အခန်း (၁၉)
Vol. 2 Ch. 19
“ဟားဟား မှော်ပစ္စည်းနှစ်ခုတောင်ကွ ငါတော့ပွပေါက်တိုးတာပဲ...”
ဖှေး ပစ္စည်းနှစ်ခုအားကောက်ယူလိုက်သည်။ ခေါင်းဆောင်ကြီးအား သတ်ပြီးလျှင် ပစ္စည်းရမည်ဆိုတာသိပြီးဖြစ်သော်လည်း စိတ်မလှုပ်ရှားပဲမနေနိုင်ချေ။ပစ္စည်းနှစ်ခုအား သေချာ စစ်ဆေးကြည့်ရှုနေတုန်းမှာပင် ခေါင်းထဲတွင် အသံတစ်ခုပေါ်လာလေသည်။
“ထွက်ခွာရမည့်အချိန်နီးကပ်လာပါပြီ ကျေးဇူးပြု၍ အသင့်ပြင်ထားပေးပါ။”
ဒီအချိန်တွင်တော့ ဖှေးအား ချက်ချင်းထွက်ခွာမခိုင်းပဲ ကြိုတင်သတိပေးနေခြင်းဖြစ်သည်။
“ငါမင်းကိုစောင့်နေတာကြာပြီ...” ဖှေးတွေးလိုက်သည်။
ဖှေးသည် မကောင်းဆိုးဝါးများကိုတိုက်ခိုက်ရန် အာရုံအပြည့်စိုက်ထားသည်မှာ မှန်သော်လည်း ထိုအသံကိုလဲ သတိထားစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ဖှေးသည် ထိုအခွင့်လမ်းအား ဆုံးရှုံးသွားမှာ ဆိုးသဖြင့်အပေါ်သို့ ကြည့်ကာ အော်ဟစ်လိုက်သည်။ “နေပါဦး ကျွန်တော် တစ်ခုမေးစရာရှိတယ် ကျွန်တော် [သွေးပုလင်း]ကို ကျွန်တော့ကမ္ဘာကိုပြန်ယူသွားချင်လို့ ကျွန်တော်ဆိုလိုချင်တာကိုသိတယ်မလား။ ကျွန်တော် ဘယ်လောက်ပေးရမလဲ....”
သို့သော် အသံမှာချက်ခြင်းပြန်မဖြေချေ။၄စက္ကန့်ထဲတိတ်ဆိတ်နေ၏။ ထိုလေးစက္ကန့်မှာ ဖှေးအတွက် ထာဝရပင်ကြာရှည်နေ၏။
ထို့နောက်ငါးစက္ကန့်ခန့်အကြာတွင် အသံတစ်ခုပေါ်ထွက်လာသည်။
“ယူသွားလို့ရပါတယ် ကျသင့်ငွေက ရွှေဒင်္ဂါး ၃၀၀၀ပါ။ယူသွားဖို့အတွက် အောင်မြင်နိုင်ခြေက 25%ပါ။ ရွှေဒင်္ဂါး မလုံလောက်ပါက ပစ္စည်းရဲ့တန်ဖို့ ၈၀%နဲ့ပေးချေလို့ရပါတယ်.....။လုပ်ဆောင်ရန် သဘောတူပါသလား...10.....9.......8.......7. ....”
“အင်းသဘာတူတယ် သွေးပုလင်းအငယ်စား သုံးခုယူသွားမယ်....”
“ဒင်.... ရွှေဒင်္ဂါး မလုံလောက်ပါ.....ပစ္စည်းနဲ့ပေးချေပါမည်လား.....6.....5......4......”
“သွေးပုလင်းအငယ်စား တစ်ခုပဲ ယူတော့မယ်....”
“ဒင်.... ရွှေဒင်္ဂါး မလုံလောက်ပါ.....ပစ္စည်းလုံလောက်ပါတယ်....လွှဲပြောင်းပေးနေပါပြီ.....လွှဲပြောင်းခြင်းအောင်မြင်ပါသည်....ကစားနိုင်သော အချိန်ပြည့်သွား၍ စတင်ထွက်ခွာနေပါပြီ.....”
“ဒင်ဒေါင်”
မကြာမှီပင် ဖှေး အမြင်အာရုံများဝေဝါးသွားတော့သည်။
........
........
“ဟူး”
ဖှေးအိပ်ယာပေါ်မှ အမြန်ထပြီး အသက်ပြင်းထန်စွာရှူထုတ်လိုက်သည်။ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ နန်းတော်ထဲပြန်ရောက်နေကြောင်းတွေ့ရသည်။အိပ်ရာဘေးတွင် သူ၏ဇနီးလောင်းအန်ဂျယ်လာ ထိုင်နေပြီး သူမ၏ ပင်လယ်ကဲ့သို့ ပြာလဲ့သော မျက်လုံးများနှင့် စိုးရိမ်မှုကြီးစွာ စိုက်ကြည့်နေသည််ကိုတွေ့ရသည်။
“အလတ်ဇန္ဓား နင်နိုးလာပြီလား.....”
ဖှေးနိုးလာသောအခါ အန်ဂျယ်လာ၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။”နင်နဲ့ ဘယ်ဘက်ပခုံကသွေးထွက်နေတယ်။ အိပ်နေတုန်းကလဲ အိမ်မက်ဆိုတွေမက်နေခဲ့တာလား နင်တစ်ကိုယ်လုံး တုန်ခါနေပြီး ချွေးတွေပျံနေတယ်။ငါတော်တော်စိုးရိမ်နေခဲ့တာ.....”
အန်ဂျယ်လာ၏ စကားများမှာ တုန်ယဥ်ပြီး ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေသော်လည်း လွန်စွာစိုးရိမ်နေသည်ကို ဖှေးသတိထားလိုက်မိသည်။
သူမ၏စိုးရိမ်မှုမှာ ဖှေးသည် ချမ်းဘော့ဒ် တိုင်းပြည်၏သူရဲကောင်းဖြစ်သောကြောင့်မဟုတ်ပေ။ ဘရွတ်နှင့် စစ်သားများ၏ ဖှေးအပေါ်ထားရှိသော လေးစားမှုမျိုးလဲမဟုတ်။ နှလုံးသားထဲမှလာသော ရိုးရှင်းသော ခံစားချက်မျှသာ။အရင်ကကျပ်မပြည့်သောသူမှ ယခုသူရဲကောင်းဖြစ်သည်အထိ မထူးခြားပဲ အမြဲဂရုစိုက်သွားမည်ဖြစ်သည်။
ထိုခဲ့သို့စိုးရိမ်မှုနှင့် ဂရုစိုက်မှုများမှာ ဖှေးကို ပျော်ရွှင်စေသည်။ ထိုခံစားချက်များမှာ အရင်အလတ်ဇန္ဒါးအပေါ်တွင်သာ ဖြစ်နိုင်သည် ဖှေးအပေါ်ထားရှိသည်မဟုတ်သည်မှာလည်း ဖြစ်နိုင်၏။သို့သော်ဖှေးမှာ အန်ဂျယ်လာအား လေးစားမြဲပင်။
ယောက်ျားလေးများ၏ ထုံးစံအတိုင်း ဖှေးမှာ လှပသော မိန်းလေးများကို သဘောကျသည်။သို့သော် အန်ဂျယ်လာ ကိုသဘောကျသည်မှာ သူမ၏ အလှကြောင့်သာ မဟုတ်ပေ။သူမ၏ အကြင်နာတရားကြောင့်ပင်။
ဖှေးသည် သူမအား လွန်စွာစွဲလမ်း၏။ မည်ကဲ့သို့မိန်းကလေးမှာ သူမ၏ ကျပ်မပြည့်သော ခင်ပွန်းလောင်းအား အန်ဂျယ်လာကဲ့သ်ို့ ဂရုစိုက်မည်နည်း။နောက်ပြီး ဘယ်အကြောင်းကြောင့် အန်ဂျယ်လာကို အလတ်ဇန္ဓား နှင့် စေ့စပ်ပေးခဲ့ကြသနည်း။ ဖှေးမသိချေ။သို့သော် ဖှေးဂရုမစိုက် ဘာပဲဖြစ်နေနေ ဖှေးအန်ဂျယ်လာအား လက်ထပ်သွားမည်ဖြစ်ပြီး သူမနှင့်ထိုက်တန်သော ပျော်ရွှင်မှုကို ပေးမည်ဖြစ်သည်။
“အေးဆေးပါ အန််ဂျယ်လာ ငါသက်သာသွားပါပြီ”
ဖှေးအန်ဂျယ်လာအား ပြုံးပြလိုက်သည်။ သူ၏ ချပ်ဝတ် အားချွတ်ပြီး အင်္ကျီအားမတင်လိုက်ရာ လမ်ဒီ၏ ဓားစိုက်ဝင်သွားခဲ့သော ပခုံးမှဒဏ်ရာမှာပျောက်ကွယ်သွားပြီဖြစ်သည်။အနီရောင်အစင်းကြောင်းလေးတစ်ခုသာကျန်ခဲ့သည်။ထိုအရာမှာ ဖှေး၏သီအိုရီတစ်ခုအား သက်သေပြနေသည်။
ဒိုင်ယာဘလို ကမ္ဘာသို့သွားပါ သူ၏ခန္ဓာကိုယ် ပေါ်မှ မည်ကဲ့သို့ ဒဏ်ရာမဆို့ပျောက်ကင်းသွားမည်ဖြစ်သည်။
အန်ဂျယ်လာသည် ဖှေး ခန္ဓာကိုယ် ပေါ်မှ ဒဏ်ရာများကို ရှက်ရွံ့စွာစစ်ဆေးနေ၏။ဒဏ်ရာများ စိုးရိမ်ဖွယ်မရှိသောကြောင့် စိတ်အေးသွားသည်။အလတ်ဇန္ဒါးကျပ်မပြည့်စဥ်က အန်ဂျယ်လာသည် အလတ်ဇန္ဓား ကို မသိစိတ်က ကလေးတစ်ယောက်ကဲ့သို့ သဘောထားခဲ့သောကြောင့် ထိုကဲ့သို့ ရှက်ရွံ့ခြင်းမရှိခဲ့ချေ။ သို့သော်ယခုအခါတွင် အလတ်ဇန္ဓား သည်ရုတ်တရက်ကြီး ပုံမှန်ပြန်ဖြစ်လာသောကြောင့် အရင်လိုမနေနိုင်ဖြစ်နေ၏။သူမ၏ရှေ့မှလူသည် သူ၏ခင်ပွန်းလောင်းဖြစ်ကြောင်းတွေးလိုက်မိတိုင်း ရန်ခုန်မေရသည်။
ထိုအချိန်တွင် အကြည့်ခြင်းဆုံသွားရာ သူမ၏ ရှက်သွေးဖြာနေသော မျက်နှာမှာ ဖှေးကိုတခြားသို့မကြည့်နိုင်ဖြစ်စေသည်။
“တော်တော်ကြည်ဖူးဖွယ်ကောင်းတဲ့ အချိန်ပါလား...”ဖှေးတွေးလိုက်မိ၏။
ဖှေး စိတ်ချမ်းသာနေတုန်းမှာပင်......
“ဒုန်းး....”
ဖှေး၏ အိပ်ခန်းတံခါးကို တွန်းဖွင့်ပြီး အမ်မာ ဝင်ရောက်လာသည်။အမ်မာသည် ကြည်နူးဖွယ်အခိုက်တန့်ကို ဖျက်ဆီးလိုက်မိမှန်းမသိ ဖှေး၏ မကျေနပ်သည့်အကြည့်တို့ကိုလည်း သတိမထားမိချေ “အလတ်ဇန္ဓား နင့်ရဲ့ ကုထုံးအခြေအနေဘယ်လိုပဲ အန်ကယ် ပီးရာ့စ်က ဆက်ပြီးတောင့်ခံနိုင်တော့မှာမဟုတ်တော့ဘူး။”
“သေစမ်း” ဖှေးထိုအချိန်မှသာ သူ၏ အရေကြီးဆုံးကိစ္စကိုသတိရကာ သူ၏ စျေးကြီးစွာပေးပြီး ယူလာရသော[သွေးပုလင်း အငယ်စား]ကို လိုက်ရှာရာ သူ၏ အိပ်ယာပေါ်တွင်တွေ့လေသည်။
တန်ဖိုးကြီးပြီး ဘယ်လောက်ပဲ ဒဏ်ရာပြင်းထန်နေပါစေ ပျောက်ကင်းနိုင်သော သွေးပုလင်းအငယ်စားကို ကံကောင်းထောက်မစွာ ပင် ပြန်သယ်လာနိုင်ခဲ့သည်။
ဖှေး ပုလင်းကိုသေချာစစ်ဆေးကြည့်ရှုလိုက်သည်။လိမ္မော်သီးအရွယ်ခန့်ရှိ ဖန်ပုလင်းလုံးလေးတစ်ခုဖြစ်ပြီး အထဲတွင်အနီရောင်အရည်များပါသည်။
“ဒါတော်တော်နည်းလွန်းတယ် ပီးရာ့စ် နဲ့ကျန်တဲ့ဒဏ်ရာရစစ်သားတွေအကုန်လုံးကို ပျောက်ကင်းအောင်ကုနိုင်ဖို့ မလောက်ဘူးထင်တယ်...”ဖှေး ဖန်ပုလင်းအရွယ်အစားကိုကြည့်ကာတွေးလိုက်သည်။
“ငါဘာလုပ်သင့်လဲ ဒီဆေးပုလင်းက ဒိုင်ယာဘလိုကမ္ဘာမှာလိုပဲ အစွမ်းထက်ရင်တော့ ရေရောရင်ကောင်းမလား.....”
“နင်ဘာတွေတွေဝေနေတာလဲ လာသွားကြစို့”အမ်မာသည် ဖှေးအား စဥ်းစားချိန်မပေး ပီးရာ့စ်စီသို့ဆွဲခေါ်သွားသည်။
ဖှေးသည် အန်ဂျယ်လာထံသို့လှည့်ပြီး”အန်ဂျယ်လာငါ့ကို ရေနှစ်အိုးလောက်ယူလာပေးလို့ရမလား ငါနောက်ပြီးကျရန်လိုနိုင်တယ်....”
“ဟမ် ရေကဘာလ်ို့လိုတာလဲ” အမ်မာသည် အကုန်သိချင်နေသော ကလေးတစ်ယောက်ကဲ့သို့ပင် “ငါရော အန်ဂျယ်လာကို ကူလိုက်ဦးမယ် နင်က ပီးရာ့စ်ကို မြန်မြန်သွားတွေ့”
........
........
ဖှေး ဒဏ်ရာရစစ်သားများ ထားရှိရာ နန်းတော်တစ်ဖက်ခြမ်းသို့ရောက်ရှိသွားသည်။ စစ်သားများ၏ ငြီးငြူသံများနှင့်ပြည့်နှက်နေကြသည်။ဆရာဝန်များအပြင် လူနာများအားစောင့်ရှောက်ရန်လာကြသော အမျိုးသမီး တခြို့က်ိုလဲတွေ့ရသည်။
“အရှင်မင်းကြီး ကြွလာပြီ....”
ဖှေးကိုမြင်သောတစ်စုံတစ်ယောက်မှ အော်လိုက်သည်။စစ်ပွဲမှာဖြစ်ပျက်ခဲ့သော အကြောင်းရာများသည် မြို့ထဲတွင်ပြန့်နှံ့သွားပြီဖြစ်သည်။ယခင်က ကျက်မပြည့်သောဘုရင်မှာ စစ်ပွဲနတ်ဘုရား၏ကောင်းချီးပေးမှုကြောင့် ချမ်းဘော့ဒ် အား ကယ်တင်ရှင်သူရဲကောင်းဖြစ်လာသည်ဟု လူအများက ယူဆထားကြသည်။
လူတိုင်းမှာ ဖှေးကိုမြင်တွေ့နှုတ်ဆက်ရသည်ကိုပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်။တစ်စုံတစ်ယောက်မှာ ဒူးထောက်ကာ ဖှေးခြေထောက်ကိုပင် နမ်းလိုက်သေးသည်။
ဖှေး လန့်ဖြန့်သွားသည်။”ဟေး.. အေးဆေးပေါ့ အဲ့လောက်မလိုပါဘူး....”ဖှေးသည်ကြွားဝါရသည်ကိုနှစ်သက်သော်လည်း ဒီလောက်ထိလေးစားမှုကိုတော့ လက်မခံနိုင်သေးပေ။
လူထုအား နှုတ်ဆက်ပြီးသော် သူ၏ဘေးတွင် လူတစ်ယောက်ငိုကြွေးနေသည်ကို သတိထားမိလိုက်သည်။