အခန်း (၁၄)
Vol. 1 Ch. 14
ယခုမှပင် အခြေအနေများ တစ်မျိုးပြောင်းထူဆန်းနေသည်ကို အန်ဂျယ်လာနှင့် အမ်မာ သတိထားမိသည်။
စစ်သားများသည် အလတ်ဇန္ဓားအား လွန်စွာလေးစားသည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြ၏။ယခင်က ချမ်းဘော့ဒ် တိုင်းပြည်ရှိလူအားလုံး၏ ရယ်စရာဟာသတစ်ခုဖြစ်ခဲ့သော ဘုရင် အလတ်ဇန္ဓား သည်ယခုအခါတွင် စစ်သားများ၏သက်စွန့်ကာကွယ်လိုသည်အထိ လေးစားရသော သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့လေပြီ။ထိုကဲ့သို့လေးစားမှုကို ယခင်က လမ်းပါ့ဒ် တစ်ယောက်သာ ရရှိဖူး၏။
“ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ။”
“ဘုရင် အလတ်ဇန္ဓား အသက်ရှည်ပါစေ...”
ဖှေး အန်ဂျယ်လာရှေ့တွင် မြှောက်ကြွနေသလိုခံစားရ၏။စစ်သားများအား ယောက်ျားလေးများသာ နားလည်နိုင်သော အထာဖြင့် မျက်စပစ်ပြလိုက်သည်။စစ်သားများသည်လည်း နားလည်သဘောပေါက်ပြီး အလိုက်သိကြသည်။ သူတို့၏ လက်နက်များကို မြှောက်ကာ ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြသည်။
“ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ။”
ယခင်ကစစ်သားများသည် အလတ်ဇန္ဓား အား သူ၏ ဇနီးလောင်း အန်ဂျယ်လာနှင့် မထိုက်တန်ဟု သက်မှတ်ခဲ့ကြသည်။ကျပ်မပြည့်သော ဘုရင်နှင့် စေ့စပ်ထားရသည့်အတွက် အန်ဂျယ်လာကိုပင် သနားမိခဲ့ကြ၏။သို့သော်ယခုအခါတွင် အလတ်ဇန္ဓား မှလွဲပြီး အန်ဂျယ်လားအား ထိုက်တန်သည့်သူမရှိတော့ပေ။
အန်ဂျယ်လာနှင့် အမ်မာသည် အလတ်ဇန္ဓား နှင့် ပတ်သက်၍ ထိုကဲ့သို့အခြေအနေမျိုးမကြုံဖူးကြခြေ။ ဘာတွေဖြစ်ကုန်မှန်း နားမလည်နိုင်ကြတော့။
ထိုအချိန်တွင်.....
“အရှင်မင်းကြီး ပီးရာ့စ် အခြေနေသိပ်မကောင်းတော့ဘူး....”
ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဘရွတ် ပြေးလာသည်။
အလတ်ဇန္ဓားသည် ဆရာဝန်တစ်ယောက်မဟုတ်မှန်းသိသော်လဲ ယနေ့တွင် ပြခဲ့သော စွမ်းဆောင်ရည်များကြောင့် မျှော်လင့်ချက်အနည်းငယ်တော့ရှိသည်ဟု ဘရွတ်ထင်၏။ဖှေးထံတွင် မထုတ်ပြရသေးသော ပညာရပ်များရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ “ကျေးဇူးပြုပြီး မျှော်လင့်မထားတာတစ်ခုထက်လုပ်ပြပါ ဘုရင်အလတ်ဇန္ဓား” ဘရွတ်ဆုတောင်းမိ၏။
“ပီးရာ့စ်လား...”
လှေကားနှစ်ခုအား ဖျက်ဆီးရန် အသက်စွန့်ကြိုးစားခဲ့သည့် ဆံပင်အဖြူရောင်နှင့် လူတစ်ယောက်ပုံဖှေးစိတ်ထဲတွင်ပေါ်လာသည်။ထိုသူသည် သူရဲကောင်းစစ်စစ်တစ်ယောက်ဖြစ်၏။ သူ၏ခွန်အားကြောင့်မဟုတ်ပေ သူယုံကြည်ရာအတွက် အသက်စွန့်ရဲသော သတ္တိကြောင့်ပင်။
“အေးအေး ဘရွတ် အန်ဂျယ်လာနဲ့ အမ်မာကို ငါ့အစားစောင့်ရှောက်ထားလိုက်။ငါပီးရာ့စ် အခြေအနေသွားကြည့်လိုက်ဦးမယ်။”
ဖှေး အန်ဂျယ်လာ၏ လက်အား ယုယစွာကိုင်ပြီး ဂရုစိုက်ရန်မှာကြားသည်။ထို့နောက်တွင် အမ်မာအား တစ်ချက်ကြည့်ပြီး သူ၏ စစ်သားများအပေါ် အာဏာသက်ရောက်ပုံကို ကြွားဝါသည့်အနေဖြင့် မျက်ခုံးပင့်ပြ၏။ထို့နောက်တွင် စစ်သားတစ်ယောက်သည် သူ့အား ပီးရာ့စ်ဆေးကုနေရာသို့ခေါ်သွားလေတော့သည်။
“အား”
ဖှေးစနောက်သည်ကို အမ်မာမခံနိုင်ဖြစ်သွား၏။ဖှေး၏ကြောပြင်အား မျက်စောင်းထိုးကာ အတန်ကြာကြည့်ပြီးနောက် ဘရွတ်ထံသို့လှည့်ကာ ချစ်စရာကောင်းစွာပြောလိုက်၏။ “ဘာတွေဖြစ်ကုန်တာလဲ ဦးလေးဘရွတ် အလတ်ဇန္ဓား ပုံကြည့်ရတာ.......”
ထိုမေးခွန်းသည် ဖှေး၏ ယုယမှုကြောင့် ရှက်သွေးဖြာနေသော အန်ဂျယ်လာလဲ သိချင်နေသည့် မေးခွန်းပင်။
ဘရွတ်ပြုံးပြီး စစ်မြေပြင်တွင် ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကိုပြောပြလိုက်၏။
ဘုရင့်အစောင့်တပ်၏ ဒုတိယခေါင်းဆောင်တစ်ယောက်အနေဖြင့် ဘရွတ်သည် ထိုမိန်းကလေးနှစ်ယောက်အား သမီးကဲ့သို့သဘောထားစောင့်ရှောက်ခဲ့၏။ချမ်းဘော့ဒ်တိုင်းပြည်၏ လူအားလုံးလိုလိုပင် ထိုကြင်နာပြီး ရင့်ကျက်သော မိန်းပလေးနှစ်ယောက်အား သဘောကျကြ၏။သူတို့သည့် ကျပ်မပြည့်သော ဘုရင်အား လက်ထပ်ရမည့် အန်ဂျယ်လာအစားမကျေမနပ်ဖြစ်ကြ၏။
သို့သော် ယခုအခါတွင် အလတ်ဇန္ဓား မှလွဲပြီး အန်ဂျယ်လာနှင့် ထိုက်တန်သူမရှိဟု အလတ်ဇန္ဓား အစွမ်းများကို မြင်ဖူးကြုံဖူးသူ အားလုံး လက်ခံထားကြ၏။
ဇာတ်လမ်းတစ်ခုလုံးအား နားထောင်ပြီးသော် အန်ဂျယ်လာနှင့် အမ်မာနှစ်ယောက်လုံး အံ့သြသွားကြသည်။
“ငါတို့ကဲ့ ကျပ်မပြည့်တဲ့ဘုရင်က သူရဲကောင်းလား..” အမ်မာတစ်ယောက် မယုံနိုင်ဖြစ်နေ၏။
..............
..............
ချမ်းဘော့ဒ် လူနာဆောင်တွင်ဖြစ်သည်။
ဖှေး လမ်းလျှောက်ဝင်သွားပြီး ညစ်ပေရှုပ်ပွနေသော လူနာဆောင်ကြောင့် အံ့အားသင့်ခဲ့ရသည်။
အေးစက်စိုစွတ်နေပြီး မှိုအနံ့များပြည့်နှက်နေ၏။စွန့်ပစ်ထားသော အိမ်အဟောင်းတစ်လုံးကဲ့သို့ပင်။လေနှင့် မိုးအားကာကွယ်ရန်တံခါးတစ်ချပ်ပင်မရှိချေ။ ဖုန်နှင့်ရွံ့များမှာ နေရာတိုင်းတွင်။ အောက်တွင် အခင်းတချို့ရှိရာ ထိုပေါ်တွင် ဒဏ်ရာရနေသော စစ်သားများရာနှင့်ချီ လဲလျောင်းငြီးငြူနေကြ၏။
အမဲရောင် ဝတ်ရုံများဖြင့် ဆရာဝန် ၅ယောက်ခန့်သာရှိရာ လူနာနှင့်မမျှပေ။
“အရှင်မင်းကြီး ရောက်လာပြီ။”
ဖှေးအားခေါ်ဆောင်လာသော စစ်သားအော်လိုက်သည်။
ကိုမာဝင်နေသောစစ်သားများနှင့် သတိမေ့နေသောစစ်သားများမှလွဲ၍ စစ်သားများအားလုံး၏ အာရုံစိုက်မှုရလိုက်၏။
ဖှေး၏ စစ်မြေပြင်မှရဲရင့်မှုများအကြောင်းကို ထိုကုသဆောင်ရှိ လူအားလုံးသိပြီးဖြစ်၏။မမြင်လိုက်ရသော စစ်သားများမှာ မကျေနပ်ကြချေ။
ဖှေးရောက်လာသည်ကိုတွေ့သော် စစ်သားများအားလုံးစိတ်ဓာတ်တက်ကြွကုန်ကြသည်။တချို့စစ်သားများမှာ ဒဏ်ရာများကိုမေ့လျော့ပြီး မက်တပ်ထအရိုသေပေးရန်ကြိုးစားကြရာ ဒဏ်ရာ များ ပိုဆိုးလာကြသည်။
ဖှေးသူ့အားလိုက်ပို့သော စစ်သားကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ဒဏ်ရာရစစ်သားများကို လိုက်လံအားပေးသည်။
ဒဏ်ရာစစ်သားများကိုမြင်သော် ဖှေးလွန်စွာ စိတ်မကောင်းဖြစ်မိ၏။ ပြောစရာစကားပင်ရှာမရချေ။ဖှေးသူတို့နှင့် အစကတည်းက အတူတိုက်ခိုက်ရလျင်ကောင်းမည်ဟုတွေးမိ၏။
သူသည် ယခင်က သေရမှာအလွန်ကြောက်သော ငကြောက်တစ်ယောက်သာဖြစ်သည်။သို့သော်ယခုအချိန်တွင် သူရန်သူများကို သုတ်သင်တိုက်ခိုက်လိုသည်။
“ငါ့ရဲ့စစ်သားတို့ မင်းတို့ဟာ ဒီနေ့ ချမ်းဘော့ဒ်ကို တိုက်ခိုက်ကာကွယ်ပြီးဖြစ်တယ်။ မင်းတို့ဟာ ငါ့လေးစားမှုနဲ့ထိုက်တန်ပါတယ်။”
ဖှေးစစ်သား အားလုံးအား အလေးပြုပြီးပြောလိုက်၏။
ဤကမ္ဘာသည် ရှေးခေတ် အနောက်တိုင်းခေတ်နဲ့အလွန်ဆင်၏။ ဘုရင်သည် လက်အောက်ငယ်သားများအား ဦးနှိမ့်လေ့မရှိပေ။
သို့သော် လူ့ခံစားချက်မှာ အင်မတန်ရိုးရှင်း၏။
စစ်သားများ ဖှေးအပြုအမူကြောင့် ဒဏ်ရာရရှိသည်များကို ငြီးငြူခြင်းမရှိတော့။ နိုင်ငံကိုကာကွယ်ခဲ့သည့်အတွက် ပေးစပ်လိုက်ရသော ခြေများ လက်များ တန်သည်ဟုပင်ခံစားမိကြ၏။
ဖှေးစစ်သား များအား လိုက်လံအားပေးစကားပြောပြီးနောက် ပီးရာ့စ် ထံသွား၏။ပီးရာ့စ်သည် ကိုမာဝင်ကာ သတိလစ်နေ၏။သူ့ပခုံးအား စိုက်သွားသော ရန်သူ့ဓားရှည်၏ စွမ်းအင်တချို့မှာ ခန္ဓာကိုယ်ထဲသို့ ပြန့်နှံ့သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည်။ဒဏ်ရာမှ သွေးများအဆက်မပြတ်စီးဆင်းနေရာ ဆရာဝန် မှာ သွေးတိတ်ရန် အသဲအသန်ကြိုးစားနေရ၏။
ဆရာဝန်များ၏ ကုသနည်းမှာ ရှေးဦးသူနာပြု နည်းအဆင့်သာရှိ၏။မှော်ဆန်ဆန်ကုထုံးများမရှိပေ။ ကုသခြင်းမှာ လူနာနှင့်သာဆိုင်ပြီး အကယ်၍လူနာမှ ကိုယ်ခံအားကောင်းပါက ပြန်လှည်သက်သာလာမည်ဖြစ်ပြီး မဟုတ်ကသေမည်သာဖြစ်သည်။