အခန်း (၄)
Vol. 1 Ch. 4
"ငါဘာလို့ ဒီနေရာရောက်နေတာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။" မကြာသေးခင်ကဖြစ်သွားသည့် အဖြစ်ပျက်များမှာ ဖှေးကို ပို၍ပင် ရှုပ်ထွေးစေသည်။သူသိတာ တစ်ခုကတော့ ထူးဆန်းတဲ့ စက်ရုပ်လိုအသံကြားလိုက်ရပြီး မကြာခင်မှာပင် သည် ဒိုင်ယာဘလို ကမ္ဘာထဲသို့ မှော်ဆန်ဆန်ရောက်လာခြင်းပင်။ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သောအခါ သူသည် ဂိမ်းဇာတ်ကောင်များထဲမှ တစ်ခုဖြစ်သော "လူရိုင်း" ဖြစ်နေသည်ကိုတွေ့ရ၏။
သူ့ညာလက်တွင် သံကြေးတပ်နေသော ပုဆိန်တစ်ခုပေါ်လာပြီး ဘယ်လက်တွင် စုတ်ပြတ်နေသော ဒိုင်းတစ်ခုပေါ်လာခဲ့သည်။ ပုဆိန်နှင့် ဒိုင်းကြောင့် သူ၏ဇာတ်ကောင်မှာ ဘာဖြစ်သည်ဆိုသည်ကို စဥ်းစားရန်အချိန်သိပ်မလို။
ခနအကြာတွင် အိုင်းရွန်းမန်း ဇာတ်ကားထဲကသကဲ့သို့ နည်းညာမြင့် မျက်နှာပြင်တစ်ခု ဘယ်ကရောက်လာမှန်းမသိပဲ ဖှေးမျက်နှာရှေ့တွင်ပေါ်လာလေသည်။
---------------------------------
ကစားသူ အမည်: ဖှေး
---------------------------------
ဇာတ်ကောင် အမျိုးစား: လူရိုင်း
---------------------------------
အဆင့်: 1
---------------------------------
အတွေ့ကြုံ: 0/5000
---------------------------------
ခွန်အား: 30 ကျွမ်းကျင်လိမ္မာမှု: 20
---------------------------------
ဉာဏ်ရည်: 10 ရှင်သန်နိုင်စွမ်း: 20
---------------------------------
ထိခိုက်စေနိုင်မှု: 3-7 တိကျမှု: 102
---------------------------------
အကာအကွယ်: 11 သက်လုံ: 92
---------------------------------
သွေးပမာဏ: 45 ကြွယ်ဝမှု: 10
---------------------------------
အပူဒဏ်ခံနိုင်စွမ်း: 0 အအေးဒဏ်ခံနိုင်စွမ်း: 0
---------------------------------
လျှပ်စီးဒဏ်ခံနိုင်စွမ်း: 0 အဆိပ်ခံနိုင်ရည်: 0
---------------------------------
"ဒါတွေက ငါ့ရဲ့ဂိမ်းထဲက အချက်အလက်တွေလား။"
ဖှေးသူ့နာမည်ကို မျက်နှာပြင်၏ အပေါ်တွင်တွေ့လိုက်ရသည်။ "ဘာလဲဟ ငါဘုရင်ဖြစ်တာတောင်မကြာသေးဘူး အခုဂိမ်းကမ္ဘာထဲရောက်နေပြန်ပြီလား။နောက်ပြီး လူရိုင်းတဲ့လား။ အနည်းဆုံးတော့ ငါ့ကို "မှော်ဆရာ" တို့ "သူရဲကောင်း"တို့လို ပိုအထာကျတဲ့ ဇာတ်ကောင်လေးဖြစ်ခွင့်ပေးစမ်းပါ။"
အဲ့အချိန်မှာပဲ သံချပ်ကာအင်္ကျီဝတ်ထားသော အပြာရောင်လူတစ်ယောက် ဖှေးထံပြေးလာလေသည်။
"မင်္ဂလာပါ လူစိမ်း။ အသင်တို့လိုလူတွေကို သည်ဒီနေရာမှာတွေ့ရတာ မဆန်းတော့ပါဘူး။ပြီးခဲ့တဲ့ ပြသနာတွေ စပြီးကတည်းက စွန့်စားသူတော်တော်များများ သည်လမ်းကနေပဲသွားကြတယ်။ထရစ်စတန် မြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးအကြောင်းကိုတော့ အသင်ကြားပြီးဖြစ်မှာပါ။တစ်ချို့တွေကတော့ အကြောက်တရားတွေရဲ့ သခင်ကြီး ဒိုင်ယာဘလို လောကကြီးပေါ် ထက်မံဆင်းသက်လာပြီလို့ ပြောနေကြတယ်။"
အဆိုပါလူသည် သူပြောနေကြ ဒိုင်ယာလော့ကို ပြောနေလေသည်။ ဖှေးပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဒိုင်ယာဘလို ဂိမ်းကစားနေကြသူတစ်ဦး ဖြစ်သောကြောင့် အဆိုပါလူ၏ နာမည်မှာ ဝါးရစ် ဖြစ်သည်ဆိုသည်ကို ဖှေးသိ၏။ကစားသူအသစ်တစ်ဦးရောက်လာသည့်အချိန်တိုင်း အဆိုပါလူမှာ ခေါင်းပေါ်တွင် အဝါရောင် အမေးသေင်္ကတ တစ်ခုနှင့် ကစားသူထံသို့ပြေးလာမည်ဖြစ်သည်။
ဖှေးသူပြောသည်များကို နားထောင်ရင်း ထိုသူအား လေ့လာနေသည်။ထိုသူ၏ လှုပ်ရှားမှုများနှင့် မျက်နှာ အမူအယာများမှာ ကွန်ပျူတာ ဇာတ်ကောင်ဟုပင် ထင်နိုင်ဖွယ်မရှိ။အကယ်၍ ဖှေးသည်သာ ဒိုင်ယာဘလို ဂိမ်းမကစားခဲ့ဘူးလျှင် အဆိုပါ ဝါးရစ် အား တကယ့်လူသားအစစ်မှန်တစ်ယောက်ဟုပင် ယူဆမိပေလိမ့်မည်။ထိုသူ၏ အသက်ရှူသံများမှာပင် ထင်ရှားလျက်ရှိသည်။
"ဒီကမ္ဘာက ကွန်ပျူတာ ဇာတ်ကောင်တွေက တကယ်ပဲအသက်ရှိနေတာလား။"
ဝါးရစ်သည် သူ၏ရှည်လျားလှသော မိန့်ခွန်းပြောပြီးသောအခါတွင် ဖှေးသည် ရည်ရွယ်ချက်ရှိရှိနှင့် မေးခွန်းအနည်းငယ်မေးလိုက်သည်။
"ဟေး... မင်းအမေရဲ့ငယ်နာမည်က ဘာလဲ။ မင်းဘယ်လမ်းမှာကြီးပြင်းခဲ့တာလဲ။"
သို့သော်ဝါးရစ်သည် ဘာမှပြန်မဖြေချေ။ ပြောစရာရှိတာပြောပြီးသောအခါ အသာအယာလှည့်ထွက်သွားတော့၏။
ဖှေးတွေဝေနေတုန်းပင် ဖြစ်သည်။
အတန်ကြာအောင် စဥ်းစားပြီးနောက်တွင် တစ်ခြားလူတစ်ယောက်အားရှာရန် ဖှေးဆုံးဖြတ်လိုက်သည်။---- သူတော်စဥ် အာကာရာ။
သူ၏ ဂိမ်းကစားခဲ့သော အတွေ့ကြုံအရဆိုလျှင် [သူပုန် စခန်း]မြေပုံတွင် ပထမဆုံးလုပ်ရမည့် အလုပ်မှာ မြင်ကွင်းမဲ့ မျက်လုံးသီလှရှင်ဂိုဏ်း မှအဆင့်မြင့်သူတော်စဥ် အာကာရာထံမှ ဖြစ်သည်။သူမသည်
[သူပုန် စခန်း] ၏ခေါင်းဆောင်လဲ ဖြစ်၏။ထို့ကြောင့် ဘာတွေဖြစ်နေသည်ကို သိလိုပါက ဖှေး သူမကို အရင်ရှာရမည် ဖြစ်သည်။
လမ်းမတွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
တဲအနည်းငယ်နှင့် ခြံစည်းရိုး အနည်းငယ်တို့ကို ဖြတ်ကျော်ပြီးနောက် သစ်သားရထားလုံးနောက်တွင်ရှိသော သူတော်စင် အာကာရာ၏ တဲကို ဖှေးတွေ့လိုက်ရသည်။ တဲပတ်ဝန်းကျင်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပုလင်းများ အိုးခွက်များနှင့် ပြည့်နှက်နေလေသည်။ဖှေးထိုအရာများနှင့် အတန်ငယ်ဝေးသောနေရာတွင်ရှိသော်လဲ ထိုအရာများမှထွက်လာသော စိမ်းတိမ်းတိမ်းအနံ့သက်တို့ကို ရနေရ၏။
ခရမ်းရောင် သီလရှင် ဝတ်ရုံဝတ်ထားသည့် အာကာရာကို တဲရှေ့တွင်တွေ့လိုက်ရသည်။
"ငါ့နာမည်ကတော့ အာကာရာပါ။ မြင်ကွင်းမဲ့ မျက်လုံး သီလရှင်ဂိုဏ်းက အဆင့်မြင့်သူတော်စဥ် ဖြစ်တယ်။အသင့်ကို ကြိုဆိုပါတယ် ခရီးသွား။" အာကာရာသည် မူရင်းဂိမ်းထဲမှအတိုင်း မိမိကိုယ်ကို စတင်မိတ်ဆက်လေသည်။
ထင်သားသည့် အတိုင်းပင် အာကာရာသည် မိတ်ဆက်ပြီးသော် ဖှေးအား အလုပ်တစ်ခု ပေးလေ၏။
"နတ်ဆိုး၏ သားရဲတွင်း" [သွေးမြေရိုင်း လွင်ပြင်] မှာရှိသော မကောင်းဆိုးဝါးဂူတစ်ခုအတွင်းမှ မကောင်းဆိုးဝါးများကို နှိမ်နင်းပါ။ ဖှေးမှတ်မိသည်နဲ့ တစ်ထေရာထဲပင်။ဖှေးမြင်ကွင်း ဘယ်ဘက်ထောင့်တွင် အနီရောင်ခလုပ်တစ်ခုပေါ်လာသည်။
ခလုပ်ကို နှိပ်လိုက်သောအခါ အလုပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်လက်များ ပေါ်ထွက်လာသည်။ရွှေးချယ်စရာ မရှိသောကြောင့် အလုပ်ကိုလက်ခံလိုက်၏။
ဖှေးသူပြောမည့် စကားလုံးများကို သေသေချာချာစဥ်းစားပြီးနောက်.. "ဂုဏ်သရေရှိလှသော အာကာရာ ကျွန်တော်သည်နေရာအကြောင်း ပိုမို၍သိခွင့်ရနိုင်မလား ခင်ဗျာ။"
သူ သည်ကမ္ဘာမှာရှိသော ကွန်ပျူတာ ဇာတ်ကောင်များတွင် အသက်ရှိမရှိသိလိုကာ သူဘာကြောင့် သည်ကမ္ဘာ၌ ပေါ်လာသည်ဆိုတာပါ သိချင်လို၍ ဖြစ်သည်။
"ငယ်ရွယ်တဲ့ခရီးသွား အသင့်အလုပ်ပြီးမြောက်ပါက သိခွင့်ရပါလိမ့်မယ်..."
အာကာရာ၏ အဖြေကြောင့် ဖှေး အံ့သြသွားသည်။
အဆိုပါစကားသည် မူရင်းဂိမ်းထဲတွင် မပါချေ။
ထို့ကြောင့် သည်ကမ္ဘာတွင် ကွန်ပျူတာ ဇာတ်ကောင်များသည် Programရေးထားသည့်အတိုင်းသာ အလုပ်လုပ်သည်မဟုတ်ပဲ လွတ်လတ်ချင်းရှိသည်ဟု ယူဆရ၏။
ဖှေးမေးခွန်းအနည်းငယ် ဆက်မေးချင်နေသေးသော်လည်း အာကာရာသည် တစ်ဖက်သို့လှည့်ကာ တဲထဲသို့ပြန်ဝင်သွားလေသည်။
သူမနောက်သို့လိုက်ရန်ကြိုးစားသော်လဲ မမြင်နိုင်သော စွမ်းသားတစ်မျိုး၏ ခုခံတားဆီးမှုကြောင့် တဲအနီးသို့ပင် ကပ်မရချေ။
"အလုပ်အရင်ပြီးအောင်လုပ်မှ ဝင်ခွင့်ပေးမယ့်ပုံပဲ...."
[သူပုန် စခန်း]ရှိ ကွန်ပြူတာဇာတ်ကောင် တော်တော်များများကို လိုက်မေးသော်လဲ အဖြေမရချေ။ထို့နောက်တွင် အမျိုးသမီး သူပုန်တစ်ယောက်စောင့်နေသော ဂိတ်တံခါးအား ကျော်ဖြတ်ကာ အန္တရာယ်များသော [သွေးမြေရိုင်း လွင်ပြင်]သို့ ဝင်ရောက်ခဲ့တော့သည်။
"သတိ ကစားသူဖှေး။ သင်ဟာ [သွေးမြေရိုင်း လွင်ပြင်] ထဲသို့ဝင်ရောက်လာပါပြီ။မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ခြင်းဟာ သင့်ကို အံ့သြစရာကောင်းတဲ့ ဆုလာတ်တွေရရှိစေပါမယ်။သို့သော် သင့်အလုပ်ကို ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ လျို့ဝှက်ထားတဲ့ အပြစ်ပေးခြင်းတစ်မျိုးခံရပါလိမ့်မယ်။" ဟု ထူးဆန်းတဲ့အသံတစ်ခုက အရူးတစ်ယောက်လို ရယ်မောရင်းပြောနေ၏။
ဖှေးသည် ထိုအသံဟာ မကြာခင်က သူ့စိတ်ထဲမှာကြားရသော အသံဖြစ်သည်ကို မှတ်မိ၏။စကားပြောသည်မှာ အလွန်မြန်ဆန်သောကြောင့် ပထမစာကြောင်းအနည်းငယ်လောက်ကိုသာ ဖှေးနားလည်လိုက်သည်။အရင်တစ်ခါကြားရသော စက်ရုပ်ကဲ့သို့ အသံနှင့်နှိုင်းယှဥ်လျှင် ယခုအသံမှာ ပို၍လူသားဆန်လေသည်။
သုံးနာရီကြာပြီးနောက်။
"ဒုတ်"
ဖှေးအကောင်၂၀မြောက် [ကြွက် မကောင်းဆိုးဝါး]ကို ပုဆိန်နှင့်ခုတ်ပိုင်းလိုက်သည်။ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းတန်းတစ်ခုသည် ဖှေးအပေါ်သို့ကျရောက်လာ၏။
"အဆင့်မြှင့်တင် နေပါပြီ။"
ဤကဲ့သို့ဖြစ်သည်မှာ ဖှေးအတွက် ပထမဆုံးအကြိမ်မဟုတ်တော့။ဖှေးထိုအရာကို မျှော်လင့်နေခဲ့သည်။ထိုအလင်းတန်းထဲ နေသာထိုင်သာရှိသည်။မကောင်းဆိုးဝါးများကို တိုက်ခိုက်ရာမှ ရရှိလာသော ဒဏ်ရာ များသည်လည်း ၃စက္ကန့်အတွင်း သွေးတိတ်ကာ ပျောက်ကင်းကုန်ကြသည်။
အလင်းတန်းသည် ၅စက္ကန့်လောက်အကြာတွင်ကွယ်ပျောက်သွားလေသည်။အနီရင့်ရောင် ခလုပ်နှစ်ခု ဖှေးအရှေ့တွင်ပေါ်ပေါက်လာသည်။ ဘယ်ဘက်ကတစ်ခုမှာ [ဂုဏ်သတ္တိဆိုင်ရာ အမှတ်အသစ်များ]ဟုစာတန်းထိုးထားပြီး ညာဘက်တစ်ခုမှာ [ကျွမ်းကျင်မှုဆိုင်ရာ အမှတ်အသစ်များ] ဟုစာတန်းရေးထားသည်။
ဖှေး[ဂုဏ်သတ္တိဆိုင်ရာ အမှတ်အသစ်များ]ကို ဖွင့်လိုက်လေသည်။
အဆင့် မြှင့်တင်မှု တစ်ခါဖြစ်ပြီးတိုင်း ဖှေး ဂုဏ်သတ္တိဆိုင်ရာ အမှတ်၅မှတ်ရရှိ၏။သူသည် ၃မှတ်ကို [ခွန်အား] နေရာတွင်သုံးပြီး ကျန်နှစ်မှတ်ကို [ရှင်သန်နိုင်စွမ်း]နေရာတွင်သုံးသည်။အဆိုပါနှစ်ခုမှာ လူရိုင်းဇာတ်ကောင်အတွက် ပထမဦးစားပေး ဂုဏ်သတ္တိနှစ်ခုဖြစ်သဖြင့် ထွေထွေထူးထူးစဥ်းစားနေရန်မလိုပေ။
ထို့နောက် [ကျွမ်းကျင်မှုဆိုင်ရာ အမှတ်အသစ်များ]ကို သူဖွင့်လိုက်၏။ထို့နောက်တွင် [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု]အား အဆင့်မြှင့်တင်ရန် အမှတ်တစ်ခုအားသုံးလိုက်လေသည်။
ဖှေးသည် ယခုတွင် အဆင့်၅ ရှိသော လူရိုင်း ဖြစ်နေလေပြီ။ရရှိခဲ့သောအမှတ် ၂၅မှတ်လုံးအား [ခွန်အား] နှင့် [ရှင်သန်နိုင်စွမ်း]တို့တွင် အသုံးချခဲ့သည်။ရရှိခဲ့သည့် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်၅မှတ်တွင် ၃မှတ်အား [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု]တွင် အသုံးချခဲ့ပြီး ကျန်နှစ်မှတ်ကို [ဟိန်းဟောက်ခြင်း]တွင် အသုံးချခဲ့သည်။
ဒါတွေသင်ကြားခဲ့ရသည့်ရည်ရွယ်ချက်မှာ ဤအရာမှာ တကယ့်အစစ်မှန်လောကဖြစ်သောကြောင့်ပင်။
ဂိမ်းကစားသူတစ်ယောက်အနေဖြင့် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရာမှ ဖှေးဒဏ်ရာများရရှိသည်။ထိုဒဏ်ရာများသည် အသက်(သွေး) သာလျှော့သည်မဟုတ် နာကျင်မှုကိုပါ ထင်ထင်ရှားရှားခံစားရ၏။
မကောင်းဆိုးဝါးများပင် အစစ်အမှန်များဖြစ်ကြသည်။ သူတို့၏ နာကျင်စွာ အော်ဟစ်သံများ၊ ပန်းထွက်လာသော သွေးများ၊ အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ် များဟာ ဖှေး၏ အာရုံကြောများကို စက္ကန့်နှင့်အမျှ တုန်လှုပ်နေစေသည်။