အခန်း (၁၂)
Vol. 1 Ch. 12
သံမဏိဦးထုတ်နှင့် မျက်နှာဖုံးနောက်ကွယ်မှ သူ၏မျက်နှာကို မည်သူမှ မမြင်နိုင်သော်လည်း ထိုသူသည် စစ်သားတို့၏ ယုံကြည်မှုနှင့် လေးစားမှုတို့ကို ရပြီးဖြစ်သည်။ဖှေးတိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားသည်ကို တွေ့သော် ဘရွတ်နှင့် စစ်သားများသည် ဖှေးထံ အပြေးသွားကြ၏။ချမ်းဘော့ဒ်နန်းတော်အား ကယ်တင်ခဲ့သော ဖှေးအား အသက်စွန့်ကာကွယ်ရန် အဆင်သင့်ဖြစ်နေကြပြီ။
ဓားသမား လမ်ဒီသည်လဲ ကြယ်သုံးလုံးအဆင့်ရှိ စစ်သည်ဖြစ်၏။သို့သော် ဖှေး၏ နဂါးကဲ့သို့ ခွန်အားနှင့် ပြန်လည်တိုက်ခိုက်မှုကြောင့် ညာလက်တစ်ခုလုံး ထုံကျဥ်ကာ အသက်ရှူရပင်ခက်နေ၏။ပို၍ဆိုးသည်မှာ ဖှေးရိုက်ချက်ကြောင့် လေပေါ်လွှင့်သွားခြင်းပင်။
သို့သော်-----
“သေစမ်းကွာ”.
သူ၏ဘယ်လက်အား ဝှေ့ရမ်းလိုက်ကာ ချိတ်နှင့် ကြိုးတစ်ချောင်းထွက်လာသည်။ ယခင်ရန်သူအသုံးပြုသော အရာကဲ့သို့ပင်။ထိုချိတ်သည် နံရံကိုချိတ်သွားသော် အားဖြင့်ဆွဲကာ နံရံပေါ်သို့ တဟုန်ထိုး ပြန်တက်လာခဲ့သည်။
ကူညီရန်ကြိုးစားနေသော ဘရွတ်နှင့်စစ်သားများသည် ကြီးမားသော စွမ်းအားကြောင့် အနားပင်ကပ်မရချေ။
လမ်ဒီသည် သူ၏လက်နက်အား စွမ်းအင်များပြန်ဖြည့်လိုက်၏။အနီရောင်မီးတောက်များ လွှမ်းခြုံနေသော ဓားဖြင့် ဖှေးကိုထိုးလိုက်သည်။ကြယ်သုံးလုံးအဆင့် စစ်သည်ကိုမရှုပ်သင့်ကြောင်း ပညာပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ချမ်းဘော့ဒ် စစ်သားများ ဖှေးကို သေတော့မည်ဟုထင်ကာ ထိတ်လန့်ကုန်ကြသည်။
သို့သော်..........
“ဟားဟား မင်းရတာ ဒါအကုန်ပဲလားခွေးမသား”
ဖှေးခန္ဓာကိုယ်အား အနည်းငယ်တိမ်းစောင်းလိုက်ကာ ဓားသည် ဖှေးပခုံးအား ဖောက်ဝင်သွား၏။သို့သော် ဖှေးဒဏ်ရာရသော ခြေင်္သ့ကဲ့သို့ ဟိန်းဟောက်လိုက်လေသည်။
“အား....”
လူရိုင်း၏ ကျွမ်းကျင်မှု [ဟိန်းဟောက်ခြင်း]ပင်။
ဖှေးအော်ဟစ်ပြီးသည်နှင့် ထူးခြားသည့်စွမ်းအင်တစ်ခု ထက်မံပေါ်ထွက်လာလေသည်။
လမ်ဒီကြက်သေသေသွားလေသည်။ သူတကယ်ပင် ထိတ်လန့်ကြောက်ရွံ့သွားသည်။ သူဘယ်တုန်းကမှ ထိုကဲ့သို့ မထိတ်လန့်ဖူးပေ။သူ၏တစ်ကိုယ်လုံးရှိသွေးများကို အေးစက်သွားစေသည်။ သူ့ရန်သူ၏ မျက်နှဖုံးအောက်မှ မျက်လုံးများထဲတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ရသည်။
“သေစမ်းကွာ...”
ဖှေးသူ၏ ကျန်ရှိသမျှ ခွန်အားအားလုံးကို စုစည်းကာ လမ်ဒီရင်ဘက်အား ထိုးနှက်လိုက်သည်။
[ဟိန်းဟောက်ခြင်း]ကြောင့် လမ်ဒီအာရုံမှာ ထွေပြားနေလေရာ အန္တရာယ်ရောက်လာသည်ကို သိသော်လည်း မရှောင်နိုင်တော့ချေ။ပြင်းထန်စွာ ထိုးနှက်ခံရသောကြောင့် ပါးစပ်မှ သွေးများပင်အန်ထွက်ကာ နောက်သို့လွှင့်စင်ပြီး နံရံပေါ်မှ ပြုတ်ကျသွားတော့သည်။
လမ်ဒီသည် ကြယ်သုံးလုံးအဆင့် စစ်သည်ဖြစ်သည့်အလျောက် စွမ်းအားကြီးမားသော်လည်း ထိုကဲ့သို့ပြင်းထန်လှသော ရိုက်ချက်ကို ဘာမှမဖြစ်ပဲတော့မနေနိုင်ချေ။ပြင်းထန်စွာဒဏ်ရာရှိသွား၏။သူ့စိတ်ထဲတွင် အောက်ပြုတ်ကျနေသည်ကို မယုံကြည်နိုင်ခြင်းများဖြင့်ပြည့်နက်နေလေသည်။သို့သော် သတိထားပြီး ဘယ်လက်မှကြိုးနှင့် ချိတ်အားအသုံးပြုပြီး မြေပြင်ပေါ်သို့ လုံခြုံစွာဆင်းသက်နိုင်ခဲ့သည်။
သူသည် ဒဏ်ရာရနေပြီးဖြစ်သော်လဲ နံရံပေါ်မီ ပြုတ်ကျခြင်းကြောင့်မသေနိုင်ပေ။ထို့နောက်တွင် နံရံပေါ်သို့ ပြန်မော့ကြည့်ပြီး အနည်းငယ် တွံ့ဆုတ်ကာ ပြန်ဆုတ်ခွာသွားလေသည်။
ချမ်းဘော့ဒ် ခံတပ်နံရံပေါ်တွင် ဖြစ်သည်။
ပခုံးပေါ်တွင် ဓားတစ်လက်စိုက်ရိုက်တန်းလန်းနှင့် ရပ်နေသော ဖှေးအား စစ်သားများ လေးစားကြည်ငြိုစွာ ဝိုင်းကြည့်နေကြ၏။ကြယ်သုံးလုံး အဆင့်ရှိ စစ်သည် လမ်းပါ့ဒ် ပင် လေးစားတည်ကြည်သည့် အကြည့်များဖြင့် ကြည့်နေလေသည်။
လမ်ဒီနှင့် ဖှေးတို့ကြားတိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် ထိုသံမဏိ လူသားမှာ မည်ကဲ့သို့ စစ်သည်အမျိုးအစား ဖြစ်သည်ကို လမ်းပါ့ဒ် တစ်ယောက်သာ သိလေသည်။
ထိုအချိန်တွင် လူတိုင်း၏ ခေါင်းထဲရှိ မေးခွန်းမှာ----
“သူဘယ်သူလဲ....”
“ဘယ်သူပါလိမ့်.....”
ဖှေးသူ၏လက်အား မြှောက်ကာ ပခုံးမှဓားအား အံကြိတ်ကာ ဆွဲနုတ်လိုက်၏။ဓားဒဏ်ရာမှ သွေးများ ဒလဟော ပန်းထွက်လာလေသည်။
ဖှေးမှာ တုန်လှုပ် ငြီးငြူခြင်းမရှိပေ။နာကျဥ်မှုကြောင့်မူးဝေသလိုတော့ ဖြစ်သွား၏။သို့သော် မိမိကိုယ်ကို အမြန်ပြန်ထိန်းနိုင်သဖြင့် စစ်သားများမသိလိုက်ချေ။မူးဝေခြင်းနှင့် နာကျဥ်မှုများ သက်သာသွားသောအခါ ဖှေး သူ၏ မျက်နှာတစ်ခုလုံးဖုံးအုပ်ထားသော ခေါင်းဆောင်းကို မချွတ်လိုက်၏။
ထိုမြင်ကွင်းသည် စစ်သားများ၏ မျက်လုံးထဲတွင် အနှေးပြကွက်ကဲ့သို့ပင်။ သူတို့သိချင်နေသော အရာအား သိခွင့်ရပေတော့မည်။
ထိုခေါင်းဆောင်းအောက်မှ ခန့်ညားသော မျက်နှာအား မြင်တွေ့လိုက်ရသောအခါ....
“သူက......”
စစ်သားများ အသက်ရှူရန်ပင် မေ့လျှော့က ကြက်သေသေကုန်ကြသည်။
လမ်းပါ့ဒ် သည် ပုံမှန်ဆို အလွန်တည်ကြည်သော ပုဂ္ဂိုလ်ပင်။သို့သော် ယခုအခါတွင် သူပင် ပါးစပ်အဟောင်းသားနှင့် ဆွံ့အ သွား၏။ဒုတိယခေါင်းဆောင်ဘရွတ်နှင့် စစ်သားများသည် မျက်လုံးများကိုသာ အကြိမ်ကြိမ်ပွတ်နေကြသည်။သူတို့မြင်ရသည်ကို မယုံနိုင်ကြပေ။
သူက ဘုရင် အလတ်ဇန္ဓားပဲ။
မဖြစ်နိုင်ဘူး။
ဖှေးခေါင်းဆောင်းမချွတ်ခင်က ရဲဘော်များသည်သူဘယ်သူဖြစ်နိုင်သည်အား ခန့်မှန်းနေကြရာ။ ချမ်းဘော့ဒ်ရှိ ကလေး သူတောင်းစားများကိုပင် စာရင်းထဲထည့်တွေးကြသည်။ သို့သော် ဘုရင် အလတ်ဇန္ဓားဖြစ်သည်ကိုတော့ ဘယ်သူမှထင်မထားကြပေ။
ကျော်ကြားသော ကျပ်မပြည့်သည့်ဘုရင် အလတ်ဇန္ဓား။လွန်ခဲ့သည့် ၃နှစ်တိုင်တိုင်ချမ်းဘော့ဒ်၏ အရှက်ရဖွယ်ဖြစ်ခဲ့သည့်သူဖြစ်သည်။
နံရံပေါ်တွင် တိတ်ဆိတ်နေ၏။
ဖှေး ကြယ်နှစ်လုံးအဆင့်ရှိ စစ်သည်အားသတ်လိုက်သည့် အချိန်တုန်းကထက်ပင် ပို၍ အံ့သြဖွယ်ဖြစ်နေတော့သည်။
၅မိနစ်ခန့် တိတ်ဆိတ်ပြီး စစ်သားတစ်ယောက်က ထအော်လိုက်သည်။”အဲ့တာ ဘုရင်အလတ်ဇန္ဓား ပဲ။ ဘုရင် အလတ်ဇန္ဓား ပဲ။”
“ဘုရားရေ တကယ်ပဲ ဘုရင် အလတ်ဇန္ဓားဟ”
“ငါတို့ကို ဘုရင် အလတ်ဇန္ဓား ကယ်တင်ခဲ့တာပဲ။”
“ဘုရင်အလတ်ဇန္ဓား ကျန်းမာပါစေ။”