← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“အများဆုံး ဂိမ်းကစားနိုင်သောအချိန်ဆိုတာ ဘာလဲဟ။”

ဖှေး [သူပုန် စခန်း]သို့ပြန်ရန် ပြင်ဆင်နေချိန်၌ ထိုကဲ့သို့အဖြစ်မျိုးရောက်ရှိလာမည်ဟု ထင်မထား။

စက္ကန့်အနည်းငယ်ကြာသော် ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည် ဝေဝါးကာ မှောင်ကျသွားလေ၏။

............

............

ဖှေးမျက်လုံးများ ပြန်လည်ပွင့်လာသောအခါ နန်းတော်ထဲ တဖန်ပြန်ရောက်နေသည်ကို တွေ့ရလေသည်။ကြီးကျယ်ခန်းနားသော အခင်းအကျင်းအပြင်အဆင်များဖြင့် နန်းတော်မှာ မှောင်မိုက်ကာ သွေးလွှမ်းနေသော ဒိုင်ယာဘလိုကမ္ဘာနှင့် တစ်ခြားစီပင်။

“ဘာတွေဖြစ်ခဲ့တာလဲ... ငါအိမ်မက်ဆိုးတစ်ခု မက်နေခဲ့တာလား...။” ဖှေးရှုပ်ထွေးသွားသည်။

သူသည် အိပ်ရာပေါ်၌ လဲလျောင်းလျက်ရှိတုန်းပင်။ တစ်ကိုယ်လုံး ပူစပ်ခါ ချွေးတစ်လုံးလုံးဖြစ်နေသည်။ အိပ်ယာပေါ်မှအထတွင် မြှားဒဏ်ရာကြောင့် မူးဝေနာကျင်မှုများမရှိတော့သည်ကို အံ့သြ ဖွယ်တွေ့မြင်ရ၏။

“ဒါက အိမ်မက်ပဲ ဖြစ်မှာပါလေ။”

ဖှေးထူးထူးခြားခြား ဖြစ်စဥ်တစ်ခုအား ကြုံတွေ့ခဲ့ရသည်ကို မသိစိတ်မှ သိသလိုဖြစ်နေသည်။သို့သော် ဘာဖြစ်ခဲ့သည်ကိုတော့ သေချာတပ်အပ်မပြောနိုင်ပေ။နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေရာ အနားတွင်မည်သူမှ မရှိချေ။ ဖှေးအိပ်ယာမှထပြီး အနည်းငယ်အကြောဆန့်လိုက်၏။

“ဇစ်....”

အဝတ်စားများ ပြတ်တောက်ကုန်သော အသံပင်။

ဖှေး ဝတ်ထားသော အဖြူရောင်ရှပ် အင်္ကျီသည် နေရာတော်တော်များများတွင် ပေါက်ပြဲကုန်၏။ထိုအချိန်တွင် အဝတ်စုတ်များနှင့် ဖှေးသည် အိမ်ချေယာမဲ့တစ်ယောက်ကဲ့သို့ပင်။

“သေစမ်း ဘာလို့ပေါက်ပြဲကုန်တာလဲဟ” ဖှေးအနည်းငယ် ထိတ်လန့်သွားသည်။

ဖြစ်ပျက်ခဲ့သော အကြောင်းရာများကြောင့် ဖှေးသည်ထိတ်လန့်လွယ်နေ၏။ ရူးချင်သလိုပင် ခံစားနေရ၏။

အောက်သို့ငုံ့ကြည့်သော် သူဝတ်ထားသော အဝတ်စားများသည် သူ့ခန္ဓာကိုယ် အရွယ်စားအတွက် အနည်းငယ်သေးနေသည်ကို တွေ့ရသည်။သူအကြောဆန့်နေစဥ် အဝတ်များကြပ်နေသောကြောင့် စုတ်ပြဲသွားချင်းဖြစ်သည်။

“ဒီလို ကွာလတီနိမ့်တဲ့အဝတ်စတွေကို ဘုရင်ဝတ်ဖို့ ဘယ်သူပေးတာလဲ”

နန်းတော်ထဲတွင် လေပြေတစ်ချက်ဝှေ့သွားရာ မလုံမခြုံအဝတ်များကြောင့် ဖှေး ချမ်းအေးသွား၏။

“ငါဝတ်စရာတစ်ခုခုရှာမှပဲ....”

ဖှေး နန်းဆောင်ထဲသို့ လှည့်ပတ်ကြည့်ရှု ဘီဒိုကဲ့သို့ ဂရိဘောက တစ်လုံးကိုတွေ့လေသည်။ ထိုအထဲတွင် များစွာသော အဝတ်စားများကိုတွေ့ရသည်။ သူနှင့်အနေတော် အမဲရောင် သူရဲကောင်း ဝတ်စုံနှင့် ဘောင်းဘီတို့ကို ယူကာဝတ်ဆင်ကာ မှန်ရှေ့ကို့သွားလေသည်။

မှန်ထဲတွင်ပေါ်လာသော ပုံရိပ်ကြောင့် ဖှေး အံ့သြ သွားသည်။

ထိုသူမှာ အရပ်ခြောက်ပေခန့်ရှိသော ယောက်ျားတစ်ယောက်ဖြစ်၏။ပခုံးထိရှည်သော ဆံပင်များကို ခေါင်းစည်းကွင်းတစ်ခုနှင့် ချည်ပြီး ထုံးထားလေသည်။သူ၏ယောက်ျားပြီသ၍ ခန့်ညားသော မျက်နှာနှင့် တောင့်တင်းသော ခန္ဓာကိုယ်မှာ အမျိုးသမီးတိုင်း သဘောကျလောက်သည့် အနေအထားပင်။

“သေစမ်း မှန်ထဲမှာရှိတဲ့ ခပ်ချောချောကောင်က ငါလား”

ဖှေး မယုံနိုင်ဖြစ်နေသည်။ မှန်ရှေ့တွင် လက်ဝှေ့ရမ်းပြလိုက် ကပြလိုက်လုပ်နေပြီး ပုံရိပ်တစ်ထေရာထဲ လိုက်ပြုမူသည်ကို တွေ့ပြီးအခါမှ သူ၏ပုံရိပ်ဖြစ်ကြောင်း လက်ခံလိုက်သည်။

“ဟားဟား ငါ့ကောင်ရေ အလတ်ဇန်းဒါး ဆိုတဲ့ဘဲက ကျပ်သာမပြည့်သာ တော်တော်ဖြောင့်တဲ့ မျက်နှာရှိတာပဲ။ ငါ့စောက်ခွက်နဲ့တော့ တစ်ခြားစီပဲ။”

ဖှေး မှန်ရှေ့တွင် ပို့စ်အမျိုးမျိုး ပေးနေခြင်းကို မရပ်တန့်နိုင်။ ဝါသနာသစ်တစ်ခု ရှာဖွေတွေ့ရှိသွားသည့်အတိုင်းပင်။

“ဒီနေ့ကစပြီး ငါက အလတ်ဇန်းဒါးပဲ” ဖှေးမိမိကိုယ်ကို ပျော်ရွှင်စွာပြောလိုက်သည်။

ထို့နောက်တွင် ဖှေးသည် နန်းတော်အလယ်ရှိ သူရဲကောင်းချပ်ဝတ်များစီတန်းထားရှိသော စင်သို့ လမ်းလျှောက်သွား၏။ထို့နောက် သူ၏ အရပ်ခန့်ရှိသော ချပ်ဝတ်တန်ဆာ၌ ရှိသော အသွားနှစ်ဖတ်ပါဓားကို ကောက်ကိုင်လိုက်သည်။ ထို့နောက်တွင် ဓားနှင့်ဟိုရမ်းဒီရမ်းလုပ်ကြည့်နေလေသည်။

သို့သော် ထိုကဲ့သို့ပြုမူအပြီး ဖှေးမျက်နှာအမူရာမှာ ပြောင်းလဲသွားသည်။

“ဒီဓားက ပေါ့လှချည်လား ပလတ်စတစ်အရုပ်တော့ မဟုတ်ဘူးမလား..”

၅ပေရှည် ဘုရင်ကိုင်ဆောင်ဓားတစ်ချောင်းသည် ပုံမှန်အားဖြင့် ပေါင်၃၀ ၄၀ခန့်အလေးချိန်ရှိသည်။သို့သော် ဖှေးလက်ထဲတွင် ငှတ်မွှေးတစ်ချောင်းကဲ့သို့ပင် အလေးချိန်မဆိုစလောက်သာရှိသည်ဟု ခံစားရသည်။

“ဒုတ်..”

အရုပ်လား အစစ်လားသိရှိရန် ရှေ့တွင်ရှိသော သံချပ်ဝတ်အား ဖှေးဓားဖြင့်ခုတ်ကြည့်လိုက်၏။

သို့ရာတွင် မျှော်လင့်မထားသည်တစ်ခုဖြစ်သွားလေသည်...

၁စင်တီမီတာခန့် အထူရှိသော ချပ်ဝတ်အား ထိုဓားမှာ စက္ကူချပ်တစ်ခုကဲ့သို့ ပိုင်းဖြတ်သွားခြင်းကြောင့်ပင်။ချပ်ဝတ်မှာ နှစ်ပိုင်းအတိပင်ပြတ်ထွက်သွား၏။

“ဘုရားရေ...”

ဖှေးသည် ဘုရားတရားကိုင်းရှိုင်းသူတစ်ယောက် မဟုတ်သော်လဲ အံ့သြ လွန်းကာ ဘုရားတလိုက်၏။

“ငါဘာလို့ အခုမှ တအားသန်မာလာရတာလဲ....”

ဖှေးဓားကို နောက်တစ်ကြိမ်ဝှေ့ရမ်းကြည့်သည်။ အနည်းငယ်မျှပင် မလေးလံ။

အဆိုပါအသွားနှစ်ဖက်ပါဓားမှာလဲ ဓားအစစ်ဖြစ်သည်မှာ အသေအချာပင်။

“ဒီလို ခံစားချက်မျိုး....”

ဖှေး မျက်လုံးများကို မှိတ်ကာ ဓားကိုင်ရသည့် ခံစားချက်ကို မှတ်မိအောင်ကြိုးစားနေသည်။သူ”အိမ်မက်” မက်စဥ်က လူရိုင်းအဖြစ်နှင့် အသွားနှစ်ဖက်ပါ ပုဆိန်ကို ကိုင်တွယ်ရသည့် ခံစားချက်အတိုင်းပင်။

“တကယ်လို့များ...”

ဖှေး ထိတ်လန့်သွားသည်။

“ငါအိမ်မက်ထဲက လူရိုင်းဇာတ်ကောင်ရဲ့ ပါဝါတွေက ဒီကမ္ဘာကို ပါလာတာလား.....”

ထို့နောက်တွင် ထွေထွေထူးထူးတွေးမနေတော့ပဲ သူ၏သီအိုရီအား စမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။ဓားကို မူလနေရာတွင် ပြန်ထားလိုက်ပြီး တခြားလက်နက်တစ်ခုထံ အကြည့်ရောက်သွားသည်။

နန်းတော်၏ ဒေါင့်တစ်နေရာတွင်ရှိသော ထူးခြားသည့်ပုံသဏ္ဌာန်ရှိသော ပုဆိန်ကြီးပင်။ပုဆိန်လက်ကိုင်ပေါ်တွင်ရှိသော ကနုတ်များက ဖှေးအား စိန်ခေါ်နေသည့်ဟန်ပင်။

ဖှေးထိုနေရာသို့ အမြန်သွားပြီး ထိုပုဆိန်ကာ ကောက်ကိုင်လိုက်သည်။သူနှင့် ပုဆိန်တစ်သားထဲဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ထိုပုဆိန်မှာ သူ၏ခန္ဓာကိုယ် အစိတ်ပိုင်းတစ်ခုကဲ့သို့ပင်။

ထို့နောက်တွင် မျက်လုံးများ မှတ်ကာ ခံစားချက်များအပေါ်တွင် အာရုံစူးစိုက်လိုက်သည်။

“ဟုတ်တယ် ဒါက ငါ့ရဲ့ [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု] အဆင့်၃မှာ ခံစားရသလိုပဲ။ငါက လူရိုင်းဇာတ်ကောင် ဆိုတော့ ပုဆိန်တွေနဲ့ဆို ပိုသိသာတယ်....”

ဖှေးသည် သူ၏သီအိုရီ မှန်ကန်နေသည်ကိုတွေ့ရ၏။ပုဆိန်ကို ကိုင်တွယ်တိုက်ခိုက်ရာတွင် ၁၀နှစ်ကြာလေ့ကျင့်ထားသကဲ့ပင် ကျွမ်းကျင်နေလေသည်။

ဖှေးသည် သူ၏အဆင့်၅ လူရိုင်းဇာတ်ကောင်၏ စွမ်းရည်ဂုဏ်သတ္တိများအားလုံး ပိုင်ဆိုင်နေသည်ကိုတွေ့ရသည်။

အသစ်ရရှိထားသော စွမ်းအားများကြောင့် ဖှေးပို၍လုံခြုံသလို ခံစားရ၏။

“ဒါစွမ်းအားရှိခြင်းရဲ့ ခံစားချက်ပေါ့။ ဒီစွမ်းအားက ဒီကမ္ဘာပေါ်မှာဆို အဆင့်ဘယ်လောက်ရှိမလဲမသိဘူး....”

ဖှေးပါဝါအသစ်များကြောင့် ပျော်ရွှင်နေချိန်တွင် မစ်စတာ လမ်းပါ့ဒ်သတိပေးသွားသည်ကို ပြန်သတိရလိုက်၏။ရန်သူများ ကျူးကျော်ရန်ကြိုးစားနေသည့်အကြောင်းဖြစ်သည်။

“ငါတစ်ချက်သွားကြည့်ရင်ကောင်းမလား...”

သွားကြည့်လိုစိတ်သည် ဖှေးစိတ်ထဲတွင် တစ်ဆတစ်ဆပြင်းထန်လာ၏။

“ငါ့စွမ်းအားတွေနဲ့ ကူညီပေးနိုင်လောက်တယ်..”

ဖှေးသွားရန်ဆုံးဖြတ်လိုက်သည်။ သို့သော် လုံခြုံရေးအတွက် နန်းတော်ထဲတွင်ရှိသော အလေးဆုံးနှင့် အထူဆုံး သံချပ်ဝတ်အား ရွေးချယ်ဝတ်ဆင်သည်။ထိုသံချပ်ဝတ်မှာ ဖှေးအားခေါင်းမှခြေအဆုံးဖုံးလွမ်းကာကွယ်ထားရာ မြင်နိုင်ရန်အတွက် မျက်လုံးနေရာကိုသာ လှစ်လှပ်ထားလေသည်။

ဖှေး အိုင်းရွန်းမန်း ဇာတ်ကားမှ ဇာတ်ကောင်သကဲ့သို့ပင် ခံစားရ၏။

အရင်အခြေနေတွင် ဖှေးသည် ပေါက်၅၀လေးသောထိုဝတ်ဆုံဝတ်ထားစဥ် ခြေတစ်လှမ်းပင် ရွေ့နိုင်မည်မဟုတ်။ သို့သော် ယခုအခါတွင် ဖှေးအတွက် ချွေးစိုခံအားကစားဝတ်စုံ ဝတ်ထားရသကဲ့သို့ပင်။ လေးလေးလံလံမရှိလှ။

ဖှေး သူ၏ခေါင်းဆောင်းကို ပုဆိန်နှင့် ခေါက်ကြည့်လိုက်သည်။

“ဒေါက် ဒေါက်”

ဖှေးထိုအသံကို ကြားရသောအခါ အားရကျေနပ်သွားသည်။

“ဟားဟား ဘယ်မြှားမှ ငါ့ကို အန္တရာယ်ပေးနိုင်တော့မှာမဟုတ်ဘူး”

“ဘုရင် အလတ်ဇန်းဒါး စတင်ထွက်ခွာပြီ....”

ဖှေး နန်းတော်ထဲမှ ထွက်ခွာရင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနေသည်။

သူသည် နန်းတော်အစောင့်များရှေ့တွင် ဟန်ရေးပြရန်ကြံစည်ခဲ့သော်လဲ အစောင့်များတစ်ယောက်မှ မရှိပေ။ နန်းတော်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။သူလမ်းဆက်လျှောက်နေရင်း နန်းတော်ပင်မတံခါးဘေးတွင် ဒဏ်ရာအပြင်းထန်ရနေသာ တပ်သားနှစ်ယောက် အိပ်စက်နေသည်ကိုတွေ့ရသည်။

ဒီနှစ်ယောက်က အခုမှရှေ့တန်းကပြန်လာလို့ ပင်ပန်းနေပုံရသည်။

“လီး ငါ့နန်းတော်က အစောင့်ဆိုလို့ ဒဏ်ရာရနေတဲ့ တပ်သားနှစ်ယောက်ပဲရှိတာလား၊ တိုက်ပွဲတော်တော် ပြင်းထန်နေပုံပဲ။”

တိုက်ပွဲမှ ဆူညံအော်ဟစ်သံများသည် ဖှေးနန်းတော် ပင်မတံခါးအနီးရောက်လာသည်နှင့် အမျှ ပိုမိုကျယ်လောင်လာသည်။

“အချိန်သိပ်မရှိဘူး...” ထိုတိုက်ပွဲနေရာသို့ မြန်နိုင်သမျှ မြန်မြန်ပြေးသွားရင်း ဖှေးတွေးလိုက်၏။

All Chapters