အခန်း (၂၀)
Vol. 2 Ch. 20
အသံလာရာ ဘက်သို့ကြည့်လိုက်ရာ ဖှေး၏ညာဘက်ရှိ ဒေါင့်တစ်နေရာတွင် တစ်စုံတစ်ယောက်အား ဖက်တွယ်ကာ ငိုကြွေးနေသော ဆံပင်အနီရောင်နှင့် ကလေးမလေးတစ်ယောက်အားတွေ့လိုက်ရသည်။
ဖှေးအနီးကပ်သေချာကြည့်လိုက်သောအခါမှ ကလေးမလေး ဖက်တွယ်ငိုကြွေးနေသည်မှာ ဒဏ်ရာပြင်းထန်စွာရရှိထားသော ပီးရာ့စ်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဘရွတ်လဲ သူတို့ နှင့် အတူရှိနေပြီး ကလေးမလေးအား နှစ်သိမ့်ပေးရန်ကြိုးစားနေသည်ကို တွေ့ရသည်။
“အရှင်မင်းကြီး....”
ဖှေးကိုတွေ့သော အခါဘရွတ်တစ်ယောက်ဝမ်းသာသွားပြီး “အရှင် ကုသနိုင်မည့်ဆေးတွေ့ခဲ့ပြီလား....”
ဖှေးအား မျှော်လင့်တကြီးစောင့်ကြည့်နေသည်။ ဖှေးသည်ခေါင်းခါရမ်းပြီး စိတ်ပျက်စရာသတင်းတစ်ခုပြောလိုက်မည်ကိုလဲ လွန်စွာစိုးရိမ်နေ၏။ပီးရာ့စ်သည်လည်း အခြေအနေသိပ်မကောင်းတော့ချေ အလွန်ဆုံးခံနိုင်လှ ၁၀မိနစ်ခန့်သာ ခံနိုင်တော့မည်ဖြစ်သည်။
လွန်စွာစိတ်မရှည်ဖြစ်နေသော ဘရွတ်ကိုမြင်သော် ဖှေးမှာစနှောက်လိုသဖြင့် ဘရွတ်၏ မေးခွန်းကိုမဖြေသေးပဲ ဆံပင်အနီရောင်နှင့် ကလေးမလေးဘက်ကို ကြည့်ကာ “သူက ဘယ်သူလဲ.....”
“လူးဝစ်ပါ ပီးရာ့စ်ရဲ့သမီး လူးဝစ်ပါအရှင်မင်းကြီး....” ဘရွတ်မှာ စိတ်လှုပ်ရှားနေသော်လည်း ဖှေးအား ကလေးမလေးနှင့် မိတ်ဆက်ပေး၏။
ဖှေး ဘာမှမပြောပ၌ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆိုသူမက ပီးရာ့စ်စိုးရိမ်နေတဲ့ သူ့သမီးဆိုတာပေါ့......”ဖှေးတွေးမိ၏။
လူးဝစ်မှာ ခွန်အားကြီးပြီး ကြမ်းတမ်းသော သူမ၏အဖေနှင့်မတူပဲ သေးသေးလေးနှင့် ချစ်စရာကောင်းလှသည်။သူမ၏ မျက်ရည်များနှင့် မျက်ဝန်းနှစ်ခုမှာ လူတိုင်း၏ နှလုံးသားများကို အရည်ပျော်စေလောက်သည်ထိပင်။ သူမ၏အနီရောင်ဆံပင်များမှာ ဖှေးအား ဟယ်ရီပေါ်တာ ရုပ်ရှင့်မှ ဟာမိုနီကို သွားသတိရစေသည်။
သို့သော်လူးဝစ်သည် ၁၂နှစ်အရွယ်ကလေးတစ်ယောက်နှင့်မလိုက်အောင်ရင့်ကျက်သည့် ဟန်ရှိသည်။”ဦးလေးဘရွတ်ပြောတဲ့ ကျွန်မအဖေကို ကယ်နိုင်တဲ့တစ်ယောက်ဆိုတာ အကိုလား”ဖှေးအားမေးလိုက်သည်။
ထို့နောက်တွင် သူမ၏ အသက်အရွယ်နှင့်မလိုက်ဖက်သည့် အသံဖြင့် “ကျွန်မအဖေကို တကယ်ကယ်နိုင်မယ်ဆို တစ်သက်လုံး အကို့ချစ်သူလုပ်ပေးဖို့ ဆန္ဒရှိပါတယ်....”
ဖှေး လန့်ဖြန့်သွား၏။ဖှေးလန့်သွားပြီး သူမကို မျက်နှာခြင်းပင် မဆိုင်ရဲတော့ချေ။ သူမကို ဒိုင်ယာဘလိုကမ္ဘာမှ ခေါင်းဆောင်ကြီးများထက်ပင် ကြောက်ရွံ့မိ၏။
ဖှေး ကိုမာဝင်နေသော ပီးရာ့စ်ဘေးသို့ဝင်ထိုင်ကာ သွေးပုလင်းအငယ်စားအား ထုတ်ယူပြီး ပီးရာ့ပါးစပ်ထဲသို့ တစ်စက်ခန့်လောင်းချလိုက်သည်။သွေးပုလင်းအစွမ်းထက်မထက်ကို ယခုအချိန်တွင်တွေ့ရှိရတော့မည်ဖြစ်သည်။
ဖှေး စိတ်လှုပ်ရှားနေသည်။ ဘရွတ်နှင့် လူးဝစ်မှာ ပို၍ပင်စိတ်လှုပ်ရှားနေကြ၏။သူတို့သုံးယောက်လုံးပီးရာ့စ်အားစိုက်ကြည့်နေကြပြီး ဆေးပုလင်းအလုပ်လုပ်ရန်မျှော်လင့်နေကြသည်။
တဖြည်းဖြည်းနှင့် အသက်ရှူရန်ခက်ခဲနေသော ပီးရာ့စ်မှာ အသက်ရှူနှုန်းမြင့်တက်လာပြီး မျက်နှာကြီး နီမြန်းကာ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ယုံနိုင်ဘွယ်မရှိသော အမြန်နှုန်းနှင့် စတင်ပျောက်ကင်းလာသည်ကိုတွေ့ရသည်။
ဘရွတ်နှင့်လူးဝစ်နှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်ကုန်၏။ပီးရာ့စ်အားတိုက်လိုက်သော အနီရောင်အရည်များမှာ ဘာတွေမှန်းသူတို့ မသိသော်လည်း အစွမ်းထက်သည်မှာတော့ သေချာလေသည်။ဆေး၏ကုသနိုင်စွမ်းမှာ သူတို့မျှော်လင့်ထားသည်ထက်ပင် များစွာသာလွန်နေ၏။
တစ်ခါမှမကြားဖူး မကြုံဖူး မမြင်ဖူးပေ။
မဟာဘုရားကျောင်းမှ အဆင့်မြင့်သူတော်စဥ်များ၏ ကုသခြင်းမှော်အတတ်ထက်ပင် များစွာအစွမ်းထက်နေသည်။
လူးဝစ်နှင့် ဘရွတ်တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေပြီး ဖှေးကိုစိုက်ကြည့်၏။သူတိုနှ့စ်ယောက်၏စိတ်ထဲတွင် ဖှေးအား နတ်ဘုရားတစ်ပါးပေလားဟုပင် ထင်နေကြပြီဖြစ်သည်။
ဖှေးလည်း ထို့်နည်းတူစွာပင် [သွေးပုလင်းအငယ်စား]၏ အစွမ်းထက်မှုက်ို အံ့အားသင့်နေသည်။
ဆေးတစ်စက်သည် ထိုလောက်ထိ အစွမ်းထက်မည်ဟုမမျှော်လင့်ထားမိပေ။ အကယ်၍ပီးရာ့စ်အား တစ်ငုံစာခန့်တိုက်လိုက်ပါက လုံးဝပြန်ကောင်းလာပြီး နောက်စစ်ပွဲတစ်ပွဲပင် ထက်တိုက်နိုင်ဦးမည်ဖြစ်သည်။သို့သော်ထိုအရာမှာ လူတိုင်းကို အလွန်အံ့သြသွားစေမည်ဖြစ်သောကြောင့် ဖှေးမလုပ်ပေ။
ဖှေး ပီးရာ့စ်၏အခြေအနေကိုသုံးသပ်လိုက်သည်။ဆေးတစ်စက်သည်ပီးရာ့စ်ကိုယ်ပေါ်မှ ဒဏ်ရာများကို ပျောက်ကင်းသွားစေသည်။ သို့သော်ပီးရာ့စ်မှာ သတိပြန်မလည်လာသေးချေ။
ထို့ကြောင့် ပီးရာ့စ်ပါးစပ်ထဲသို့ နောက်တစ်စက် ထက်လောင်းထည့်လိုက်သည်။
တုံ့ပြန်မှုမှာ မြန်ဆန်လွန်းလှသည်။ ဆေးသည် ပါစပ်ပေါ်သို့ရောက်ရောက်ခြင်း ပီးရာ့စ်မျက်လုံးကောက်ပွင့်ကာ ကိုမာမှ ပြန်သတိလာလေသည်။
ပီးရာ့စ်မျက်လုံးဖွင့်ပြီးသူ့ရှေ့က သုံးယောက်ကိုတွေ့သော် ရှုပ်ထွေးသွား၏။သူ၏ခေါင်းကို ခါရမ်းကာ ဘာတွေဖြစ်ကုန်တာလဲ ပြန်သတိရရန်ကြိုးစားသည်။ သူသေခါနီးဖြစ်နေတာကိုမှတ်မိ၏။ထို့နောက်တွင် နာကျင်မှုမှားရုတ်တရက်ပျောက်သွားပြီး အသက်ကောင်းမွန်စွာ ပြန်ရှူနိုင်ခဲ့သည်က်ု သတိရလေသည်။
“ဘာတွေဖြစ်ကုန်တာလဲ.... ကျွန်တော်...... “
ပီးရာ့စ်စကားပြောသည်ကိုမြင်သော် ဘရွတ်စိတ်ချသွားပြီဖြစ်သည်။
လူးဝစ်သည်များစွာပျော်ရွှင်သွားပြီး ပီးရာ့ကိုပြေးဖက်ခါ
“အဖေမသေဘူးနော်...တော်သေးတာပေါ့.....ဘုရင်ကအဖေ့ကိုကယ်ခဲ့တာပဲ.....”
လူးဝစ်သည်စကားပင်ဆုံးအောင်မပြောနိုင်တော့ချေ အလွန်ဝမ်းသာသွားပြီး မျက်ရည်များပင်ကျလာတော့သည်။
သူမချစ်ခင်ရသော လူတစ်ယောက်အား ဆုံးရှုံးရတော့မည့်ခံစားချက်မျိုးကို သူမထက်မခံစားချင်တော့ပေ။
ပီးရာ့သည် သူ့သမီး၏ မျက်ရည်များခံစားချက်ကိုနားလည်ပုံရသည်။ စကားမပြောပဲ လူးဝစ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး မျက်လုံးထဲတွင်လည်း မျက်ရည်များဝိုင်းနေ၏။
ဖှေး ထိုသားအဖအားကြည့်ရင်းပြုံးလိုက်၏။
....
ထို့နောက်တွင် တိတ်တဆိတ်ထွက်ခွာခဲ့တော့သည်။သူတို့နှစ်ယောက်၏ မိသားစု အခိုက်အတန့်အား မနှောင့်ယှက်လိုချေ။[သွေးပုလင်း အငယ်စား]ထဲမှ ဆေးနှစ်စက်မျှသည် ပီးရာ့စ် အား သေမင်းလက်မှ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်။ထိုအရာကြောင့် ဖှေးသည် ဆေး၏ အစွမ်းအာနိသင်ကို ကောင်းမွန်စွာနားလည်ခဲ့ပြီ ဖြစ်သည်။
“အလတ်ဇန္ဓား ရေအိုးတွေ အဆင်သင့်ဖြစ်နေပြီ...”အမ်မာ၏ အသံကိုကြားလိုက်ရ၏။
အန်ဂျယ်လာနှင့် အမ်မာသည် ရေတစ်အိုးစီသယ်ပြီး ဝင်လာသည်ကိုတွေ့လိုက်ရသည်။ ဖှေးသူတို့လက်ထဲမှ ရေအိုးများကိုယူကာ ဘရွတ်အား
စားပွဲတစ်ခုသွားယူရန်စေခိုင်းလိုက်သည်။
ရေအိုးများကိုစားပွဲပေါ်တင်ပြီးနောက် ဖှေး စားပွဲခုံရှေ့တွင်ဒူးထောက်လိုက်သည်။အန်ဂျယ်လာနှင့် ကျန်လူများမှာဘာတွေဖြစ်ကုန်မှန်းမသိပဲ ဖှေးအားစိတ်ဝင်စားစွာဝိုင်းကြည့်နေကြသည်။
“ငါ့ရဲ့ သရုပ်ဆောင်စကေးတွေပြရတော့မှာပဲ....” ဖှေးစိတ်ထဲတွင် အတော်ရယ်ချင်နေသည်။ အပြင်တွင်တော့ လွန်စွာ တည်ကြည်သည့်ဟန်လုပ်ထား၏။
ထို့နောက်တွင် မျက်လုံးမိတ်လိုက်ပြီး ဘယ်သူမှ မကြားဖူးသော ဘာသာစကားတစ်မျိုးအားရွတ်ဆိုတော့သည်။ဖှေး၏လေးနက်သော အမူအရာမှ ကျန်လူများထံပါပြန့်နှံ့သွားပြီး ကျန်ရှိလူများပါဖှေးနှင့်အတူ ဒူးလိုက်ထောက်ကြသည်။ဖှေး၏အသွင်အပြင်မှာ နတ်ဘုရားတစ်ပါးပါးထံဆုတောင်းနေဟန်ပင်။
ဖှေးနောက်သို့ အနည်းငယ်ချောင်းကြည့်လိုက်ရာ ဒူးလိုက်ထောက်နေကြသော လူအုပ်ကြီးအားတွေ့သောအခါ အလွန်ရယ်ချင်သွားသည်။ သို့သော် မရယ်ပဲထိန်းထားနိုင်လိုက်သည်။ သရုပ်ဆောင်မှုဆက်လုပ်ရမည်ဖြစ်သည်။
ဖှေး အင်္ဂလိပ်ဘာသာစကားဖြင့် “ငါကဘုရင်ပဲ မင်းကဘုရင်မဟုတ် ငါမင်းကို ဖုန်းခေါ်နေကြမင်းဘာလို့ အမြဲလိမ်နေတာလဲ။ဟီးဟီး...မင်တို့တွေ အင်္ဂလိပ် စကားနားလည်ကြမှာမဟုတ်။ သေစမ်း ငါရုပ်တည်တည်ထားမှဖြစ်မယ်...”
အနည်းငယ်အင်္ဂလိပ်လို ပေါက်ကရပြောပြီးနောက်တွင် မက်တပ်ပြန်ရပ်လိုက်သည်။ နောက်မှလူများလည်း လိုက်ရပ်ကြသည်။
“ရွှတ်”
ဖှေးဘရွတ်ထံမှဓားကိုယူပြီးသူ့လက်မအား လှီးလိုက်သည် သွေးများပန်းထွက်လာလေသည်။သွေးများကိုရေအိုးထဲသို့ကျစေ၏။
“အလတ်ဇန္ဓား နင်....” အန်ဂျယ်လာမှာ စိုးရိမ်စွာအော်ဟစ်လိုက်သည်။
ဖှေး အန်ဂျယ်လာဘက်သို့လှည့်ကာ အဆင်ပြေပါတယ်ဟူသော အဓိပ္ပာယ် ဖြင့်ပြုံးပြလိုက်သည်။ထို့နောက်တွင် လူထုဘက်ကို ကျောပေးကာ မမြင်နိုင်အောင်သေချာလုပ်ပြီး သွေးပုလင်းအငယ်စားကို ထုတ်ကာ ပုလင်းတစ်ဝက်ခန့်ကို အိုးနှစ်အိုးထဲသို့မျှထည့်လိုက်သည်။
“ငါ့ရဲ့ ရဲရင့်တဲ့စစ်သားတို့ ငါစစ်ပွဲနတ်ဘုရားကို ဆုတောင်းတာ သူကလဲ မင်းတို့ကို ကယ်တင်ချင်နေတယ်။ ဒါကြောင့်သူ့စွမ်းအားတွေကို ငါ့ကိုယ်ထဲမှာရောနှောစေလိုက်တာပဲ။ငါ့သွေးပါတဲ့ရေကိုသောက်တဲ့ ဘယ်သူမဆို နတ်ဘုရားအစွမ်းနဲ့ ဒဏ်ရာတွေသက်သာပျောက်ကင်းလိမ့်မယ်....”
ဖှေး ပေါက်ကရထပ်ပြောပြန်သည်။
ထို့နောက်တွင် သူ၏သွေးထွက်နေသော လက်မအား အိုးထဲသို့နှစ်စက္ကန့်ခန့်နစ်ထားပြီး ပြန်ထုတ်၍ လူထုအားမြင်အောင်ပြလိုက်သည်။ဘာဒဏ်ရာမှမရှိတော့ချေ။
“ဟမ်”
“ဘယ်လို”
“ဘုရားရေ”
လူများမှာ အံ့သြမှုများနှင့်ပြည့်နက်ကုန်ကြသည်။