အခန်း (၂၃)
Vol. 2 Ch. 23
“တခြားသူတွေရောရှိသေးလား။”
“ကျွန်တော်ပြောခဲ့တဲ့ လူတွေပြီးရင် အရှင့်ရဲ့ယောက်ခမလောင်းဖြစ်တဲ့ အန်ဂျယ်လာရဲ့အဖေ အိမ်တော်ထိန်း ဘတ်စ် ကလဲ အတော်အသင့်အာဏာရှိပါတယ်။ဒါပေမယ့် ရန်သူတွေလာမတိုက်ခိုက်ခင်ကမှ သူက ပိုင်ဆိုင်မှုတွေယူပြီး မြို့ကနေထွက်သွားတယ်။ သူဘယ်သွားတယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး.....”
“အန်ဂျယ်လာရဲ့ အဖေလား” ဖှေး အံ့သြသွား၏။ “အန်ဂျယ်လာရဲ့အဖေက အသက်ရှိသေးတာလား ငါသူ့ကိုမမြင်မိတာလဲမဆန်းပါဘူး ပိုင်ဆ်ိုင်မှုတွေပါယူသွားတာဆိုတော့ ရန်သူတွေလာတိုက်တော့မှာကို ကြိုသိလို့ ထွက်ပြေးသွားတာလား မသိဘူး...”
ဖှေး ဒေါသဖြစ်သည်မဟုတ်သော်လဲ အန်ဂျယ်လာအတွက် စိတ်မကောင်းဖြစ်မိသည်။ အရေးအကြီးဆုံး အချိန်တွင် ဖခင်၏ စွန့်ခွာသွားခြင်းကို ခံရသောကြောင့်ပင်။
“သူမနေ့တိုင်းဝမ်းနည်းဒါတွေကို ဖုံးကွယ်နေရတာဖြစ်နိုင်တာပဲ...” ဖှေး ရုတ်တရက် အန်ဂျယ်လာအား စိုးရိမ်လာသည်။
ချမ်းဘော့ဒ် အား အေးစက်သော လေညင်းများတိုက်ခက်လျက်ရှိပြီး မြစ်တဖက်ကမ်းရှိရန်သူ့ စခန်းမှ မီးပုံများကို လှမ်းမြင်နေရသည်။ ညအခါအဝေးမှကြည့်လျှင်ကြယ်ကလေးများ အတိုင်းပင်။ဖှေးလဲ ခံတပ်နံရံပေါ်တွင် ဘရွတ်နှင့်အတူ စကားဆက်လက်ပြောလျှက်ရှိသည်။ ယခုအခါတွင် ချမ်းဘော့ဒ် အတွင်းရှိ အာဏာရှိအသ်ိုင်းဝိုင်းများအကြောင်းကို ဖှေး အနည်းငယ် နားလည်သဘောပေါက်လာပြီဖြစ်သည်။
ဘရွတ်ပြောပြချက်များအရ ချမ်းဘော့ဒ် သည် သေးငယ်သည့်နိုင်ငံတစ်ခုဖြစ်သော်လည်း နိုင်ငံအတွင်းအဖွဲ့စည်းများ၏ အားပြိုင်မှုတို့မှာ အင်ပါယာကြီးများနည်းတူပင် ပြင်းထန်ကြောင်းသိရသည်။ဖှေး စိတ်ဝင်စားစရာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရကာ စိတ်လှုပ်ရှားမိသည်။
“ငါတော့ မနေ့တုန်းက စစ်မြေပြင်မှာ ဘစ်ဇားတို့ ကွန်းကတို့ အိုလတ် တို့ကို တွေ့မိတယ်မထင်ဘူး သူတို့ကရော ဝင်မတိုက်ခိုက်ကြဘူးလား...”
“ဘစ်ဇားကတော့ အရှင်မင်းကြီး မြှားမှန်တဲ့နေ့တုန်းက တစ်ခေါက်ရောက်လာသေးတယ် စစ်ဘက်ဆိုင်ရာ တရားသူကြီး ကွန်းက က တိုက်ပွဲပထမနေ့မှာ ဒဏ်ရာရလို့ နောက်နေ့တွေ မတိုက်ခိုက်နိုင်တော့ဘူး။ အိုလတ်ရဲ့ အလုပ်က ထောင်မှူးဆိုတော့ အကျဥ်းထောင်ကိုပဲ ဆက်လက်စောင့်ရှောက်နေပါတယ် တိုက်ပွဲထဲ သူလာစရာမလို”
“လာစရာမလိုဘူးလား ထားပါတော့။ သူတို့တသ်ဦးချင်းစီရဲ့ အစွမ်းတွေကရော...”
“ဘစ်ဇားကတော့ သာမန်ပုဂ္ဂိုလ်တစ်ယောက်ပါပဲ မှော်ပညာလဲ မတတ်သလို တိုက်ရည်ခိုက်ရည်လဲမရှိပါဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ကြယ်တစ်လုံးအဆင့် စစ်သည်တွေ။ ချမ်းဘော့ဒ် တိုင်းပြည်ထဲမှာ အစွမ်းထက်ဆုံးကတော့ ဆာ လမ်းပါ့ဒ် ပဲ။ သူက ကြယ်သုံးလုံးအဆင့်စစ်သည်လေ။သူက အင်ပါယာဒါမှမဟုတ် နိုင်ငံတွေကို စောင့်ရှောက်ရတဲ့ အဆင့်မြင့်စစ်သည်တွေထဲကတစ်ယောက်ပဲ။”
ဘရွတ် လမ်းပါ့ဒ် အကြောင်းကို ဂုဏ်ယူစွာပြောပြသည်။
“ဘစ်ဇားရဲ့သား ဂေးလ်က မှော်ဆရာမလား....” ဖှေးအကြံတစ်ခုရသွားသည်။ “ငါအမိန့်တစ်ခုချမယ် ဂေးလ်ကို ချမ်းဘော့တိုင်းပြည်က်ို ကာကွယ်ဖို့ ခံတပ်နံရံကို လာရမယ်လို့ပြောလိုက်.....”
“အရှင်မင်းကြီး ဂေးလ်က ကြယ်အဆင့် မှော်ဆရာတော့မဟုတ်ပါဘူး အဆင့်နိမ့်ပညာသင်စမှော်ဆရာတစ်ယောက်ပါ ဒါပေမယ့် ပညာသင်မှော်ဆရာကလဲ တိုက်ပွဲမှာ အတော်အထောက်ကူဖြစ်ပါတယ် ဂေးလ်ကို သွားခေါ်ဖို့ လူတစ်ယောက်ချက်ချင်းလွှတ်လိုက်ပါမယ်...”
ဘရွတ်ကလည်း ထိုအမိန့်ကို လုံးဝသဘောကျပုံရသည်။
“ဒီညတော့ ဒီလောက်ပါပဲ...” ဖှေး ဘရွတ်ပခုံးအား ပုတ်ပြီးပြောလိုက်သည် “စစ်သားတွေကို ညကင်းအတွက် တာဝန်ခွဲဝေပေးပြီးရင် မင်းနည်းနည်းလောက် အိပ်စက်အနားယူလိုက်ဦး ဒီညငါပါ ကူပြီး ကင်းစောင့်ပေးနေလိုက်မယ်။”
“ရပါတယ် အရှင်မင်းကြီး အဲ့တာကျွန်တော့တာဝန်ပါ ကျွန်တော်ပဲဆက်စောင့်လိုက်ပါမယ်။”
“ခေါင်းဆောင်ဘရွတ် ငါစစ်သားတွေစီက ကြားတာ မင်းနှစ်ရက်ဆက်တိုက် မအိပ်ရသေးဘူးတဲ့။ အဲ့တာမကောင်းဘူး မနက်ဖြန်ပိုပြီး ပြင်းထန်တဲ့တိုက်ပွဲဲဖြစ်လာနိုင်တယ် မင်းခွန်အားပြည့်နေဖို့လိုတယ်။ ဒါအမိန့်ပဲ ဘရွတ်သွားတော့...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”
ဘရွတ်ထွက်သွားအပြီးတွင် စစ်သားများကို အကြောင်းပြချက်ပေးကာ နောက်တွင်နေစေခဲ့ပြီး ခံတပ်နံရံ၏ တည်ဆောက်ထားပုံနှင့် နည်းပညာများကို အသေးစိတ်ကြည့်ရှုလေ့လာနေ၏။ ထို့နောက်တွင် ညကင်းတာဝန်ကျ စစ်သားများအား အားပေးစကားပြောပြီး နံရံအလည်ရှိ မျှော်စဥ်ထံ လမ်းလျှောက်လာခဲ့သည်။
မျှော်စဥ်မှာ သစ်သား ကျောက်တုံးများဖြင့်် ပြုလုပ်ထားသော နှစ်ထပ်မျှော်စင်တစ်ခုဖြစ်သည်။စစ်ပွဲမဖြစ်ပွားခင်က မျှော်စဥ်မှာသပ်သပ်ရပ်ရပ်နှင့် ကင်းစောင့်စစ်သားများလူစားလဲ ခဏဝင်ရောက်အိပ်စက်ရာနေရာဖြစ်သည်။သို့သော်ယခုအခါတွင် စစ်ပွဲဒဏ်များကြောင့် မျှော်စဥ်ပင် ပျက်စီးပြီး အမိုးများပင် ကင်းမဲ့နေ၏။
ဖှေး နံရံအောက်ဘက်အား ကောင်းမွန်စွာ မြင်ရနိုင်သည့် နေရာတစ်ခုအား ရွေးချယ်ပြီး ညကင်းစောင့်မှုကို စတင်လေသည်။ကျန်စစ်သားများမှာ ဖှေးကို ဝန်းရံကာကွယ်ထားပြီး အတူ ကင်းစောင့်ကြ၏။
“ဒီလိုဆိုရင်တော့ကြာရင်မလွယ်လောက်ဘူး ဒီနေ့ သူတို့လာသိမ်းပိုက်တာကို ခုခံနိုင်လိုက်ပေမယ့် နေ့တိုင်းတော့မခုခံနိုင်လောက်ဘူး။ရန်သူတွေက လက်နက်အင်အားရော လူအင်အားရော ငါတို့ထက် အများကြီး ပိုသာနေတယ်။ဒီလိုပုံစံအတိုင်းသာဆိုရင်တော့ ချမ်းဘော့ဒ် က မကြာခင်အသိမ်းပိုက်ခံရတော့မှာပါပဲ။” ဖှေး ခက်ခဲစွာ အကြံထုတ်နေ၏။
တွေးနိုင်သလောက်တွေးကြည့်သော်လည်း ဖှေး နည်းလမ်းရှာမရပေ။သူသည် အရင်ကမ္ဘာမှာတုန်းပ တက္ကသိုလ်ကျောင်းသားတစ်ယောက်မျှသာ။ စစ်ဘက်ဆိုင်ရာ အတွေ့အကြုံသိပ်မရှိပေ။ထို့ကြောင့် ချမ်းဘော့ဒ် တိုင်းပြည်အား ကယ်တင်ရန်နည်းလမ်းတစ်ခုရှာခြင်းမှာ ဖှေး အတွက်မလွယ်ကူပေ။
“ငါငါ့ရဲ့ စွမ်းအားကို အရင်တိုးအောင်ပဲလုပ်ရမယ် ကျန်တာနောက်မှ ကြည့်လုပ်တာပေါ့။”
ဖှေး အကြုံထုတ်ခြင်းအား လက်လွှတ်လိုက်ပြီး ဒိုင်ယာဘလို ကမ္ဘာသို့ထက်မံသွားပြီး စွမ်းအားများတိုးအောင်ပဲ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မျက်လုံးမှိတ်ကာ ခေါင်းထဲမှ ထူးဆန်းသော အသံနှင့် အဆက်သွယ်ရရန်ကြိုးစားသည်။
သို့သော်.......
“စိတ်စွမ်းအား လုံလောက်စွာ ပြန်မပြည့်သေးပါသဖြင့် ဒိုင်ယာဘလို ကမ္ဘာသို့ သွားလို့မရနိုင်သေးပါ......”
အေးစက်သော အသံက ဖှေးအား ချက်ချင်း အဖြေပြန်ပေးလိုက်သည်။
ဖှေးစိတ်ပျက်သွား၏။ ခနတာ တရားထိုင်ပြီး ထက်မံကြိုးစားကြည့်သည်။ ထို့သော် မထူးခြားချေ။ရလဒ်မှာ ယခင်အတိုင်းသာ။ဖှေးထက်ခါထက်ခါကြိုးစားနေရင်း မထင်မှက်ပဲ ပင်ပန်းသောကြောင့် အိပ်ပျော်သွားလေတော့သည်။
......
......
ဇူလီမြစ်တောင်ဘက် ကမ်းရှိ ဘယ်ကလာမှန်းမသိရသေးသော ရန်သူတို့၏ စခန်းတွင်ဖြစ်သည်။
စခန်း၏ အလည်တည့်တည့်တွင် ဘေးပတ်ပတ်လည်မှ တဲများထက် သိသာစွာ ပိုမိုကြီးမား ခမ်းနားသော ရွက်ဖျင်တဲတစ်ခုရှိသည်။ ထိုအမဲရောင်ရွက်ဖျင်တဲကြီးမှာ အဝေးမှကြည့်လျှင် အမှောင်ထဲမှ မကောင်းဆိုးဝါးကြီးတစ်ကောင်ကဲ့သို့ပင်။
သို့သော် တဲထဲတွင်တော့ နွေးထွေးကာ လင်းထိန်နေ၏။
ထိုတဲထဲတွင် ငွေရောင်မျက်နှာဖုံး ပိုင်ရှင်မှာ ထိုင်ခုံကြီးတစ်ခုပေါ်တွင်ထိုင်လျက်ရှိသည်။ လက်တစ်ဖက်တွင် ဝိုင်ခွက်တစ်ခု နှင့် အနားယူနေပုံရ၏။အမဲရောင်စစ်သည် ၁၉ယောက်မှာ သူ့ဘေးတွင်နှစ်တန်းခွဲကာ မက်တပ်ရပ်နေကြလေသည်။ ထိုသူ၏ ဘက်ဘက်ဘေးတွင်
အမဲရောက်ဝတ်ရုံခြုံထားသော ထူးဆန်းသည့်လူတစ်ယောက်ထိုင်နေသည်ကိုလဲတွေ့ရသည်။ထိုသူသည် မှော်ဆရာတစ်ယောက်ဖြစ်သည်ကို သူ၏လက်ထဲတွင်ကိုင်ထားသော မှော်တုတ်တံအား ကြည့်ခြင်းဖြင့် သိရှိနိုင်၏။သူ၏မျက်နှာကိုမူ မည်သူမှကောင်းစွာမမြင်နိုင်သော်လည်း သူ့ကိုကြည့်မိသူတိုင်း ကြောချမ်းရအောင် ကြောက်ရွံ့စေသော အရှိန်အဝါရှိသည်။
ဖှေးကြောင့် ဒဏ်ရာအပြင်းထန်ရရှိထားသော ကြယ်သုံးလုံးအဆင့် စစ်သည် လမ်ဒီမှာ ငွေရောင်မျက်နှာဖုံး ပိုင်ရှင်ရှေ့တွင် ဒူးထောက်လျက်ရှိသည်။
ထို့နောက်တွင် ငွေရောင်မျက်နှာဖုံး ပိုင်ရှင်မှာ ခေါင်းထောင်လာပြီး လမ်ဒီအား အသာအယာမေးလိုက်သည်။ “လမ်ဒီ ဒီနေ့ခံတပ်နံရံပေါ်မှာ ဘာတွေဖြစ်ခဲ့တာတုန်း။မင်းလိုကြယ်သုံးလုံးအဆင့် စစ်သည်တစ်ယောက်ဘယ်လ်ိုကြောင့် အခုလိုဒဏ်ရာအပြင်းထန်ရခဲ့တာလဲဆိုတာကို ငါအတော်စိတ်ဝင်စားမိတယ်။”
စွမ်းအားကြီးမားလှသော ကြယ်သုံးလုံးအဆင့်စစ်သည်လမ်ဒီမှာ ငွေရောင်မျက်နှာဖုံး ရှင်အား ကြောက်ရွံ့စွာဖြင့် သူကြုံခဲ့သည်များကို အသေးစိတ်ရှင်းပြနေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
လမ်ဒီရှင်းပြအပြီးတွင် ငွေရောင်မျက်နှာဖုံး ရှင်မှာ “စိတ်ဝင်စားစရာပဲ လမ်ဒီ ထိုင်ပါဦး။”
ကြောက်ရွံ့နေသော လမ်ဒီမှာ သေဒဏ်မှာ လွတ်သကဲ့သို့ စိတ်သက်သာရာရသွားပြီး “ကျေးဇူးပါဆရာ ကျွန်တော်တင်ပြစရာတစ်ခုကျန်ပါသေးတယ်။ကျွန်တော် ချမ်းဘော့ဒ် တိုင်းပြည်ရဲ့ ကြယ်သုံးလုံးအဆင့်စစ်သည်ကို တိုက်ခိုက်နေရင်း စိတ်ဝင်စားစရာ တစ်ခုတွေ့ခဲ့ပါတယ်။”
“ပြောပါဦး။”
“ဟုတ်ကဲ့ဆရာ။ အဲ့ကြယ်သုံးလုံးစစ်သည်က ဒဏ်ရာရထားပုံပဲ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သူအသုံးပြုတဲ့ရေစွမ်းအင်ကို ကောင်းကောင်းမလည်ပတ်နိုင်ဘူး။အရင်ဒဏ်ရာဟောင်းတစ်ခုကြောင့်လို့ထင်တယ်။ နောက်တစ်ခါကျရင် ကျွန်တော် သူ့ခေါင်းကိုဖြတ်ပြီး ဆရာ့ရဲ့စုဆောင်းမှုတွေထဲမှာထည့်ဖို့ယူလာခဲ့ပေးပါ့မယ် ဆရာ။”
လမ်ဒီမှာ စိတ်အားထက်သန်စွာ ပြောပြနေသော်လည်း ငွေရောင်မျက်နှာဖုံးရှင်မှာ စိတ်ဝင်စားဟန်မရှိပေ။
ငွေရောင်မျက်နှာဖုံးရှင်မှာ ချမ်းဘော့ဒ် ၏ စွမ်းအားအကြီးဆုံးလူအကြောင်းအား စိတ်မဝင်စားချေ။ လမ်ဒီပြောနေသည်များကိုဂရုမစိုက်ပဲ “လမ်ဒီ စစ်မြေပြင်မှာ ရုတ်တရက်ပေါ်လာတဲ့ သံမဏိချပ်ဝတ်နဲ့ စစ်သည်ကို မင်းဘယ်လိုမြင်လဲ။”