← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

ပီးရာ့စ်သည် သူ၏ရဲဘော်များအတွက် လှေကားအား အသက်စွန့်ကာ ဖျတ်ဆီးပေးသည့် သူရဲကောင်းဆန်သည့်လုပ်ရပ်ကို ဖှေးမြင်ခဲ့ရ၏။ပီးရာ့စ်လုပ်ရပ်များကို အလွန်လေးစားမိ၏။ကံကောင်းထောက်မစွာပင် ပီးရာ့စ်သေခါနီးနောက်ဆုံး စက္ကန့်တွင် ကယ်တင်နိုင်ခဲ့သည်။

“ဝှီး...ဝှစ်...ဝှစ်”

လေးလံသော အသွားနှစ်ဖက်ပါ ပုဆိန်ကြီးအား ကိုင်ဆွဲ၍ သူရောက်သမျှ နေရာရှိရန်သူများအား သုတ်သင်လေသည်။

“တော်တယ် ဆာစစ်သည်။ ကျွန်တော်က ဘုရင့်အစောင့် အဖွဲ့က ဒုတိယခေါင်းဆောင်ပါ။အမောင်ကရော ဘယ်သူလဲ အမောင့်ကိုအရင်က တစ်ခါမှ မမြင်ဖူးပါဘူး။” ဆံပင်အနက်ရောင်နှင့် ခေါင်းဆောင် ဘရွတ် လှမ်းအော်ပြောလိုက်သည်။သူသည် ယခင်က ရန်သူနှင့်ပင် အသဲအသန်တိုက်ခိုက်နေစဲပင်။

စစ်မြေပြင်တွင် မျှော်လင့်မထားသည့် ကယ်တင်ရှင်ရောက်လာပြီးနောက် ချမ်းဘော့ဒ် စစ်သားများ၏ ​မျှော်လင့်ချက် အလင်းရောင်မှာ ပြန်လည်တောက်ပလာခဲ့သည်။

“ဟားဟား ခင်ဗျားမကြာခင်သိရပါလိမ့်မယ် ခေါင်းဆောင် ဘရွတ်”

ဖှေးသူ၏စစ်သားများကို သူဘယ်သူလဲဆိုတာကို မသိစေချင်သေးပေ။

သူသည် သတ်ဖြတ်ခြင်း နာကျဥ်စွာအော်ဟစ်သံများ သွေးထွက်သံယိုများကို ဒိုင်ယာဘလို ကမ္ဘာထဲတွင် ကျင့်သားရပြီးသားဖြစ်၏။ထိုကမ္ဘာနှစ်ခုမှာ ဖှေးအတွက်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်စရောက်သည့်အချိန်ကတည်းက ဖှေးအတွက် ကျင့်သားရရန်မလိုတော့ပေ တစ်ခါထဲ ဝင်ရောက်တိုက်ခိုက်၏။

ဒါတင်မက ရှေ့မှမြင်ကွင်းများသည် ဖှေးအား စိတ်လှုပ်ရှားစေသည်။

လူတိုင်းငယ်စဥ်အချိန်က မိမိတိုင်းပြည်အားကယ်တင်နိုင်သော လူစွမ်းကောင်းတစ်ယောက်ဖြစ်ရန် အိမ်မက်မက်ဖူးကြလိမ့်မည်ဖြစ်သည်။ယခုအချိန်တွင် ဖှေးသည် သူ၏ ငယ်ဘဝအိမ်မက်အား အကောင်အထည်ဖော်နေ၏။သူ၏ပုဆိန်နှင့် ရန်သူ့အသက်ပေါင်းများစွာ သတ်ခဲ့ပြီးဖြစ်သော်​လဲ စာနာစိတ်လုံးဝမဖြစ်ပေါ်ချေ။

ရန်သူများကို သတ်ခြင်းမှာ မိမိအသတ်ကို ကယ်တင်ခြင်းသာဖြစ်သည်။၄င်းကား စစ်ပွဲ၏ ရိုးရှင်းသော စည်းမျဉ်း တစ်ခုပင်။

ဖှေး ပီးရာ့စ်အား သယ်ဆောင်နေသော စစ်သားများအား ကာကွယ်ပြီးနောက် ရှေ့တန်းတက်ကာ ဆက်လက်တိုက်ခိုက်လေသည်။

သာမန်ရန်သူများမှာ ဖှေး ခွန်အားနှင့် ပုဆိန်စွမ်းတို့ကို မယှဥ်သာပေ။ဖှေးနောက်ဆုံး လှေကားထံချည်းကပ်လာသောအခါ ရန်သူများကြောက်လန့်စွာ အော်ဟစ်ငိုကြွေးကြသည်။ဖှေး သူ၏သွေးအထပ်ထပ်ပေကျံနေသော ပုဆိန်အား ကိုင်မြောက်ကာ ပိုင်းချလိုက်၏။

လှေကားအား ကာကွယ်နေကြသော ရန်သူများ ဖှေးပုဆိန်ချက်မိကာ နံရံပေါ်မှပင် လွင့်စင်ကာ မြေပေါ်သို့ပြုတ်ကျသေဆုံးကုန်ကြသည်။

ပုဆိန်ချက်မှာပြင်းထန်လှသဖြင့် ထိုနေရာ၌ပင် ရပ်တန့်မသွားချေ။ ရန်သူများနောက်မှ လှေကားထိပါရောက်ကာ လှေကားသည် ဇူလီကျုံးနားအထိပင် လွင့်စင်သွားလေသည်။

“ဘယ်လို​ခွန်အားတွေလဲ”

စစ်မြေပြင်ရှိလူများသည် ဖှေးကြောင့် ထပ်မံ အံ့အားသင့်ရ၏။

ချမ်းဘော့ဒ် စစ်သားများသည် အသစ်ရောက်လာသော အကူအညီကြောင့်များစွာ စိတ်အားတက်ကြွလာ၏။အနိုင်အရှိရန်မျှော်လင့်ချက်သည် များစွာပိုသေချာလာလေသည်။တစ်ဖက်တွင်မူ ရန်သူများမှာ ဖှေးအား သေလောက်အောင်ကြောက်ရွံ့လာပြီး စိတ်မှန်သူမည်သူမဆို ဖှေးအား မရင်ဆိုင်ရဲကြတော့ပေ။

ဖှေးကား ထိုနေရာ၌ပင် ရပ်တန့်၍မသွား။ သူ၏ နောက်လုပ်ရပ်သည် စစ်သားများ၏ သူရဲကောင်းစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်ပေးလေသည်။

“ချမ်းဘော့ဒ် စစ်သားတို့ ငါတို့တိုင်းပြည်အတွက် ငါတို့မိဘတွေအတွက် ငါတို့ ဇနီးနဲ့သားသမီးတွေအတွက် ပြန်လည်ရှုန်းထပြီး တိုက်ခိုက်ကြလော့....”

နောက်ဆုံးကျန်ရှိနေသော လှေကားအား အောင်မြင်စွာဖျတ်ဆီးပီးနောက် ကြီးမားလှသော ပုဆိန်ကြီးအား ကိုင်မြှောက်ပြီး ကြွေးကြော်လိုက်၏။

ရုတ်တရက်ပင် မြင်နိုင်စွမ်းမရှိသော်လည်း ပြင်းထန်သည့် စွမ်းအားတစ်မျိုးသည် ဖှေးကြွေးကြော်သံမှ ရန်သူအုပ်ထဲသို့ ဆူနာမီလှိုင်းကဲ့သို့ ပြန့်နံ့သွားလေသည်။

ထိတ်လန့်စရာတစ်စုံတစ်ခုအား မြင်လိုက်ရသကဲ့သို့ ဖှေးနှင့်၅မီတာ ပတ်ဝန်းကျင်ရှိရန်သူများသည်လက်နက်များ မြေပေါ်ပစ်ချကာ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားကြ၏။

တချို့ရန်သူများမှာ လွန်စွာထိတ်လန့်ပြီး ပေ၂၀၀မြင့်နံရံပေါ်မှပင် ခုန်ချသွားသည်။

ဂိမ်းကမ္ဘာထဲတွင် သင်ကြားခဲ့သော [ဟိန်းဟောက်ခြင်း]အားအသုံးပြုလိုက် ခြင်းပင်။

အကုန်လုံး ကြက်သေသေကုန်ကြသည်။

“ဒါဘယ်လို စွမ်းအားမျိုးလဲ။”

“နတ်ဘုရား အစွမ်းလား...”

ခံတပ် နံရံပေါ်တွင် တိတ်ဆိတ်ကုန်၏။

နောက်ဆုံးတွင်တော့-----

စစ်သားတစ်ဦးမှ ကောက်ကာကြွေးကြော်လိုက်သည်။ “ငါတို့တိုင်းပြည်နဲ့ မိသားစုအတွက် တိုက်ခိုက်ကြ။”

ထိုသူ၏ကြွေးကြော်သံသည် လောင်စာဆီထဲသို့ ကျသွားသည့် မီးစပမာ ချမ်းဘော့ဒ်စစ်သားတို့၏ သွေးများလောင်ကျွမ်းနေသကဲ့သို့ပင်....

“တိုက်ခိုက်ကြ..”

“ငါတို့ အမိမြေကို ကာကွယ်ကြ။”

ချမ်းဘော့ဒ်စစ်သားတိုင်းလိုလိုပင် ကြွေးကြော်နေကြ​သည်။

စိတ်ဓာတ်ပြင်းထန်မှုမှာ ကောင်းကင်ထိပါရောက်၏။

မြှားဒဏ်ရာရနေသော စစ်သားမှာ သူပခုံးမှမြှားအား အစိမ်းလိုက် ပြန်ဆွဲနှုတ်၏။ ခြေထောက်ပြတ်နေသောစစ်သားမှာ တွားသွားကာ ကန်သူ၏ ပေါင်အား ကုန်းကိုက်၏။ နှလုံးတည့်တည့် ဓားစိုက်ခံထားရသောစစ်သားပင် နောက်ဆုံးရသောအချိန်နှင့် မသေခင် ရန်သူ့ဦးခေါင်းအား ဓားဖြင့် စိုက်ပြီးမှသေ၏။

တိုက်ပွဲအခြေအနေမှာ ခုခံသူများဘက်မှ ပို၍အားသာလာလေသည်။

လှေကားများ မရှိတော့သောကြောင့် ရန်သူများအတွက် တပ်ကူရရန် မဖြစ်နိုင်တော့ပေ။ပြေးစရာလမ်းပင်မရှိတော့ပြီ ဖြစ်၏။သူတို့သည် ဘောင်းဘီထဲ​သေးပေါက်ချလုနီးနီးပင် ကြောက်လန့်နေကြပီဖြစ်၏။ ချမ်းဘော့ဒ် စစ်သားများထံမှ အော်ဟစ်ကာ ထွက်ပြေးကြ၏။ နံရံပေါ်မှ ခုန်ချရန်မှာ ယခုအခြေအနေတွင် ဆိုးဝါးသော အကြံမဟုတ်တော့ပေ။

နံရံပေါ်မှ ခုန်ချလျှင် အသက်ရှင်နိုင်ချေ အနည်းငယ်တော့ရှိမည်ဖြစ်၏။

နံရံပေါ်တွင် ဆက်လက်ရှိနေပါက ချမ်းဘော့ဒ် စစ်သားများ အရေခွံဆုတ်သည်ကို ခံရမည်ဖြစ်သည်။သေ သည်ထက်ပင် ပိုဆိုးသော အခြေအနေများ ကြုံရနိုင်၏။ ရန်သူစစ်သားတစ်ယောက်အား ဒဏ်ရာရနေသော ချမ်းဘော့ဒ် စစ်သားများ ဝိုင်းကာ ကိုက်သတ်လိုက်သည်လဲ ရှိသေး၏။

ဤသည်မှာ စစ်ပွဲ ဖြစ်၏။

အသစ်ရောက်လာသော ပုဂ္ဂိုလ်မှာ လူစွမ်းကောင်းဖြစ်၏။

ကြယ်အဆင့်၊ လအဆင့် စစ်သည်များနှင့် မှော်ဆရာများသည် ရန်သူပေါင်းထောင်ချီပင် သတ်နိုင်လျှင် သတ်နိုင်ပေလိမ့်မည်။ သို့သော် လူစွမ်းကောင်းဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။လူစွမ်းကောင်းသည် မိမိအပြုမူ မိမိဟန်ပန်အမူအရာတို့ကြောင့် အနီးရှိရဲဘော်ရဲဘက်များ စိတ်ထက်တက်ကြွကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်သူတို့အား ခေါ်ခြင်းဖြစ်၏။

ချမ်းဘော့ဒ် စစ်သားများရင်ထဲတွင် ဖှေးသည် လူစွမ်းကောင်းတစ်ဦးဖြစ်လာခဲ့၏။

ကြွေးကြော်ပြီးနောက်တွင် ဖှေး ဆက်လက်တိုက်ခိုက်သတ်ဖြတ်သည်။ ဖှေးရောက်ရှိသည့်နေရာတိုင်းတွင် ရန်သူ့အလောင်းများ ဓားကျိုးလှံကျိုးများ သွေးမျာတို့ဖြင့် ပြည့်နှက်နေသည်။

အလွန်လျင်မြန်လှသော အဟုန်နှင့် ဖှေးတိုက်ပွဲအလည်ဗဟိုသို့ ချည်းကပ်သွားလေ၏။

အပိုင်း(၁၁) ဆက်ရန်.........

All Chapters