← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

“ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ....”

“ချမ်းဘော့ဒ် တိုင်းပြည် အဒွံ့ရှည်တည်တံ့ပါစေ....”

တိုက်ပွဲပြီးကာစကာလတုန်းကလိုပင် ပျော်ရွှင်စွာအော်ဟစ်ကြွေးကြော်သံများနှင့် ဆူညံကုန်ကြ၏။မျက်စိရှေ့တွင် မြင်ရသော မြင်ကွင်း၏ အဓိပ္ပါယ်ကို လူတိုင်းနားလည်ကြသည်။”ငါတို့ရဲ့ဘုရင်က တကယ်ပဲ နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်တာပါလား....။ဒါဆိုရင် စစ်ပွဲနတ်ဘုရားက ချမ်းဘော့ဒ် တိုင်းပြည်ကို ကြည့်ရှုစောင့်ရှောက်နေတာပါလား။ဒီလိုအတိုင်းသာဆိုရင် ရန်သူတွေ ချမ်းဘော့ဒ် တိုင်းပြည်ကို ဘယ်တော့မှ သိမ်းပိုက်နိုင်မှာမဟုတ်ဘူး။”လူတိုင်းထိုကဲ့သို့တွေးမိကြ၏။

လူတိုင်း၏ စိတ်ထဲမှ စိုးရိမ်ထိတ်လန့်မှုများမှာ ရုတ်တရက်ပျောက်ကွယ်သွားကြပြီဖြစ်သည်။ပျော်ရွှင်နေကြသော လူထုကြီးအလယ်တွင် အန်ဂျယ်လာသည် တိတ်ဆိတ်စွာ မက်တပ်ရပ်နေ၏။သူမသည် လူအများ၏ အားပေးမှုနှင့် လေးစားမှုများကို ကျေနပ်နေသည့် ယောက်ျားတစ်ယောက်အား ရပ်ကြည့်နေသည်။သူမ၏ စိတ်ထဲတွင်လဲ စိုးရိမ်မှုများ မရှိတော့ချေ။သူမ၏စိတ်ထဲမှပျော်ရွှင်မှုများမှာ နတ်ဘုရား၏ ကောင်းချီးပေးမှုကြောင့်လား အလတ်ဇန္ဓား ပြောင်းလဲသွားသောကြောင့်လား ဆိုသည်ကိုတော့ မသဲကွဲချေ။

အခြေအနေမှာ ပျော်ရွှင်စရာပင်ဖြစ်သည်။ အမ်မာတစ်ယောက်ပင် လူအုပ်ကြီးနှင့် ပျော်ရွှင်စွာအားပေးခုန်ပေါက်နေ၏။

[သွေးပုလင်း အငယ်စား]ကို ရေနှင့်ရောစပ်ထားသော အိုးထဲမှရေများကို ဘရွတ်ခေါင်းဆောင်ကာ ဒဏ်ရာရစစ်သားများကို လိုက်လံဝေငှပေး၏။နန်းတော်ထဲတွင် အံ့သြ မှုများပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။နာရီဝက်အတွင်းမှာပင် ငြီးတွားနေကြသော စစ်သားများမှာ နာကျင်မှုများ ပပျောက်သွားကြပြီဖြစ်သည်။ ဒဏ်ရာအနည်းငယ်သာ ရရှိထားသော စစ်သားများမှာ လက်နက်များကိုင်စွဲကာ တဖန်တိုက်ပွဲဝင်ရန်ပင် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

မျှော်လင့်ခြင်း အလင်းရောင်များမှာ ချမ်းဘော့ဒ် နိုင်ငံရှိလူများ အားလုံးပေါ်တွင်ကျရောက်နေလျက်ရှိသည်။ဤသည်မှာ ဘုရင်အလတ်ဇန္ဓား၏ကျေးဇူးကြောင့်ဖြစ်၏။လူတိုင်းသည်ဖှေးအား ကိုးကွယ်လေးစားမှုများဖြင့် ဝိုင်းကြည့်နေကြ၏။

ရန်သူများသည် ထိုညတွင်လာရောက်မတိုက်ခိုက်ကြခြေ။ ထို့ကြောင့်စစ်သားများအတွက် လွန်ခဲ့သည့်လေးရက်ကမရှိ​ခဲ့သော ကောင်းမွန်သည့် အိပ်စက်အနားယူမှုများရရှိကြ၏။

​​ေဖှးသည် ဒဏ်ရာရစစ်သားများအားလုံးအား [သွေးပုလင်း အငယ်စား]သောက်စေပြီး စစ်သားတချို့အား ဆက်လက်ကိုင်တွယ်ခိုင်းကာ ဘုရင့်အစောင့်ခေါင်းဆောင် ဘရွတ်နှင့် အတူ လမ်းလျှောက်ထွက်ခဲ့၏။ထို့နောက်တွင် သူတို့နှစ်ယောက်သားခံတပ်နံရံပေါ်သို့ရောက်ရှိလာကြသည်။ညပိုင်းအခါတွင် နံရံပေါ်မှာ တိတ်ဆိတ်​ငြိမ်သက်နေ၏။ဖှေးသည် နံရံပေါ်တွင် ရပ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ချမ်းဘော့ဒ် နန်းတော်၏ ဘယ်ဘက်ညာဘက်နှင့်အနောက်ဘက်တွင် တောင်တန်းများနှင့် ဝန်းရံထား၏။ သဘာဝကြီး၏ အကာကွယ်ကို ရရှိထားသည်။နန်းတော်အား ဝန်းရံကားကွယ်ထားသည့်​ တောင်တန်းများမှာ မက်စောက်ပြီး မြင့်မားသောကြောင့် ကြယ်အဆင့် စစ်သည်များပင် ဖြတ်သန်းရသည်မှာ ခက်ခဲပေလိမ့်မည်။

ပို၍ထူးခြားသည်မှာ အပြင်ဘက်ခြမ်းမှာ မက်စောက်နေသော်လည်း ချမ်းဘော့ဒ် တိုင်းပြည်ဘက်အခြမ်းမှ တက်ရောက်ပါက ကလေးကယ်များ​ပင် အေးဆေးတက်ရောက်နိုင်သည်အထိတောင်တန်းများမှာ ပြေပြစ်၏။ထိုပထဝီအချက်လက်များက ချမ်းဘော့ဒ် တိုင်းပြည်အား ကျူးကျော်ရန်ခက်ခဲစေပြီး ရန်သူအား ခုခံရန်မှာလည်း လွန်စွာ လွယ်ကူစေသည်။

သဘာဝအတိုင်းတောင်တန်းအကာကွယ်များမှ လွဲ၍လူလုပ်အကာအကွယ်ဟူ၍ ခံတပ်နံရံတစ်ခုသာရှိ၏။ဂိတ်တံခါးမှာ ဇူလီ​ကျူံးအား မျက်နှာမူထားသည်။ ခံတပ်နံရံမှာ မိုင်ဝက်ခန့်ရှည်လျားပြီး တောင်တန်းများမရှိသော ရှေ့အရပ်တွင်ဆောက်လုပ်ထားသည်။ခံတပ်နံရံ၏ အောက်ပိုးင်အထူမှာ ၁၅ကိုက်ခန့်ပြီး အပေါ်ပိုင်းမှာ ၁၂ကိုက်ခန့်ထူသည်။အ​တော်ပင် တောင့်တင်းခိုင်မှာလှသည်။ နံရံအပေါ်တွင် ကားလေးစီးခန့်ပင် ဖြတ်သန်းမောင်းနှင်လို့ရနိုင်သည်။

ခံတပ်နံရံ၏ ထူးခြားသည်မှာ တည့်တည့်မက်မက်ကြီး ဆောက်လုပ်ထာသည်မဟုတ်ပေ အနည်းငယ်ကွေးကာဆောက်လုပ်ထားခြင်းကြောင့် နံရံအောက်ခြေအား အပေါ်မှ ကြည့်ရှုပါက များစွာအဆင်ပြေစေသည်။

ခံတပ်နံရံမှ နေ၍ ၄၅၀မီတာခန့်အကွာတွင် ဇူလီမြစ်ရှိ၏။ သဘာဝအတိုင်းတည်ရှိနေသော ထိုမြစ်သည် နန်းတော်အား ကျုံးကဲ့သ်ို့ ကာရံထား၏။ရေစီးလဲ အလွန်သန်လှသည်။မြစ်၏အကျယ်ဝန်းမှာ တစ်မိုင်ခန့်ရှိပြီ အမြဲလိုလိုမြူ​ဆိုင်းနေတတ်သည်။​ရေစီးသန်သည့်အပြင် ရေအနက်ကြီးသောကြောင့် စစ်သားများ ခိုင်ခန့်သော လှေများ သင်္ဘာများမပါလျှင်ကူးလာနိုင်မည်မဟုတ်။ရေကူးဖြတ်သန်းရန်ကြိုးစားသူမည်သူကိုမဆို ရေစီးမှ ဝါးမြိုသွားမည်ဖြစ်သည်။

မြစ်ကို ဆက်သွယ်ထားသည့် သဘာဝအတိုင်းတစ်ဝက်လူလုပ်တစ်ဝက်တည်ရှိနေသည့် တံတားတစ်ခုရှိသည်။

ဘရွတ်ပြောပုံအရ ထိုတံတားဘယ်စဥ်ကတည်းကရှိသည်ကို သိသူမရှိပေ။ ချမ်းဘော့ဒ်နိုင်ငံရှိအသက်ကြီး ဘိုးဘွားများပင် မသိကြ။ တံတား၏ သမိုင်းသည်လည်း ပဟေဠိ တစ်ပုဒ်ပင်။

ဖှေးအသေအချာလေ့လာကြည့်ရာ ထိုကျောက်တံတားကို ကြီးမားသည့်သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ထောက်တိုင်ကြီးကိုးခုnနှင့်ထောက်ထားသည်က်ိုတွေ့ရသည်။ထိုထောက်တိုင်ကြီးများကို အဝေးမှကြည့်လျှင် ရေထဲရှိတောင်ကြီး၏ အစွန်းထွက်များအလားပင်။ ထိုကဲ့သို့ ပုံမျိုးကို လူဖန်တီး၍မဖြစ်နိုင်ပေ။ ဘုရားသခင်က တောင်များ၏ ထိပ်အားပိုင်းဖြတ်ကာ ရေထဲလာချထားသကဲ့သို့ပင်ထင်ရသည်။

ထိုကျောက်တံတားသည်လည်း ချမ်းဘော့ဒ် တိုင်းပြည်၏ ပထဝီပိုင်းဆိုင်ရာ အားသာချက်တစ်ခုပင်။ငြိမ်းချမ်းသည့် အခါမျိုးတွင် ချမ်းဘော့ဒ် တိုင်းသူပြည်သားများ တိုင်းပြည်အပြင်သို့ တံတားမှတဆင့်ဖြတ်သန်းလို့ရသ​ည်။ သို့သော် လာရောက်သိမ်းပိုက်သော ရန်သူများအတွက်ဆိုလျှင် သူတို့၏လက်နက်ကြီးများကိုသယ်ယူရန် ကျဥ်းမြောင်းသောတံတားမှာ အဟန့်တားတစ်ခုသဖွယ်။

“မြေမျက်နှာသွင်ပြင်အနေအထားကတော်တော်ကောင်းတာပဲ။ အသေချာလေ့ကျင့်ထားတဲ့ ရန်သူအင်အားနှစ်ထောင်လောက်ကို ချမ်းဘော့ဒ် စစ်သား ၈၀၀လောက်နဲ့ လေးရက်တောင်ခုခံထားနိုင်တာ မဆန်းတော့ပါဘူး။ ဒီတိုင်းပြည်က သဘာဝ ခံတပ်ပဲ...”

ဖှေးလေ့လာအပြီးတွင် မြေပြင်အနေထားအား နားလည်သွားသည်။ စစ်ဘက်​ဆိုင်ရာကျွမ်းကျင်သူတစ်ယောက်မဟုတ်သော်လည်း မြင်ရသည့်အရာကြောင့် အံ့သြရသည်။အနည်းငယ်လည်း ဇဝေဇဝါဖြစ်ရသည်။

လက်ရှိချမ်းဘော့ဒ်တိုင်းပြည်၏ ဘဏ္ဏာရေးအခြေအနေအရ ထိုကဲ့သို့ သော ဆောက်လုပ်မှုများ လုပ်နိုင်မည့်အနေအထားမရှိပေ။ချမ်းဘော့တိုင်းပြည်သည် တစ်ချိန်က သြဇာအာဏာအလွန်ကြီးပြီး ချမ်းသာကြွယ်ဝသော နိုင်ငံကြီးတစ်ခု ဖြစ်ခဲ့သည်လား ဒါမှမဟုတ် တခြားအကြောင်းတွေရှိခဲ့သေးတာလား ဖှေးတွေးမိသည်။

အရာအားလုံးမှာ ရိုးရှင်းသည့်ဟန်မရှိပေ။နန်းတော်၏သမိုင်းနှင့် ပတ်သက်၍ လည်း ဖှေး ဘာမှမမှတ်မိ။အရင်အလတ်ဇန္ဒါး၏ မှတ်ဉာဏ်များ ဗဟုသုတများသည် ဖှေးအတွက် ဘာမှ အသုံးဝင်စရာမ​ရှိပေ။

“ဘရွတ် အရင်ကလူတွေက ငါ့ကို ကျပ်မပြည့်ဘူးလို့ပြောကြတယ်မလား....”​ဖှေး တစ်ခုကိုသတိရသွားပြီး ဘရွတ်ကို အေဆေးမေးလိုက်သည်။

ဘရွတ် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ထိုကဲ့သို့ တိုက်ရိုက်မေးခွန်းကြီးအား မည်ကဲ့သို့ပြန်ဖြေရမှန်း မသိပေ။

အရင်အလတ်ဇန္ဒါးမှာ သုံးနှစ်ကလေးဉာဏ်ရည်သာရှိသူတစ်ယောက်ဖြစ်သည်။နိုင်ငံကိုကာကွယ်မည့်အစား မိမိကိုယ်ကိုပင်စောင့်ရှောက်နိုင်သူမဟုတ်။သူ၏ဘေးဝင်ရှိသော သူငယ်ချင်း ဆိုသူများ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် ချမ်းဘော့ဒ် အား ခနခနအကြပ်တည်းဖြစ်စေသူတစ်ယောက်ဖြစ်သည်။ယခင်က ဘုရင်တစ်ယောက်ဖြစ်သော် လည်း မည်သူမျှအလတ်ဇန္ဒါးအား မနှစ်သက်ကြပေ။ အရင်ဘုရင်နှင့် ဘုရင်မတို့၏ မျက်နှာကြောင့် သူ့အား မစွန့်ပစ်ကြခြင်းဖြစ်သည်။

ဘရွတ်ကိုယ်တိုင်ပင် လျှင် အရင်အလတ်ဇန္ဒါးအား လေးစားခြင်းမရှိပေ။သို့သော်ဖှေး၏ စစ်မြေပြင်ပေါ်တွင် ပြသခဲ့သောစွမ်းရည် များနှင့် ဒဏ်ရာများကို ချက်ချင်း ပျောက်စေသော နတ်ဘုရားတစ်ပါးကဲ့သို့အစွမ်းများကို မျက်မြင်တွေ့လိုက်ရသောအခါ မည်သူမှ ကျပ်မပြည့်သူကဲ့သို့ မဆက်ဆံ​ရဲကြတော့ပေ။

ဘရွတ်သည်လည်း ယခုအခါတွင် သူ၏ ဘုရင်အပေါ်ထားရှိသော အမြင်မှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ရှေ့​တွင်ရှိသော ပုဂ္ဂိုလ်သည် လေးစားမှုနှင့် သစ္စာတရားအား လုံးဝထိုက်တန်သူတစ်ယောက်ဖြစ်သည်ဟု လက်ခံယုံကြည်ထား၏။

“ငါမနေ့မနက်ခင်းတုန်းက မျှားနဲ့ပစ်ခံလိုက်တုန်းက လွှင့်ထွက်သွားတဲ့အရှိန်နဲ့ ခေါင်းနဲ့နံရံနဲ့ရိုက်မိသွားတယ်။ စစ်ပွဲနတ်ဘုရားရဲ့ကောင်းချီးပေးမှုကြောင့်လို့ပဲပြောရမလားမသိဘူး ငါ့ခေါင်းထဲမှာအရာအားလုံးပေါ်လာပြီး စိတ်ကလုံးဝသန့်စင်သွားရော.....” ဖှေးလမ်းလျှောက်ရင်းပြောလိုက်၏။

“နံရံနဲ့ ရိုက်လိုက်မိခြင်း ငါရင့်ကျက်သွားသလို ခံစားလိုက်ရတယ်။ အရင်က နားမလည်ခဲ့တဲ့အရာတွေကိုလည်း အခုတော့ နားလည်ခဲ့ပါပြီ။လူတွေအားလုံးမုန်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့မှန်းငါသိပါတယ် ငါအရင်က လုပ်ခဲ့တဲ့ ဆိုးဝါးတဲ့အရာတွေကို ပြန်ပြောပြနိုင်မလား ဘရွတ်။”

ဖှေးပြောသည်များကိုနားထောင်ပြီး ဘရွတ်ရှင်းလင်းသွားလေသည်။ “ဒါဆိုမနေ့ညက မြှားက တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘုရင်ကို ပုံမှန်ပြန်ဖြစ်စေခဲ့တာပေါ့။ အရင်ဘုရင်လက်ထက်တုန်းက အလတ်ဇန္ဓား ကို နတ်ဘုရားတွေကျိမ်စာတိုက်ထားလို့ ဉာဏ်စဥ်မမှီတာလို့ ကောလဟာလတွေရှိခဲ့တယ်။ အခု နတ်ဘုရားတွေစိတ်ဆ်ိုးပြေပြီး ကျိမ်စာကိုပြန်ဖယ်ပေးလိုက်တာထင်တယ်.....”

ဘရွတ်၏ မျက်နှာ အမူအရာကိုကြည့်ပြီး ဖှေးစိတ်ထဲတွင် ကျိတ်ရယ်မိသည်။

ထို့နောက်တွင် ဖှေးဆက်ပြောသည်.....

“ငါနန်းတော်ကို ပြန်ရောက်တော့ ငါ့ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့စွမ်းအားတွေရောက်နေတာကို ရုတ်တရက်ခံစားလိုက်ရတယ်။ နောက်ပြီး ခွန်အားတွေလဲ တိုးလာပြီး တိုက်ခိုက်နည်းတွေက မွေးကတည်းကပါလာသလိုပဲ။”

ထိုအရာကိုကြားပြီးနောက် ဘရွတ်စိတ်ထဲတွင်ကျန်ရှိနေသော မရေရာမသေချာမှုများမှာ လုံးဝပပျောက်သွားပြီဖြစ်သည်။

ဘုရင်လေး၏ ပုဆိန်းသိုင်းနှင့် ခွန်အားတို့မှာ ဘရွတ်နှင့်ကျန်စစ်သားများ မတွေးဖူးသည်အထိအစွမ်းထက်၏။ ဘုရင်၏သွေးနှင့် ဒဏ်ရာများပျောက်ကင်းစေနိုင်ခြင်းမှာလဲ နတ်ဘုရားများ တန်ခိုးပါနေသည်မှာ သေချာနေပြီဖြစ်သည်။

ဖှေး ဘရွတ်၏ မျက်နှာအမူအယာကိုကြည့်ပြီး သူထွင်ထားသည့် ပေါက်ကရ​ဇာတ်လမ်းအား ဘရွတ်ယုံကြည်သွားကြောင်း သိလိုက်ရသည်။

All Chapters