အခန်း (၉)
Vol. 1 Ch. 9
တစ်ချက်ပဲ။
တစ်ချက်ထဲနှင့်ပင် ကြယ်တစ်လုံးအဆင့်ရှိ စစ်သည်မှာ တမန်လွန်ရောက်သွားပြီ ဖြစ်၏။ချမ်းဘော့ဒ် စစ်သည်များနှင့် ရန်သူများမှာ ထိတ်လန့် အံ့သြ ကုန်ကြသည်။ ထိုသူအား လူအရေခြုံထားသော နဂါးတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြသည်။
မကြာသေးခင်က ဆူညံနေသော လက်နက်ခြင်းရိုက်ခတ်သံများနှင့် ကြွေးကြော်သံတို့မှာ ရယ်စရာကောင်းလောက်အောင်ပင် တိတ်ဆိတ်ရပ်တန့်သွားလေသည်။ချမ်းဘော့ဒ် စစ်သားများနှင့် ရန်သူများ အခြင်းခြင်းကြည့်ပြီး အလျှင်အမြန်ပြန်သတိရသွားပြီး တစ်ယောက်နှင့်တစ်ယောက် ပြန်လှည်တိုက်ခိုက် သတ်ဖြတ်ကြတော့သည်။
“ဟားဟား ဒါတကယ် အလုပ်ဖြစ်တယ်ကွ။ ငါတော်တော် ပါးနပ်တဲ့ကောင်ပဲ။” ထိုသူမှာ အားရကျေနပ်စွာရယ်မောနေလေ၏။
............
............
ချမ်းဘော့ဒ် နန်းတော်အနီး နေရာတစ်ခုတွင်ဖြစ်သည်။”ဇူလီ” ဟုခေါ်သော ကျုံးနှင့် မိုင်ဝက်ခန့်အကွာတွင် အမဲရော စစ်တပ်သုံးတဲများ ချမ်းဘော့နန်းတော်အား ထွက်ပေါက်မရှိအောင် ဝိုင်းထားလေသည်။
၄င်းမှာ ရန်သူတို့၏ ဌာနချုပ်ဖြစ်သည်။
ချမ်းဘော့ဒ် မှလူများသည် အမဲရောင်ချပ်ဝတ်နှင့် ရန်သူများဘယ်ကရောက်လာသည်ကို မသိ။လွန်ခဲ့သည့် ၃ရက်က မနက်ပိုင်းမြူစဲသွားသော် အမြန်ချီတပ်လာသော ရန်သူများအား အစောင့်စစ်သားမှ ကံကောင်းထောက်မစွာ တွေ့ရှိခဲ့သည်။ထိုစစ်သားသည် နန်းတော်ဂိတ်တံခါးကို အလျင်မြန်ပိတ်ပြီး ခုခံရန်အချိန်ဆွဲပေးခဲ့သည်။
ကျူးကျော်လာသော် ရန်သူစစ်တပ်တွင် စစ်သည်အင်အားနှစ်ထောင်ခန့်ရှိသည်။
ရုတ်တရက် ဝင်ရောက်စီးနင်းရန် ကျရှုံးပြီးနောက် ဇူလီ ကျုံးဘေးတွင် စခန်းချလိုက်ကြသည်။ကျူးကျော်သူများသည် နံရံများကို နေ့တိုင်းတိုက်ခိုက်ကာ အပြင်လောကနှင့် ချမ်းဘော့ဒ်နိုင်ငံအား အဆက်သွယ်ဖြတ်ထောက်ထားသည်။
ဤနေ့မှာ ၄ရက်မြောက်နေ့ဖြစ်သည်။
“အဲ့နန်းတော်မှာ ဘယ်ကျူးကျော်သူကိုမဆို စိတ်ဓာတ်ကျစေတဲ့ မြေအနေထားရှိတယ်။သည်အန္တရာယ်ရှိတဲ့ကျုံးနဲ့ နံရံတွေသာမရှိဘူးဆို ငါနန်းတော်ကို အဖေ့အတွက် သိမ်းပိုက်ပေးပြီးသာကြာပြီ။ နောက်ပြီး အန်ဂျယ်လာဆိုတဲ့ အမျိုးသမီးကလဲ ငါ့ကစားစရာအရုပ်ဖြစ်နေလောက်ပြီ။”
ဇူလီ ကျုံးဘေးတွင် အမဲရောင် ချပ်ဝတ်နှင့် ငွေရောင် မျက်နှာဖုံးဝတ်ဆင်ထားတဲ့ စစ်သည်တစ်ယောက် ငြီးတွားနေ၏။
ငွေရောင်မျက်နှာဖုံးမှာ ရန်လိုသော နတ်ဆိုးဟန် ထွင်းထားပြီး မျက်နှာတစ်ဝက်ခန့်သာ ဖုံးအုပ်ထားလေသည်။သူသည် မဲနက်နေသော မြင်းပေါ်တွင်ဖြစ်သည်။ ထိုမြင်းမှာ သန်မာထွားကျိုင်းပြီး
တော်ဝန်သားရိုင်း၏ အရှိန်အဝါကို အဆက်မပြတ်ထုတ်လွှင့်နေသည်။ မြင်းသည်ပင် ချပ်ဝတ် ဝတ်ဆင်ထားလေသည်။ နားလည်ရခက်သော စွမ်းအားတစ်မျိုးမှာ သူ့အား သံလိုက်စက်ကွင်းကဲ့သို့ ဝန်းရံထားလေသည်။
သူ၏နောက်တွင် စစ်သည်၁၉ဦး တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေကြသည်။
ထိုသူများသည်လဲ အမဲရောင် ချပ်ဝတ်များ ဝတ်ဆင်ထားပြီး အမဲရောင်မြင်းများပေါ်တွင်ဖြစ်သည်။တူညီသော ဒီဇိုင်း မျက်နှာဖုံးများပင်ဝတ်ဆင်ထားသည်။ သို့သော်အရောင်မှာ ငွေရောင်မဟုတ် အမဲရောင်များပင်။မြင်းများ၏ ဆူးချွန်များတပ်ထားသော ချပ်ဝတ်များနှင် ယှဥ်တွဲကြည့်လျှင် ငရဲမှသူရဲကောင်းများကဲ့သို့ပင်။
“ဒါကိုတော့ တကယ် မမျှော်လင့်ထားဘူး။ အဲ့တိုင်းပြည်က အဆင့် ၁ပဲရှိတဲ့ အင်ပါယာသေးသေးလေးတစ်ခုထဲက အဆင့်၆ တိုင်းပြည်ငယ်တစ်ခုပဲလေ။ဒါပေမယ့် ရေစီးသန်တဲ့ကျုံးနဲ့ ခိုင်မာတဲ့ နံရံတွေရှိနေတယ်။နောက်ပီး ကြယ်သုံးလုံးအဆင့်ရှိ စစ်သည်တစ်ယောက်တောင်ရှိသေးတယ်။” ငွေရောင်မျက်နှာဖုံးနောက်မှာရှိနေသည့် အမဲရောင်စစ်သည်များထဲမှတစ်ဦးက ပြောလို်သည်။ထို့နောက်တွင် ခြောက်ကပ်ကပ်ရယ်မောကာ “ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး ဆရာ။ ခုခံသူတွေ သူတို့အတိုင်းတာထိရောက်နေကြပြီ သူတို့အလွန်ဆုံးခုခံနိုင်လှ ၂၀မိနစ်လောက်ပဲ။ဒါပြီးရင်တော့ ဒီနန်းတော်ကြီးသေချာပေါက်ကျရှုံးပါပြီ”
“အေးအေး နန်းတော်ကို သိမ်းပိုက်ပြီးရင် စစ်သားတွေကို လုပ်ချင်တာလုပ်ခိုင်းလိုက်။ ဒါပေမယ့် အန်ဂျယ်လာကိုတော့ မထိနဲ့ ကျန်တဲ့သူတွေကို တော့ အသက်ရှင်လျက် မထားနဲ့ကွာ။”
ရက်စက်သော အမိန့်ကို ရာသီဥတုအခြေအနေပြောသကဲ့သို့ပင် သွေးအေးအေးနှင့် ပေးလိုက်၏။ “ဒါပေမယ့် မီးတွေဘာတွေတော့ မရှို့နဲ့ ငါတို့ နန်းတော်ကို အကောင်းတိုင်းလိုချင်တယ်။”
“ဟုတ်ကဲ့ပါ ဆရာ” စစ်သည်၁၉ယောက်လုံး သံပြိုင် အော်ပြောလိုက်သည်။သူတို့ ထိုကဲ့သို့ ရာနဲ့ချီပြုမူခဲ့ပြီး ဖြစ်၍ သူတို့ အတွက် အံ့သြ စရာမဟုတ်ပေ။
“ဆရာ သူတို့ဘုရင်ကိုရော.....” စစ်သည်တစ်ယောက်မှ ထမေးသည်။
“သတ်သာပစ်လိုက်။ နန်းတော်ထဲမှာရှိတဲ့ မိန်းကလေးအားလုံးကို သုံးရက်လောက်အထိ စစ်သားတွေ အပျော်အတွက် အသုံးချဖို့ထားလိုက်။ သုံးရက်ပြည့်ရင်တော့ အကုန်သတ်ပစ်လိုက်တော့။”
“ဟုတ်ကဲ့ပါ ဆရာ” စစ်သည်အားလုံး စိတ်လှုပ်ရှားနေကြသည်။ ထိုကဲ့သို့သော အမိန့်များကို သူတို့သဘောကျ၏။
“[အမှတ်စဥ် ၂၀]က ပီးတော့မယ်.... မင်းတို့လဲ အသင့်ပြင်ထားတော့။” ငွေရောင်မျက်နှာဖုံး ပိုင်ရှင်က သူ့တပ်သားများအား လက်ဝှေ့ရမ်းပြလိုက်သည်။ “နန်းတော် ဂိတ်တံကား ပွင့်တာနဲ့ မင်းတို့တွေအားလုံးပြေးဝင်ပြီး မြင်သမျှရန်သူကို အကုန် သတ်ကြ။ငါသူတို့ဘုရင်ရဲ့ ပုလ္လင်ပေါ်မှာ အမြန်ထိုင်ချင်နေပြီ။”
“ဖုန်း”
ကျယ်လောင်သော ဆူညံသံကို စစ်မြေပြင်မှကြားလိုက်ရသည်။
မိုးကြိုး ပစ်သကဲ့သို့ပင် ကျယ်လောင်လေ၏။
စစ်သည်အားလုံးသည် ကြယ်အဆင့်များဖြစ်သဖြင့် ချမ်းဘော့ဒ် နံရံပေါ်တွင် ဘာတွေဖြစ်ကုန်လဲဆိုတာ အဝေးမှလှမ်း၍ မြင်နိုင်စွမ်းရှိ၏။
ငွေရောင်မျက်နှာဖုံး ပိုင်ရှင်နောက်မှစစ်သည်များ သွေးပြတ်လုလုပင် ဖြစ်သွား၏။”ဘုရားရေ [အမှတ်စဥ် ၂၀]ကို ရန်သူတစ်ယောက်က နှစ်ခြမ်းပိုင်းပစ်လိုက်တာပဲ။ သူတို့မှာ စစ်ပွဲ နတ်ဘုရားတစ်ယောက်ပါ ရှိနေတာလား။”
ထိုအမဲရောင်စစ်သည်များ တစ်ယောက်နှင့်တစ်ယောက် တွေဝေစိုက်ကြည့်နေကြသည်။ မျက်လုံးများထဲတွင် ထိန်လန့်ခြင်း၊ အံ့သြ ခြင်းများနှင့် ပြည့်နက်လျက်ရှိ၏။
သူတို့အားလုံးသည် ကြယ်အဆင့်စစ်သည်များဖြစ်သဖြင့် တိုက်ခိုက်ခြင်းတွင်ကျွမ်းကျင်သည်။ ထိုကြောင့် ထို သံမဏိ လူသား(ေဖှး)သည် [အမှတ်စဥ် ၂၀]အား ခွန်အားတမျိုးထဲ သုံးကာ ပိုင်းဖြတ်လိုက်ကြောင်းတွေ့ရ၏။သူ၏တိုက်ခိုက်မှုတွင် မှော်စွမ်းအင်များကို မတွေ့ရ။[အမှတ်စဥ် ၂၀]မှာ ကြယ်တစ်လုံးအဆင့် စစ်သည် တစ်ယောက်ဖြစ်သည်။(ဓားရှည်နှင့်လူ)
“ဆရာ ကျွန်တော့ကို အဲ့ကောင်ခေါင်းဖြတ်ပြီး [အမှတ်စဥ် ၂၀]အတွက် လက်စားချေ ခွင့်ပြုပါ။”
အမဲရောင်စစ်သည် တစ်ချို့ ဒေါသဖြစ်ပြီး စိတ်မရှည် ဖြစ်လာကြသည်။
သူတို့အယောက်၂၀တွင် နာမည်မရှိ။အမှတ်စဥ်နံပါတ်များသာ ရှိလေသည်။ ငွေရောင်မျက်နှာဖုံးရှင်၏ အမိန့်အောက်တွင် အတူတကွ တာဝန်ထမ်းဆောင်လာသည်မှာ လေး ငါးနှစ် ခန့်ပင်ရှိပြီဖြစ်သည်။အတူစား အတူအိပ် ရဲဘော်များဖြစ်သဖြင့် ညီအကိုအရင်းများထက်ပင် ပိုစည်းလုံးသည်။သို့သော် အမှတ်စဥ် ၂၀အား ထိုကဲ့သို့ အသေဆိုးနှင့်သေမည်ဟု မည်သူမှထင်မထားပေ။ အထူးသဖြင့် သိမ်းပိုက်ရန်လွယ်သည်ဟုထင်သော နိုင်ငံငယ်လေးတစ်ခုတွင်ဖြစ်သည်။
သူငယ်ချင်း သေဆုံးသွားခြင်းက သူတို့အား အလွန်တရာ ဒေါသဖြစ်စေ၏။
“သူက လူမဆန်တဲ့ ခွန်အားတွေနဲ့မွေးဖွားလာတဲ့သူပဲလား။”
ငွေရောင်မျက်နှာဖုံး ပိုင်ရှင် တစ်ချက်ပြုံးလိုက်သည်။ထို့နောက်တွင် အမဲရောင်စစ်သည်များဘက် လှည့်ကာ”စိတ်ဝင်စားစရာပဲ ဒီလူအကြောင်း ငါစိတ်ဝင်စားသွားပြီ။ တိုက်ခိုက်တာကိုရပ်လိုက်ဖို့ အမိန့်ပေးလိုက်။ လောလောဆယ်တော့ ခနဆုတ်ခွာထားခိုင်းလိုက်။”
“ဆရာ ဒါပေမယ့်.....”
“ဘာပြသနာရှိလို့လဲ။” ငွေရောင်မျက်နှာဖုံး ပိုင်ရှင် အေးတိအေးစက် တုန့်ပြန်လိုက်၏။
“မရှိပါဘူး ဆရာ။ ကောင်းပါပြီ ဆရာ။”
“ငါတို့ရဲ့သတင်းအချက်လက် ဌာန “သိမ်းငှတ်”အရဆို သူတို့ဘုရင်က ကျပ်သိပ်မပြည့်ဘူးလို့ကြားထားတယ်။ဟားဟား အမိန့်ပြန်ပြောင်းမယ် နန်းတော်ကိုတော့ဆက်ဝိုင်းထား ဒါပေမယ့် မတိုက်ခိုက်နဲ့ဦး တမန်တော်တစ်ယောက်ပို့လိုက် သူတို့ အညံ့ခံမယ်ဆိုရင် ဘုရင်ရယ် ဝန်ကြီးတွေရယ် အန်ဂျယ်လာရယ် နောက်ပြီး အဲ့ “သံမဏိလူသား”ရယ်ကို အသက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်။ ကျန်တဲ့ သူတွေကိုတော့ အကုန်ကွပ်မျက်မယ်။”
ငွေရောင်မျက်နှာဖုံးပိုင်ရှင် ပြောလိုက်၏။ သူ၏အပြုံးမှာ ခေါင်းထဲရှိ မကောင်းသောအကြံစည်တို့နှင့် ဆန့်ကျင်ဘက်ပင်။
“ဟုတ်ကဲ့ပါဆရာ။”
..............
..............
“လာခဲ့ကြ ဒီရဲရင့်တဲ့စစ်သားတွေကို ဆေးကုဖို့ခေါ်သွား။”
ဟုတ်ပါသည် ထို “သံမဏိလူသား”မှာ ဖှေးဖြစ်၏။
ဖှေးလက်ထဲရှိ ပုဆိန်မှာ သေမင်း၏ လှံကောက်ကဲ့သို့ပင် နန်းတော်နံရံပေါ်ရှိ ရန်သူတပ်သားများ အားလုံးအား သတ်ဖြတ်ပြီးဖြစ်သည်။မည်သည့်ရန်သူမျှ ဖှေးအား မယှဥ်နိုင်ကြ။ ပီးရာ့စ်အနီးရှိရန်သူများအား သတ်ဖြတ်ပြီးသော် တစ်ဖတ်လှည့်အော်လိုက်၏။စစ်သားတချို့ရောက်လာပြီး ဒဏ်ရာရနေသော ပီးရာ့စ်အား ဆေးကုသမှု ခံယူရန်ခေါ်ဆောင်သွားကြသည်။