← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

လူတွေအားလုံးက ပီးရာ့စ် အားသေတော့မည် ထင်နေကြ၏။ သူ့အားကယ်တင်ရန် တစ်ယောက်မျှမရှိသော​ကြောင့်ပင်။

“ဟေ့ယောင် စောက်ပိန်း ငါ့ရဲ့ လက်နက်ပုန်းကို ရအောင်ရှောင်ကြည့်လိုက်။”

ယုံကြည်ချက်ရှိသော အသံတစ်ခု တိုက်ပွဲ​တစ်နေရာမှ ပေါ်ထွက်လာသည်။ဒေါသဖြစ်နေသော ဓားရှည်နှင့်ရန်သူသည် အသံအားမကြားလိုက်သော်လဲ သူ့ခေါင်းနောက်စေ့အား တစ်ခုခုနှင့်ရွယ်ထားသည်ကို ခံစားလိုက်ရသည်။အရာဝတ္ထုတစ်ခုသည် သူ့ထံ လျင်မြန်စွာ ပျံသန်းလာ၏။

သူ ထိတ်လန့်သွားသည်။ ပီးရာ့စ်ကို ခုတ်ရန်ရွယ်ထားသော ဓားရှည်အားပြန်သိမ်းကာ ခုခံလိုက်ရတော့သည်။

“ဖျောက်”

ထိုလက်နက်ပုန်းဆိုသည်အား နှစ်ခြမ်းပိုင်းပစ်လိုက်သ​ည်။ မျက်နှာအား အနီရောင် အရည်တွေ စင်ကုန်သည်။

“ဒါဘာတွေလဲ။”

ပုံစံတစ်ချ ပြန်နေပြီးနောက်တွင် နှစ်ခြမ်းပိုင်းလိုက်သော လက်နက်ပုန်းဆိုသည့်အရာကို သေချာကြည့်လိုက်ရာ အလွန်ဒေါသဖြစ်သွားလေတော့သည်။

ထို “လက်နက်ပုန်း” ဆိုသည်မှာသူ၏ စစ်သားများထဲမှတစ်ယောက်ပင်ဖြစ်သည်။တစ်စုံတစ်ယောက်က သူ့အားဆွဲယူပြီး ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။သူ၏ဂရုစိုက်မှု ညံ့ဖျင်းသောကြောင့် သေချာမကြည့်ပဲ ဓားနှင့်ပိုင်းလိုက်မိခြင်းပင် ဖြစ်သည်။

“ဟားဟား မင်းအခုကြောက်သွားပြီမလား”

အားရပါးရ ရယ်​သံသည် ဓားရှည်ကိုင်ထားသော လူ၏ အာရုံစိုက်မှု ရသွားသည်။သူကြည့်လိုက်သောအခါ လေးလံသော ချပ်ဝတ်အား တစ်ကိုယ်လုံးဝတ်ဆင်ထားပြီး မျက်လုံးနေရာသာ အပေါက်ရှိသော လူအားတွေ့လိုက်ရသည်။နောက်ခံ နေဝင်ချိန်နှင့်ကြည့်လျှင် ထိုသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ထိုသူကား အချိန်မဖြုန်း သူ့ထံစတင်ပြေးဝင်လာတော့သည်။သူ၏ ခန္ဓာကိုယ်အဟုန်မှာ အားပြင်းလှသောကြောင့် လမ်းတစ်လျှောက်ရှိ စစ်သားများ နံရံပေါ်မှ လွှင့်စင်ကျကုန်သည်။

လက်ထဲရှိ လေးလံသော ပုဆိန်ကြီးနှင့် ထိုဓားရှည်ကိုင်ထားသော ရန်သူအား ရင်ဆိုင်ရန် ရည်ရွယ်ထားလေသည်။

“မင်းကိုယ့်သေတွင်း ကိုယ်တူးနေတာပဲစောက်ပိန်း” ရန်သူက အသစ်ရောက်လာသောပုဂ္ဂိုလ် ကိုယ့်ကိုယ်ကို အားနည်းသည့်အနေထားသို့ ပို့နေခြင်းကို တွေ့သော် ရယ်မောလိုက်၏။

ထိုကဲ့သို့ ​လေးလံသော ခန္ဓာကိုယ်ပြည့် ချပ်ဝတ်များမှာ မြင်းတပ်သားများသာ အသုံးပြုလေ့ရှိသည်။ခြေလျင် တပ်သားများ ဘယ်တော့မှမသုံးချေ။ပေါင်၅၀ခန့်လေးသော ချပ်ဝတ်အား အနီးကပ်တိုက်ခိုက်ခြင်းအတွက် ဝတ်ဆင်ခြင်းသည် အတော်ပိန်းရာ ကျသည်။ သင့်အား လေးလံစေပြီး တိုက်ခိုက်မှုများကို နှေးကွေးစေမည်ဖြစ်သည်။ရန်သူ၏ စိတ်ထဲတွင်တော့ ထိုသူမှာစောက်ပိန်းတစ်ယောက်သာ။

“သေမင်းနဲ့သာ ပျော်ပျော်ကြီး လိုက်သွားပေတော့။”

ဓားရှည် စစ်သည်မှာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများအားလုံးကို ဓားရှည်ထံစုစည်းလိုက်သည်။မီးတောက်များ ဓားရှည်ပတ်ဝန်းကျင်တွင် ထက်မံ တောက်လောင်လာပြီး သူ့ထံပြေးဝင်လာသော ချပ်ဝတ်နှင့်သူအား ထိုးနှက်လိုက်လေသည်။

ထိုးနှက်ချက်မှာ လျှပ်စီးလတ် သကဲ့သို့ပင် မြန်ဆန်​၏။ ဓားရှည်မှာလည်း စွမ်းအင်များနှင့် ပြည့်ဝနေသည်။ ကြယ်တစ်လုံးအဆင့် စစ်သည်တစ်ယောက်၏ စွမ်းအား အားလုံးကို အကုန်အသုံးချလိုက်ခြင်းပင် ဖြစ်သည်။ထိုထိုးနှက်ချက်မှာ သည် ချပ်ဝတ်အပြည့်စုံနှင့်လူအား သေစေမည်ဟု အပြည့်အဝယုံကြည်နေလေသည်။

တစ်ဖက်မှာလဲ ထိုချပ်ဝတ်အပြည့်စုံနှင့် “အိုင်းရွန်းမန်း”မှာ ရပ်တန့်မည့် ဟန်မပြ ဆက်လက်ပြေးဝင်လာဆဲပင်ဖြစ်သည်။လူတစ်ကာမျက်လုံးထဲတွင်တော့ သူကားစောက်ပိန်းတစ်ယောက်ပင်။သူပြေးဝင်နေသည်ကပင် ပုံစံမကျပေ။စစ်သားများပြေးဝင်သောအခါ ခန္ဓာကိုယ် အောက်သို့အနည်းငယ်ကွေးကာ ကိုယ်အလေးချိန်အား လျှော့ချမည်ဖြစ်သည်။ရင်ကိုဖွင့်ပြီး ကြောမက်မက်နှင့်ပြေးနေခြင်းမှာ ဓားစီပြေးဝင်နေသကဲ့သို့ပင်။

“ဟားဟား ဒီနေ​ရာကနေ မင်းဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားနိုင်မာမဟုတ်ဘူး။” ရန်သူစတင်ရယ်မောလေသည်။

“ချွင်”

မီးစများလွှင့်စင်သွားသည်။

ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားကာ ရန်သူမျ​က်နှာပေါ်မှ အပြုံးလဲ ပျောက်ကွယ်သွားလေသည်။

သူ၏ဓားရှည်၏ ထိုးနှက်ချက်ကို အဆိုပါလူမှာ သူ၏ကြီးမားသောပုဆိန်ဖြင့် ကာကွယ်လိုက်ခြင်းပင်။

“ဘယ်... ဘယ်လို”

ရန်သူ​ ကြက်သေသေသွားလေသည်။

“ငါရောဓားရော တော်တော်မြန်မြန်ရွှေ့လျားထိုးနှက်တာကို ငါ့ဓားထိပ်ကို ပုဆိန်နဲ့ကာလိုက်တာလား။ဒီလို ပညာက စစ်ပွဲနတ်ဘုရားတွေစီမှာပဲ ရှိနိုင်တယ်။ ဒီလူငါ့ကို ကစားနေတာပဲ။”

ရန်သူ သူ၏ဆုံးဖြတ်ချက်အား ချက်ချင်းနောင်တရကာ ဆုတ်ခွာရန်ကြိုးစားလေသည်။

သို့သော် အချိန်မမှီတော့ချေ။

“ဘုန်း”

ဓားရှည်မှာ ထိုစွမ်းအားကို ခံနိုင်ရည်မရှိသဖြင့် တစ်စစီ ကျိုးပဲ့သွားလေသည်။ပုဆိန်၏ စွမ်းအားသည် ထိုနေရာ၌ပင် ရပ်တံ့၍မသွား။ဓားရှည်ကိုင်ထားသော လက်ပင် ပြတ်ထွက်လုနီးနီးပင်။စွမ်းအားမှာ ဆက်လ​က်စီးဆင်းသွားရာ လက်မောင်းရှိသွေးကြောများနှင့် အရေပြားများပေါက်ပြဲသွားလေသည်။

ဆူညံသံကြောင့် စစ်မြေပြင်ရှိ စစ်သားအားလုံး တိုက်ခိုက်ခြင်းအား ခနရပ်တံ့ကာ ဘာဖြစ်တာလဲ ကြည့်နေကြလေသည်။

“ဘုရားရေ ဓားရှည်ကို ထိတ်ကနေစပြီး ကြေမွသွားစေတာ ဘယ်လိုစွမ်းအား မျိုးလဲ။” လူတိုင်းတွေးနေကြသည်။

သို့သော် ပို၍အံ့​သြစရာကောင်းသည်မှာ----

ပုဆိန်မှာ ထိုသူလက်ထဲတွင် အရိပ်တစ်ခုကဲ့သို့ပြောင်းလဲသွားသည်။အလွန်လျင်မြန်စွာ ရွှေ့လျားနေကာ မည်သူ့မျက်လုံးမှ လိုက်မမှီချေ။(ယခင်)ဓားရှည်ကိုင် စစ်သည်မှာဘယ်တုန်းကမှ​မရောက်ဖူးသော အခြေအနေသို့ရောက်ရှိနေလေသည်။စစ်မြေပြင်ရှိလူများတွင် သူ့လက်ကောက်ဝတ်ထံ ပုဆိန်သွားလာနေသည်ကို သူတစ်ယောက်ပဲမြင်၏။ထိုသူမှာ သူ့အား ပုဆိန်ဖြင့် နှစ်ခြမ်းပိုင်းရန် ကြံစည်နေခြင်းပင်။

“သေစမ်း”

ရန်သူမှာ ကူညီရာမဲ့နေသည်။ ရုတ်တရက် လက်နက်မရှိဖြစ်သွားရာ အလွန်အားနည်းသော အ​ခြေနေသို့ကျရောက်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုအား ခုန်၍ရှောင်ရန်ကြိုးစားသည်။ ခုန်လိုက်ရာ ကောင်းကင်ပေါ်သို့ ၅ပေလောက်မြင့်တက်သွားသည်။ လေပေါ်​ဝဲနေသကဲ့သို့ပင်။

သို့သော် ထိုပုဆိန်မှာရူပ​​ေဗဒ နိယာမများအား မလိုက်နာ သကဲ့သို့ပင်။ အလျားလိုက်လာသည်ဟုထင်ရသောပုဆိန်သည် သူ့အား လေထဲကို ထောင်လိုက် လိုက်လာလေသည်။

ရန်သူမှာ လေပေါ်မြောက်နေသောကြောင့် ​မရှောင်​နိုင်တော့ပေ...

“ဇွပ်..”

စက္ကူတစ်ရွက်အား ဖြဲလိုက်သကဲ့သို့ပင်။

ပုဆိန်မှာ ပေါင်ကြားမှစပြီး ဦးခေါင်းအထိ ပိုင်းဖြတ်သွား၏။အလွန်လျင်မြန်စွာပိုင်းဖြတ်လိုက်သောကြောင့် ရန်သူမှာ ဘာဖြစ်သွားသည်လဲပင်မသိ။ မြေပေါ်ပြန်ကျသည်အထိ တစ်ပိုင်းထဲရှိတုန်းပင်။

ခနအကြာတွင် သွေးကြောင်းလေးပေါ်လာကာ ခန္ဓာကိုယ်မှာ ခေါက်ရိုးညီပင် နှစ်ပိုင်းပြတ်သွားတော့သည်။ ဝမ်းတွင်းကလီစာများ၊ ဦးနှောက်များ နေရာအနံ့ပြန့်ကျဲနေတော့သည်။

နန်းတော် ခုခံသူများကို အပြုံလိုက်သက်ဖြတ်ခဲ့သော ကြယ်တစ်လုံး အဆင့်ရှိစစ်သည်မှာ ယခုအချိန်တွင် သေဆုံးသွားပြီဖြစ်သည်။

All Chapters