အခန်း (၂၅)
Vol. 2 Ch. 25
တိုက်ခတ်နေသော လေညင်းသည်အရိုးစိမ့်အောင်ပါ အေးစက်လှသည်။ဖှေး ခိုက်ခိုက်တုန်နေရာမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
“သေစမ်း ငါညကင်းစောင့်ရင်းနဲ့ အိပ်ပျော်သွားတာပဲဟ။ ရန်သူတွေလာမတိုက်ခိုက်တာ တော်သေးတယ်။” ဖှေးအနည်းငယ်ထိတ်လန့်သွား၏။
ဖှေး စဥ်းစားနေတုန်းမှာပင် မွှေးပျံ့သောရနှံ့တစ်ခုရသောကြောင့်လှည့်ကြည့်လိုက်ရာ သူ၏ဘေးတွင် အိပ်ပျော်နေသော အန်ဂျယ်လာအားတွေ့လိုက်ရသည်။
ချမ်းအေးလှသောကြောင့်လားမသိ အန်ဂျယ်လာသည် ဒူးနှစ်ဖက်ကို လက်နှင့် တင်းကြပ်စွာဖက်တွယ်၍ အိပ်ပျော်နေ၏။ အိမ်မက်ကောင်းတစ်ခု မက်နေသည့်အလား သူမ၏နှုတ်ခမ်းများမှာလည်း ပြုံး၍နေလေ၏။သူမ၏ဆံနွယ်ထိတ်ဖျားတို့မှာ နှင်းစက်များစိုပြီးတောက်ပနေ၏။ ကြယ်လရောင်များအောက်တွင် အိပ်ပျော်နေသော အန်ဂျယ်လာသည် နတ်သမီးတစ်ပါးကဲ့သို့ပင် လှပလွန်းလှသည်။
ဖှေး အနည်းငယ်လှုပ်ရှားရာ သူ၏ ကိုယ်ပေါ်တွင်ကတီပါစောင်တစ်ခုခြုံထားကြောင်းတွေ့ရသည်။အန်ဂျယ်လား ဖှေးအတွက်စိုးရိမ်ပြီး ယူလာကာ ခြုံပေးထားခြင်းပင်။စောင်၏အနွေး ဓာတ်တို့နှင့်အတူ ဖှေး၏နှလုံးသားမှာလဲ နွေးထွေးနေ၏။
ဖှေးမတ်တက်ထပြီး ထိုစောင်အားအန်ဂျယ်လာ၏ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။ အန်ဂျယ်လာသည် ဖှေးအတွက် စောင်ယူလာပေးသော်လည်း သူမကိုယ်တိုင်မာမူပါးလွှာသော အဝတ်စားများသာ ဝတ်ထားလေသည်။
အန်ဂျယ်လာအား နွေးထွေးအောင် ခြုံပေးပြီနောက် ဖှေးအဆောက်ဦးအတွင်းမှ တိတ်ဆိတ်စွာထွက်ခဲ့သည်။ခံတပ်နံရံပေါ်တွင် လုံးဝတိတ်ဆိတ်ငြိမ်သက်နေ၏။ကင်းလှည့်နေကြသော စစ်သားတချို့သာရှိကြသည်။ဇူလီမြစ်ကမ်းတစ်ဖက်ရှိ ရန်သူ့စခန်းမှာလည်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့ရသည်။ဖှေးအနည်းငယ် စိတ်သက်သာရရသွားပြီး တဖက်သို့အလှည့်တွင် အံ့သြသွားရ၏။
အန်မာသည်လည်း ခံတပ်နံရံပေါ်သို့ရောက်ရှိနေသည်ကိုတွေ့ရသည်။ သူမသည် မျှော်စဥ်အဆောင်ဦး၏ ပျက်စီးနေသည့် တံခါးဝအားစောင့်ရှောက်နေသည့်အလား ထိုအနား၏နံရံတွင် မှီလျှက်အိပ်ပျော်နေလေ၏။သူမ၏ရွှေရောင်ဆံပင်များနှင့် အဝတ်အစားတို့မှာ မနက်ခင်းလေညင်းနှင့်အတူ တလွှင့်လွှင့်ဖြစ်နေလေသည်။
သူမအိပ်ပျော်နေသည်မှာ ချစ်စရာပင်ကောင်းလှသည်။ သူမ၏ ပုံမှန်းအတိုင်းဖြစ်သော ဖှေးအပေါ်ရန်လိုသည့်အမူအယာနှင့်မတူပေ။
ဖှေးသူမအနားလမ်းလျှောက်သွားပြီ သူမပါးပြင်အား ကိုင်ဆွဲလိုက်ကာ “ဟေး ချာတိတ်ထတော့လေ မင်းဒီမှာဘာလို့ရပ်နေတာလဲ မအေးဘူးလား သွားမျှော်စဥ်ထဲ ဝင်အိပ်။”
အန်မာသည် ဖှေး၏လှုပ်ရှားမှုများကြောင့်ရုတ်တရက်နိုးလာပြီး ဖှေးမျက်လုံးတည့်တည့်အား အိပ်ချင်မူးတူးနှင့် ကောက်ထိုးလိုက်၏။ဖှေးထိုအရာကို မျှော်လင့်မထားသဖြင့်ရှောင်ချိန်မရပေ။
“ဖြောင်း”
ဖှေး၍မျက်နှာပေါ်တွင် အညိုအမဲဆွဲသွားတော့၏။
“အာ နင်ကိုး အလတ်ဇန္ဒား...”
ဖှေးကိုရိုက်ပြီးပြီးခြင်း အန်မာ နိုးကြားလာပြီး ပတ်ဝန်းကျင်ကို သတိပြုမိကာ အနည်းငယ်ရှက်ရွံ့သွား၏။ဖှေး၏ ညိုမဲနေသောမျက်နှာအားတွေ့သော်”ဟီးဟီး ရန်သူတွေလာတိုက်ခိုက်ပြီထင်သွားလို့ အဆင်ပြေတယ်မို့လား...”
အေးစက်နေသော လေထဲတွင်တုန်ခိုက်နေသော အန်မာအား ဖှေးအနည်းငယ်မှဒေါသမဖြစ်ခြေ။သူမ၏ခေါင်းအားပုတ်ပြီး သူ၏ ချပ်ဝတ်မှ ဝတ်ရုုံအားချွတ်ကာ အန်မာအားခြုံပေးပြီး”ရပါတယ် အထဲသွားအိပ်တော့ နေထွက်ပြီဆိုရင် အန်ဂျယ်လာနဲ့အတူနန်းတော်ကိုပြန်သွားတော့။ ဒီမှာက လေအရမ်းကြမ်းတယ် မိန်းကလေးတွေရှိဖို့ မသင့်တော်ဘူး။”
ဖှေး၏လူကြီးဆန်သောအပြုအမူကြောင့် အန်မာ အံ့အားသင့်သွားသည်။ထို့နောက်တွင် ဖှေးစကားအတိုင်းပင် မျှော်စဥ်အတွင်းသို့ လမ်းလျှောက်ဝင်သွား၏။
“အလတ်ဇန္ဒား နင်အန်ဂျယ်လာအပေါ်မှာ ကောင်းမယ်မလား..”မျှော်စဥ်အတွင်းသို့ရောက်ခါနီးတွင် အန်မာ နောက်သို့ပြန်လှည့်ပြီး ဖှေးအားစိုက်ကြည့်ကာ လေးနက်စွာမေးလိုက်သည်။
“ဟမ်”
ရုတ်တရက်ဖှေး အံ့သြသွားသောကြောင့် ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။
ဖှေးဘာမှပြန်မပြောရသေးခင်မှာပင် သူမဆက်ပြော၏။”နင်ဘာပြန်ပြန်ဖြေဖြေငါဂရုမစိုက်ဘူး။ နင်က အခုပုံမှန်ပြန်ဖြစ်သွားပြီဆိုတော့ နင်အန်ဂျယ်လာအပေါ်ကောင်းမှရမယ်အလတ်ဇန္ဒား။လွန်ခဲ့တဲ့၃နှစ်လုံးအန်ဂျယ်လာနင့်အတွက် ဘယ်လောက်တောင် အနစ်နာခံခဲ့တယ်ဆိုတာ နင်သိမှာမဟုတ်ဘူး။နင့်အပေါ်မှာ အန်ဂျယ်လာလောက်ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူးဆိုတာ ငါအာမခံတယ်....”
ထို့နောက်တွက် သူမ၏မျက်ရည်များကို လက်ဖြင့် ပွတ်ကာ “နင်အခု ပုံမှန်ပြန်ဖြစ်သွားပြီဆိုတော့ နင့်ကိုအန်ဂျယ်လာစောင့်ရှောက်ခဲ့သလို နင်ကလဲ အန်ဂျယ်လာကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ နင်အဲ့လိုမလုပ်ဘူးဆို ငါနင့်ကို နောက်တစ်ခုထက်ထိုးမှာပဲ....”
အန်မာဖှေးအား ခြိမ်းခြောက်အပြီး တစ်ဖက်သို့လှည့်ကာ မျှော်စဥ်အတွင်းသို့ဝင်သွားတော့သည်။လွန်ခဲ့သည့်နှစ်ရက်တွင် အန်မာသည် ဖှေးအပေါ်အမြင်မကြည်ဖြစ်နေသည်ကို ဖှေးသတိထားမိသည်။ ထိုကဲ့သို့ဖြစ်သည်မှာ အရင်အလတ်ဇန္ဒားသည် အန်ဂျယ်လာအား ဒုက္ခများစွာ ပေးခဲ့သောကြောင့် ဖြစ်မည်ဟု ဖှေးရိပ်မိ၏။
အန်မာသည် အစေခံတစ်ယောက်သာဖြစ်သော်လည်း အန်ဂျယ်လာသည် အန်မာအားညီမအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။လွန်ခဲ့သည့် သုံးနှစ်ပတ်ကာလလုံး အန်ဂျယ်လာခံစားရသည့် ဒုက္ခများကို မြင်ခဲ့ရသဖြင့် သူမသည် အလတ်ဇန္ဒား အား နည်းနည်းမှပင်ကြည့်မရချေ။သို့သော်လည်း သူမသည် အန်ဂျယ်လာနှင့် အတူ အလတ်ဇန္ဒား အား စောင့်ရှောက်ခဲ့ကြသည်။သူမသည် မာကြောပြီး သွေးအေးသည်ဟု ထင်ရသော်လည်း တကယ်တန်းတွင် အလွန်ကြင်နာတတ်ပြီး သူမ၏နှလုံးသားမှာ ကတီပါစတစ်ခုကဲ့သို့ပင် နူးညံ့သိမ်မွေ့၏။
အန်မာပြောလိုက်သော စကားများကို ေဖှးလုံးဝသဘောတူ၏။အလတ်ဇန္ဒါး၏ ခန္ဓာကိုယ်အတွင်းရောက်ရှိပြီး အတိတ်မှကိစ္စများကို သိရှိခဲ့ပြီအချိန်တွင် သူသည် ထိုလှပပြီး ကြင်နာတတ်သော မိန်းကလေးအား ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။
အာရုံဦးမရောက်ခင်တစ်နာရီခန့်လိုသေး၏။ည၏အမှောင်မိုက်ဆုံးအချိန်ဖြစ်၏။ အေးစက်သောလေသည် ဇူလီမြစ်ပေါ်မှ ဆီးနှင်းများအား ခံတပ်နံရံပေါ်သို့သယ်ဆောင်လာ၏။ဖှေးဤကမ္ဘာသို့ရောက်သည်မှာနှစ်ရက်ခန့်သာရှိသေးသော်လည်း နေသားကျနေပြီဖြစ်သည်။
“ဒီကမ္ဘာကိုရောက်လာတာ တကယ်ပဲ နတ်ဘုရားတွေရဲ့အလိုတော်အရလား..”
ဖှေးကြယ်ရောင်လရောင်များအောက်တွင် ရပ်ရင်း ဒိုင်ယာဘလိုကမ္ဘာအတွင်းတွင်ရှိစဥ်က အာကာရာပြောခဲ့သည်များကို ရုတ်တရက်သတိရသွားသည်။ယခင်က သူ၏ပစ္စည်းများကို ယူလို၍အာကာရာပေါက်ကရလျှောက်ပြောနေသည်ဟု ထင်မှတ်ခဲ့သော်လည်း သေချာပြန်စဥ်းစားကြည့်သောအခါ ထိုမျှ မရိုးရှင်းကြောင်းဖှေးသတိထားမိလာသည်။သူမတစ်ခုခုကို ဆိုလိုချင်ခဲ့ပုံရ၏။
ဖှေးတွေးနေစဥ်မှာပင် သူ့ထံသို့လူနှစ်ယောက် လမ်းလျှောက်လာနေသည်ကို တွေ့ရသည်။ ထိုလူနှစ်ယောက်မှာ ဘရွတ်နှင့် နေပြန်ကောင်းလာကာစ ပီးရာ့စ်တို့ဖြစ်ကြသည်။
“ကျွန်တော်တောင်းပန်ပါတယ် အရှင်မင်းကြီး”ပီးရာ့ရုတ်တရက်ဒူးထောက်ချပြီး နောင်တရစွာပြောလိုက်၏။ “ကျွန်တော်မနေ့က ဘာတွေဖြစ်ခဲ့တာလဲ မသိလို့ပါ......”
ဖှေး ပီးရာ့စ်အားစကားဆုံးအောင်ပြောခွင့်မပေးပဲ မြေပြင်မှ ဆွဲထူလိုက်သည်။ပုံကြီးချဲ့၍ပြောခြင်းမဟုတ် ပီးရာ့စ်၏ ခံတပ်နံရံပေါ်ရှိရဲရင့်မှုများမှာ ဖှေးအား အံ့အား အသင့်စေဆုံးအရာများဖြစ်၏။
ပီးရာ့စ်သည် ယုံကြည်ရသော လူဖြစ်ကြောင်းဖှေးကောင်းစွာသဘောပေါက်၏။ ထို့ကဲ့သို့သူများကို ဖှေးလေးစားမှုဖြင့်ဆက်ဆံ၏။ ဘရွတ်လဲ ထို့နည်း၄င်းပင်။ဖှေးသည်လဲ လူများ၏ မသိစိတ်ထဲမှ ယုံကြည်မှုများကို တစ်စတစ်စ ရရှိနေပြီဖြစ်သည်။
“ဘယ်လိုလဲ သက်သာသွားပြီလား”ပီးရာ့စ်၏ ပုခုံးအားပုတ်ပြီးမေးလိုက်သည်။
“ဟုတ်ကဲ့ လုံးဝပြန်ကောင်းသွားပါပြီ။” ပီးရာ့သူ၏ လက်မောင်းကြွက်သားများအား ပြရင်းပြောလိုက်၏။”ခေါင်းဆောင်ဘရွတ်က ကျွန်တော့ကို အကုန်ပြောပြထားပါတယ် နောက်ဆုံးမှာ ချမ်းဘော့ဒ်မှာ ထိုက်တန်တဲ့ ဘုရင်တစ်ပါးရှိခဲ့ပြီပေါ့။ ကျွန်တော်အရှင်မင်းကြီးကို မသေမခြင်းသစ္စာရှိ အမှုထမ်းမယ်လို့ ကတိပေးပါတယ်..”
ဖှေး ပီးရာ့စ်ပြန်သက်သာလာပြီဟု ပြောနိုင်၏။သူ၏မျက်နှာမှာ အရင်ကဲ့သို့ဖျော့တော့တော့အရောင်မဟုတ်တော့ချေ။[သွေးပုလင်းအငယ်စား]သည် ဒိုင်ယာဘလိုကမ္ဘာမှာထက် ယခုလက်ရှိကမ္ဘာတွင် ပိုအစွမ်းထက်ပုံရ၏။ ဆေးနှစ်စက်ခန့်မျှပင်လျှင် ဒဏ်ရာရစစ်သားပေါင်းများစွာ၏ အသက်အား ကယ်တင်နိုင်ခဲ့သည်ဖြစ်သည်။
“ဒီမှာလာကြည့် ရန်သူတွေမှာ ဒီနေ့အတွက်ဘာအစီစဥ်မှရှိပုံမရသေးဘူး။အရင်နေ့တွေကလဲ ဘယ်တွေပျောက်နေမှန်းမသိဘူးကွ။” ဖှေး ခံတပ်နံရံအစွန်းသို့လမ်းလျှောက်သွားပြီး ရန်သူ့စခန်းရှိရာနေရာသို့ညွှန်ပြကာပြောလိုက်၏။
ဘရွတ်သေချာကြည့်ရှုလေ့လာပြီး “ထူးတော့ ထူးဆန်းတယ် အရင်ညတွေကဆို ဒီခွေးသားတွေက အခုလို ကောင်းကောင်းအနာယူခွင့်မပေးဘူး။ အာရုံဦးမရောက်ခင် ဝင်ဝင်တိုက်ခိုက်တော့တာပဲ။ အခုတော့ ဘာတွေကြံစည်နေတာလဲ မသိဘူး မသင်္ကါ စရာပဲ။
“သူတို့ဘာပဲ ကြံကြံနောက်တစ်ခါလာသိမ်းရင်တော့ ကျွန်တော့တူနဲ့ အကုန်ချေပစ်မှာပဲ...”ပီးရာ့စ်ရန်သူ့စခန်းဘက်သို့လှည့်ကာအော်လိုက်၏။
ဖှေးနှင့်ဘရွတ်နှစ်ယောက်လုံး လူသန်ကြီးပီးရာ့စ်၏ တွေးခေါ်ဆင်ခြင်စွမ်းတို့ကြောင့် ဆွံ့အသွားကြ၏။ ပီးရာ့စ်သည်လွန်စွာ သန်မှာလွန်း၍ ဦးခေါင်းခွံအတွင်းမှာပင် ဦးနှောက်အစား ကြွက်သားများဖြင့်ပြည့်နှက်နေပုံရသည်။
ပီးရာ့စ်ကြံ့ခိုင်မာကြောသည်ကို ဖှေးသိသော်လည်း ပီးရာ့သည် ကမူးရှူးထိုးနိုင်လှသည်။စစ်မြေပြင်တွင် စစ်သည်ကောင်းတစ်ယောက်ဖြစ်သော်လဲ နည်းဗျူဟာသမားကောင်းတစ်ယောက်တော့မဟုတ်ချေ။
တစ်ဖက်တွင်လဲ ဘရွတ်၏ တည်ငြိမ်အေးဆေးသော အမူအယာတို့ကိုဖှေးချီးကျူးမိသည်။ခေါင်းဆောင်တစ်ယောက်နေရာသည် ဘရွတ်နှင့်ကိုက်ညီမှုရှိ၏။
ယခုအချိန်တွင် ဖှေးသည် သူ၏ ပထမဆုံးလူယုံနှစ်ယောက်အား နေရာချထားပေသည့် ပထမဆုံးအချိန်ဖြစ်မှန်းဖှေးမသိသေးချေ။နှစ်ပေါင်းများစွာကြာလျှင် အင်ပါယာ အလတ်ဇန္ဒား ၏ လက်အောက်တွင် အမှုထမ်းခဲ့သော စစ်သည်ပီးရာ့စ်နှင့် ဗျူဟာရှင်ဘရွတ်တို့အကြောင်းကို ကဗျာဆရာများ သီကုံးရွတ်ဆိုကြလိမ့်မည်ဖြစ်သည်။
“သူတိူ့တွေ ဘာကြံစည်နေကြလဲဆိုတာတော့ အချိန်တန်ရင်သိရမှာပဲ။ ပီးရာ့စ်ပြောသလိုပါပဲ သူတို့ဘာပဲ ကြံစည်ကြံစည် ချမ်းဘော့ဒ်ကို လာတိုက်ခိုက်ရင်တော့သူတို့တွေအကုန် သေကုန်လိမ့်မယ်...”
ဘုရင်က သူ၏ စကားကိုထောက်ခံသည့်အတွက် ပီးရာ့စ်ဂုဏ်ယူစွာရယ်မောလိုက်သည်။
......
......
နာရီဝက်ခန့်အကြာတွင် အာရုံဦးသို့စတင်ဝင်ရောက်လာပြီဖြစ်သည်။မိုးကုက်စက်ဝိုင်းတွင် အလင်းရောင်စတင်ဝင်ရောက်လာလေပြီ။ရန်သူ့စခန်းသည်လဲ ယခင်ကဲ့သို့တိတ်ဆိတ်မနေတော့ချေ။
အမဲရောင်စစ်သည်များစခန်းအတွင်းတွင် သွားလာလှုပ်ရှားပြီး မနက်စာချက်ပြုတ်ပြင်ဆင်နေသည်ကိုတွေ့ရ၏။မနက်စာစာပြီးသော် တိုက်ပွဲ ဖြစ်လာနိုင်သည်။
“စစ်သားတွေကို ပြင်ဆင်ထားဖို့ပြောလိုက်။ဘရွတ်ဒီနေ့တိုက်ပွဲကို မင်းပဲ အမိန့်ပေးရမယ်။အကုန်လုံးမင်းအမိန့်ကို နာခံရမယ် ငါအပါဝင်ပေါ့။”ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် တိုက်ခိုက်မှုစွမ်းရည်များတိုးလာသောလည်း စစ်ပွဲနှင့် ပတ်သက်ပါက အတွေ့ကြုံမရင့်သန်သေးပေ။ထို့ကြောင့် တိုက်ပွဲဗျူဟာကျွမ်းကျင်သော ဘရွတ်အား စီမံခိုင်းသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။”
“အော်အေး ဟုတ်သားပဲ ငါပညာသင်မှော်ဆရာဂေးလ်ကို တိုက်ပွဲလာကူဖို့သွားခေါ်ခိုင်းထားတယ်လေ သူဘယ်မှာလဲ။”ဖှေး သတိရသွားသည်။
ဘရွတ်လဲ ဘာဖြစ်ခဲ့မှန်းမသိချေ။ထို့နောက်တွင် ဘရွတ် မျက်နှာတွင်ဒဏ်ရာများနှင့် ပြည့်နှက်နေသော စစ်သားနှစ်ယောက်နှင့်အတူ ပြန်လာပြီး စိတ်ဆိုးစွာပြောလိုက်သည်။”သွားခေါ်ဖို့ ကျွန်တော်ပို့လိုက်တဲ့စစ်သားနှစ်ယောက်ကို ဝန်ကြီးချုပ်ဘစ်ဇား ကြာပွတ်နဲ့ ရိုက်နှက်လွှတ်လိုက်တယ် အရှင်မင်းကြီး။ဂေးလ်နေမကောင်းလို့ တိုက်ပွဲမှာမပါနိုင်ဘူးလို့လဲ ပြောလိုက်တယ်။”
ဖှေး မျက်နှာတွင် ကြာပွတ်နှင့် အရိုက်ခံထားရသော စစ်သားနှစ်ယောက်အားကြည့်ပြီး ဒေါသပြင်းထန်လာလေသည်။