← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

“သူ့အကြောင်းလား”

ထိုမေးခွန်းကြောင့် လမ်ဒီ ခဏတာဆွံအသွားသည်။ သံမဏိ ဦးထုတ်အောက်မှ သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးများသည် လမ်ဒီစိတ်အာရုံထဲတွင် ပြန်ပေါ်၍လာလေသည်။

“အဲ့လူရဲ့ ခွန်အားသန်မာမှုက ကြယ်တစ်လုံးအဆင့်စစ်သည်ရဲ့ သန်မာမှုမျိုးပဲ။တစ်ခုထူးဆန်းတာက သူမှာ စွမ်းအင်(အတွင်းအား)တွေဘာတွေမရှိဘူး သူက မွေးကတည်းက အဲ့ခွန်အားနဲ့မွေးလာသလိုပဲ....”

လမ်ဒီ ဖြစ်ခဲ့သည်များကို ပြန်စဥ်းစားရင်း ပြောပြနေ၏။ “နောက်ပြီး အဲ့လူကိုတိုက်ခိုက်ရတာ ရက်စက်တဲ့ သားရဲတစ်ကောင်နဲ့ရင်ဆိုင်နေရသလိုခံစားရတယ်....”

“သားရဲတစ်ကောင်လား”

ငွေရောင်မျက်နှာဖုံးရှင် ဝိုင်ခွက်ကို လက်မှချပြီး လမ်ဒီအား တစ်ချက်ကြည့်လိုက်သည်။ထို့နောက်တွင် ရယ်မောကာ “သားရဲတစ်ကောင်ဆိုတာ တော်တော်ကောင်းတဲ့အသုံးနှုန်းပဲ လမ်ဒီ ငါတို့အဲ့သားရဲကို ဖမ်းပြီး ကိုလိုစီရမ် အင်ပါယာကို ပို့လိုက်ရင် ပိုစိတ်ဝင်စားစရာကောင်းမှာပဲကွ”

“ကိုလိုစီရမ်ကိုလား အတော်ကောင်းတဲ့အကြံပဲဆရာရေ့” လမ်ဒီမြှောက်ပင့်လိုသောအသံဖြင့်ပြောနေ၏ “အဲ့လူသာ ကိုလိုစီရမ် ကိုရောက်သွားလို့ကတော့ အတော်ဆုံး ဂလက်ဒီရေတာ တစ်ယောက်ဖြစ်လာမှာပဲဗျ။ လူတော်တော်များများက သူ့ပွဲတွေကို ကြည့်ချင်လို့ ငွေအများကြီးပေးကြလိမ့်မယ်”

အေဇာရုတိုက်တွင် ကိုလိုစီရမ် အင်ပါယာများသည် လူကုံထံအသိုင်းအဝိုင်းများ သွားရန်နှစ်သက်ကြသည့်နေရာများဖြစ်ကြသည်။

ထိုနေရာများတွင် ရက်စက်ကြမ်းကြုပ်သော ဖျော်ဖြေမှုတစ်ခုပြုလုပ်လေ့ရှိသည်။ အထူးသဖြင့် ကျေးကျွန်များအား လက်နက်များပေးပြီး အန္တရာယ်ရှိသော သားရဲများမကောင်းဆိုးဝါးများနှင့် အသေအ​ကြေတိုက်ခိုက်ခိုင်းခြင်းပင်။ ထိုသို့တိုက်ခိုက်သည်များကို လူကုံထံများက ပိုက်ဆံပေးကြည့်ရှုကြ၏။

အေဇာရုတိုက်တွင် ထိုကဲ့သို့ပွဲစဥ်များမှာ ရိုးရာဓလေ့ကဲ့သို့ပင်။ ယခင်က စစ်ပွဲနတ်ဘုရားအား ယစ်ယူဇော်သည့်အနေဖြင့်သာ ပြုလုပ်လေ့ရှိသော်လဲ ယခုအခါတွင် ထိုပွဲစဥ်များအား သွေးထွက်သံယိုများကြိုက်သော လူကုံထံများအတွက် ဖျော်ဖြေရေးအနေဖြင့်ပြုလုပ်ကြ၏။ထို့ကြောင့်ပင် ထိုပွဲစဥ်များသည် ပွဲစီစဥ်သူများအတွက် များစွာငွေကြေးရစေသည်။လောင်းကစားလုပ်သူများလည်း ပါဝင်လေရာ နိုင်သူနိုင်ရှုံးသူရှုံးပင်။

ဂလတ်ဒီရိတ်တာ ဟုခေါ်သော ပါဝင်ကစားသည့်သူကို ကျေးကျွန်များနှင့် ငွေကြေးနွမ်းပါးသူများသာ ဖြစ်ခွင့်ပေးထားသော စည်းမျဥ်းလဲရှိသည်။အဆင့်ရှိစစ်သည်များနှင့် ​မှော်ဆရာများအား ပါဝင်ထည့်သွင်းခွင့်မပေးချေ။ စစ်သည်များနှင့် မှော်ဆရာများကိုကိုလိုစီရမ်ထဲသို့ထည့်သွင်းပါက စစ်သည်များနှင့် မှော်ဆရာအားလုံးကိုစော်ကားရာရောက်သည်ဟု သက်မှတ်ထားသောကြောင့်ပင်။

ယခင်က နိုင်ငံတစ်ချို့သည်ထို စည်းမျဥ်းအားမလိုက်နာကြပေ။ စစ်သည်သူရဲကောင်းများနှင့် မှော်ဆရာပေါင်းများစွာအား ကိုလိုစီရမ် ထဲတွင် အတင်းအကြပ်တိုက်ခိုက်ခိုင်းကြသည်။သို့သော်ထိုအပြုမူသည် အေဇာရုတိုက်အတွင်းရှိ စွမ်းအားကြီးပုဂ္ဂိုလ်များအား ဒေါသဖြစ်စေခဲ့သည်။ ထို့ကြောင့် ​နေအဆင့်စစ်သည် ဘက်ခ်နှင့် နေအဆင့်မှော်ဆရာ ဘိုင်လီတို့ဦးဆောင်ပြီး ထိုစည်းမျဥ်းအားမလိုက်နာသည့် အင်ပါယာ ၂၄၁တစ်ခုနှင့် ကိုလိုစီရမ်ပေါင်း ၁၀၀၀၀တို့အား သတ်ဖြတ်ချေမှုန်းပစ်ခဲ့သည်။ထိုဖြစ်ရပ်အပြီးတွင် စည်းမျဥ်းအားချိုးဖောက်ရဲသော အင်ပါယာနှင့်ကိုလိုစီရမ်တစ်ခုမှမရှိတော့ပေ။

ထိုစည်းမျဥ်းကြောင့် ကောင်းမွန်သော ဂလတ်ဒီရိတ်တာ တစ်ယောက်အား ရှာရန်မှာ အလွန်ခက်ခဲလေသည်။ ဖှေးကဲ့သို့ ကြယ်အဆင့်စစ်သည်ကဲ့သို့ ခွန်အားကြီးသော်လဲ အတွင်းအားလုံးဝမရှိသောသူမှာ ငွေရောင်မျက်နှာဖုံးရှင်၏ မျက်လုံးထဲတွင်တော့ ရတနာတစ်ပါးပင်။အသေချာပင်ပွဲစီစဥ်ပါက အကျိုးမြတ်များစွာရနိုင်လေသည်။ ကံကောင်းပါက ပိုမိုမြင့်မားသော အင်ပါယာများမှ လူကုံထံများနှင့်ပင် အဆက်သွယ်ရနိုင်သေး၏။

“[အမှတ်စဥ်၁] မိုးလင်းပီဆိုရင် အမှတ်စဥ်၁၆ ၁၇ ၁၈တို့ကို ခေါ်ပြီး ချမ်းဘော့ဒ် ကိုသွားပြီး လက်နက်ချအရှုံးပေးဖို့ပြော။ အရှုံးပေးမယ်ဆိုရင် ဘုရင်နဲ့ဝန်ကြီးတွေနဲ့ ပြည်သူတွေအကုန်လုံးကို အသက်ချမ်းသာပေးမယ်လို့ပြောလိုက်။ ကျေးကျွန်တွေကိုတော့ အကုန်ငါတို့သတ်မယ်။ လက်နက်မချဘူးဆိုရင် နန်းတော်ကို ငါတို့သိမ်းပိုက်ပြီး ၃ရက်တိတိမြင်သမျှလူအကုန်ငါတို့လိုက်သတ်ပြီး နန်းတော်ကို သွေးနဲ့ဆေးမယ်လို့ပြောလိုက်...”ငွေရောင်မျက်နှာဖုံးရှင် သွေးအေးအေးနှင့် အမိန့်ပေးလိုက်သည်။

အမိန့်ပေးအပြီးတွင် သူ့လက်ထဲမှ အဖြူရောင်စွမ်းအင်အချို့ပေါ်လာပြီး သူ၏ဝိုင်ခွက်နှင့် ဝိုင်ပုလင်းအား အေးခဲပြီး ရေခဲပန်းပုအသွင်ပြောင်းလဲပစ်လိုက်သည်။

“ဟုတ်ကဲ့ပါဆရာ” တဲအတွင်းညာဘက်တွင်ရပ်နေသော အမဲရောင်စစ်သည် အမှတ်စဥ်၁မှာ ချက်ချင်းပင်အရိုအသေပေးပြီး အမှတ်စဥ်၁၆ ၁၇ ၁၈တို့ကိုခေါ်ပြီးထွက်ခွာသွားတော့သည်။

“အမှတ်စဥ် ၂ ၃ ၄ ၅ ၆မင်းတို့တွေက စစ်သားတွေကို အသင့်ပြင်ထားကြ ချမ်းဘော့ဒ် က လက်နက်ချအရှုံးပေးပြီး သူတို့ဂိတ်တံခါးဖွင့်တာနဲ့ မင်းတို့က ဝင်ပြီး အန်ဂျယ်လာနဲ့ အဲ့သားရဲက လွဲရင် မြင်သမျှလူ အကုန်သတ်ပစ်ကြ။”

သူ၏ဒုတိယအမိန့်မှာ ပထမအမိန့်နှင့် ဆန့်ကျင်ဘက်ပင်။ ချမ်းဘော့ဒ်အား အသက်ချမ်းသာပေးမည်ဆိုသည်မှာ အလိမ်ညာတစ်ခုပင်။

“ငါတို့တွေအတွက်အချိန်သိပ်မရဘူး။ချမ်းဘော့ဒ်ကို အမြန်သိမ်းပိုက်နိုင်မှဖြစ်မယ်။ ဒီ့ထက်ကြာလာရင် ဇီးနစ်အင်ပါယာသိသွားမှာ စိုးရိမ်ရတယ်။”ငွေရောင်မျက်နှာဖုံးရှင်၏ စိတ်ထဲတွင် သံသယများစွာဖြစ်နေ၏။ထို့နောက်တွင် လမ်ဒီဘက်သို့လှည့်ကာ “လမ်ဒီမင်းကတိပေးထားတဲ့အတိုင်း ချမ်းဘော့ဒ်ရဲ့ ကြယ်သုံးလုံးစစ်သည်ရဲ့ ခေါင်းယူလာဖို့ ငါမျှော်လင့်နေမယ်...”

“စိတ်ချပါဆရာ” လမ်ဒီသည် ယုံကြည်မှု အပြည့်နှင့်ပြောလိုက်၏။

“ကျန်တဲ့ကောင်တွေကငါ့အမိန့်ကိုစောင့်နေကြ။ ငါတို့နေထွက်တာနဲ့စတင်လှုပ်ရှားမယ် ကဲသွားကြတော့...”

စစ်သည်များ အရိုအသေပေးပြီး ထွက်ခါမည့်ဆဲဆဲတွင်။

“နေဦး....”

ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော ငွေရောင်မျက်နှာဖုံးရှင်ဘေးရှိ ထူးဆန်းသည့်မှော်ဆရာမှ တားလိုက်သည်။

ထိုလူသည် သူ၏မျက်နှာအား ဝတ်ရုံဖြင့်ကာရံထားပြီး ငွေရောင်မျက်နှာဖုံး ရှင်ဘက်သို့လှည့်ကာ အလေးပေးသည့်အနေဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။သူ၏အသံမှာ ကွဲရှရှနှင့် လွန်စွာဆိုးဝါးလှ၏။”သခင်လေး ချမ်းဘော့ဒ် နန်းတော်ထဲမှာ စွမ်းအားကြီးတဲ့မှော်ဆရာတစ်ယောက်ရှိတယ်လို့ ကျွန်တော် အာရုံခံမိပါတယ်။ အရှင့် အကြံစဥ် နှောင့်ယှက်ခံရနိုင်ပါတယ်။”

“မှော်ဆရာတစ်ယောက်လား” ငွေရောင်မျက်နှာဖုံး ရှင်၏ မျက်နှာအမူအယာ ပြောင်းလဲသွား၏။မှော်ဆရာများသည် တိုက်ပွဲအားများစွာ ပြောင်းလဲနိုင်စေသောကြောင့်ပင်။ “ဆရာကြီး အဲ့မှော်ဆရာက အဆင့်ဘယ်လောက်လောက်ရှိနိုင်လဲ”

“အဲ့မှော်ဆရာက တစ်ခုခုကနေ ပုန်းဖို့ကြိုးစားနေတာပဲ။ ဟမ်အဆင့်လား ကြယ်သုံးလုံးအဆင့် လောက်တော့ရှိမယ်ထင်တယ်....”

“ကြယ်သုံးလုံးအဆင့်လား” ငွေရောင်မျက်နှာဖုံးရှင် အနည်းငယ်စိတ်အေးသွား၏။ “ကြယ်သုံးလုံးဆိုအဲ့လောက်တော့ ပြသနာမရှိလောက်ပါဘူး မနက်ဖြန်တစ်ခုခုဖြစ်ခဲ့ရင် ဆရာကြီးကူညီပေးနိုင်တယ်မလား...”

“အင်း...” ဝတ်ရုံနှင့်လူ ခေါင်းငြိမ့်လိုက်သည်။ “ဒါပေမယ့် ကြယ်သုံးလုံးအဆင့်ဆိုရင်တောင် ထိခိုက်မှုတော်တော်များများဖြစ်အောင်လုပ်နိုင်တယ်နော် မင်းလူတွေကိုခပ်ဝေးဝေးမှာနေဖို့ မှာထားလိုက်..”

ထူဆန်းသည့်မှော်ဆရာမှာ သူ၏တောင်းဆိုချက်အား လက်ခံလိုက်သောကြောင့် ငွေရောင်မျက်နှာဖုံးရှင် စိတ်အေးသွားပြီး “ကောင်းပါပြီဆရာကြီး ဆရာကြီး စိတ်ကြိုက်သာလုပ်ပါ နန်းတော်နဲ့ ခံတပ်နံရံတွေကိုတော့ မပျက်ဆီးဖို့ဂရုစိုက်ပေးပါ ဆရာကြီး။”

ဝတ်ရုံနှင့် ထူးဆန်းသည့်မှော်ဆရာမှာ ခေါင်းငြိမ့်ပြပြီး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

All Chapters