အခန်း (၇)
Vol. 1 Ch. 7
ချမ်းဘော့ဒ် နန်းတော် စစ်မျက်နှာပြင်တွင်ဖြစ်သည်။
လူတိုင်းနားထဲတွင် နာကျင်စွာအော်ဟစ်သံများ၊ စစ်ချီသံများနှင့်သာ ပြည့်နှက်နေသည်။
ကျူးကျော်တိုက်ခိုက်သူများနှင့် ခုခံသူများမှာ အစွမ်းကုန်တိုက်ခိုက်လျက်ရှိကြသည်။ သူသေကိုယ်သေ အခြေအနေပင် ဖြစ်၏။
အမဲရောင်ချပ်ဝတ်များနှင့် ရန်သူများနန်းတော်သို့ ချီတက်လာသည်ကို အဝေးမှကြည့်လျှင် အမဲရောင် ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင်။နန်းတော် တံတိုင်းပေါ်သို့တွယ်တက်ရန် ယူဆောင်လာသော လှေကားကြီးသုံးခုမှာ စစ်ပွဲမကောင်းဆိုးဝါးကြီးများကဲ့သို့ပင်။လှေကားတွင် တပ်ရှိထားသော ငါးမျှားချိတ်ဟန် ချိတ်များဖြင့် မရွှေ့အောင် နန်းတော်နံရံသို့တွယ်ကပ်လိုက်လေသည်။ထိုလှေကားပေါ်မှတက်ခါ အပေါ်ရှိခုခံသူများကိုတိုက်ခိုက်ရန် လူများကို အဆက်မပြတ်လွှတ်လျှက်ရှိသည်။ လူ၃၀ခန့်မှာ လှေကားအား ကာကွယ်ရန် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျှက်ရှိသည်။
အချိန်ကြာသထက် ကြာလာသော် ရန်သူများ ပို၍ပို၍ နံရံပေါ်သို့ရောက်ရှိလာပြီဖြစ်သည်။
ချမ်းဘော့ဒ် နန်းတော်အတွက် အခြေအနေသိပ်မကောင်း။ရန်သူ၏ စစ်သည်ရဲမက်အင်အားမှာ ချမ်းဘော့ဒ် စစ်သည်များထက် ၁၀ဆခန့်ပင်ပိုများနေ၏။
“ပီးရာ့စ် ပီးရာ့စ်.... မင်းဘယ်မှာလဲ။ အာ.. ဒီခွေးမသားကတစ်မျိုး” ဆံပင်အနက်ရောင်နှင့် အရပ်ခြောက်ပေခန့်ရှိ လူကြီးတစ်ဦးသည် ရန်သူတစ်ယောက်ကို ခုတ်သတ်လိုက်ရင်း အော်ဟစ်လိုက်သည်။ “ပီးရာ့စ် လူကောင်ကြီးတဲ့ကောင်တွေခေါ်သွားပြီး ဒီစောက်လှေကားတွေကို ရှင်းပစ်လိုက်စမ်းကွာ။ အမြန်လုပ်။”
“ဟုတ်ကဲ့ ဆရာ”
မဝေးလန်သောနေရာတွင် ဆံပင်အဖြူနှင့် ပီးရာ့စ်သည် သွေးများပေကျံနေသည်။ထိုသွေးများသည် သူ၏သွေးများလော သတ်ဖြတ်ခဲ့သော ရန်သူများ၏သွေးများလောဆိုသည်ကို သိနိုင်ဖွယ်မရှိ။အမိန့်ကိုကြားကြားခြင်း ပီးရာ့စ်သည် အနီးအနားတွင်ရှိသော စစ်သားအနည်းငယ်အား လက်ဝှေ့ရမ်းပြကာ “လာကြ ငါ့ကောင်တို့ ငါတို့ဒီမအေလိုးတွေကို သတ်ပြီး အဲ့လှေကားတွေကို ဖျက်ဆီးပစ်ရမယ်။”
ပီးရာ့စ် သည် သူ၏ခွန်အားကြီးမားမှုကြောင့် ချမ်းဘော့ဒ်နိုင်ငံတွင် လူသိများသည်။
သူ၏လက်မောင်းပေါ်ရှိ အကြောများ တင်းထောင်လာကာ ဘတ်စကက်ဘော ဘောလုံး နှစ်လုံးပူးထားသကဲ့သို့ ကြီးမားသောတူကြီးကို စတင်ဝှေ့ရမ်းတော့သည်။သူ၏လမ်းတစ်လျှောက်တွင်ရှိသော ရန်သူများအား ယင်ကောင်များသဖွယ် တူဖြင့်ဝှေ့ရမ်း ရှင်းလင်းသွားလေသည်။ မည်သည့်ရန်သူမှ သူ့အားမရပ်တန့်နိုင်ပေ။
သူသည် လှေကေားထံချည်းကပ်လာရင်း လမ်းတစ်လျှောက်တွင် လူသေအလောင်းများ သွေးများဖြင့် ပြည့်နှက်နေသည်။သူ့နောက်တွင် စစ်သည်အယောက်၂၀ခန့် လိုက်ပါလာကြသည်။သူတို့သည် တာဝန်ပြီးမြောက်ရန် အပြည့်အဝအာရုံစိုက်ထားကြ၏။
လှေကားအားခုခံနေသော ရန်သူများ သတိထားမိသွားလေသည်။
“သတိထား ရှေ့ကိုကြည့် စက်ဝိုင်းခြမ်းပုံစံ ဖွဲ့စည်းမယ်။” လှေကားတွင်ရှိသော ရန်သူအဖွဲ့၏ခေါင်းဆောင် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် ရန်သူများသည် လှေကားအား စက်ဝိုင်းခြမ်းပုံစံဖြင့် ဝန်းရံကာ ကာကွယ်ရန်အသင့်အနေထား ပြင်ထားကြသည်။သွေးများ တစက်စက်ကျနေသော ငမန်းသွားဓားများကို အပြင်သို့ရွယ်ထားကြလေသည်။ဂရုမစိုက်ပဲ ချည်းကပ်လာပါက တစ်ချက်ထဲ အပိုင်းပိုင်းဖြစ်သွားမည် ဖြစ်သည်။
ရန်သူများမှာ ချမ်းဘော့ဒ် စစ်သားများထက် လေ့ကျင့်မှု ပိုများသည်မှာ အထင်အရှားပင်။
၁၀ မီတာ.......
၆ မီတာ........
၃မီတာ.........
၁မီတာ..........
ပီးရာ့စ် ခေါင်းဆောင်သော စစ်သားများနှင့် ရန်သူများကြားရှိ အကွာအဝေးမှာ ပို၍ပို၍ နီးကပ်လာလေသည်။
နောက်ဆုံးတွင်......
“ဟူး.... ငရဲသွားပေတော့။”
ပီးရာ့စ် ရုတ်တရက်ကြွေးကြော်ကာ သူ၏တူအား ဝှေ့ရမ်းပြီးရန်သူများထံ ပစ်လွှတ်လိုက်သည်။
ထိုကြီးမား သွေးစွန်းနေသောတူကြီးသည် ရန်သူ၏ ခုခံခြင်းဖွဲ့စည်းမှုအား အမှုန့်ကြိတ်လိုက်တော့သည်။
“ဒုန်း.....”
ရန်သူများ အပြင်းအထန်ထိခိုက်သွားသည်။ သွေးများ ဓားကျိုးများ ခြေလက်များအကုန် လေပေါ်လွှင့်စင်ကုန်လေ၏။
ရန်သူများသည် ထိုကဲ့သို့တိုက်ခိုက်မှုကို ထင်မှတ်မထားခဲ့ချေ။ထိုတူပျံသည် ရန်သူ၏ ခုခံခြင်းဖွဲ့စည်းပုံ၏ အားနည်းချက်ပင်။
လှေကားကြီး သုံးခုကို ဖျက်ဆီးလိုက်နိုင်ပါက ရန်သူများ နန်းတော်အတွင်းသို့ဝင်နိုင်ရန် လောလောဆယ်အဖို့ နည်းလမ်းမရှိတော့ချေ။ ထို့နောက်တွင် နန်းတော်ပေါ်သို့ရောက်ရှိနေပြီးသားဖြစ်သော ရန်သူများကိုသတ်ခါ စစ်သားများအေးဆေးအနားယူနိုင်မည်ဖြစ်သည်။သို့မဟုတ်ပါက ရန်သူများ နန်းတော်သို့ သိမ်းယူနိုင်သွားမည်ဖြစ်ပြီး သူတို့၏ သူငယ်ချင်းများ၊ မိသားစုများ စစ်ကြေးကျွန်များ ဖြစ်သွားမည်ဖြစ်ပြီး မျိုးဆက်များပင် လွတ်လပ်ရန်မျှော်လင့်ချက် မရှိနိုင်တော့ချေ။
ထိုကဲ့သို့စဥ်းစားပြီးနောက် စစ်သားများသည် ရွတ်ရွတ်ချွန်ချွန် ခုခံတိုက်ခိုက်လျက်ရှိသည်။
မည်သည့်နည်းနှင့်မျှ နန်းတော်အား အသိမ်းခံလို့မဖြစ်ချေ။အသက်သေစေကာမူ ခြေတစ်လှမ်းမှ နောက်ဆုတ်မည်မဟုတ်။
“ချီတပ်ကြ.. “
“ချီတပ်.....”
ပီးရာ့စ် ခေါင်းဆောင်သော စစ်သားများ ရန်သူများထံ ပြေးဝင်သွား၏။ရှေ့ဆုံးမှ ပြေးဝင်သွားသော ပီးရာ့စ်သည် သူ၏တူအားပြန်လည်ကောက်ယူကာ စတင်ဝှေ့ရမ်းတိုက်ခိုက်တော့သည်။ရန်သူများတုန့်ပြန်ချိန်ပင်မရပေ။ သူတို့ခေါင်းများ တူဖြင့် ချေခံလိုက်ရ၏။ မည်သည့်ရန်သူမှ ပီးရာ့စ် အားမရပ်တံ့နိုင်ချေ။
“သေစမ်းကွာ ကြေစမ်းကွာ”
“ဒုန်း... ခွက်....”
“ချွင်.. ချွင်...”
လက်နက်များ ချပ်ဝတ်များ လက်သီးများ မိတ်ဆက်ကုန်သည်။
ပန်းထွက်နေသောသွေးများ ပြတ်ကျသွားသော ခြေလက်များမှာ ငရဲပြည်၏ ပန်းချီကားတစ်ချပ်ကို ခြယ်သနေသည်။
“ဖုန်း...”
ရှေ့တွင်ရှိသော ရန်သူအား တူဖြင့်ရိုက်ထုတ်ပစ်လိုက်သည်။လှေကားသည် သူ့ရှေ့တွင်ရှိနေပြီဖြစ်သည်။ ရန်သူများ အနားသို့ကပ်မလာရဲစေရန် တူအားအဆက်မပြတ်ဝှေ့ရမ်းနေသည်။
“ဒေါက် ဒေါက် ဒေါက်”
ရှေ့သို့အမြန်ပြေးကာ နံရံသို့တွယ်ကပ်ထားသော လှေကားမှ ချိတ်များကို ရိုက်ချိုးပစ်လိုက်သည်။
“သွားပေရော့”
ပီးရာ့လှေကားအား ကန်ချပစ်လိုက်၏။အော်ဟစ်သံများစွာ ကြားလိုက်ရသည်။လှေကားပေါ်တွင်ရှိဆဲဖြစ်သော ရန်သူများပါ လှေကားနှင့်အတူအောက်သို့ ပြုတ်ကျကုန်လေသည်။မြေပင်ပေါ်မှလူများလည်း ပြုတ်ကျလာသောလှေကားပိကာ မရှုမလှသေဆုံးကုန်ကြ၏။
“ကောင်းတယ်...တော်တယ်....”
ပီးရာ့စ် လုပ်လိုက်သည်ကိုမြင်သော ဆံပင်အနက်ရောင်နှင့် ခေါင်းဆောင်သည် လှမ်း၍အော်ပြောလိုက်၏။
“တော်တယ် ပီးရာ့စ်၊ လှေကားနှစ်ခုကျန်သေးတယ် ဆက်လှုပ်ရှားလိုက်ဦး ညကျအကောင်းဆုံးဘီယာဝယ်တိုက်မယ်ကွာ အဝသောက်ပဲ..” သူသည် ပိန်ရှည်ရှည်ရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေရင်း လှမ်းအော်ပြောနေလေသည်။ရန်သူမှာ ဓားရေးအလွန်ကျွမ်းလေ၏။သူသည် ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း သူတို့နှစ်ယောက်တိုက်ခိုက်နေသည်မှာ ၁၀စက္ကန့်ခန့်ကြာပြီဖြစ်ပြီး ဘယ်သူမှမသာသေးပေ။
“ဟားဟား ဆရာဘရွတ်ရေ ဒီညတိုက်ဖို့သာပြင်ထားပေတော့...”
ပီးရာ့စ် စိတ်လှုပ်ရှားစွာ ပြန်အော်ပြောလိုက်၏။သူသည် စကားပြောနေသော်လဲ တိုက်ခိုက်မှုများ တုံ့နှေးသွားခြင်းမရှိ။သူ၏တူသည် အလင်းကဲ့သို့ပင် မြန်ဆန်နေ၏။ပထမလှေကားကို လုပ်ခဲ့သည့်အတိုင်းပင် ထက်မံဆောင်ရွက်သည်။
“ဒင်....ဒင်...ဒင်...”
လှေကားရှိ ချိပ်များကို တူဖြင့်ရိုက်ချိုးပစ်လိုက်သည်။လှေကားအား တွန်းချမည်ပြင်ဆဲတွင်။
ရုတ်တရက်---
“သေစမ်းကွာ”
အမဲရောင် အရိပ်တစ်ခု ခံတပ်ပေါ်သို့ လှေကားမှ ခုန်ထွက်လာခဲ့သည်။ထိုသူ၏ ဓားရှည်သည် ပီးရာ့စ်ခေါင်းထံသို့ တည့်တည့်သွား၏။တစ်ချက်ထဲဖြင့် သတ်ရန်ရည်ရွယ်ချက်ဖြစ်သည်။
ပီးရာ့စ်သည် လက်ထဲမှတူနှင့် ကာလိုက်ရန်မှ တပါး တခြားဘာမှလုပ်ရန် အချိန်မရှိပေ။
“ချွင် ချွင် ချွင်”
ခုတ်ချက်များမှာ တူ၏အလယ်ခေါင်ကို ထိကာ မီးစမီးနများပင် ပွင့်သွား၏။
ရပ်တန့်၍မရသောအားသည် တူအားဖြတ်သန်းသွားကာ ပီးရာ့စ်အား ထိတ်လန့်သွားစေသည်။
ပီးရာ့စ် သည် ခွန်အားကြီးမာသူတစ်ယောက်ဖြစ်သော်လဲ ထိုအရာကို မရင်ဆိုင်နိုင်ချေ။ထိုအားသည် သူ့အားနောက်သို့ ခြေလေးလှမ်းစာခန့် တွန်းလိုက်သည်။သူ၏တူကိုင်ထားသော လက်ချောင်းတချို့ပါ ကျိုးကြေကုန်ရာ တူပင်ကောင်းကောင်း မကိုင်နိုင်တော့ချေ။
“သေစမ်း ‘ဆရာ’ တစ်ပါးလား..” ပီးရာ့စ် အံ့သြ သွားသည်။
သို့သော် ထိုရန်သူသည် သူ့အားတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ထို့နောက်တွင် သူ၏ဓားရှည်အားကိုင်မြှောက်လိုက်ချင်းပင် နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။ရန်သူသည် အလွန်လျင်မြန်စွာ ရွေ့လျားနေလေရာ အမဲရောင် အရိပ်ကဲ့သို့ပင်။ပီးရာ့စ် နှင့်အတူပါလာသော စစ်သားများအားလုံး မြေပြင်ပေါ်လဲကျကုန်ကြသည်။သေချာကြည့်လိုက်သောအခါ ခေါင်းတွင် အပေါက်များဖြစ်ကာ ဦးနှောက်နှင့် သွေးများယိုစီးကျနေကြသည်။
“ဘန်ဒါ၊ ဘွန်းဒ်၊ တိုနီ... ညီအကိုတို့” ပီးရာ့ငိုကြွေးနေသည်။
သူမြင်ရသည်များကို လက်မခံနိုင်ချေ။ထိတ်လန့်၍ မူးမေ့ချင်လာ၏။
မနေ့ညကမှ ဘုံဆိုင်တွင်အတူပျော်ပါးခဲ့သော ယုံကြည်ရသော သူငယ်ချင်း များမှာ သူ၏ရှေ့တွင်သေဆုံးနေပြီဖြစ်သည်။ကောင်းကင်ပြိုကျသကဲ့သို့ပင် ကြေကွဲခံစားရ၏။
“သေစမ်း.. မအေလိုး”
ပီးရာ့စ်အော်ဟစ်လိုက်သည်။ခန္ဓာကိုယ်ရှိ ဒဏ်ရာများကိုလည်း ခေါင်းထဲမရှိတော့ ရန်သူထံသာ တဟုန်ထိုးပြေးသွားလေသည်။ပီးရာ့စ် ဒဏ်ရာများ ထပ်မံရရှိသွားသော်လည်း ရန်သူအားထိ၍ပင် မရချေ။သို့သော် ပီးရာ့စ် ဂရုမစိုက်ချေ။ တူကိုသာ ဆက်လက်ဝှေ့ရမ်းတိုက်ခိုက်နေလေ၏။
“ဟားဟား ဘာမှလုပ်မနေနဲ့ အသုံးမဝင်ဘူး။” ရန်သူက ရယ်မောနေသည်။သူ၏အသံကား ကျီးတစ်ကောင်ကဲ့သို့ပင်။
ဓားရှည်မှာ အလွန်မြန်ဆန်လှပြီး ထိုရန်သူမှာ အလွန်သန်မာလေသည်။
ရန်သူထက်မံလှုပ်ရှားကာ ဓားရှည်ဖြင့် ပီးရာ့စ် ခေါင်းအားရွယ်တိုက်ခိုက်သည်။ပီးရာ့စ် ခန္ဓာကိုယ်ကိုအနည်းငယ်တိမ်းစောင်းကာ ရှောင်သော်လဲ ဓားရှည်မှာ သူ၏ညာဘက်ပခုံးသို့ အလွယ်တကူထိုးဖောက်ဝင်သွားလေသည်။ရန်သူသည် တစ်ချက်ပြုံးလိုက်၏။ သူသည်ဓားရှည်အား ပြန်ဆွဲနှုတ်ကာ ပီးရာ့စ်အား အဆုံးသက်တော့မည်ဖြစ်သည်။
သို့သော်-----
ဓားရှည်အား ထက်မံဆွဲထုတ်၍မရခြင်းကြောင့် အံ့သြ သွား၏။
ပီးရာ့စ် ပါးစပ်မှ သွေးများစီးကျလာသည်။သို့သော်သူသည် စတင်ရယ်မောလေသည်။
ပျော်ရွင်စွာပင်ရယ်မောလေ၏။
ရန်သူသည် ဘာတွေဖြစ်ကုန်သည်မှန်းမသိသောအလဲ ပီးရာ့စ်အား လျှော့တွက်မိကြောင်းသိသွားလေသည်။
သို့သော် သူ့တွင် တုံ့ပြန်ချိန်မရ။
ပီးရာ့စ် သည် သူ့ပခုံးတွင်စိုက်နေသော ဓားရှည်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ရန်သူအား ခန္ဓာကိုယ်ဖြင့် ဝင်တိုက်လေသည်။ဓားရှည်ကိုင်ထားသော ရန်သူလဲ အငိုက်မိသွားရာနောက်ကိုပင် ဆုတ်နေရသည်။
၃စက္ကန့်အကြာတွင် နံရံအစွန်းအား သူတို့နှစ်ယောက်ရောက်ရှိသွားလေသည်။
ရန်သူထက်မှန် နောက်သို့အတွန်းခံရပါက ပေ၂၀၀မြင့်သော နံရံပေါ်မှ ပြုတ်ကျမည်ဖြစ်သည်။ရန်သူသည် အလွန်သန်မာသူဖြစ်သော်လဲ ထိုအမြင့်မှပြုတ်ကျပါက အသက်ရှင်နိုင်ဖွယ်မရှိချေ။
“လီးပဲကွာ”
ရန်သူဒေါသဖြစ်နေသည်။ သူ၏ဓားရှည်အား စွန့်လွတ်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။
သာမန်စစ်သားတစ်ယောက်ကြောင့် မိမိ၏အကြိုက်ဆုံးလက်နက်အား စွန့်လွတ်လိုက်ရသည်မှာ ရန်သူအဖို့အရှက်ရစေသည်။သူသည် ကြယ်တစ်လုံးအဆင့်ရှိ ဂုဏ်သရေရှိ စစ်သည်တစ်ဦးဖြစ်၏။
ဓားရှည်အားစွန့်လွှတ်ပြီး မီးတောက်အနီများ သူ၏ခန္ဓာကိုယ်တွင် ပေါ်လာသည်။ထို့နောက်တွင် သံကိုပင်အရည်ပျော်စေနိုင်သော အပူချိန်ရှိသည့် လက်သီးနှင့် ပီးရာ့စ် ကြောပြင်အား ထိုးနှက်လိုက်သည်။သူသည် ပီးရာ့စ် အားအစိမ်းလိုက်ပင် ဝါးစားချင်နေ၏။
“ဟားဟားဟား... ဒီပွဲတော့ ငါနိုင်သွားပြီး ခွေးမသားရေ”
ပီးရာ့စ် သွေးများစီးကျနေသော်လဲ ဂုဏ်ယူစွာရယ်မောနေလေသည်။
ပီးရာ့စ် ဓားရှည်အား လွှတ်လိုက်ကာ ဒုတိယလှေကားထံပြေးသွား၏။ချိတ်များအားရိုက်ချိုးပြီးဖြစ်သောကြောင့် ဘယ်ပခုံးနှင့်ပင် ဝင်တိုက်ကာ လှေကားအားတွန်းချလိုက်လေသည်။ လှေကားပေါ်မှရန်သူများ၏အော်ဟစ်သံကို ကြားလိုက်ရ၏။
“လီးပဲ နိမ့်ပါးတဲ့ကျေးကျွန်။ ငါဒီနန်းတော်ထဲကလူတွေအကုန်သတ်မယ်လို့ ကျိမ်ဆိုတယ်ကွာ..”
ရန်သူအကြီးအကျယ်ဒေါသဖြစ်သွားလေသည်။ ပီးရာ့စ်အကြံမှာ သူ့အားနံရံပေါ်မှ တွန်းချရန်မဟုတ် လှေကားအား တွန်းချရန်ကိုသိသော် သူအရူးလုပ်ခံလိုက်ရကြောင်း သိရှိသွားသောကြောင့်ပင်။
ပီးရာ့စ်အား ဓားရှည်ဖြင့် အသားကုန်ခုတ်ချရန်ရွယ်လိုက်သည်။ ပီးရာ့သည် ဒဏ်ရာအများပြားရရှိပြီးဖြစ်သောကြောင့် ခုခံရန်အင်အားမရှိတော့ချေ။
“ပီးရာ့စ် သတိထားဦး”
ခေါင်းဆောင် ဘရွတ် စိုးရိမ်စွာလှမ်းအော်လိုက်သည်။ သို့သော်သူကူညီရန်မတက်နိုင်။ သူကိုယ်တိုင်လဲ ရန်သူတစ်ယောက်နှင့် အနီးကပ်တိုက်ခိုက်နေရသည်။
ထိုတိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်ရက်ပင်ရှိလုလုဖြစ်သည်။ချမ်းဘော့ဒ် နန်းတော်ဘက်တွင် စွမ်းအားကြီးသော ပုဂ္ဂိုလ် တချို့ရှိသော်လည်း သူတို့သည် ရန်သူခေါင်းဆောင်၏ အာရုံစိုက်ချင်းခံနေရသည်။ကြယ်သုံးလုံးအဆင့် စစ်သည် လမ်းပါ့ဒ် ပင် အလားတူကြယ်အဆင့်ရှိရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေရသည်။
ထိုအချိန်တွင် ပီးရာ့စ်အား ကယ်တင်နိုင်သူတစ်ယောက်မှမရှိချေ။
ရန်သူ၏ မီးတောက်နေသော ဓားရှည်မှာ ပီးရာ့စ် ခန္ဓာကိုယ်နှင့် တစ်လက်မခန့်သာကွာတော့သည်။