← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ဒိုင်ယာဘလို ကမ္ဘာမှာ ဖှေးအား နောင်တရရန်အချိန်မပေးချေ။တစ်စက္ကန့်အတွင်းမှာပင် ဖှေးရှေ့မှမြင်ကွင်းအားလုံး ပြောင်းလဲသွားသည်။

“ဝီး”

ဖှေး မြေဆွဲအား မဲ့သွားသည်ကို ခံစားလိုက်ရ၏။ ဒိုင်ယာဘလို ကမ္ဘာထဲသို့ဝင်ရောက်နေပြီဖြစ်သည်။အချိန်တိုအတွင်းမှာပင် ဖှေးသည် [သူပုန် စခန်း]သို့ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။

ကောင်းကင်မှာ မဲမှောင်နေပြီး မိုးများရွာကျနေစဲပင်ဖြစ်သည်။

[သူပုန်စခန်း]မှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။

“မှော်ဆရာမ”ဇာတ်ကောင်ရွေးချယ်လိုက်ခြင်းကြောင့် အရာအားလုံးအစမှပြန်ရောက်သွားသည်ကို ဖှေးသတိထားမိလိုက်သည်။[နတ်ဆိုး၏ သားရဲတွင်း]အလုပ်အား တစ်ဖန်ပြန်လုပ်ရန် ဖှေး အာကာရာ ထံသို့သွား၏။ အာကာရာသည် သူ့အား လူစိမ်းတစ်ယောက်ကဲ့သို့ပင် ပြောဆိုဆက်ဆံကာ အလုပ်ပေးသည်။

အလုပ်ကို လက်ခံပြီးနောက်တွင် ဖှေး သူစတင်ပေါ်ပေါက်ခဲ့သော နေရာသို့ပြန်သွား၏။ ထို့နောက်တွင် တစ်စုံတစ်ခုကို သတိရကာ သူ၏ပေါင်ကြားအား လက်ဖြင့် စမ်းကြည့်လိုက်သည်။

“ဟူး.... တော်သေးတာပေါ့ ငါမိန်ကလေးပြောင်းမသွားဘူး.....”

ဖှေးစိတ်သက်သာရာရသွားသည်။မှော်ဆရာမဇာတ်ကောင်မှာ အမျိုးသမီးဇာတ်ကောင်ဖြစ်သော်လည်း ဖှေး၏ ခန္ဓာကိုယ်အသွင်အပြင်မှာ အဝတ်အစားနှင့် အဆင်တန်ဆာများမှလွဲပြီး ပြောင်းလဲသွားခြင်းမရှိပေ။

​ေဖှးသည် မီးခိုးရောင် ဝတ်ရုံကြမ်းတစ်ခုကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ၂မီတာခန့်ရှိ မှော်ကြိမ်လုံးတစ်ခုအား ကိုင်ထားလေသည်။ထိုပစ္စည်းနှစ်ခုမှာ ဖှေး စတင်ရောက်ရှိလာသည့်အချိန်တွင် ရရှိခဲ့သည်ဖြစ်ပြီး တန်ဖိုးနည်းကာ စွမ်းအားလဲ သိပ်မရှိပေ။

ထို့နောက်တွင် ကွန်ပြူတာ ဇာတ်ကောင် ဝါးရစ်ရောက်ရှိလာပြီး ထုံးစံအတိုင်း” မင်္ဂလာပါ လူစိမ်း သင်တို့လို့.......” ကြားနေကြဖြစ်၍ ဖှေး လစ်လျူရှုပြီး ထွက်သွား၏။

ထိုအချိန်တွင် ဖှေး၏ သီအိုရီမှာ မှန်ကန်ကြောင်း သေချာနေပြီဖြစ်သည်။

သူသည် ဒိုင်ယာဘလိုကမ္ဘာထဲမှာ ဇာတ်ကောင်အမျိုးမျိုးကိုရွေးချယ်နိုင်ပြီဖြစ်သည်။ သို့သော်ထိုဇာတ်ကောင်များ၏ စွမ်းအားများကို အပြင်သို့ပြန်သယ်သွားနိုင်မနိုင်မှာ အပြင်ကမ္ဘာသို့ပြန်ရောက်မှသိရမည် ဖြစ်သည်။

ထို့နောက်တွင် ဖှေး “မှော်ဆရာမ” ဇာတ်ကောင်နေရာမှ ထွက်ရန်ဆုံးဖြတ်လိုက်သည်။

သူသည် မှော်ဆရာ မဖြစ်လို၍ မဟုတ်ပေ။ချမ်းဘော့ဒ်တိုင်းပြည်၏ လက်ရှိအခြေအနေများအရ ဇာတ်ကောင်တစ်ခုတည်းကိုသာ အာရုံစိုက်ကာအဆင့်တက်ရန်ကြိုးစားသင့်ကြောင်း ယူဆသောကြောင့်ပင်။သူသည်နောက်လာမည့်တိုက်ပွဲအတွက် လူရိုင်းဇာတ်ကောင်အား အဆင့်မြင့်တင်လိုသည်။

ဖှေးထွက်ရန်တွေးလိုက်သည့်အချိန်မှာပင် ဖှေးဇာတ်ကောင်ရွှေးချယ်သော မျက်နှာပြင်ရှေ့သို့ ပြန်ရောက်ရှိနေပြီဖြစ်သည်။

“ငါအတွေးနဲ့ထိန်းချုပ်လို့ရနေပြီလား...”

ထို့နောက်တွင် ဖှေး လူရိုင်းဇာတ်ကောင်ကိုပင် ထက်မံရွေးချယ်လိုက်ကာ မြင်ကွင်းများဝေဝါးသွားပြီး အဆင့်၅ လူရိုင်းဇာတ်ကောင်အဖြစ်ဖြင့် ဒိုင်ယာဘလိုကမ္ဘာသို့ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

“ဒါတော်တော်မိုက်တာပဲ...”ဖှေးတွေးလိုက်သည်။ သူသည်ခလုပ်များနှိပ်စရာမလိုပဲ စိတ်ဖြင့်ပင် ထိန်းချုပ်နိုင် နေပြီဖြစ်သည်။

သူရောက်ရှိသွားသောနေရာမှာ [နတ်ဆိုး၏ သားရဲတွင်း] ဖြစ်သည်။ သူယခင်အခေါက်က ပြန်ရန်ပြင်ဆင်နေချိန်တွင် ဒိုင်ယာဘလိုကမ္ဘာမှ ထုတ်ခံလိုက်ရခြင်းဖြစ်သည်။

ထို့နောက်တွင် [မြို​့ပြောင်းစာလိပ်]အား အသုံးပြုပြီး [သူပုန်စခန်း]သို့ပြန်လာခဲ့သည်။သူပုန်စခန်းသို့ ပြန်ရောက်ရောက်ခြင်းပင် ဖှေး အာကာရာထံသို့သွား၏။ အလုပ်ကိုပြီးမြှောက်ခြင်းကြောင့် အာကာရာမှာ ဂုဏ်ပြုစကားအနည်းငယ်ပြောပြီး ကျွမ်းကျင်မှုဆိုင်ရာ အမှတ်အနည်းငယ်ပေးလေသည်။ ဖှေးသည်ထိုအမှတ်များကို လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွင် အသုံးပြုလိုက်သည်။

​သူသည် တခြားစွမ်းရည်များကို မြင့်တင်နိုင်ရန်အချိန်မရှိသေးပေ။ ရန်သူများကို နှိမ်နင်းနိုင်ကန်အတွက်လက်ရှိတွင် ပုဆိန်ကိုသာ ပို၍ ​ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်လိုအပ်၏။

ထို့နောက်တွင် အာကာရာအားသတိရပြီး”လေးစားစရာ သူတော်စင် အာကာရာ ကျွန်တော်မေးခွန်းအနည်းငယ်မေးချင်ပါတယ်။”

“အသင်ဘာကိုမေးချင်နေတယ်ဆိုတာကို ငါသိပါတယ်....” အာကာရာပြောကာ ပြုံးလိုက်၏” ဒါပေမယ့် ဘယ်အရာကမှ အလကားတော့မရနိုင်ဘူးလေ အသင့်မှာ ငါစိတ်ဝင်စားမယ့်ဟာ ဘာရှိလဲ”

“သေစမ်း ဒီအမျိုးသမီးက တော်တော် ပွင့်လင်းတာပဲ”ဖှေးအံ့သြသွားသည်။အဆင့်မြင့် သူတော်စဥ်တစ်ယောက်မှာ ထိုကဲ့သို့ ငွေမက်လိမ့်မည်ဟုဖှေး ထင်မထားခဲ့ပေ။ဖှေး၏ လေးစားမှုများ အနည်းငယ်လျော့ကျသွား၏။

“အမ်.. ဟုတ်ကဲ့ ဒီရွှေ​ဒင်္ဂါးပြားတွေဆို လက်ခံမလားမသိဘူး....”

“ရတယ်ရတယ်..” အာကာရာ၏ မျက်နှာမှာ ဝင်းလတ်သွား၏။ “ဒါပေမယ့် အဖြေတစ်ခုခြင်းဆီက ရွှေဒင်္ဂါးနှစ်ထောင်လောက်ပေးရမယ်။ မေးခွန်းပေါ်မူတည်ပြီးတော့ စျေးပိုကြီးရင်ကြီးနိုင်တာပေါ့။အဲ့လိုမေးခွန်းတွေကိုတော့ အသင်တက်နိုင်မှာမဟုတ်သေးဘူး။”

ဖှေးစစလာခြင်းတွင် ဝမ်းသာသွားသော်လည်း သူ၏[ပစ္စည်းအကန့်]ထဲသို့ကြည့်လိုက်ရာ ၁၁၀၀ပင်ရှိသည်ကိုတွေ့လိုက်ရသည်။မေးခွန်းတစ်ခုမေးရန်ပင် မလုံလောက်ပေ။သူတစ်ခုခုကြံမှဖြစ်တော့မည်ဖြစ်သည်။

ဖှေးအာကာရာအား ဆဲပင်ဆဲချင်လာ၏။”ငါ့ပစ္စည်းတွေကို ရောင်းရတော့မယ်ထင်တယ်...”

ဖှေးသူ၏အပြာရောင်တောက်ပနေသော ပစ္စည်းနှစ်ခုအားကြည့်လိုက်သည်။”ရွှေဒင်္ဂါးလဲလက်ခံတယ်ဆို ပစ္စည်းလဲ လက်ခံတယ်မယ်ထင်တယ်။”ဖှေးတွေးလိုက်မိသည်။

အဖြေများကို စျေးကြီးသောကြောင့် ဖှေးမကျေနပ်ဖြစ်နေသော်လဲ အာကာရာအားလေးစားစွာမေးလိုက်သည်။”သူတော်စဥ်အာကာရာ ကျွန်တော့မှာ ရွှေဒင်္ဂါး မလောက်လို့ ဒီပစ္စည်းနှစ်ခုအစားထိုးသုံးလ်ို့ရမလား ခင်​​ဗျာ...”

[သေမင်းကြိမ်လုံး]နှင့် [​ေမှ်ာလှံတံ]တို့အားထုတ်ပြလိုက်ကာ အာကာရာ၏ မျက်လုံးများတောက်ပသွား၏။

“ရတာပေါ့ ဒီလိုကွာလတီမြင့်တဲ့ မှော်ပစ္စည်းတွေ သူပုန်စခန်းကိုရောက်မလာတာကြာပြီ။ ဒီနှစ်ခုပေါင်းရင် ရွှေဒင်္ဂါး ၈၀၀၀တန်ဖိုးရှိတယ် ၄ခုဖြေပေးနိုင်တယ်...”

အာကာရာသည် အဆင့်မြင့်သူတော်စဥ် တစ်ယောက်ဖြစ်သောကြောင့်ပစ္စည်း၏ အရေအသွေးကို [စစ်ဆေး စာလိပ်]အသုံးပြုစရာမလိုပဲ မျက်လုံးဖြင့်ပင် စစ်ဆေးနိုင်၏။

ဖှေး အာကာရာကို ကြည့်ပြီး အနည်းငယ်မသင်္ကာဖြစ်လာ၏။ စျေးနှိမ်နေသလိုခံစားလိုက်ရသည်။ဖှေးသည်စျေးနှုန်းကို အတိအကျမသိသော်လည်း..

“ဘာ ၈၀၀၀ပဲလား နည်းတာပေါ့ အသင့်လို သူတော်စဥ်တစ်ယောက်က ငွေကို မမက်မောသင့်ပါဘူး မေးခွန်းငါးခုကိုတော့ဖြေပေးပါ နောက်လဲ ဒီလိုပစ္စည်းတွေရရင် အသင့်ကို ယူလာပေးမယ်လေ....”

​အာကာရာ ခံလိုက်ရ၏။ ဖှေး၏ကမ်းလှမ်းမှုကို လက်ခံလိုက်ရ​လေသည်။

သူပုန်စခန်းသို့ ဖှေးကဲ့သို့ ခရီးသွားများရောက်မလာခဲ့သည်မှာ အလွန်ကြာပြီဖြစ်သည်။သွေးမြေရိုင်း လွင်ပြင်တွင် ပထမဦးဆုံး အသက်ရှင်နိုင်ခဲ့သူလဲ ဖြစ်၏။သူပုန်စခန်းတွင် တခြားအမျိုးသမီး စစ်သည်များရှိသော်လဲ သူတို့ သည်စခန်းကိုသာ ကာကွယ်နိုင်၏။ သွေးမြေရိုင်းလွင်ပြင်သို့သွားကာ ထိုကဲ့သို့တန်ဖိုးရှိပစ္စည်းများ ယူဆောင်လာနိုင်မည်မဟုတ်ခြေ။

ထို့အပြင် ဒိုင်ယာဘလို ၏ စွမ်းအားများကြီးထွားလာနေသည်ကိုလဲ အာကာရာအာရုံခံမိ၏။ဖှေးအား စေခိုင်းရန် အလုပ်များစွာလည်း ကျန်နေသေး၏။

“လက်ခံပေးတဲ့အတွက်ကျေးဇူးပါ ကျွန်တော်ပထမဆုံးသိချင်တာက ကျွန်တော်ဘာလို့ ဒီကမ္ဘာကိုရောက်လာလဲဆိုတာပါ။”

အာကာရာဖှေးအား စိုက်ကြည့်ပြီး”ငယ်ရွယ်တဲ့ခရီးသွား သင်ဘယ်ကလာလဲဆိုတာတော့ ငါမသိပါဘူး ဒါပေမယ့် သင်က တစ်ခြားကမ္ဘာကလာတယ်ဆိုတာကိုတော့ ငါအာရုံခံမိပါတယ်။သင်ရောက်ရှိလာရတာက ဘုရားသခင်အလိုတော်အတိုင်းပါပဲ။ ဒီကမ္ဘာကအသင့်ကို လိုအပ်နေလို့ပါ။”

“ဘာ ဘုရားသခင်ရဲ့အလိုတော်ကြောင့်လား”ဖှေး​မည်ကဲ့သို့ပြောရမှန်းပင်မသိတော့ချေ။

“အင်းဟုတ်တယ်...”အာကာရာအတည်ပြုလိုက်၏။

ဖှေးစိတ်ညစ်သွားသည်။ ဘုရားသခင်၏အလိုတော်အတိုင်းဟုဖြေချင်းမှာ မဖြေချင်းထက်ပင်ပိုဆိုးသည်ဟုယူဆသည်။ဖှေး ကမ္ဘာပေါ်တွင်ရှိစဥ်က သိပ္ပံပညာကိုသာ လက်ခံသူဖြစ်သည်။

သို့သော်လည်း မကျေနပ်မှုများကိုမြိုသိပ်ကာ ဒုတိယ မေးခွန်းအားဆက်မေး၏။

“အကယ်၍ ကျွန်တော်ဒီမှာ မိစ္ဆာ တွေကြောင့်သေခဲ့ရင် ဂိမ်းထဲကလ်ိုအသက်ပြန်ရှင်မှာလား...”

ထိုမေးခွန်းသည် အရေးကြီးဆုံးဖြစ်၏။ဒိုင်ယာဘလိုကမ္ဘာမှအလုပ်များသည် အဆင့်မြင့်မားလာသည်နှင့် ပို၍ပို၍ ခက်ခဲလာရာ သေဆုံးနိုင်ရန်အခွင့်လမ်းမှာ ပို၍များပြားလာနိုင်သည်။လက်တွေ့မသေဆုံးသေးခင် သိထားသင့်သည်ကို ဖှေးယူဆသည်။

အာကာရာသည် ဖှေးအား ထက်မံထူးဆန်းစွာစိုက်ကြည့်ပြီး “မင်းက ဒီကမ္ဘာအကြောင်းကို ငါထင်ထားတာထက်ပိုသိတယ်ဆိုတာတော့ ငါဝန်ခံရမယ်...။ဟိုးအရင်ကတော့ စစ်သည်တွေသေဆုံးပြီးရင် ဘုရားသခင်ရဲ့အလိုတော်အရ ဒီကမ္ဘာမှာပဲ အသက်ပြန်ရှင်လာကြတယ်။ဒါပေမယ့်အချိန်တွေကလဲကြာပြီနောက်ပြီး ဒိုင်ယာဘလိုရဲ့ စွမ်းအင်တွေကလဲ ဒီကမ္ဘာမှာ ပြန်နှံ့နေပြီ။အသင့်လိုခရီးသွား​တွေဒီကမ္ဘာကိုရောက်မလာခဲ့တာလည်း နှစ်၆၀လောက်ရှိပြီလေ။ အဲ့တော့ရှင်းရှင်းဖြေရရင် ငါလဲအသေအချာမသိဘူး....”

“ဟမ် ခင်ဗျားလဲမသိဘူးလား...။ ဒါဆို ဒါကိုလဲ အဖြေတစ်ခုလို့ သတ်မှတ်လား....”

“အင်း သတ်မှတ်တယ် ငါသိ​သလောက်​ဖြေပေးတာပဲလေ...”

ဖှေး ဒေါသအတော်ထွက်နေပြီဖြစ်သည်။”ဒီသူတော်စဥ်ငါ့ကို လာနောက်နေတာလား ဘာမှလဲ မယ်မယ်ရရမသိရသေးဘူး။”

ဖှေးဒေါသဖြစ်သော်လည်း ဘာမှမတက်နိုင်ခြေ သည်းခံရမည်ဖြစ်သည်။

(Btw အာကာရာက မိန်းကလေး)

All Chapters