← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

စစ်သားများ ရူးမတပ်ပင်။ ထိုဖြစ်ရပ်မှာ အလွန်ပင် အံ့သြစရာကောင်းလှ၏။

ပူ​လောင်နေသော ဒယ်အိုးထဲသို့ ရေတစ်ခွက်လောင်းထည့်လိုက်သကဲ့သို့ပင်။စစ်သားတိုင်း၏ ရင်ထဲတွင် စိတ်ဓာတ်တက်ကြွနေ၏။မိမိတိုင်းပြည်၏ ဘုရင်နှင့်အတူ တိုက်ခိုက်ရခြင်းကို အလွန်ပင်ဂုဏ်ယူကြ၏။ ရင်ထဲမှ ခံစားချက်များနှင့် အတူ ကျယ်လောင်စွာ ​တစ်ပြိုင်ထဲ အော်ဟစ်လိုက်ကြ၏။

“ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ......”

အော်ဟစ်သံများမှာ ကျယ်လောင်လှသဖြင့် ဇူလီကျုံးတစ်ဖက်ကမ်းရှိ ရန်သူ့စခန်းသို့ပင်ရောက်သည်။

ဖှေးလဲ စစ်သားများနှင့်အတူ လိုက်လံအော်ဟစ်နေသည်။စစ်သားများကို သူ့အားအထင်ကြီးအောင်လုပ်နိုင်ခဲ့သည်မှာ အသေချာပင်။သူ၏အောင်ပွဲ အား ပိုခန်းနားအောင်လုပ်ရန် စစ်သားများကို တိတ်ဆိတ်ရန် လက်ဝှေ့ရမ်းပြီး အချက်ပြလိုက်၏။

စစ်သားများချက်ချင်းပင် တိတ်ဆိတ်သွား၏။

ဖှေး၏ အမိန့်ကို ဘုရားကဲ့သို့ပင် ကိုးကွယ်လိုက်နာကြသည်။ဖှေး ခံတပ်နံရံ၏ အလယ်အား လျှောက်သွားလိုက်သည်။ ထို့နောက်တွင် စစ်သားအားလုံးအားကြည့်ကာ ကြယ်သုံးလုံးအဆင့်ရှိ စစ်သည် လမ်ဒီ၏ ဓားအား ကိုင်မြှောက်ပြီး ကြွေးကြော်လိုက်သည်။

“ချမ်းဘော့ဒ် တိုင်းပြည် အဒွန့်ရှည်တည်တံ့ပါစေ....”

သွေးပေနေသောဓား၊ ပြိုင်ဘက်ကင်းသော သူရဲကောင်း၊ ရန်သူ့အလောင်းများ နောက်ခံနေဝင်ချိန်တို့မှာ စစ်သားများအားပို၍ စိတ်အားတပ်ကြွစေသည်။ သူတို့၏ လက်နက်များအား ကိုင်မြှောက်ကာ ဖှေးနှင့်အတူလိုက်ကြွေးကြော်ကြသည်။

“ချမ်းဘော့ဒ် တိုင်းပြည် အဒွန့်ရှည်တည်တံ့ပါစေ....”

စစ်သားများကြွေးကြော်နေစဥ် ဖှေးတစ်ဖက်သို့လှည့်ကာ ရန်သူ့စခန်းသို့ ဓားဖြင့် ညွှန်ပြကာ အော်ဟစ်လိုက်သည်။

“စစ်သားတို့ ငါနဲ့လိုက်အော်ကြ။ မင်းတို့ရဲ့ စောက်ပိန်းဆရာကို လီးပဲ။”

“ဟားဟား...”

စစ်သားများ အသေရယ်မောကြ၏။

သူတို့၏ဘုရင်သည် လေးစားစရာကောင်းသည်ပဲမဟုတ် သူတို့၏ခံစားချက်ကိုပါ နားလည်သည်ဆိုသည်ကို ချက်ချင်း သိရှိသွားသည်။ထို့ကြောင့် ပိုမို၏ပင် လေးစားကြ၏။ စစ်သားများနံရံအစွန်းကို ပြေးသွားကာ ရန်သူ့စခန်းဘက်အား သံပြိုင်အော်ကြသည်။

“မင်းတို့ရဲ့စောက်ပိန်းဆရာကို လီးပဲ။ဟားဟား..”

စစ်ပွဲ၏ ထိတ်လန့် မှုများနှင့် ဝမ်းနည်းကြေကွဲမှုများ မရှိတော့ပေ။

ထိုအချိန်တွင်.......

“အလတ်ဇန္ဓား နင်ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ...”

အံ့သြမှုနှင့် စိုးရိမ်မှုများရောထွေးနေသည့် အသံတစ်ခု ကြားလိုက်ရသည်။ဖှေးလှည့်ကြည့်လိုက်။

ရှည်လျားသော ခရမ်းရောင်ဝတ်စုံနှင့် အန်ဂျယ်လာအားတွေ့လိုက်ရသည်။သူမ၏ ဝတ်စုံ အစွန်းအား လက်ဖြင့်ကိုင်ထားရင်း ခံတပ်နံရံပေါ်သို့ တက်လာလေသည်။ဆံပင်ရွှေရောင်နှင့် အန်မာမှာ အော်ဟစ်ရင်း သူမနောက်မှပြေးလိုက်လာ၏။ အနည်းငယ်စိတ်ဆိုးနေပုံရသည်။

ဖှေးသွေးများ ​ပေကျံနေသော ဓားအား လွှင့်ပစ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ နှုတ်ခမ်းမှသွေးများ​ကို သုက်ပြစ်လိုက်သည်။သူ၏ပုံစံမှာ လှပသော နတ်သမီးလေးအား မကြောက်လန့်စေတော့သည် သေချာမှတစ်ဖက်သို့ ပြန်လှည့်ကာ အန်ဂျယ်လာထံ လမ်းလျှောက်သွား၏။

အန်ဂျယ်လာ လှေကားပေါ်မှ ပြုတ်ကျတော့မည်ကိုတွေ့သဖြည့် အမြန်ပြေးသွားလေသည်။သူမအား အချိန်မီ ဖမ်းလိုက်နိုင်၏။နူးညံ့သောအထိတွေ့က သူ၏ ဇနီးလောင်းဟား ဖက်ညှစ်ပြစ်လိုက်ချင်သည်။

“ဒီနေရာက အန္တရာယ်များတယ် နင်ပြန်သွားမှဖြစ်မယ်။”

အန်ဂျယ်လာ စစ်မြေပြင်တွင် ဖြစ်ခဲ့သည်များကို မမြင်လိုက်ရချေ။သူမ၏ မျက်နှာတွင် ချွေးများစို့နေကာ လှေကားပေါ်ပြေးတက်လာရခြင်းကြောင့် ပါးနှစ်ဖက်မှာ နီရဲနေလေသည်။မျက်လုံးတွင် မျက်ရည်များဝဲလာပြီး ဖှေးအားပြောပြလေသည်။

လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ခန့်က အန်မာ၏မျက်နှာအား ကုသပြီး(ဟိုဖတ်တီး ရိုက်လိုက်တဲ့ဟာ) နန်းတော်အိပ်ဆောင်ထဲသို့ပြန်လာခဲ့ကြသည်။သူတို့ရောက်ချိန်တွင် အလတ်ဇန္ဓား အားမတွေ့ရသောပဲ နှစ်ခြမ်းပြတ်နေသော ချပ်ဝတ်တစ်ခုကိုတွေ့သဖြင့် ထိတ်လန့်ကာ စိုးရိမ်သွားကြသည်။

အန်ဂျယ်လာ အလတ်ဇန္ဓားအား တစ်ယောက်ထဲ ထားခဲ့မိသည့်အတွက် သူမကိုယ်သူမ အပြစ်တင်မဆုံးဖြစ်နေ၏။နန်းတော်တစ်ခုလုံးနှင့် အလတ်ဇန္ဓား သွားတတ်သောနေရာများအားလုံးလိုက်ရှာသော်လဲ မတွေ့ရပေ။သူမမျှော်လင့်ချက်မဲ့ပြီး ငိုတော့မည့် ဆဲဆဲတွင် ခံတပ်နံရံပေါ်ရှိစစ်သားများ၏ “ဘုရင်အလတ်ဇန္ဓား ကျန်းမာပါစေ”ဟူသော အော်ဟစ်သံများအားကြားလိုက်ရသော်အခါ သူမလုံခြုံရေးအား မစိုးရိမ်ပဲ စစ်မြေပြင်နံရံပေါ်သို့ တဟုန်ထိုးပြေးလာခဲ့ခြင်းဖြစ်သည်။

ကံကောင်းစွာပင် အန်ဂျယ်လာရောက်လာသောအချိန်တွင် စစ်ပွဲခနတာ အဆုံးသတ်သွားပြီဖြစ်သည်။ထို့နောက်တွင် အလတ်ဇန္ဓား အား ချပ်ဝတ်အပြည်စုံနှင့်တွေ့လိုက်ရခြင်းဖြစ်သည်။

“နင်ဒဏ်ရာရထားတာလား...”အန်ဂျယ်လာဖှေး၏ ချပ်ဝတ်ပေါ်မှသွေးများကို မြင်တွေ့လိုက်ရသည်။

ဖှေးဂုဏ်ယူစွာ ရယ်မောလိုက်ပြီး ရန်သူ့အလောင်းများကို ညွှန်ပြကာ “သူတို့သွေးတွေပါ။သွားမကြည့်နဲ့ သူတို့တွေက ရွံစရာကောင်းတယ်။အန်ဂျယ်လာ၏မျက်လုံးအား လက်ဖြင့် အသာအယာကွယ်လိုက်သည်။သူ၏ဇနီးလောင်းအား သွေးထွက်သံယိုများ မမြင်စေလိုပေ။

ထိုကဲ့သို့ရိုးရှင်းသော အပြုမူသည် အန်ဂျယ်လားအား ရန်ခုန်စေသည်။

ထိုအချိန်တွင်....

“အလတ်ဇန္ဓား နင်အခုဆို ၁၈နှစ်တောင်ပြည့်တော့မယ် အန်ဂျယ်လာကိုဒုက္ခပေးနေတာတွေ ရပ်ပါတော့။ဒီနေရာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာနင်မသိဘူးလား။ နင်ကြောင့် အန်ဂျယ်လာ ငိုတောင်ငိုတော့မလို့။”

အန်ဂျယ်လာအနားသို့ အမ်မာရောက်လာလေသည်။ဖြစ်ပျက်ခဲ့သည်များကို အမ်မာမတွေ့လိုက်ရသော်လည်း ရောက်ရောက်ခြင်း အသက်ဝအောင်ရှူပြီး ဖှေးအား စတင်ဆူတော့သည်။

အလတ်ဇန္ဓား ကျပ်မပြည့်သေးစဥ်အခါက အန်ဂျယ်လာနှင့် အမ်မာသည် သူ့အားမောင်လေးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။ထို့ကြောင့်ပင် အမ်မာဒေါသဖြစ်သောအခါ ဘုရင်ဆိုသည်ကိုမေ့လျော့ပြီး ဆူပူနေခြင်းဖြစ်၏။

သို့သော် ဖှေးသည် ဒေါသဖြစ်ခြင်းမရှိ။သူ့အတွက်စိတ်ပူခြင်းကြောင့်ဖြစ်မှန်းဖှေးသိသည်။ထို့ကြောင့် အမ်မာအား အနည်းငယ် စနောက်ရန်ဆုံးဖြတ်လိုက်သည်။

သူသည် ကျပ်မပြည့်ချင်ယောင်ဆောင်ကာ ပိန်းတိန်းတိန်း အမူအယာနှင့် “ငါက ဒုက္ခပေးနေတာမဟုတ်ပါဘူး..... ရန်သူတွေကို နှိမ်နင်းဖို့ဒီကိုလာခဲ့တာ... ဟိုမှာ ရန်သူအလောင်းတွေမတွေ့ဘူးလား ငါက သန်မာတယ်လေ....”

အမ်မာ ပို၍ပင်ဒေါသဖြစ်သွား၏။

“နင်လာနောက်နေတာလား။ ဟိုတစ်ခါက မြှားထိပြီး သတိလစ်သွားတုန်းကတောင် တော်တော်ရှက်ဖို့ကောင်းနေပြီ။နင်ငါတို့ကို ပိုပြီးဒုက္ခပေးဦးမလို့လား။ ခံတပ်ကလူတွေကို အနှောင့်အယှက်မပေးစမ်းပါနဲ့။လာလာပြန်သွားကြစို့ မပြန်ဘူးဆို နင့်ကို အန်ဂျယ်လာရိုက်လိမ့်မယ်။”

“ရိုက်မှာလား”

ဖှေးမျက်နှာအမူရာပြောင်းသွား၏။ အရင်အလတ်ဇန္ဒါးတုန်းက ဒုက္ခပေးရင် အန်ဂျယ်လာက ရိုက်ပြီးဆုံးမလေ့ရှိတာလား။ဖှေးအတွေးများ တလွဲတွေရောက်ကုန်၏။

“အိုကေ သွားစို့ အလတ်ဇန္ဓား။ဒီနေရာက အန္တရာယ်များတယ်။” ​အန်ဂျယ်လာ ဖှေးလက်ကိုဆွဲပြီး နန်းတော်ဆီသို့ ဦးတည်သွား၏။ထို့နောက်တွင် သူမတွေးလိုက်သည်။”ဒီသွေးစွန်းနေတဲ့နေရာကနေအမြန်ထွက်မှဖြစ်မယ်။ ငါတို့ရဲ့ သနားစရာကောင်းတဲ့ အလတ်ဇန္ဓား စိတ်ထိခိုက်သွားမှာစိုးရတယ်။”

“သွားလို့မရသေးဘူး အန်ဂျယ်လာ” ဖှေး ငြင်းဆန်လိုက်၏။

ထို့နောက်တွင် ခုနက ပြေးလွှားခဲ့မှုများကြောင့် ပုံမကျဖြစ်နေသော အန်ဂျယ်လာ၏ ဆံပင်အား သပ်ကာ “အန်ဂျယ်လာ နင်မှတ်မိသေးလား။ အရင်ကနင်ပြောဖူးတယ်လေ ငါရဲရင့်တဲ့ဘုရင်တစ်ပါးဖြစ်ရမယ်ဆိုပြီး။ငါအခု စစ်သားတွေနဲ့ ရန်သူတွေကို ဆက်တိုက်ထုတ်ဖို့နေခဲ့မယ်။”

“တော်လောက်ပြီ အလတ်ဇန္ဓား နင်ဆက်ပြီး ဒုက္ခပေးနေသေးတာပဲ။” အမ်မာဒေါသဖြစ်စွာအော်ဟစ်လိုက်သည်။ သူမသည် ဖှေး၏စကားများကို မယုံကြည်ချေ။

“အန်ဂျယ်လာ၊ အမ်မာ အလတ်ဇန္ဓား ကိုနေခဲ့ခိုင်းလိုက်ပါ။”

ကြယ်သုံးလုံးအဆင့် စစ်သည် လမ်းပါ့ဒ် သူတို့ထံလျှောက်လာ၏။ ထို့နောက်တွင် အမ်မာကြောပြင်အား အသာအယာပုတ်ပြီးပြောလိုက်သည်။အမ်မာဖှေးအား ဇဝေဇဝါနှင့် စိုက်ကြည့်ပြီး စိတ်ပြန်လျော့လိုက်၏။

“ဟမ် ဘာလို့လဲ မစ်စတာလမ်းပါ့ဒ်....”

သူမတို့နှစ်ယောက်လုံး လမ်းပါ့ဒ်က ထိုကဲ့သို့ပြောလိမ့်မည်ဟု ထင်မထားပေ။

သူမတို့နှစ်ယောက်ကလွဲပြီး အလတ်ဇန္ဓားအား တကယ်ဂရုစိုက်သော နောက်ထက် ပုဂ္ဂိုလ်တစ်ဦးမှာ လမ်းပါ့ဒ်ဖြစ်သည်။သူသည် အလတ်ဇန္ဓား အားငယ်စဥ်ကပင် ဂရုစိုက်စောင့်ရှောက်ခဲ့သူဖြစ်၏။ထို့ကြောင့်လမ်းပါ့ဒ်က ​အလတ်ဇန္ဓားအား အန္တရာယ်ရှိသော ခံတပ်နံရံပေါ်တွင် နေခဲ့စေဖို့ပြောခြင်းကို သူမတို့နှစ်ယောက်လုံးမယုံနိုင်ကြပေ။

“အန်ဂျယ်လာ၊ အမ်မာ အလတ်ဇန္ဓား ပြောတာတွေအကုန်အမှန်တွေချည်းပဲ တကယ်လို့သူသာရောက်မလာခဲ့ရင် အခုချိန်နန်းတော်က ရန်သူ့လက်ထဲရောက်နေလောက်ပြီ။အန်ဂျယ်လာ တစ်နေ့ကျအလတ်ဇန္ဓားက ဘုရင်ကောင်းတစ်ပါးဖြစ်လာမယ်လို့နင်ပြောခဲ့တာမှန်တယ်။ဟုတ်ပြီလား ငါနဲနဲပင်ပန်းနေလို့ခနနားဦးမယ်။”

ဟုပြောပြီး တစ်ဖက်သို့လှည့်ထွက်သွား၏။

သို့သော် သူ၏ပါးစပ်မှ သွေးအနည်းငယ်စီးကျနေသည်ကိုတော့ မည်သူမှ သတိမထားမိလိုက်ကြပေ။

All Chapters