောင်းအနည်းငယ်မေးပြီး အားပေးစကားပြောကာ ခေါင်းထဲတွင် ပဟေဠိများစွာဖြင့် ထွက်သွားလေသည်။

"အရှင်မင်းကြီး ရန်သူတွေက ဆက်လက်ကျူးကျော်နေတုန်းပဲ။ အရှင့်စစ်သားတွေ ဒီထက်ကြာကြာခုခံနိုင်မှာမဟုတ်လောက်တော့ဘူး။" လမ်းပါ့ဒ် ထွက်မသွားခင်နောက်ဆုံး ပြောသွားခဲ့၏။

အန်ဂျယ်လာနှင့် အမ်မာ ဖှေးအနားတွင် အတန်ကြာရပ်နေသေးသည်။ ထို့နောက်တွင် ဖှေးနိုးလာမည့်ဟန်မပြသဖြင့် ခနတွင် နှစ်ယောက်လုံးထွက်သွားတော့သည်။

အခန်းထဲတွင် တစ်ယောက်ထဲပဲ ကျန်ခဲ့သောအခါ ဖှေး စိတ်ကို ငြိမ်ငြိမ်ထားပြီး အခြေနေများကို ပြန်သုံးသပ်မိသည်။

တစ်ခြားကမ္ဘာတစ်ခုကို သူရောက်နေသည်ဆိုသည်မှာ သေချာ၏။

အန်ဂျယ်လာနဲ့ အမ်မာတင်မဟုတ် ဖတ်တီးရဲ့ မှော်ပညာရယ် ထူဆန်းလျှို့ဝှက်တဲ့ဆရာရဲ့ အစွမ်းတွေက သူတစ်ခြားကမ္ဘာရောက်နေကြောင်း သက်သေပြနေသည်။

ဖှေးသည် ဆင်းရဲသည့်ဘွဲ့ရတစ်ဦးဖြစ်၏။ သူသည်မိဘမဲ့ဂေဟာတစ်ခုတွင် ကြီးပျင်းလာခဲ့ရသည်။ သူတက္ကသိုလ်တက်စဥ်က အကြွေးများစွာတင်ခဲ့ရာ ကျောင်းအပြီး အလုပ်မရှာနိုင်သဖြင့် မျှော်လင့်ချက်မဲ့နေသူဖြစ်သည်။ တော်တော်ကြာကြာစဥ်းစားပြီးနောက်တွင် တစ်ခြားကမ္ဘာမှာ ဘုရင်လုပ်တာလည်းမဆိုးပါဘူးဟု ကောက်ချက်ချလိုက်၏။

"ဘုရင်တစ်ယောက်အနေနဲ့ ငါလုပ်ချင်တာဘာမဆိုလုပ်နိုင်မှာပဲ။"ဟု သူတွေးလိုက်သည်။ သူ၏အာဏာကို အသုံးချရန်မစောင့်နိုင်တော့။

ထို့နောက် ဘာတွေဖြစ်ခဲ့တာလဲဆိုတာပြန်တွေး၏။

"ငါ ငါ့တိုက်ခန်းအပြန်မှာ အရာဝတ္ထုတစ်ခုခုငါ့ကိုလာမှန်တာပဲ။ ငါအဲ့နေရာမှာတင် သေသွားတာဖြစ်မယ်။ဒါပေမယ့် ငါ့ဝိညဥ်က တနည်းနည်းနဲ့ ဒီကမ္ဘာရောက်လာပြီး ဒီဘုရင် အလတ်ဇန်းဒါး ကိုယ်ထဲဝင်ပူးလိုက်တာဖြစ်မယ်။"

ဖြစ်ခဲ့တဲ့အရာတွေကနေ ဒီဘုရင်က ၃နှစ်ကလေးရဲ့ ဉာဏ်ရည်ပဲရှိတယ်ဆိုတာ ဖှေးသိခဲ့ရသည်။ အရင်ဘုရင်ဘာတွေဖြစ်ခဲ့သည်ဆိုတာကိုတော့ သူမသိချေ။ ဒါပေမယ့် လက်ရှိမှာတော့ ထီးနန်းကို အလတ်ဇန်းဒါးက ရထားလေသည်။ ဝန်ကြီးတွေအကုန် ဒီဘုရင်ကို အလိုမကျသည်မှာလဲ ထင်ရှားလေ၏။

မြှားမှန်ပြီး ဒီအိပ်ရာပေါ်မှာနိုးလာသည်ကို ဖှေးမှတ်မိသည်။

"ခံတပ်ထဲမှာတုန်းက ငါ့ဝိညာဥ်က ဒီခန္ဓာကိုယ်ကို ဝင်ပူးလိုက်တာဖြစ်မယ်။မူရင်း အလတ်ဇန်းဒါး ဝိညဥ်က ဘယ်ရောက်သွားလဲတော့ ငါမသိဘူး။ အခုချိန်မှာတော့ ငါက အလတ်ဇန်းဒါး ပဲ။"

မူရင်းဘုရင် အလတ်ဇန်းဒါး မှာ အမှန်ပင် ဉာဏ်ရည်မမှီချေ။

ဖှေး ခန္ဓာကိုယ်သာမက သူ၏မှတ်ဉာဏ်များပါ ရရှိလိုက်သည်။သို့သော် သူသိသမျှမှာ စကားဘယ်လိုပြောရမည်နှင့် အရင်အလတ်ဇန်းဒါး၏ ဝါသနာတစ်ချို့သာ။ ဒါတွေကလွဲပြီး ဒီနိုင်ငံဘယ်လောက်ကြီးသည် ဘယ်လိုလုပ်ရမယ် ဆိုသည်ကို ဖှေးမသိချေ။အန်ဂျယ်လာမှာ သူ့ဇနီးလောင်းဖြစ်သည်ကိုပင် သူသတိရခါစကမှ သိခြင်းဖြစ်ပြီး ဂေးလ်နှင့် လမ်းပါ့ဒ် တို့အကြောင်းတော့မမှတ်မိ။

"ဒီအလတ်ဇန်းဒါးက ပိန်းတိန်းတိန်းမို့တော်သေးတာပေါ့။ဒီအချိန်ကနေစပြီး သူ့လိုဟန်ဆောင်နေရင် ငါကတစ်ခြားသူတစ်ယောက်ဆိုတာ သူတို့မရိပ်မိလောက်ပါဘူး။" ဖှေးမေးစိကို ကိုင်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့်စဥ်းစားနေသည်။

သို့သော် လမ်းပါ့ဒ် မပြန်ခင်ပြောသွားခဲ့သောစကားကို ရုတ်တရက် သတိရသွားသည်။ကျူးကျော်လာသော ရန်သူများနှင့် မိမိစစ်သားများဆက်လက်မခုခံနိုင်တော့သည့် အကြောင်းပင်။

"သေစမ်း"

ဖှေးအိပ်ယာပေါ်ကနေ ခုန်ထလုပင် "ငါဘုရင်ဖြစ်တာတောင်မကြာသေးဘူး တိုင်းတပါးကျွန်ဖြစ်တော့မှာလား။"

အပြင်လောကမှာရှိသော ဖိအားများက ဖှေးကို ထိတ်လန့်စေသည်။

"ငါအထုတ်ပိုးပြင်ပြီး နန်းတော်ထဲကနေလစ်ထွက်သွားရင်ကောင်းမယ်တယ်။ ဒါပေမယ့် နန်းတော်ကို ရန်သူတွေဝိုင်းထားတာ ငါဘယ်လိုလုပ်ထွက်သွားလို့ရမှာလဲ။ "ဆရာ" လမ်းပါ့ဒ် များ သူတို့တွေကို အကုန်သတ်နိုင်မလားမသိဘူး။ဒါပေမယ့် ရန်သူတွေဘက်မှာလဲ "ဆရာ"တွေ ရှိမှာပဲ။"

နန်းတော်ထဲကနေဘယ်လို ထွက်သွားရမယ်ဆိုတာကို ဖှေးမသိချေ။

သူအရင် ကမ္ဘာမှာတုန်းက ပုံမှန်ကျောင်းသား တစ်ယောက်သာဖြစ်သည်။တိုက်ခိုက်ခြင်းမှာရော စစ်ဗျူဟာအရရော ဖှေးမှာ အတွေ့ကြုံမရှိချေ။အရက်ဆိုင်မှာ မူးပြီးရမ်းကားနေသောလူကို ထိန်းချုပ်နိုင်ခြင်းလောက်သာ လုပ်နိုင်သည်။ သံချပ်ဝတ် အင်္ကျီကိုပင် ဝတ်နိုင်မည်မဟုတ်။

ဖှေးအလိုမကျဖြစ်နေသည်။ "ငါ့ကမ္ဘာမှာပဲ ငါ့ပုံမှန်ဘဝလေး ဖြတ်သန်းနေလို့မရဘူးလား။ ငါဘုရင်မလုပ်ချင်တော့ဘူး။"

အဲ့အချိန်မှာပဲ -----

"ကစားသူ၏ အချက်လက်များ စုစောင်းနေသည်..... 20%......50%.....88.....100% ဂိမ်းထည့်သွင်းခြင်း စတင်ပါပြီ။ဦးနှောက် လက်ခံနှိုင်မှုကို စစ်ဆေးနေသည်....... လက်ခံနိုင်သည့် ပမာနရှိသည်... စတင်ထည့်သွင်းပါပြီ။"

ထူးဆန်းတဲ့ စက်ရုပ်လို အသံတစ်ခု ဘယ်ကမှန်းမသိပဲ ထွက်ပေါ်လာသည်။

ဖှေးသေလောက်အောင် ကြောက်လန့်သွား၏။

"ဒါဘာလဲဟ သရဲခြောက်တာလား။"

"ထည့်သွင်းခြင်း ပြီးဆုံးပါပြီ။ ဒိုင်ယာဘလို ကမ္ဘာထဲသို့ စတင်ဝင်ရောက်နေပါပြီ 3...2...1....။"

ထို့နောက်တွင် ပတ်ဝန်းကျဥ်တစ်ခုလုံးမှောင်ကျသွားကာ ထူးဆန်းတဲ့လှိုင်းတစ်ခု ဖှေးက်ိုယ်ခန္ဓာသို့ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

[သူပုန် တပ်စခန်း]

ဖှေး [သူပုန် တပ်စခန်း]တွင် ဇွန်ဘီတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။ [သူပုန် တပ်စခန်း] သည် ဒိုင်ယာဘလိုဂိမ်းတွင် ကစားသူ အသစ်များ စတင်ပေါ်ပေါက်ရာနေရာဖြစ်၏။

သူအဲ့နေရာမှာပင် ငါးမိနစ်ခန့် ကြက်သေသေနေလေသည်။

လွန်ခဲ့တဲ့ငါးမိနစ်ခန့် 3…2...1ဟု အသံကြားပြီး

သည်နေရာသို့ရောက်လာခြင်းဖြစ်သည်။

အစစ်အမှန် ဒိုင်ယာဘလို ကမ္ဘာပင်။

ပြီးပြည့်စုံပြီး စည်ကားတဲ့ကမ္ဘာတစ်ခုဖြစ်သည်။

ကောင်းကင်မှာ မဲမှောင်နေကာ မိုးများသဲသဲမဲမဲရွာနေသည်။မြေပေါ်တွင် အမျိုးအမည်မသိသော အပင်များဖြင့် ပြည့်နက်နေသည်။ခပ်မဲမဲ မြေကြီးများကို အတန်ဝေးသောနေရာတွင် တွေ့နေရပြီး စခန်းတွင် လူမရှိချေ။

"တောက် တောက် တောက်" မိုးရေထဲတွင် အစာရှာနေသော ကြက်မတစ်ချို့သာတွေ့ရ၏။

အေးစက်သောလေညင်းတစ်ခု ဖှေးကိုဖြတ်သန်းတိုက်ခိုက်နေသဖြင့် ချမ်းအေးကာ တုန်ခါနေသည်။

ဤအရာသည် ကွန်ပြူတာ ဖန်သားပြင်မဟုတ် အပြင်လက်တွေ့ကမ္ဘာတစ်ခုဖြစ်ကြောင်းကို ဖှေးခန္ဓာကိုယ်အတွင်းရှိ အာရုံကြောများက သက်သေထူနေလေသည်။

All Chapters