← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

အမ်မာ ဖှေးအား စိုက်ကြည့်ရင်းပြုံးလိုက်သည်။"အရှင့်နန်းတော်မှာ ထားလို့ရတာပဲ နေရာလဲ လုံလုံလောက်လောက်ရှိတယ်လေ။ထား​ချင်မထားချင်တာကတော့ အရှင့်သဘောပေါ့။"

ဖှေး မျက်လုံးများ အရောင်တောက်ပသွားသည်။

"တော်တော်ကောင်းတဲ့အကြံပဲ အမ်မာ။ ဘရွတ် ဒဏ်ရာရစစ်သားတွေကို ​သယ်ဖို့ပြင်တော့ ဆရာဝန်တွေကိုလဲ ပြောလိုက် ဒဏ်ရာအခြေအနေဘယ်လောက်ဆိုးဆိုး အဆုံးမသက်ပါသေးနဲ့ဦးလို့ ငါတစ်ခုခုကြံလိုက်ဦးမယ်။"

ဘရွတ် အံ့သြသွား၏။ "ရပါတယ် နေပါစေ အရှင်မင်းကြီး။"

"ဘာလို့လဲ သူတို့ တွေ နိုင်ငံအတွက်အသက်ပေးတိုက်ခိုက်ခဲ့ကြတဲ့သူတွေပဲ ငါ့နန်းတော်ထဲမှာ ထားသင့်ပါတယ်။"

အမ်မာလဲ ကြက်သေသေ သွားသည်။

ထိုအကြံကိုပြောသည်မှာ ဖှေးအား က​လေးဆန်ဆန် အကြပ်ရိုက်စေလို၍ဖြစ်သည်။သူမ၏ အကြံအား တကယ်လက်ခံလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။"အလတ်ဇန္ဓား နင်သေချာလို့လား ဘုရင်တစ်ပါးက သူ့နန်းတော်ကို လူနာကုသဆောင်လုပ်ပစ်လိုက်တာမျိုးကို ငါတစ်ခါမှမကြားဖူးဘူးနော်။"

ဖှေး အမ်မာ၏ ခေါင်းအားကိုင်ပြီး ဆံပင်များကိုဖွကာ "ဒါပေါ့ အကြံပေးတဲ့ကျေးဇူးပါ ချာတိတ်"

"နင်ကမှ ချာတိတ်"

"ဟားဟား.."

အန်ဂျယ်လာဘာမှဝင်မပြောချေ။ အမ်မာနှင့် ဖှေးကိုသာ ကြည့်၍ ပြုံးနေလေသည်။သူမ၏ စိတ်ထဲတွင် အတော်ပျော်ရွှင်နေ၏။ သူမထိုကဲ့သို့မပျော်ရွှင်ရသည်မှာ မည်မျှကြာပြီနည်း။

ထိုမေးခွန်း အဖြေကို သူမကိုယ်တိုင်ပင် မမှတ်မိတော့ချေ။

.......

ဒဏ်ရာရစစ်သားများကို နန်းတော်ဆောင်ထဲသို့ လျှင်မြန်စွာ ရွှေ့ပြီးဖြစ်သည်။စစ်သားများအား အစားအစာရေနှင့်စောင်များ အဝတ်အစားများကို အန်ဂျယ်လာနှင့် အမ်မာဦးဆောင်ပြီး လိုက်လံဝေငှပြီးဖြစ်၏။ဖှေးသည်လည်း သူ၏ ဘဏ်ဏာတိုက်ထဲမှ ရတနာအနည်းငယ်ကိုလဲ စစ်သားများ စိတ်ဓာတ်တက်ကြွစေရန် ထုတ်ပေးသည်။စိတ်အားထက်သန်စေရန် ဓနအင်အားအနည်းငယ်ပါလိုသည်ကို ဖှေးသိသည်။ ဖှေးအရင်ကမ္ဘာမှာ နေစဥ်က စိတ်ပညာမေဂျာယူထားသော တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့်ပင်။

ဖှေး၏ အပြုမူများကြောင့် စစ်သားများ ပို၍ပင်လေးစားကြည်ငြိုသွားကြသည်။

စစ်သားများအား နေရာချထားပြီးသော် ခံတပ်ကိုပြင်ဆင်မွမ်းမံရန် ဘရွတ်အား တာဝန်ပေးလိုက်သည်။ထို့နောက်တွင် မည်သူမျှ လိုက်မလာရန်မှာကြားပြီး သူ၏ အိပ်ဆောင်ထဲသို့ဝင်ကာ သူ၏ ဒဏ်ရာများအား စစ်ဆေးကြည့်ရှုလေသည်။ကံကောင်းစွာပင် ပြင်းထန်သော ဒဏ်ရာဟူ၍ မရှိပေ။

တိုက်ပွဲ၏ ပထမ​ပိုင်းတွင် ဖှေး ဒဏ်ရာလုံးဝမရခဲ့ပေ။ကြယ်သုံးလုံးအဆင့် စစ်သည် လမ်ဒီအားတိုက်ခိုက်ရန်ကြိုးစားရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။အဆိုးဝါးဆုံးဒဏ်ရာမှာ လမ်ဒီ၏ ဓားချက်ထိခဲ့သည့် ဖှေး၏ပခုံးပင်။လမ်ဒီ၏ မီးစွမ်းအင်များမှာ ဓားမှတဆင့် ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားကာ ဖှေး၏ ကိုယ်တွင်းအင်္ဂါများကို လှုပ်ခါစေသည်။ပီးရာ့စ်ရရှိခဲ့​သော ဒဏ်ရာကဲ့သို့ပင်။

ဖှေး လမ်ဒီ၏ ဓားချက်ကို တမင်တကာ အထိခံခဲ့​သော အချိန်က အလောင်းအစားလုပ်ခဲ့ခြင်းဖြစ်သည်။သူသည် ဒိုင်ယာဘလိုကမ္ဘာမှ လူရိုင်း၏ စွမ်းအားများကို သည်ကမ္ဘာသို့ သယ်ဆောင်လာခဲ့သောကြောင့် လူရိုင်း ခုခံစွမ်းအားနှင့် အကြမ်းခံနိုင်မှုတို့ပါပါလာသည်ဟု ယူဆကာ အလောင်းအစားလုပ်ခဲ့ခြင်းပင်။

ဖှေး မှန်သွားခဲ့သည်။

လက်တွေ့တွင် ထိုခုခံစွမ်းအားများမရှိပါက ကြယ်သုံးလုံးအဆင့်ရှိစစ်သည် လမ်ဒီ၏ စွမ်းအင်များသည် ဖှေး၏ ကိုယ်တွင်း အင်္ဂါများအား တစ်စစီကြေမွပျက်စီးသွားမည်ဖြစ်သည်။

......

ဒဏ်ရာများအား စစ်ဆေးပြီးသော် ဖှေးပို၍ အရေးကြီးတာတစ်ခုလုပ်ရဦးမည်ဖြစ်သည်။

ဖှေး အိပ်ရာပေါ်တွင် ထိုင်ကာ ဒိုင်ယာဘလိုကမ္ဘာအား ထက်မံသွားရောက်ရန် ကြိုးစားသည်။သူ၏ စစ်သားများ အား ကယ်တင်လိုပါက ဒိုင်ယာဘလိုကမ္ဘာသို့ ထက်မံသွားရောက်ရမည်ဖြစ်သည်။

သူ၏ အကြံမှာရိုးရှင်းသည်။

အကယ်၍ သူသည် ဒိုင်ယာဘလိုကမ္ဘာမှ ဇာတ်ကောင်တစ်ကောင်၏ အစွမ်းသတ္တိများကို လက်ရှိကမ္ဘာသို့ယူဆောင်လာနိုင်ပါက ထိုကမ္ဘာမှ ပစ္စည်းများကိုလဲ ယူဆောင်လာလို့ရမည်ဟု ယူဆသည်။

သူသည် ဒိုင်ယာဘလိုကမ္ဘာမှ [သွေးပုလင်း]ကိုသာ ယူဆောင်လာနိုင်ပါက ဒဏ်ရာရစစ်သားများ အားလုံးအား အကောင်းပတိဖြစ်အောင်ပင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

ဖှေး ကုတင်ပေါ်တွင် တရားအနည်းငယ်ထိုင်ပြီး ဒိုင်ယာဘလို ကမ္ဘာသို့ ပထမ​ဆုံးဝင်ရောက်ခဲ့စဥ်က ကြားခဲ့ရသောအသံအား ပြန်ဖော်သည်။

ရလက်သည် အံ့မခန်းပင်။

ထိုအသံအားထက်မံကြားလိုက်ရသည်။

"ကစားသူဖှေး ဒိုင်ယာဘလိုကမ္ဘာသို့ဝင်ရောက်ရန် ခွန့်ပြုချက်တောင်းနေပါသည်။.... ဂိမ်းကစားနိုင်သော အချိန်အားစစ်ဆေးနေသည်... ဂိမ်းကစားရန်အချိန်ကျန်ပါသေးသည်။... ဝင်ရောက်ခွင့်ပြုလိုက်သည်... စတင်ဝင်ရောက်နေပါပြီ..... 5......4.......3......2.....1.....

...........

............

ရှေ့တွင်ရောက်ရှိနေသော မြင်ကွင်းက ဖှေးအားအံ့သြစေသည်။

သူယခင်က [သွေးမြေရိုင်း လွင်ပြင်]ရှိ [နတ်ဆိုး၏ သားရဲတွင်း]သို့ရောက်ရှိနေခဲ့သည်ကို သူမှတ်မိ၏။သူသည်ထိုနေရာမှာပင်ထက်မံရောက်ရှိနေမည်ဟုထင်ထားခဲ့သည်။ သို့သော် ထိုအရာမှာ ပြသနာမဟုတ်ပေ။

သူသည် [နတ်ဆိုး၏သားရဲတွင်း]နှင့် [သူပုန်စခန်း]သို့ရောက်ရှိနေသည်မဟုတ်ပေ။သူသည် ဒိုင်ယာဘလို ကမ္ဘာထဲတွင်ပင်မဟုတ်ပေ။သူ့ရှေ့တွင်ရှိသည်မှာ ဖန်သားပြင်တစ်ခု။ဖန်သားပြင်ပေါ်တွင် ဇာတ်ကောင်၇ယောက်၏ ပုံများရှိ၏။

"အမေဇုန်"

"လုပ်ကြံသတ်ဖြတ်သူ"

"လူရိုင်း"

"ဒရူး"

"အောက်လမ်းဆရာ"

"ပါလာဒင်"

"မှော်ဆရာမ"

"ဒါက ဂိမ်းရဲ့ဇာတ်ကောင်ရွေးချယ်ရတဲ့နေရာလား...."

ဖှေးတွေးနေရင် ဖန်သား​ပြင်တစ်နေရာတွင် ခလုပ်တစ်ခုအား သတိထားမိသည်။

[ဇာတ်ကောင်အသစ်တစ်ခု ဖန်တီးရန်]

"ဇာတ်ကောင်အသစ်တစ်ခုဖန်တီးရန်ဆိုလား။ ဒါဆို ငါက တစ်ခြားဇာတ်ကောင်တစ်ယောက်အနေနဲ့ရော ကစားလို့ရပြီး အဲ့အစွမ်းတွေကိုရော ဟိုကို ပြန်သယ်သွားလို့ရမှာလား...."

ဖှေး အလွန်စိတ်လှုပ်ရှားသွားသည်။အကယ်၍သာ သူသည် အဆင့် ၉၉ရှိသော ဂိမ်းဇာတ်ကောင်တစ်ကောင်၏ စွမ်းအားများရရှိပါက လက်တွေ့တွင် မည်မျှပင် စွမ်းနေမည်နည်း။အကယ်၍သူသည်သာ ဇာတ်ကောင်၇ကောင်လုံး၏ စွမ်းအင်များရရှိပါက သူ့အား လက်တွေ့လောကတွင် မည်သူမျှ ယှဥ်​နိုင်တော့မည်မဟုတ်ပေ။

ဖှေးသေချာစဥ်းစားပြီး ယခုတစ်ခေါက်တွင် မှော်ဆရာတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်လိုက်သည်။ထို့နောက် မှော်ဆရာမဆိုသည့် ရွေးချယ်မှုအား ရွေးချယ်လိုက်သောအခါ လှပသော မှော်ဆရာမတစ်ယောက်ပေါ်လာပြီး ဖှေးအားအရိုအသေပေးလိုက်သည်။ ထို့နောက်တွင် အောက်တွင်ခလုပ်တစ်ခု။

[ရွေးချယ်မှုအား အတည်ပြုပါသည်။]

ဖှေး အတည်ပြုလိုက်သည်။ထို့နောက်တွင် ဖန်သားပြင်သည် ပျောက်ကွယ်သွားပြီး ဖှေးအမြင်များဝေဝါးလာသည်။ဒိုင်ယာဘလိုကမ္ဘာသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။

ထို့နောက်တွင် ဖှေး ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။

"မှော်ဆရာမက အမျိုးသမီးဇာတ်ကောင်ကြီးလေ ငါမိန်းကလေး​ဖြစ်သွားတော့မှာလားဟ...... သေပါပြီ"

All Chapters