← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

“ဒီခွေးသားကတော့ ငါပုံမှန်ပြန်ဖြစ်လာတာကို သိတာတောင် ငါ့အမိန့်ကို မနာခံဘူးပေါ့။ဒီကောင့်ငါ့ကို ဘုရင်လို့ မထင်တာလား...။ ဘယ်သူဆရာလဲပြရသေးတာပေါ့။”ဖှေးတွေးလိုက်မိ၏။

“ပီးရာ့စ်စစ်သားအယောက်၂၀ကိုခေါ်သွား ငါဘာအကြောင်းပြချက်မှမလိုချင်ဘူး ဂေးလ်ကို ဒီအရောက်ခေါ်ခဲ့။ကြိုးချည်ပြီးတော့ခေါ်ရခေါ်ရရောက်အောင်သာခေါ်ခဲ့လိုက်။ တကယ်လို့တစ်ယောက်ယောက်က တားဖို့ကြိုးစားရင် တားဖို့ကြိုးစားတဲ့သူကိုပါ တစ်ခါထဲ သတ်ပစ်လိုက်လို့ရတယ်။”ဖှေး၏အသံမှာ အေးစက်မာကြောနေသည်။ လူတိုင်းဘုရင်၏ ဒေါသအားခံစားမိကြ၏။

“ဟုတ်ကဲ့ပါအရှင်မင်းကြီး။”

ပီးရာ့စ် ပျော်ရွှင်သွား၏။ ထိုကဲ့သို့ တည်ကြည်ပြတ်သားသော ဘုရင်၏ လက်အောက်တွင် အလုပ်လုပ်ချင်ခဲ့သည်မှာကြာပြီဖြစ်သည်။စစ်သားများကိုခေါ်ပြီး ခံတပ်နံရံပေါ်မှ လျှင်မြန်စွာထွက်ခွာသွား၏။

“ဘရွတ် စစ်တရားသူကြီး ကွန်းကနဲ့ဝါဒန်တို့ကိုလည်းခေါ်ဖို့လူလွှတ်လိုက် သူတို့လဲ မနာခံရင် အဲ့နေရာမှာတင်သတ်ပစ်ကွာ။”

ဖှေး ထိုသွေးအေးသော အမိန့်နှစ်ခုပေးလိုက်၏။ သူသည် ထိုပုဂ္ဂိုလ်များအား သင်ခန်းစာပေးတော့မည်ဖြစ်သည်။

မနေ့ညက ဒဏ်ရာရစစ်သားများကို ကုသပေးခြင်းမှာ သူ၏ကြင်နာမှုကို ပြသရန်ဖြစ်ပြီး တိုက်ပွဲမှရှောင်လိုသော လူကုံထံများကို ဖမ်းချုပ်ခြင်းမှာ မိမိ၏မာကြောမှုကိုပြသရန်ဖြစ်သည်။ဤအရာမှာဖှေး ချမ်းဘော့ဒ်တိုင်းပြည်အတွင်းရှိအကျင့်ပျက်မှုများအား ဖြေရှင်းရန် မနေ့ညကတွေးခဲ့သော အကြံစည်ဖြစ်လေသည်။

ထိုအချိန်တွင် မျှော်စဥ်ထဲကထွက်လာသော အန်ဂျယ်လာအားတွေ့လိုက်ရသည်။ သူမ၏နောက်တွင် အန်မာတစ်ယောက် အိပ်ချင်မှူးတူးနှင့်လိုက်ပါလာ၏။ဖှေးကိုမြင်သော အန်မာမှာ “နင်ဘာလုပ်ရမလဲဆိုတာ သိတယ်မလား”ဟု အဓိပ္ပါယ်ရသော အထာနှင့် မျက်စပစ်ပြလိုက်သည်။

ဖှေးလဲ ပြန်ပြုံးပြလိုက်သည်။

ယခုအခါတွင် အန်မာ၏ ဖှေးအပေါ်တွင် အမြင်မကြည်မှုများမရှိတော့ချေ။

“အန်ဂျယ်လာ နင်နိုးလာတာ အချိန်ကိုက်ပဲ ငါ့နင့်ကိုအရေးကြီးတဲ့ကိစ္စတစ်ခု အကူညီတောင်းစရာရှိတယ်။”ဖှေး သူ၏ဇနီးလောင်း၏ ရှုပ်ပွနေသော ဆံပင်များအာစ လက်ဖြင့် သက်ပေးရင်းပြောလိုက်၏။

“ဘာကူညီပေးရမှာလဲ....”

အလတ်ဇန္ဒား အကူညီတောင်းသဖြင့် သူမမှာ ဝမ်းသာသွား၏။သူမသည်ယခင်က အလတ်ဇန္ဒား အား မကူညီနိုင်တော့မှာအား စိုးရိမ်လျှက်ရှိသည်။

“နင်နဲ့ အန်မာနဲ့သွားပြီး လမ်းပါ့ဒ်ကို သွားခေါ်ပေးလို့ရမလား တိုက်ပွဲစတော့မှာမို့လို့။ငါတို့သူ့ကို ဒီနေရာမှာ လိုအပ်နေတယ်။”

“အခုချက်ခြင်းပဲသွားလိုက်ပါမယ်။”

အန်ဂျယ်လာ အိပ်ချင်မူးတူးဖြစ်နေသော အန်မာအား ဆွဲခေါ်ပြီး ချက်ချင်းထွက်ခွာသွားလေ၏။

“တစ်ခုကျန်သေးတယ် အန်ဂျယ်လာ လမ်းပါ့ဒ်ကို အသိပေးပြီးရင် ခံတပ်နံရံကိုပြန်မလာနဲ့တော့ နန်းတော်ထဲမှာရှိတဲ့ ဒဏ်ရာရစစ်သားတွေကို ငါ့အစားစောင့်ရှောက်ပေးပါ။”

အန်ဂျယ်လာ ခေါင်းငြိမ့်ပြပြီး အန်မာနှင့်အတူထွက်ခွာသွား၏။

......

......

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဇူလီမြစ်တစ်ဖက်ကမ်းမှ ရန်သူများစတင်စုရုံးလာပြီး ခံတပ်နံရံစီသို့ ချီတတ်လာကြသည်ကို လှမ်းမြင်လိုက်ရ၏။

လက်နက်များမှာ နေရောင်နှင့်အတူ တလက်လက်တောက်ပနေသည်။ သေချာစွာလေ့ကျင့်ပေးထားသော စစ်သားများဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ရန်မလိုပေ။စစ်ပွဲ၏ဖိအားကို ချက်ချင်းခံစားလာရသည်။

ဖှေး နံရံအပြင်ဘက်ရှိရန်သူများကို လေ့လာနေရင်းနောက်မှဆူညံဆူညံအော်ဟစ်သံများအား ကြားလိုက်ရ၏။

“မင်းတို့ရဲ့ ညစ်ပတ်တဲ့လက်တွေနဲ့ ငါ့ကိုမထိနဲ့ ငါနောက်ပြီးမှ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်။”ရင်းနီးသော အသံတစ်ခုအားကြားလိုက်သည်။

ဖှေးနောက်လှည့်ကြည့်သောအခါ ပီးရာ့စ် ကြိုးတုပ်ပြီးခေါ်လာသော ဂေးလ်အားတွေ့လိုက်ရသည်။ ဂေးလ်သည် သူ၏ ကံကောင်းမှုများကုန်ဆုံးသွားသည်ကို မသိသေးပဲ အော်ဟစ်နေလေ၏။

ဂေးလ်၏နောက်တွင်ရပ်နေသော ဝတ်ရုံအနီနှင့် ဝတုတ်တုတ်လူကြီးတစ်ယောက်အား ဖှေးသတိထားမိလိုက်သည်။

“ဒီလူက အာဏာရှိပုံတော့ရတယ်...”ဖှေးတွေးနေတုန်းမှာပင် ပီးရာ့စ်မှ ရယ်မောကာ “အရှင်မင်းကြီး အမိန့်အတိုင်းပဲ ကျွန်တော်တို့ ဂေးလ်ကို ခေါ်လာပါပြီ ဒါပေမယ့်ကြိုးတော့တုတ်ခဲ့ရတယ်။ ဝန်ကြီးချုပ် ဘစ်ဇားပါလိုက်လာခဲ့တယ်...”

ထိုသူသည် အလတ်ဇန္ဒား အစား တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူဖြစ်၏။

ဖှေး ထိုလူအား အသေးစိတ်အကဲခက်ကြည့်ရာ အန္တရာယ်ကြီးမားသော မြွေတစ်ကောင်ကဲ့သို့ ခံစားရ၏။

“အရှင်မင်းကြီး ကျွန်တော်အကြောင်းပြချက်လိုချင်ဘာတယ်။ကျွန်တော့သား ဂေးလ်က ဘယ်ဥပဒေကိုချိုးဖောက်ခဲ့လို အခုလို ကြိုးတုတ်ပြီး စစ်မြေပြင်ကို ခေါ်ရခံခဲ့ရသလဲဆိုတာသိချင်ပါတယ်။” ဖှေး အကဲခက်နေစဥ်မှာပင် ဘစ်ဇားမှ ပြတ်ပြတ်သားသားမေးလိုက်၏။

ကြိုးတုတ်ခံထားရသော ဂေးလ်မှလဲ “ဟေ့ယောင် ငတုန်းအလတ်ဇန္ဒား ငါ့ကိုကြိုးပြန်ဖြည်ပေးဖို့ မင်းကောင်တွေကို အမိန့်ပေးလိုက်စမ်း....”

ဖှေးသည် ဘစ်ဇားအား တစ်ချက်ပင်လှည့်မကြည့်ပဲ ဂေးလ်ထံလျှောက်သွားပြီး စကားတစ်ခွန်းမှမပြောပဲ ရက်ရက်စက်စက် စတင်ရိုက်နှက်တော့သည်။

“ဖျောင်း ဖျောင်း....”

အချက်နှစ်ဆယ်ခန့် ရိုက်နှက်ပြီးချိန်တွင် ဂေးလ်မျက်နှာတစ်ခုလုံး ဆုတ်ပြတ်သွားပြီး သတိပင်မေ့လျော့သွား၏။

ဖှေး ရိုက်နှက်ပြီးနောက်တွင် ဘစ်ဇားထံ လမ်းလျှောက်သွားပြီး အော်ဟစ်ရယ်မောကာ “ငါက ဘုရင်ပဲ ငါဘာလုပ်လုပ် အကြောင်းပြချက် လိုသေးလို့လား...”

ငါလုပ်ချင်တာလုပ်မယ် ဘယ်သူ့မှဂရုစိုက်စရာမလိုဘူးဟု ဆိုလိုလိုက်ခြင်းပင်။

ဝန်ကြီးချုပ် ဘစ်ဇားသည် လွန်စွာထိတ်လန့်သွား၏။

ဘစ်ဇားသည် မနေ့က တိုက်ပွဲမှ အလတ်ဇန္ဒား ၏ စွမ်းရည်များအကြောင်းနှင့် အလတ်ဇန္ဒား နှင့် စစ်ပွဲနတ်ဘုရားတို့၏ ဆက်နွယ်မှုစသည့် ကောလဟာလများကို ကြားသိပြီးဖြစ်သည်။သို့သော်နည်း သိပ်၍မတုန်လှုပ်ခဲ့ပေ။ “မင်းဉာဏ်ရည်ပုံမှန်ပြန်ဖြစ်သွားပြီ အဲ့တော့ ဘာလုပ်ရမှာလဲ”စသည်ဖြင့်တွေထားခဲ့သည်။၁၈နှစ်အရွယ်ကလေးတစ်ယောက်က မိမိနှင့်ယှဥ်ပြိုင်နိုင်မည်ထင်မထားပေ။သူသည် ငယ်ရွယ်သော ဘုရင်အား ညှိနှိုင်းလှည့်ဖြားပြီး အာဏာကိုမိမိလက်ထဲ၌ပင်ရှိရန် ကြံရွယ်ထားခဲ့သည်။

သို့သော်လည်း....

အလတ်ဇန္ဒား ၏ ထင်ရာလုပ်မည်ဟူသော စရိုက်ကို မျှော်လင့်မထားခဲ့ရာ ဘစ်ဇား၏ အကြံစဥ်များ သဲထဲရေသွန်ဖြစ်ရလေသည်။

ရုတ်တရက်သူ၏ ဆုံးဖြတ်ချက်များကိုလည်း ပြန်၍နောင်တရမိသည်။

ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ဘုရင်အလတ်ဇန္ဒားသည် ခံတပ်နံရံပေါ်၌ရှိစဥ်မြှားမှန်ခဲ့အပြီးတွင် ပုံမှန်ပြန်ဖြစ်သွားသည်ဟုဆိုသော ကောလဟာလများ ပြန့်နှံ့နေသည်ကို ဘစ်ဇားသိရသည်။အလတ်ဇန္ဒားကို တိုက်ပွဲဖြစ်ပွားရာ ခံတပ်နံရံပေါ်သို့ပို့ခဲ့သူမှာ ဘစ်ဇားပင်ဖြစ်သည်။ သူသည် အလတ်ဇန္ဒား အား စစ်မြေပြင်တွင် သေဆုံးစေပြီး အာဏာအပြည့်ဝသိမ်းယူရန်ဖြစ်သည်။နောင်တရသော်လည်း ချက်ချင်းစိတ်ပြန်ထိန်းလိုက်၏။

သူ့သား၏ရောင်ကိုင်းနေသော မျက်နှာကို မြင်ကာဒေါသဖြစ်သော်လည်း မျိုသိပ်ကာ

“ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ် အရှင်မင်းကြီး...”

ဖှေးအား အမြန်အရိုသေပေးပြီးပြောလိုက်သည်။

“ကျွန်တော်က သားဖြစ်သူအတွက်စိုးရိမ်နေလို့ပါ ခွင့်လွတ်ပေးပါ။ ကျွန်တော့သား အခုလိုသတိမေ့လျော့သွားတော့ တိုက်ပွဲမှာပါလို့မရတော့ဘူးထင်တယ် ကျွန်တော်ပြန်ခေါ်သွားပြီး အနားယူခိုင်းထားလို့ရနိုင်မလား....”

“အနားယူမလို့လား ဘာလုပ်ဖို့လဲ အခုဆိုချမ်းဘော့ဒ်တိုင်းပြည်က အန္တရာယ်အောက်မှာကျရောက်နေတယ် မသေသေးတဲ့ယောက်ျားတိုင်းတိုင်းပြည်ကို ကာကွယ်ဖို့တာဝန်ရှိတယ် ဒီဒဏ်ရာလောက်ကတော့ အသေးဖွဲပါ...”

ထို့နောက်တွင် ဖှေးစစ်သားတစ်ယောက်အား ရေခဲရေတစ်ပုံးယူလာခိုင်းပြီး ဂေးလ်အပေါ်အားလောင်းချစေလိုက်ရာ ဂေးလ်တစ်ယောက် တွန့်တွန့်လူးပြီး ပြန်လှည်နိုးကြားလာပြီး ထက်မံအော်ဟစ်နေတော့သည်။

All Chapters