← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ဖှေး စိတ်ကို မနည်းထိန်းပြီး တတိယမြောက်မေးခွန်းအားထက်မံမေးမြန်းလိုက်သ​ည်။”ဒီကမ္ဘာက ပစ္စည်းတွေကို ကျွန်တော့ ကမ္ဘာကို ယူသွားလို့ရနိုင်မလား။”

အကယ်၍ အာကာရာမှ ထက်မံ၍ “ဘုရားသခင်အလိုတော်အတိုင်း” “မသိဘူး”ဟုဖြေကြားပါက ဖှေး စိတ်ထိန်း​နိုင်တော့မည် မဟုတ်ချေ။ သူပုန်စခန်း၏ ခေါင်းဆောင် ဖြစ်စေကာမူ အာကာရာနှင့် ပြသနာဖြစ်တော့မည်ဖြစ်သည်။

ကံကောင်းစွာပင် အာကာရာ၏ အဖြေမှာ ထိုကဲ့သို့ မဟုတ်ချေ။

“ငယ်ရွယ်တဲ့ခရီးသွား ဒီကမ္ဘာကစည်းမျဥ်းတွေကို အသင်သိပြီးဖြစ်တယ်လေ။ ဘယ်အရာမှတော့ အလကားမရနိုင်ပါဘူး။ဟီးဟီး... တန်ရာတန်ကြေးပေးရင်တော့ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်.....”

“ဒါဆို သင်ဆိုလိုတာက ပိုက်ဆံပေးရင် ကျွန်တော်ပစ္စည်းတွေကို ယူသွားလို့ရတယ်ပေါ့....”

“ဒါက အသင့်ရဲ့ ၄ခုမြောက်မေးခွန်းလား လူငယ်....”

“တော်တော် ​ခက်တဲ့အမျိုးသမီးပဲ” ဖှေးတွေးလိုက်မိ၏။

ဖှေးသည် ခေါင်းခါယမ်းကာ “မဟုတ်ပါဘူး။”ဖှေးသည် အာကာရာ၏လောဘကို အတော်လန့်နေပြီဖြစ်သည်။အလျင်အမြန်ပဲ သူ၏ ၄ခုမြောက်မေးခွန်း အားမေးလိုက်သည်။ “ကျွန်တော်ဘာလို့ ဒီကမ္ဘာမှာ အချိန်အတိုင်းတာတစ်ခုထိပဲနေနိုင်ရတာလဲ။ကျွန်တော့ခေါင်းထဲက အသံကရော ဘာတွေလဲ။”

“အဲ့ဒါက သင့်ရဲ့ စိတ်စွမ်းအားမရင့်ကျက်သေးလို့ပါ။စိတ်စွမ်းအား ထက်သန်လာပြီဆိုရင် သင်နေချင်သလောက်နေနိုင်လိမ့်မယ်။လောလောဆယ်တော့ ၄နာရီထိပဲ အများဆုံးနေနိုင်သေးတယ်။”

“​သြော် အဲ့တာကြောင့် လား” ဖှေးနားလည်သွား၏။

ဖှေး မေးပြီးသော် တစ်ဖက်သို့အမြန်လှည့်ကာထွက်သွား၏။ကွန်ပျူတာဇာတ်ကောင်များကို မည်သူက ဦးနှောက်မရှိဟူသော အယူဆကြောင့် ဖှေး အာကာရာနှင့် ဆွေးနွေးရာတွင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

“အသင့်မှာ မေးခွန်းတစ်ခုကျန်သေးတယ်လေ.....”အနောက်မှ အာကာရာမှ လှမ်းအော်လိုက်သည်။

“ကျွန်တော်အခု မမေးသေးဘူး။ ကျန်တဲ့မေးခွန်းက်ိုနောက်မှမေးတော့မယ်....”

.............

.............

“ဒီကမ္ဘာက ကွန်ပြူတာဇာတ်ကောင်တွေက တော်တော်ကြောက်စရာကောင်းတာပဲ။ ငါသေချာဂရုမစိုက်ဘူးဆို ငါ့မှာ ရှိသမျှ ငွေအကုန်ပြောင်အောင်လုပ်ကြလိမ့်မယ်......”

အာကာရာနှင့် စကားပြောပြီးနောက်တွင် သူ၏ဇာတ်ကောင်အား ဖှေးအဆင့်မြင့်တင်ရန်​ဆုံးဖြတ်လိုက်သ​ည်။

ချမ်းဘော့ဒ် တိုင်းပြည်မှာ ယခုအချိန်တွင် အန္တရာယ်အောက်တွင်ရောက်နေသည်ဖြစ်သည်။ ထို့ကြောင့် သူ၏ ​စွမ်းအားများကို မြှင့်တင်ရန်မှာ အရေးကြီးလှသည်။ အကယ်၍ နိုင်ငံကြီးတစ်ခုလုံးအား မကာကွယ်နိုင်စေကာမူ သူ၏ ဘေးတွင်ရှ်သော လူများကို ကာကွယ်နိုင်ရန်ဖြစ်သည်။

အဆင့်မြင့်တင်ရန် အမြန်​ဆုံးနည်းလမ်းမှာ တွေ့သမျှမကောင်းဆိုးဝါးများကို လိုက်သတ်ကာ အတွေ့ကြုံယူခြင်းမဟုတ်ပေ။ အလုပ်များအမျိုးအမျိုးအား ပြီးမြှောက်အောင် လုပ်ခြင်းပင်။အလုပ်လုပ်ရာမှ ရရှိသော အတွေ့ကြုံ(exp ကိုပြောတာပါ gamersတွေဆို သိကြမှာပါ။)မှာ ပိုများ၏။သူပုန်စခန်းမှမထွက်ခွာခင် သူပုန်စခန်းမှ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာ ထံသ်ို့သွားသည်။

သူမထံမှ ဒုတိယအလုပ်ဖြစ်သည့် [စစ်စတာများ မြေမြုပ်သောနေရာ]ကိုရရှိလေသည်။ထိုနေရာတွင်ရှိသော [သွေးကျီးကန်း]အား ဖှေးသတ်ပေးရမည်ဖြစ်သည်။

စခန်း၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် ခက်ရှာ၏ လက်အောက်တွင် သေခြာလေ့ကျင့်ပေးထားသော အမျိုးသမီးစစ်သည်များစွာရှိလေသည်။မူရင်းဂိမ်းထဲတွင် အလုပ်ပြီး​မြောက်အောက်မြင်သွားပါက ခက်ရှာ ၏ ယုံကြည်လေးစားခြင်းခံရကာ ခက်ရှာမှ ကူညီတိုက်ခိုက်ရန်အမျိုးသမီး စစ်သည်တစ်ယောက်ပေးမည်ဖြစ်သည်။

“ဒီကအမျိုးသမီးစစ်သည်တွေက မူရင်းဂိမ်းထဲကလိုပဲ ချောလားမသိဘူး ဟီးဟီး..”ဖှေး သိလိုစိတ် ပြင်းပြကာ အမျိုးသမီးများနေထိုင်ရာ တဲဘက်သို့ကြည့်ကာ မြင်နိုင်ရန်ကြိုးစားသော်လည်း ထူထဲသော်ပိတ်စများကာရံထာသောကြောင့် မမြင်နိုင်ပေ။အမျိုးသမီးများ၏ ရယ်မောသံ သဲ့သဲ့များသာ ကြားရသည်က ဖှေးအား ပို၍ စိတ်လှုပ်ရှားစေသည်။

မမြင်နိုင်သည့်အဆုံးတွင် လက်လျော့ကာ သူပုန်းစခန်းမှ ထွက်ခွာခဲ့၏။

[သွေးကျီးကန်း]ဟုခေါ်သူသည်သူပုန်စခန်းမှ သစ္စာဖောက်တစ်ဦးဖြစ်၏။ သူ့အား တိုက်ခိုက်သက်ဖြတ်ရန် မလွယ်ကူချေ။ သူ့အားစောင့်ရှောက်ကာကွယ်နေသော မကောင်းဆိုးဝါးများစွာလည်း ရှိသေး၏။

ဖှေး သူပုန်စခန်းမှထွက်ခွာပြီး သွေးမြေရိုင်းလွင်ပြင်သို့ဖြတ်ကျော် ခရီးနှင်လေသည်။လမ်းတွင်ကြုံတွေ့သော မကောင်းဆိုးဝါးအမျိုးမျိုးအား နှိမ်နင်းသက်ဖြတ်ပြီး နှစ်နာရီခန့် ခရီးနှင်ပြီးသော် [အေးစက်သော ဒေသ]သို့ရောက်ရှိပြီဖြစ်သည်။

ထိုအချိန်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် အဆင့် ၇သို့ရောက်ရှိနေပြီဖြစ်သည်။ RPG ဂိမ်းများ၏ထုံးစံအရ အဆင့်မြင့်လေလေ အဆင့်တက်ရန် အတွေ့ကြုံများ ပိုလိုအပ်လေဖြစ်သည်။ဖှေး အဆင့်၀မှ အဆင့်၅သို့ ၃နာရီအတွင်းပင်ရောက်ရှိခဲ့သော်လည်း အဆင့်၅မှ ၇သို့ ရောက်ရှိရန်မှာ ၂နာရီပင်ကြာသည်ဖြစ်သည်။

[အေးစက်သော ဒေသ]မှာ နာမည်အတိုင်းပင် သွေးမြေရိုင်းလွင်ပြင် ထက်သိသာစွာ အေးစက်နေသည်။အပူပိုင်းဒေသတစ်ခုမှ မြောက်ဝင်ရိုးစွန်းသို့ချက်ချင်းရောက်ရှိသွားသကဲ့သို့ပင်။မကောင်းဆိုးဝါးများမှာလည်း ပို၍အန္တရာယ်များပြီး အစွမ်းထက်၏။[ပျက်ဆီးသွားသော စစ်သည်]ဟုခေါ်သော မကောင်းဆိုးဝါးအသစ်ပင်ရှိသည်။ ထိုမကောင်းဆိုးဝါးများမှာ ငရဲမှ သေမင်းစွမ်းအင်များကို စုပ်ယူကာ မိစ္ဆာအသွင်ပြောင်းသွားသော စစ်သည်များပင်။ထိုမကောင်းဆ်ိုးဝါးများမှာ ဓားနှင့်လှံများ အသုံးပြုကာဖှေးအား တိုက်ခိုက်ကြ၏။သူတို့သေဆုံးသော်အခါ ကျယ်လောင်စွာအော်ဟစ်ပြီး တခြားမကောင်းဆိုးဝါးများအား ဆင့်ခေါ်မည်ဖြစ်သည်။သို့သော်လဲ ထိုမကောင်းဆိုးဝါးများအား ရှောင်ရှားရန်မှာ မဖြစ်နိုင်သောကြောင့် ဖှေးထိတ်တိုက်ပင်တိုက်ခိုက်ရ၏။

တစ်နာရီခန့်အကြာတွင် ဖှေး သွေးကျီးကန်းနေထိုင်သောနေရာသို့ရောက်ရှိလာပြီဖြစ်သည်။ ကစားနိုင်သော အချိန်ပြည့်ရန် တစ်နာရီသာလိုတော့သည်ဖြစ်သည်။

သို့သော် သွေးကျီးကန်းအား ဝင်ရောက်မတိုက်ခိုက်ခင် သူ၏လက်နက်ပစ္စည်းများအား စစ်ဆေးလိုက်သည်။ သူ၏လက်နက်များမှာ လမ်းမှာတိုက်ခိုက်ခဲ့သော မကောင်းဆိုးဝါးများကြောင့် အရည်သွေးမှာ သိသာစွာ​ကျဆင်းနေပြီဖြစ်သည်။ ထိုကဲ့သို့လက်နက်များနှင့် သွေးကျီးကန်းအား သွာ​းရောက်စိန်ခေါ်ပါက ကျားဖင်သွားကိုင်သကဲ့သို့ပင် ဖြစ်နေလိမ့်မည်။

ထို့ကြောင့် မြို့ကူးစာလိပ်အား အသုံးပြုပြီး သူပုန်စခန်းအား ပြန်ရန်ဝင်ပေါက်တစ်ခုဖန်တီး၏။ထိုဝင်ပေါက်ထဲသ်ို့ဝင်သွားကာ ချက်ချင်းပင် သူပုန်စခန်းသို့ပြန်ရောက်သွားသည်။ ဖှေး မှတ်မိသလောက်ဆိုလျင် မူရင်းဂိမ်းထဲတွင် ချယ်စီဟုခေါ်သော အမျိုးသမီးပန်းပဲသမားတစ်ရှိ၏။သူမသည် ၁၈နှစ်အရွယ်ဝန်းကျင်ရှိ လှပသော အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည်။သူမသည်တစ်စုံတစ်ရာကြောင့် စိတ်ညစ်နေဟန်ရှိသည်။ ဖှေးရောက်လာသည်ကို အံ့သြ ဟန်မပြချေ။ ဖှေး၏ ပုဆိန်နှင့် ချပ်ဝတ်တို့အား ရွှေဒင်္ဂါး ၂၀ဖြင့် ပြုပြင်ပေး၏။ထို့နောက်တွင် ဖှေးတွင်ရှိသော မလိုအပ်သည့်ပစ္စည်းများကိုလည်းပြန်လည်ရောင်းချရာ အာကာရာထံတွင် ရောင်းချသည်ထက် ပိုမို၍ စျေးရသည်က်ိုတွေ့ရသည်။

“တော်တော် ​စျေးနှိမ်တဲ့ သူတော်စဥ်ပဲ” အာကာရာ အပေါ်ဖှေး၏မကျေနပ်မှုများမှာ ပို၍ပင်တိုးပွားလာ၏။ သူ၏ပစ္စည်းများကိုလဲ အာကာရာ အားထက်မံမရောင်းချတော့ရန်ဆုံးဖြတ်လိုက်သည်။

ချယ်စီမှာ စကားပြောလိုသည့်ဟန်မရှိပေ။ ချယ်စီအားကျေးဇူးတင်စကားပြောပြီး သွေးကျီးကန်းအား ရင်ဆိုင်ရန် ပြန်ခဲ့သည်။

.......

......

မိနစ်ငါးဆယ်ခန့်ကြာပြီးနောက်....

“အား....”

အမျိုးသမီးတစ်ဦး၏နာကျင်စွာအော်ဟစ်သံတစ်ခုပေါ်ထွက်လာသည်။သွေးကျီးကန်မှာ ဖှေး၏ပုဆိန်အောက်တွင်ကျဆုံးသွားပြီဖြစ်သည်။သီအိုရီအရဆိုလျှင် သွေးကျီးကန်းကဲ့သို့ ခေါင်းဆောင်များအား သတ်ဖြတ်ပြီးပါက တန်ဖိုးကြီးတစ်ခုရရှိဦးမည်ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် သွေးကျီးကန်း၏ အလောင်းမှာတဖြည်းဖြည်း အငွေ့ပျံသွားပြီး အလောင်​းနေရာတွင်အပြာရောင်များတောက်ပလွမ်းခြုျံနသော ပစ္စည်းတစ်ခုအားတွေ့လိုက်ရ၏။

All Chapters