← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

ဒဏ်ရာအခြေအနေပြင်းထန်ပြီး အသက်ရှင်ရန်မျှော်လင့်ချက်မရှိသော စစ်သားများအတွက်ဆိုလျှင် “ညင်သာစွာအဆုံးသက်ခြင်း”ဆိုသည့် နည်းလမ်းအား အသုံးပြုလေ့ရှိသည်။သေးငယ်ချွန်မြသော သံချောင်းလေးအား ကို ဦးခေါင်းရှိ နေရာတစ်နေရာသို့ ရိုက်သွင်းခြင်းပင်။ ထိုအခါလူနာသည် ဝေဒနာ ခံစားရခြင်းမရှိပဲ လျှင်မြန်စွာသေဆုံးသွားမည်ဖြစ်သည်။

ပီးရာ့စ်၏ အ​ခြေအနေမှာ ညင်သာစွာ အဆုံးသက်ပေးရမည့်အခြေအနေပင်။သို့သော် ပီးရာ့စ်၏ သူရဲကောင်းဆန်သောလုပ်ရပ်များနှင့် ခေါင်းဆောင် ဘရွတ်၏ တားမြစ်မှုကြောင့် ပီးရာ့စ် အားအဆုံးမသက်ကြသေးပေ။

“သူ့အခြေအနေ ဘယ်လိုရှိလဲ။” ဖှေးဆရာဝန်အား မေးလိုက်သည်။ သတင်းကောင်းကြားရရန်မျှော်​လင့်နေ၏။

“ကျွန်တော်လဲ စိတ်မကောင်းပါဘူး အရှင်မင်းကြီး သူ့ဒဏ်ရာတွေက ကိုယ်တွင်းအင်္ဂါတွေထိပါပျက်စီးကုန်ပြီ။ ကျွန်တော်တို့လဲ အကောင်းဆုံးကုပေးခဲ့ပါတယ် ဒါပေမယ့် ဒီလိုဒဏ်ရာမျိုးကိုတော့ မဟာဘုရားကျောင်းက အဆင့်မြင့် သူတော်စဥ်တွေတောင်ကုသနိုင်မှာမဟုတ်ဘူး။”

“သူတော်စဥ်?”

ထိုစကားလုံးကို ဖှေး သတိထားမိသွားသည်။သို့သော်လဲ ထိုကိစ္စအားမေးရန်အချိန်မဟုတ်သေးပေ။ ဖှေးလက်ရှိပြသနာကို ဖြေရှင်းရန်နည်းလမ်းစဥ်းစားရပေဦးမည်။

ဆရာဝန်နှစ်ယောက်ရောက်လာကာ ဖှေးအားအရိုအသေပေးလိုက်သည်။ သူတို့လက်ထဲတွင် သစ်သား ဗန်းတစ်ခုပါရှိသည်။ ထိုဗန်းပေါ်တွင် သစ်သားတူနှင့် သံချောင်းတစ်ခုပါရှိလေသည်။ပီးရာ့စ်အား အဆုံးသက်ပေးကြတော့မည်ဖြစ်သည်။ ပီးရာ့စ်မှာ မေ့လျော့နေသည်ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဝေဒနာခံစားနေရသည်မှာ အမှန်ပင်ဖြစ်သည်။ဆရာဝန်တစ်ယောက်မှာ ပီးရာ့စ်အား မထူပြီး နောက်ဆရာဝန်တစ်ယောက်မှာ ပီးရာ့စ် ခေါင်းသို့ သံချောင်းထောက်ကာ ရိုက်သွင်းရန်တူအား ကိုင်မြှောက်လိုက်သည်။

“နေဦး”

ဖှေး ဆရာဝန်များအား တားလိုက်သည်။

ပီးရာ့စ် ကဲ့သို့သူရဲကောင်းတစ်ယောက်ကို ထိုကဲ့သို့မသေစေလိုပေ။

“ဒါပေမယ့်.... ငါသူ့ကိုဘယ်လိုကယ်တင်နိုင်လို့လဲ...” ဖှေးအမြန်စဥ်းစားနေ၏။

ထိုအချိန်တွင် ပီးရာ့စ်ပြန်သတိလည်လာလေသည်။ပီးရာ့နိုးနိုးလာခြင်း သူ့ရှေ့တွင် ဘုရင်အလတ်ဇန္ဓားရောက်နေသည်ကိုတွေ့ရသည်။ ထို့နောက်တွင် သူ့အား အဆုံးသက်ပေးမည့် ဆရာဝန် နှစ်ယောက်။

“ဟားဟား.. အခုငါ့အလှည့်ရောက်ပြီပေါ့ လုပ်လိုက်တော့..”

ပီးရာ့စ် သည် ဖှေးအား ဘာမှမပြောချေ။ ဖှေးအစွမ်းမပြရသေးခင် ပီးရာ့စ်မှာ သတိလစ်သွားသဖြင့် ယခင်ကျပ်မပြည့်သော ဘုရင်မှာ ယခုတွင် ချမ်းဘော့ဒ် ၏ သူ​ရဲကောင်းတစ်ဦး ဖြစ်နေသည်ကိုတော့ သူမသိသေးချေ။

ဆရာဝန်က တူအား ထက်မံကိုင်မြှောက်လိုက်သည်။

“နပေါဦး”

ဖှေးထက်မံထားလိုက်၏။ ထို့နောက်တွင် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသော ​ပီးရာ့စ်အား ငုံ့ကြည်ကာ ဖှေးခေါင်းထဲတွင် အကြံတစ်ခုပေါ်လာ၏။”ပီးရာ့စ် ငါမင်းကိုဘယ်လိုကယ်ရမလဲဆိုတာ သိတယ်။ ဒါပေမယ့် မင်းတော်တော်နာလိမ့်မယ် ရလား။”

“မင်း... ဘုရင်....ဘုရင် အလတ်ဇန္ဓား ဒီဟာသ က မရီ... မရီရဘူးနော်။ မင်းစစ်သားတွေအတွက် တကယ်ဂရုစိုက်တယ်ဆိုရင် ငါ့သမီး လူဝစ်အတွက်ပဲ စားစရာလေးတွေ ချန်ထားပေးလိုက်ပါ။”

ပီးရာ့စ် သည် သတိကောင်းကောင်းမလည်သေးတော်လည်း ကျပ်မပြည့်သော ဘုရင်တစ်ပါး၏ စကားကိုတော့ မယုံကြည်ချေ။​ဖှေးသည်လဲ ရန်သူ၏ ထားကိုပင်မကြောက်သော ပီးရာ့စ်မှာ သူ့သမီးလေးအတွက် စိုးရိမ်ကြောက်လန့်နေသည်ကို သတိထားမိ၏။

“ဘာလဲ မင်းနာမှာကြောက်လို့လား။”ဖှေး ပီးရာ့စ်အား စိုက်ကြည့်ကာပြောလိုက်၏။

ထိုအရာကို ပီးရာ့စ်အား ဆွပေးရန် ရည်ရွယ်ချက်ရှိရှိပြောခြင်းဖြစ်သည်။

ပီးရာ့စ် မခံချင်ဖြစ်သွားပြီး ကုန်းရုန်းထသဖြင့် ဒဏ်ရာများ သွေးထွက်ပိုများကုန်၏။”ဟားဟား ငါက အသားနာမှာကြောက်တယ်တဲ့လား...”

ဖှေးပင်ထိတ်လန့်သွား၏။

ထိုသူမှာ လွန်စွာ အစ​အနောက်မခံသော ပုဂ္ဂိုလ်ပင်။ ထက်မံဆွပေးပါက သွေးထွက်လွန်ပြီး သေတော့မည်ဖြစ်သည်။

“နာမှာမကြောက်ရင်လဲ နည်းနည်းတော့သည်းခံလိုက်။ မင်းရဲ့သမီးအတွက်လုပ်ပေးပါ။” ဖှေးပြောခဲ့ပြီး လူနာဆောင်မှထွက်သွားသည်။

လူနာဆောင်မှအပြင်ရောက်သော အခါ ဘရွတ် နှင့်အတူ အန်ဂျယ်လာနှင့် အမ်မာကို တွေ့လိုက်ရ၏။

“အရှင်မင်းကြီး ပီးရာ့စ် အခြေအနေ....” ဘရွတ် မျှော်လင့်ချက်ကြီးစွာ မေးလိုက်၏။

“သူ့ကို ကယ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ရှိရမယ်။” သို့သော် ဖှေးမသေချာပေ။ “အကောင်းဆုံးတော့ ကြိုးစားမှာပါ ကံကောင်းရင်တော့ ပီးရာ့စ်အသက်ရှင် လိမ့်မယ်။”

“ကောင်းတာပေါ့။” ဖှေး၏အဖြေမှာ ဘရွတ် မျှော်လင့်ထားသည်ထက်ပင်ပိုသေးသည်။

ဘုရင့်အစောင့်တပ်ဖွဲ့၏ ခေါင်းတောင်တစ်ဦးအနေဖြင့် စစ်သားများစွာ ဒဏ်ရာရသေကြေ​သည်ကို ဘရွတ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ပီးရာ့စ်အခြေအနေမှာ အသက်ရှင်ရန်​မဖြစ်နိုင်ဟု ဘရွတ်ယူဆထားခြင်းဖြစ်သည်။ဘုရင်အား ဆောက်တည်ရာမရတော့၍သာ အကူညီတောင်းခြင်းဖြစ်၏ ဖှေးတွင် နည်းလမ်းတစ်ခုရှိမည်လို့တော့ မျှော်လင့်မထားပေ။

“နောက်ပီး ဘရွတ်ရေ ဒီစစ်သားတွေကို ကုသမှုပေးနေတဲ့ လူနာဆောင်က ဘာလို့ စုတ်ပြတ်သက်နေတာလဲ။ငါတို့စစ်သားတွေကို ပိုကောင်းတဲ့နေရာမှာ မထားသင့်ဘူးလား။”

ထိုမေးခွန်းကြောင့် ဘရွတ် ကြောင်တောင်တောင်ဖြစ်သွားသည်။ ထို့နောက်တွင် တစ်ခုခုပြောရန်ပြင်ပြီးမှ မပြောတော့ရန်ဆုံးဖြတ်လိုက်၏။

ဖှေး၏မေးခွန်းအား အမ်မာကြားသော် ဒေါသဖြစ်သွားပြီး ရွဲ့ကာ “အဲ့တာအရှင့်ကြောင့်လေ အရှင်မင်းကြီး ဂေးလ်ပြောသမျှနားထောင်ပြီး ပစ္စည်းတွေကိုရောင်းစား ဆရာဝန်တွေကို အလုပ်ထုတ် ပြတင်းပေါက်တွေပါ ဖြုတ်​ပစ်လို့ အခုလိုပုံဖြစ်နေတာပါရှင်...”

ဖှေး ဘာပြောရမှန်းပင် မသိတော့။

“ငါအရင်က တော်တော်စဥ်းစားဉာဏ်မဲ့ပြီး စာနာစိတ်မရှိတဲ့ကောင်ပါလား။”ဖှေးတွေးလိုက်၏။

“စစ်သားတွေကို ထားဖို့တစ်ခြား ကျယ်ကျယ်ဝန်းဝန်းနေရာတစ်ခုရှိသေးလား။” ဖှေး ဘရွတ်ကိုမေးလိုက်သည်။

“ချမ်းဘော့ဒ် ဘုရားကျောင်းနဲ့ ဝန်ကြီးချုပ် ဘာဇယ်လ်ရဲ့တိုက်တော့ရှိတယ်။ ဒါပေမယ့်........”

ဘရွတ် ဆက်ပြောရန် ဝန်လေးနေ၏။

“ဒါပေမယ့် ဘာဖြစ်လို့လဲ။”ဖှေးသိချင်နေသည်။

ဘရွတ်မှာ မည်သို့ ပြန်ဖြေရမှန်းမသိပေ။

“ဦးလေး ဘရွတ်ပြောတဲ့နေရာနှစ်ခုလူံးက စစ်သားတွေအတွက်ထားဖို့နေရာလုံလုံလောက်လောက်ရှိပါတယ် ဒါပေမယ့် အလတ်ဇန္ဓား နင်သုံးလို့မရဘူး။..”တိတ်ဆိတ်နေခဲ့သော အန်ဂျယ်လာ မှာ ဝင်ပြီး စိတ်ရှည်စွာရှင်းပြ၏။ “သူတော်စင် တွေက ချမ်းဘော့ဒ် ကထွက်သွားပြီး ဘုရားကျောင်းကိုတော့ ပိတ်သွားကြတယ်။

ငါတို့မှာ အဲ့ဘုရားကျောင်းကိုသုံးဖို့ မဟာဘုရားကျောင်းကနေ ခွင့်ပြုချက်မရှိဘူး။အေဇာရုတ်တိုက်မှာရှိတဲ့ ဘယ်နိုင်ငံမှာ မဟာဘုရားကျောင်းကို မလွန်ဆန်ရဲကြဘူးလေ။နောက်ပြီး ဝန်ကြီးချုပ် ဘစ်ဇားရဲ့တိုက်ကလဲ အခုချိန်မှာ အဆင်မပြေသေးဘူး။”

ဖှေး အသေအချာနားမလည်ပေ။သူသည်အရင်အလတ်ဇန္ဓား၏ မှတ်ဉာဏ်များကို ဆက်ခံရသော်လည်း ဘာမှရေရေရာရာမသိချေ။

“မဟာဘုရားကျောင်းက ဘုရင့်​ထက်တောင် အာဏာရှိတာလား”

ဆံပင်အဝါနှင့် အမ်မာက ဖှေးအားထက်မံရန်တွေ့၏။”ငါတို့ နိုင်ငံကို ရန်သူတွေဝိုင်းထားတုန်းက သူတော်စင်တွေထွက်သွားတော့ သူတို့ကို ရန်သူတွေကတောင် ဘာမှမလုပ်ရဲဘူးလေ။ လေးလေးစားစားဆက်ဆံပြီး သွားခွင့်ပြုလိုက်ရတာပဲ။အင်အားအကြီးဆုံးနိုင်ငံ​ကိုးနိုင်ငံတောင် မဟာဘုရားကျောင်းကို ရန်မစရဲဘူး။”

“ဒါဆို အဲ့နေရာအပြင် ဘယ်နေရာတွေရှိသေးလဲ။”ဖှေး မေးလိုက်သည်။

ဘရွတ်ရော အန်ဂျယ်လာရော ခေါင်းရမ်းလိုက်သည်။

ဖှေးမှာ ဝန်ကြီးချုပ် ဘစ်ဇား၏ နေအိမ်အားအသုံးပြုရန် စဥ်းစားနေ၏။ “သူ့သားက ငါ့ကို သတ်ဖို့ လုပ်ခဲ့သေးတာပဲ။ ငါဘုရင့် အာဏာသူံးပြီးသူတို့နေအိမ်ကို ဝင်ယူလဲ ငါစိတ်မကောင်းဖြစ်မှာမဟုတ်ဘူး။”

ထိုအချိန်တွင်........

“နောက်တစ်နေရာရှိသေးတယ်...”

အမ်မာ ရုတ်တရက်ထအော်လိုက်၏။

“ဘယ်နေရာလဲ.....”

အပိုင်း(၁၆) ဆက်ရန်

All Chapters