အခန်း (၁၁)
Vol. 1 Ch. 11
ဘရွတ်မှာ ယခင်ရန်သူနှင့် ဘတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်နေတုန်းပင်။ထိုရန်သူမှာ ဖှေးသတ်လိုက်သော ကြယ်တစ်လုံးအဆင့်ရှိ ရန်သူနှင့် အလွန်တူ၏။ထိုနှစ်ယောက်အသုံးပြုသော လက်နက်နှင့် သိုင်းပညာမှာ အတူတူပင် ဖြစ်သည်။ဘရွတ်၏ အသွားနှစ်ဖက်ပါ ဓားနှင့် ယှဥ်လျှင် ထိုသူ၏ ဓားရှည်မှာ ပို၍ လျင်မြန်လေသည်။
“ဒီကောင့်ကို ငါဆက်ချလိုက်မယ် မင်းစစ်သားတွေကိုခေါ်ပြီး နံရံပေါ်မှာ ကျန်နေသေးတဲ့ ရန်သူတွေကို ဆက်ရှင်းလိုက်။” ဖှေး ဘရွတ်အား အော်ပြောလိုက်၏။
ဖှေး သူ၏ ပုဆိန်နှင့် ဘရွတ်တို့နှစ်ယောက်ကြား ဝင်လိုက်၏။ဖှေးဝင်လာမှုကြောင့် ရန်သူနောက်သို့ အနည်းငယ်ဆုတ်ကာ အခြေနေကိုသုံးသပ်နေသည်။
“သတိတော့ထား... စစ်သား ဒီခွေးမသားက တော်တော်ဉာဏ်များတယ်။”
ဘရွတ်သည် တော်ဝင်အစောင့်တပ်၏ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး နန်းတော်ထဲတွင် အာဏာရှိသော လူနည်းစုထဲဝင်ပါဝင်၏။သို့သော် ထို “သံမဏိလူသား”၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို မြင်တွေ့ပြီးသောကြောင့် သူ၏အမိန့်များကို လိုက်နာရန် မတွံ့ဆုတ်ပေ။
“ထူးတော့ထူးဆန်းတယ်.. ငါအဲ့ချပ်ဝတ်ကို တစ်နေရာရာမှာမြင်ဖူးပါတယ်။” ဘရွတ်တွေးလိုက်၏။
သို့သော် ဆက်လက်စဥ်းစားနေရန် အချိန်မရှိသဖြင့် ချက်ချင်းပင် ချမ်းဘော့ဒ် စစ်သားများဘက်သို့လှည့်ကာ အမိန့်များ စတင်ပေးတော့သည်။
တစ်ဖက်မှာလဲ ဖှေးသည် ရန်သူအားတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
“[အမှတ်စဥ် ၂၀]ကို သတ်လိုက်တာ မင်းလား”
ရန်သူသည် ခန္တာကိုယ်အတွင်းရှိ စွမ်းအင်များကို အာရုံစိုက်ကာ မြန်သထက်မြန်အောင် လည်ပတ်စေနေသည်။သင့်တော်သော အချိန်တွင် ထုတ်လွှတ်ရန်အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။
ဖှေး အမှတ်စဥ် ၂၀အား တစ်ချက်ထဲဖြင့် သတ်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် ရန်သူမှာ အတော်ပင် စိတ်လှုပ်ရှားနေသည်။သူသည် ဖှေး ပုဆိန်နှင့် တိုက်ခိုက်ရာတွင် အသက်ရှင်ခွင့်ရရန် အစွမ်းကုန်ထုတ် သုံးရမည်ဖြစ်သည်။
“ငါသူ့ကို ခွန်အားချင်းယှဥ်လို့တော့ မဖြစ်ဘူး။”
ရန်သူသည် ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာသည်။
ထို့နောက်တွင် သူ၏ ဓားရှည်နှင့် စတင်ပြီး တဟုန်ထိုးတိုက်ခိုက်တော့သည်။ တိုက်ခိုက်မှုများသည် ဘရွတ်နှင့် တိုက်ခိုက်နေတုန်းကထက် ပိုမိုပြင်းထန်ပြီး မြန်ဆန်လေသည်။သူ၏ခန္ဓာကိုယ်နှင့် လက်နက်မှာ ဖှေးထက် ပိုမိုပေါ့ပါးသည်။ထို့ကြောင့် ပေါ့ပါးသွက်လက်သော တိုက်ခိုက်မှုများဖြင့် ဖှေးအား မောပန်းအောင်ကြိုးစားနေခြင်းပင်။ဖှေး မောပန်းလာပါက တစ်ချက်ထဲဖြင့် အဆုံးသတ်လိုက်မည်ဖြစ်သည်။
သို့သော် မကြာခင်မှာပဲ ရန်သူ၏ အကြံအား ဖှေးရိပ်မိလာ၏။
“ဟားဟား....” ဖှေး၏ ရယ်သံများတွင် ရန်သူအား သနားစိတ်တို့ဖြင့်ပင် ပြည့်နက်နေသေးသည်။
ထိုရန်သူမှာ ဒိုင်ယာဘလိုကမ္ဘာမှ [ကျဆုံးပြီးသော နတ်ဆရာ]ကဲ့သို့ပင်ဖြစ်သည်။၄င်းမှာလျင်မြန်စွာ ရွှေ့လျားတိုက်ခိုက်တတ်ပြီး အခြေအနေမကောင်းပါက ထွက်ပြေးမည်ဖြစ်သည်။
ထိုကဲ့သို့ရန်သူများအား ဖြေရှင်းရန်နည်းလမ်းမှာ တစ်ချက်ထဲ အပီးသက်လိုက်ရန်ဖြစ်သည်။ထိုကြောင့် ထိုအကြံစည်နှင့် ဖှေးအား ယှဥ်နိုင်မည်မဟုတ်ပေ။အာလူးချောင်းကြော်ကဲ့သို့ပင် အလွယ်ကူ ချေလိုက်နိုင်၏။
လူရိုင်းဆိုသည်မှာ အနီးကပ်တိုက်ခိုက်မှုများတွင် နတ်ဘုရားကဲ့သို့ပင်ဖြစ်သည်။လူရိုင်းအား ထိုနည်းဗျူဟာနှင့်သာ သတ်နိုင်လျင် ဖှေး ဒိုင်ယာဘလို ကမ္ဘာတွင် အကြိမ်တစ်ထောင်မက သေပြီးဖြစ်နေလိမ့်မယ်။
“ဖုန်း”
ဖှေး၏ရိုက်ချက်တစ်ချက်မှာ ရန်သူ၏ ကိုယ်တွင်းအင်္ဂါများပါ စုတ်ပြတ်သွားစေသည်။သွေးများအန်နေရင်း နောက်သို့ဆုတ်ခွာရသည်။သူ၏ဓားရှည်မှာလဲ ကြိုးကြေကုန်ပြီဖြစ်ရာ ဓားရှင်အပိုင်းစတချို့မှာ ဖှေး ၏ရိုက်ခတ်မှုကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းပင် ထိုးဖောက်ဝင်ရောက်ကုန်သည်။
ရန်သူသည် များစွာတုန်လှုပ်သွား၏။သူသည် ဖှေးအားသတ်ရန် နည်းနည်းလေးမျှပင် မနီးစပ်ခဲ့ချေ။တစ်ချက်ထဲနှင့်ပင် ဖှေး၏ ပုဆိန်သိုင်းမှာ သူ၏ခွန်အားထက်ပင် ကြောက်စရာကောင်းမှန်းသိရှိသွားလေ၏။ရန်သူတွင် နိုင်ရန်အခွင့်လမ်း မရှိတော့ချေ။
“ရှီး”
ရန်သူသည် ချိတ်ကောက်တစ်ခုအား ပစ်လွှတ်လိုက်သည်။ထိုချိတ်တွင် ကြိုးပါချည်ထားသည်။ထိုချိတ်သည် နံရံ အစွန်းအားချိတ်မိပြီး ရန်သူသည် နံရံပေါ်မှ ခုန်ချကာ စပိုက်ဒါမန်းကဲ့သို့ အောက်သို့ ဆင်းပြေးရန်ကြိုးစား၏။
သို့သော်-----
“လာတုန်းက လာပြီး သွားတော့မလို့လား....”
ဖှေးသည် ရန်သူအားထွက်ပြေးခွင့် ပြုမည်မဟုတ်ပေ။မြေပြင်ပေါ်မှ ဓားတစ်ချောင်းအား ကန်လိုက်ပြီး အော်ပြောလိုက်သည်။
“ဝှစ်”
ဓားသည် ရန်သူထံသို့ လျှပ်စီးကဲ့သို့ တဟုန်ထိုးပြေးသွားလေသည်။ထို့နောက် ရန်သူအား လေပေါ်မှာတင် ထိုးဖောက်ကာ ချက်ချက်သေဆုံးသွား၏။
“ကျေးဇူးတင်ဖို့မလိုပါဘူး...” ဖှေး ရန်သူ၏အလောင်းအားကြည့်ရင်း အော်ပြောလိုက်၏။
ထို့နောက်တွင် ကျန်ရှိနေသော ရန်သူများကို ချေမှုန်းရန်ပြင်ဆင်နေတုန်းမှာ ပင်----
“မူး....မူး....”
ကျွဲချို မှုတ်သံများ ရန်သူ စခန်းမှ စတင်ထွက်ပေါ်လာကာ စစ်မြေပြင်တစ်ခုလုံး ပြန့်နှံ့သွားတော့သည်။ထို့နောက်တွင် ရန်သူများသည် ခံတပ်နံရံအနားမှ တဖြည်းဖြည်းခွာ၍ ဆုတ်ခွာနေကြတော့သည်။
“ရန်သူတွေ ဆုတ်ခွာသွားကြပြီဟေ့”
ချမ်းဘော့ဒ် စစ်သားများ အံ့သြပျော်ရွှင်နေကြတော့သည်။
နံရံပေါ် ကျန်ရှိနေသေးသည့် ရန်သူများမှာလည်း အောက်မှ ရဲဘော်များဆုတ်ခွာသွားသည်ကို တွေ့သော် လက်နက်ချကာ ဒူးထောက် အညံ့ခံကြလေသည်။ထို့နောက်တွင် ခံတပ်နံရံသည် ချမ်းဘော့ဒ် စစ်သားများထိန်းချုပ်မှုအောက်သို့ ထက်မံရောက်ရှိသွားပြီဖြစ်သည်။
သို့သော် နံရံအလယ်မှ မီတာ၂၀၀ခန့်အကွာအဝေးတွင် တိုက်ပွဲတစ်ခု မပြီးသေးချေ။နန်းတော် အစောင့်တပ်၏ ပထမခေါင်းဆောင် ကြယ်သုံးလုံးအဆင့်ရှိ စစ်သည် ဖရန့်ခ်လမ်းပါ့ဒ်သည် လမ်ဒီ အမည်ရှိ ရန်သူ ဓားသမားနှင့် အသေအကြေတိုက်ခိုက်နေဆဲပင်ဖြစ်သည်။သူတို့၏စွမ်းအင်များ ရိုက်ခက်နေကြသည်။ရိုက်ခက်ရာမှ ထွက်ပေါ်လာသော စွမ်းအင်များသည် သူတို့ဘေးပတ်ဝန်းကျင် အရာအားလုံးအား ဖျက်ဆီးပစ်၏။သူတို့အနား ၁၀မီတာဝန်းကျင်ခန့်ကို မည်သူမျှ မကပ်နိုင်ကြပေ။
ဖှေးသည် ခုခံနေစဲ ဖြစ်သည့် ရန်သူများအားတိုက်ခိုက်ပြီး လမ်ဒီအားအကဲခက်ကာ လမ်းပါ့ဒ်အား မည်သို့ကူညီရမည်ကို စဥ်းစားနေသည်။ယခင်က နိုင်ခဲ့သော တိုက်ပွဲများက ဖှေးအား ပြိုင်ဘက်ကင်းမဲ့သလို ခံစားရစေသည်။
သို့သော်----
ထိုတိုက်ပွဲမှာ ဖှေးမျှော်လင့်ထားသလိုမဟုတ်မှန်း ဖှေးသိလာလေသည်။ထိုတိုက်ခိုက်ရာနေရာနှင့်နီးလားလေ ဖှေးဖိအားတစ်မျိုးကို ခံစားရလေဖြစ်သည်။တိုက်ပွဲမှ လွှင့်စင်လာသော အနီရောင်နှင့် အပြာရောင် စွမ်းအင်များကြောင့် နံရံတစ်ခုလုံး စုတ်ပြတ်နေပြီဖြစ်သည်။ဖှေး၏မသိစိတ်ထဲတွင် အလွန် အန္တရာယ်ရှိကြောင်းခံစားနေရ၏။
ဒိုင်ယာဘလို ကမ္ဘာတွင် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ခဲ့သော အတွေ့ကြုံများအရ လမ်းပါ့ဒ် နှင့် ရန်သူဓားသမားကို မိမိမယှဥ်နိုင်ကြောင်း ဖှေးသိ၏။သူတို့နှစ်ယောက်လုံးဖှေးထက် ၂ဆခန့်ပို အစွမ်းထက်လေသည်။
ဖှေးစဥ်းစားနေစဥ်မှာ ပင် တိုက်ပွဲနေရာမှ အသံတစ်ခုကြားလိုက်ရသည်။
“ဟားဟား ဆရာက နောက်ဆုတ်ခိုင်းနေပြီ ငါမင်းတို့ကောင်တွေကို နောက်တစ်ညလောက် ဆက်ပြီး အသက်ရှင်ခွင့်ပေးလိုက်မယ်။ငါတို့ မင်းတို့နန်းတော်ကို သိမ်းပိုက်ပီးရင်တော့ တစ်ယောက်မှ အရှင်ထားမှာမဟုတ်ဘူး။”
လမ်ဒီ၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ စတင် ဖုံးလွှမ်းလာသည်။တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ပင်။ထို့နောက်တွင် လမ်းပါ့ဒ် အား ပြင်းထန်စွာ တစ်ချက်တိုက်ခိုက်ကာ နောက်ဆုတ်စေပြီး အနားရှိ ချမ်းဘော့ဒ် စစ်သားများအား နှစ်ပိုင်းပိုင်းလိုက်သည်။ထို့နောက်တွင် ခံတပ်နံရံပေါ်မှ ခုန်ချသွားလေသည်။
ဖှေး သည်းမခံနိင်တော့ချေ။
“မင်းငါ့စစ်သားတွေကို ဘာလို့ ဟန်ရေးပြဖို့သက်သက် သတ်ရတာလဲ”
ယခင်မှအတိုင်း မြေပြင်ပေါ်ရှိ လက်နက်တစ်ချောင်း အား ကန်ထုတ်လိုက်လေသည်။
“ဝှစ်”
လှံတံသည် လမ်ဒီထံ လျင်မြန်စွာပျံသွားသည်။
“ငါမင်းရဲ့ သေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”
ဓားသမားမှာ ကြယ်သုံးလုံးအဆင့်ရှိ စစ်သည် လမ်းပါ့ဒ်မဟုတ်ပဲ ဘယ်ကမှန်းမသိသော တေလေဂျပိုးမှ သူ့အားတိုက်ခိုက်သဖြင့် အလွန်ဒေါသဖြစ်သွားလေသည်။
သူ့ထံပျံသန်းလာသော လှံတံပေါ်အား ခြေနင်းကာ ခုန်ပြီး နံရံပေါ်သို့ပြန်တက်လာ၏။
“သေစမ်းကွာ ပေါက်ကွဲသောနေမင်းရိုက်ခက်မှု”
အနီရောင်တောက်ပပြီး ချော်ရည်ကဲ့သို့ပူလောင်နေသော စွမ်းအင်များကို ဖှေးထံပစ်လွှတ်လိုက်၏။
“သတိထား....”
လမ်းပါ့ဒ် ဖှေးအား သတိပေးလိုက်သည်။
လမ်းပါ့ဒ်သည် ထိုသံမဏိ လူသားအား ကယ်တင်ရန်စီစဥ်နေသော်လဲ တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သည့် ၁၀နှစ်ခန့်က ရရှိခဲ့သော အတွင်းဒဏ်ရာ ပြန်လည်ဆိုးဝါးလာကာ မလှုပ်နိုင်တော့ချေ။
“မင်းဘယ်လောက်စွမ်းလဲ ကြည့်ရသေးတာပေါ့။”
ရန်သူမှာ ဖှေးထက် နှစ်ဆခန့်ပိုမိုစွမ်းသော်လည်း ဖှေးမှာကြောက်ရွံ့တုန်လှုပ်ခြင်းမရှိချေ။လက်ထဲရှိ ပုဆိန်နှင့် သူ့စီပျံလာသော ပေါက်ကွဲသော နေမင်းအား ရိုက်ချလိုက်လေသည်။
“ဘုန်း”
ပုဆိန်နှင့် တိုက်ခိုက်မှုကြောင့် အနီရောင် စွမ်းအင်များနေရာအနှံ့လွှင့်စင်သွားကာ နံရံမှာ ပို၍ပင် စုတ်ပြတ်သွားလေသည်။
ဖှေးမှာ နောက်သို့ ခြေလှမ်းသုံးဆယ်စာခန့် လွှင့်စင်သွားလေသည်။
“ဖွီး..”
ပါးစပ်မှ သွေးများ အန်ထွက်ကာ သူ၏ ချပ်ဝပ်မှာ နီရဲသွားလေ၏။ဖှေး မူးမိုက်သလိုဖြစ်ပြီး ခန္ဓာကိုယ်မှ စတင်ယိုင်လာလေသည်။
အဆိုပါတိုက်ခိုက်မှုအရ မည်သူက ပို အစွမ်းထက်မှန်းထင်ရှားသွားလေသည်။
ချမ်းဘော့ဒ်၏ပြိုင်ဘက်ကင်း သံမဏိ စစ်သည်မှာ ရှုံးနိမ့်သွားပြီဖြစ်သည်။