အခန်း (၂၂)
Vol. 2 Ch. 22
အေဇာရုတိုက်တွင် လူများသည် နတ်ဘုရားများကို လွန်စွာယုံကြည်ကိုးကွယ်ကြသည်။စစ်ပွဲများမကြာခဏဖြစ်ပွားခြင်းကြောင့် စစ်ပွဲနတ်ဘုရားမှာ ယုံကြည်သူအများဆုံးနှင့် ကိုးကွယ်သူအများဆုံး နတ်ဘုရားတစ်ပါးဖြစ်သည်။ထို့ကြောင့် ဖြစ်ပျက်သမျှအားလုံးကို စစ်ပွဲနတ်ဘုရားကြောင့်ဟု ဆင်ခြေပေးပါက မယုံကြည့်မည့်သူမရှိပေ။
အလတ်ဇန္ဓား ဘာဖြစ်သွားသည်ဆိုသည်အား ရှင်းပြရန်ဖှေးအကြောင်းပြချက်တစ်ခုလိုလေသည်။ ယခုအခါထိုအကြောင်းပြချက်ရှိသွားပြီဖြစ်သည်။သူဘရွတ်အားပြောလိုက်သော အရာများသည်မကြာခင်မှာပင် လူအများကြားသို့ပျံ့နှံ့သွားမည်ဖြစ်၍ လူတစ်ဦးခြင်းစီကို ဖှေးကိုယ်တိုင်လိုက်လံရှင်းပြနေရန်လိုတော့မည် မဟုတ်ပေ။တစ်ခုတစ်လေတွင် လူအများသည် ကိုယ်တိုင်ပြောသည်ထက် ကောလဟာလကိုသာ ပို၍ ယုံကြည်တတ်ကြ၏။
“ငါမနေ့ကမတိုင်ခင်ထိ ဘာကိုမှရေရေရာရာမမှတ်မိဘူး ဘရွတ်ငါ့ကို ချမ်းဘော့ဒ်တိုင်းပြည်အကြောင်းရှင်းပြပါလား။”ဖှေးတအားကြီး ဂရုစိုက်သည့်ဟန်မပြပဲ မေးလိုက်သည်။ သူသည် ဘရွတ် ကို နိုင်ငံနှင့် နန်းတော်အကြောင်းရှင်းပြစေလိုသည်။
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ အေဇာရုတိုက်ရဲ့ မူဝါဒတွေအရဆို ချမ်းဘော့ဒ် တိုင်းပြည်က အင်ပါယာတစ်ခုမဟုတ်ပါဘူး။ အင်ပါယာကြီးတစ်ခုရဲ့လက်အောက်ခံ နိုင်ငံငယ်လေးတစ်ခုပါ။ နိုင်ငံတွင်းလူဦးရေက တစ်သောင်းတောင်မပြည့်ပါဘူး။ စစ်အင်အားကတော့ စစ်သည် ၄၀၀ပါဝင်တဲ့ ဘုရင့်အစောင့်တပ်ပဲရှိပါတယ်။” ဘရွတ် သူသိသည်များကို ရှင်းပြသည်။
“လက်အောက်ခံနိုင်ငံလား...” ဖှေးစိတ်ထဲတွင် သိပ်အလိုမကျချေ။
“ဟုတ်ပါတယ် ချမ်းဘော့ဒ်တိုင်းပြည်က ဇီးနစ်လို့ခေါ်တဲ့ အင်ပါယာရဲ့လက်အောက်ခံနိုင်ငံတစ်ခုပါ။ဇီးနစ်အင်ပါယာမှာဆို လက်အောက်ခံနိုင်ငံပေါင်း 250ရှိပါတယ်။ နိုင်ငံတွေကို အဆင့် ၆ဆင့်ခွဲထားပါတယ်။ ချမ်းဘော့နိုင်ငံကတော့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်၆နေရာမှာ တည်ရှိနေပါတယ်။ဇီးနစ်အင်ပါယာထဲမှာ အဆင့်၆နိုင်ငံပေါင်း ၆၈နိုင်ငံရှိပါတယ်။”
ဖှေး ဘာပြောရမှန်းပင်မသိတော့ချေ။ ထိုင်ပါငိုချင်သွား၏။
“ဒီလိုပဲပေါ့ ငါ့တိုင်ပြည်က တော်တော်သေးတာပါလား။ ဘုရင်ဖြစ်ရတာ တော်တော်မိုက်ပြီ တွက်ထားသာ ငါ့ပိုင်နက်က အတော်သေးပြီး လူဦးရေက ကမ္ဘာပေါ်မှာရှိတဲ့မြို့ငယ်လေးတစ်ခုရဲ့ လူဦးရေတောင်မရှိပါပဲလား....အရင်ကမ္ဘာမှာသာဆို ငါက မြို့တော်ဝန်အဆင့်ပဲရှိတာပါလား...”
အမှန်တရားမှာ ထင်ထားသလို မချိုမြိန်သည်ကို ဖှေးခံစားလိုက်ရသည်။အနည်းငယ်တွေးပြီးနောက် ဘရွတ်အား မျှော်လင့်ချက်ကြီးစွာနှင့်မေးလိုက်သည်။
“ဘရွတ် ဒါဆို ဇီးနစ်အင်ပါယာက ဒီတိုက်မှာရှိတဲ့ အင်ပါယာတွေထဲမှာဆို စွမ်းအားအကြီးဆုံး အင်ပါယာတွေထဲက တစ်ခုပေါ့နော်”
ဘရွတ်အနည်းငယ်တွေဝေသွားသည်။ ထို့နောက်တွင် “အေဇာရုတိုက်က အလွန်ကြီးမားတဲ့တိုက်တစ်ခုပါ။ နတ်ဘုရားတွေတောင် နေရာအစုံမသွားနိုင်လောက်အောင်ကျယ်ဝန်းတယ်လို့ပြောကြတယ်။ အဲ့တိုက်မှာ အင်ပါယာတွေလဲ အများကြီးရှိပါတယ်။ အင်ပါယာတွေကို အဆင့်ကိုးခုခွဲထားတယ်။အဆင့်၁ကတော့ အနိမ့်ဆုံးပေါ့။ အဆင့်ကိုးက ထိပ်ဆုံးမှာပေါ့။ ဇီးနစ်အင်ပါယာက ထောင်ပေါင်းများစွာရှိတဲ့ အဆင့်၁ရှိ အနိမ့်ဆုံး အင်ပါယာထဲမှာပါဝင်ပါတယ်။”
ဖှေးမျှော်လင့်ချက်မဲ့သွားလေသည်။ ချမ်းဘော့တိုင်းပြည်မှာ ဤလောက်ပင် အဆင့်နိမ့်မည်ဟုထင်မထားခဲ့ချေ။ ဤကမ္ဘာမှ တော်ဝင်မျိုးနွယ်များမှာ အရင်ကမ္ဘာမှ တက္ကသိုလ်ဘွဲ့ရများထက်ပင် ပိုများနေဦးမည်ဖြစ်သည်။
ဘရွတ်အဆိုအရ လူရာပေါင်းအနည်းငယ်နှင် မြေဧကတချို့ရှိပါက လူတိုင်းဘုရင်လုပ်လို့ရသည်ဖြစ်သည်။
“ဒါက ငါက သူပုန်ခေါင်းဆောင်တစ်ယောက်သာသာလောက်ပဲပေါ့...”
ဖှေးမျှော်လင့်ချက်များ ကင်းမဲ့သွားသည်။ ဘုရင်တစ်ယောက်အနေဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးပိုင်ဆိုင်ပြီဟု တွက်ထားခဲ့မိလေသည်။
ခနအကြာတွင် ဖှေး ထက်မေး၏။ “ဒါဆို...... ဒီတိုက်မှာရှိတဲ့ အင်ပါယာတွေရဲ့ဆက်ဆံရေးကရော..... ဘယ်လိုလဲ... စစ်ပွဲတွေသိပ်မရှိဘူးမလား......”
“အေဇာရုတိုက်မှာ စစ်ပွဲတွေက အပေါ်များဆုံးပဲ လူတိုင်းလိုလိုပဲ စစ်ထဲမှာမွေးပြီး စစ်ထဲမှာပဲသေကုန်ကြတယ်။ ကျွန်တော့မိဘတွေရော စစ်ထဲမှာသေဆုံးခဲ့တာလေ။ ဒီတိုက်မှာ စက္ကန့်တိုင်းလူတွေသေဆုံးနေကြတယ်။”
“ဟမ်ဒါဆို ငါ့တိုင်းပြည်ကို အချိန်မရွေး အင်အားကြီးနိုင်ငံတွေက လာရောက်ကျူးကျော်နိုင်တာပေါ့။ဇီးနစ်တိုက်ကရော ငါတို့ကိုအကာကွယ်မပေးဘူးလား..။အင်ပါယာတွေက လက်အောက်ခံနိုင်ငံတွေကို အကာကွယ်ပေးတယ်မဟုတ်ဘူးလား..”
“ဇီးနစ်အင်ပါယာသာ ကျွန်တော်တို့ရဲ့ အခြေအနေကိုသိရင် တပ်ကူတွေနဲ့ ကြယ်အဆင့်စစ်သည်တွေပို့ပါတယ်။ ဒါမယ့်အခုရန်သူတွေက အပြင်လောက နဲ့ အဆက်သွယ်မရအောင် ပိတ်ဆို့ထားလို့ ကျွန်တော်တို့ အကူညီတောင်းလို့မရဖြစ်နေတာ...”
“အော် အဲ့လိုလား” ဘရွတ်၏ ရှင်းပြချက်များအရ ဤလောက၏ ရှင်သန်နိုင်ရန် စည်းမျဥ်းများကို ဖှေးနားလည်သွားပြီဖြစ်သည်။
အေဇာရုတိုက်သည် အလွန်ကြီးသည်မှာသေချာသည်။ ကမ္ဘာပေါ်၏ တိုက်ကြီးများအားလုံးပေါင်းသည်ထက်ပင် ပို၍ကြီးမားနိုင်သည်။(အာရှတိုက် ဥရောပတိုက် ဘာညာ...)အေဇာရုတိုက်တွင် ပိရမစ်စနစ်ကို ကျင့်သုံးသည်ဟု ဖှေးတွေးမိသည်။ နိုင်ငံငယ်လေးများသည် မိမိနိုင်ငံလုံခြုံရေးအတွက် နိုင်ငံကြီးများလက်အောက်ခံလုပ်ရမည်ဖြစ်သည်။
ဖှေး အနာဂတ်အကြောင်း ဆက်မတွေးရန်ဆုံးဖြတ်ပြီး “ဘရွတ်ငါ့ကို ချမ်းဘော့ဒ် နန်းတော်အကြောင်းပြောပြစမ်းပါ တော်ဝင်မျိုးနွယ်တွေတို့ တခြားအာဏာရှိတဲ့သူတွေအကြောင်း...”
ဖှေးအနေနှင့် ဘရွတ်ထံမှ သိလိုသမျှအကုန်မေးထားရမည်ဖြစ်သည်။”အရှင်မင်းကြီးမဟုတ်ပဲ ချမ်းဘော့ဒ် မှာ အာဏာအရှိဆုံးလူကတော့ ဝန်ကြီးချုပ်ဘစ်ဇား ပါ။ ဘာလို့လဲဆိုတော့... အရှင်မင်းကြီးက အရင်က...။လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး ဝန်ကြီးချုပ်ကပဲ ဘုရင်အစားတိုင်းပြည်ကို စီမံကွပ်ကဲနေတာလေ.. မစ်စတာ လမ်းပါ့ဒ် ရဲ့ စစ်တပ်ကလွဲ ပြီး ကျန်တဲ့အရာမှန်သမျှ ဝန်ကြီးချုပ် ကပဲ ဆုံးဖြတ်စီမံတယ်။”
“ဝန်ကြီးချုပ် ဘစ်ဇားဆိုတာ ဂေးလ်ရဲ့အဖေလား...”
“ဟုတ်ပါတယ် ဂေးလ်က အရှင့်ငယ်သူငယ်ချင်းပါ..”
ဖှေး စိတ်ထဲတွင် သိပ်အလိုမကျပေ “ဘစ်ဇားနဲ့ ဂေးလ်နဲ့တစ်ယောက်မှကောင်းတဲ့ကောင်တွေမဟုတ်ဘူး တစ်ယောက်ကနိုင်ငံကို သိမ်းပိုက်ထားပြီး တစ်ယောက်က ငါ့ကို သူထင်ရာလုပ်ဖို့ အသုံးချခဲ့တယ်...”
“ဆက်ပြော ဘရွတ် ဘစ်ဇားကလွှဲပြီး တခြားအာဏာရှိတဲ့သူကျန်သေးလား...” ထိုသားအဖကိုတော့ ဖှေးဆုံးမဦးမည်ဖြစ်သည်။
“ဘစ်ဇားကလွဲလို့ဆိုရင် စစ်တပ်ဆိုင်ရာ တရားသူကြီး ကွန်းကနဲ့ ဝါဒန်တို့ကတော့ ချမ်းဘော့ဒ်မှာအကြီးကဲတွေပဲ။ အရင် ဘုရင့်အစောင့်တပ်ခေါင်းဆောင် ပီတာလဲရှိသေးတယ် ဒါပေမယ့် လွန်ခဲ့တဲ့တစ်လလောက်က ဘစ်ဇားက ပီတာကို သစ္စာဖောက်ဖို့ ကြံစည်တယ်စွပ်စွဲ ပြီး ရာထူးဖြုတ်ပြီး ထောင်ချထားလိုက်တယ်လေ။”
ချမ်းဘော့ဒ် သည် နိုင်ငံငယ်တစ်ခုဖြစ်သော်လည်း နိုင်ငံတွင်း အရှုပ်ထွေးများများစွာရှိသည်ကို ဖှေးရိပ်မိလိုက်သည်။