အခန်း (၂၇)
Vol. 2 Ch. 27
“တွေ့လား အခုတောင်သူနိုးလာပြီ။”ဖှေး ဒေါသအလွန်ထွက်နေပြီဖြစ်သော ဘစ်ဇားအားပြောလိုက်သည်။ထို့နောက်တွင် ဘရွတ်အား”သူ့ကိုကြိုးဖြည်ပေးလိုက်တော့ သူ့ကို ကာကွယ်ဖို့စစ်သားနှစ်ယောက်ချထားလိုက်။ငါမှော်ဆရာဂေးလ်ကို စစ်မြေပြင်မှာ မှော်ဆရာလုပ်သင့်တာ လုပ်စေချင်တယ်။
ဘစ်ဇားဖှေးအား သက်ဖြတ်တော့မည့် မျက်လုံးများနှင့် စိုက်ကြည့်နေပြီး ပြန်လှည်စိတ်ထိန်းလိုက်၏။
ထိုအခိုက်အတန့်တွင် ဖှေးကြက်သီးမွေးငြင်းများထသွားသည်ကို ခံစားလိုက်ရသည်။ မကောင်းဆိုးစွားတစ်ကောင်သူ့အား အမှောင်တစ်နေရာမှစိုက်ကြည့်နေသကဲ့သို့ပင်။
သူပတ်ဝန်းကြင်ကို လှည့်ပတ်ကြည့်သော်လဲ ဘာမှမတွေ့ရချေ။
“ငါအထင်မှားတာနေမှာပါ....”ဖှေးတွေးလိုက်၏။
ဖှေးဘေးနားတွင် မက်တပ်ရပ်နေသော ဘရွတ်လဲ ဘာမှမခံစားရချေ။သူသည်ဘုရင့်အမိန့်အတိုင်း စစ်သားနှစ်ယောက်အားခေါ်ဆောင်ပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်နေသော ဂေးလ်အား ခံတပ်မျှော်စဥ်အတွင်းသို့ သယ်သွားစေသည်။ခံတပ်မျှော်စဥ်မှာ တိုက်ပွဲဖြစ်ပွားရာတွင် အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်သော်လည်း မှော်ဆရာနှင့် အသင့်လျှော်ဆုံးနေရာတစ်ခုလဲ ဖြစ်၏။
ဂေးလ်သည်လည်း သင်ခန်းစာရသွားပြီဖြစ်သည်။သူသည်ယခုအခါတွင် ဖှေးအားကြောက်ရွံ့နေပြီဖြစ်ရာ ဖှေးကိုမလွန်ဆန်ရဲတော့ပေ။သို့သော် သူ့အဖေဘစ်ဇား တစ်ခုခုလုပ်ပေးရန်မျှော်လင့်နေ၏။
ဝန်ကြီးချုပ်ဘစ်ဇားမှာ တစ်ခုခုပြောရန်ကြံရွယ်နေစဥ် တစ်ခြား အသံတစ်ခုအနောက်မှပေါ်ထွက်လာသည်။
“ဟေ့ကောင်တွေ မင်းတို့နှစ်ကောင် သခင်လေးဂေးလ်ကို ဘာလုပ်လိုက်တာလဲ။ဘေးဖယ်ကြစမ်း...”လူအုပ်ထဲမှ လူကြီးတစ်ယောက်ထွက်ပေါ်သည်။
ထို့နောက်တွင်ဂေးလ်ကို သယ်ဆောင်ထားသော စစ်သားနှစ်ယောက်အား ဒေါသဖြင့်ဆောင့်ကန်လိုက်ပြီး ဂေးလ်အား ညင်သာစွာမြေကြီးပေါ်မှမထူလိုက်၏။
ထို့နောက်တွင်အနီးနားမှစစ်သားများအား အမိန့်ပေးလိုက်၏။ “မင်းတို့ကောင်တွေဘာရပ်လုပ်နေကြတာလဲသွားကြ သခင်လေးဂေးလ်အနားယူဖို့ ခုံတစ်လုံးသွားယူကြစမ်း။ သေစမ်းကွာ ဒဏ်ရာတွေက တော်တော်နက်တာပဲ ဂေးလ်ကိုဘယ်ကောင်ဒီလိုဖြစ်အောင်လုပ်လိုက်တာလဲကွ ထွက်ခဲ့စမ်း....”
သူ၏ မေးခွန်းကိုဖှေးကြားသော် ထိုသူအား ပျက်ရယ်ပြုလိုစိတ်ဖြင့် မတ်တပ်ရပ်ကာ “ငါလုပ်လိုက်တာပဲ..”
ခံတပ်နံရံတစ်ခုလုံးတိတ်ဆိတ်ကုန်၏။ မည်သူမျှစကားတစ်ခွန်းမှမပြောကြချေ။
ထိုသူမှာ တစ်ခုခုလွဲနေသည်ကိုစတင်သတိထားမိလာ၏။ သူ၏လက်ထဲတွင်ဂေးလ်သည်လဲ အလွန်တုန်လှုပ်နေသည်ကိုတွေ့ရသည်။ သူ့ကိုမြင်ရ၍ ပျော်ရွှင်၍တုန်လှုပ်ချင်းမဟုတ်ပေ။ ကြောက်ရွံ့စွာတုန်လှုပ်နေခြင်းပင်ဖြစ်၏။ဂေးလ်သည်ဖှေးအား လှည့်ကြည့်ကာ ထိတ်လန့်နေ၏။သူသည် ဖှေးရိုက်နှက်သည်က်ို နှစ်ခါခံစားရပြီးဖြစ်ရာ တတိယတစ်ကြိမ်မခံစားလိုတော့ပေ။
ဖှေးသည်ဂေးလ်အားတစ်ချက်ပင်မကြည့်ပေ။ ထိုပုဂ္ဂိုလ်ကိုသာ လေ့လာနေ၏။ ထိုသူမှာ အရပ်၆ပေခန့်မြင့်မားပြီး ရှုပ်ထွေးသော ဆံပင်အဝါရောင်များရှိသည်။ မျက်နှာတွင် နှဖူးမှ မေးစေ့အထိဓားခုတ်ရာ အမာရွတ်ကြီးရှိနေပြီး မျက်လုံးတစ်ခုအား ဖုံးအုပ်ထားရသည်ကိုတွေ့ရသည်။ ထိုသူသည် ချပ်ဝတ်များနှင် လွန်စွာမှ ယောက်ျားဆန်သည့်ပုံပေါက်ပြီး ဖှေးအား စိုက်ကြည့်နေသည်ကိုတွေ့ရသည်။
ဘရွတ်ဖှေး နားကိုကပ်ပြောလိုက်၏။”သူက စစ်ဘက်ဆိုင်ရာ တရားသူကြီး ကွန်းကပဲ။”
ဖှေးခေါင်းငြိမ့်လိုက်၏။ ထိုအချိန်တွင်...
“အိုး ဘုရင်အလတ်ဇန္ဒားပါလား။ဘာပြောရမလဲတောင်မသိတော့ဘူး။ ခံတပ်နံရံပေါ်မှာ ဘာတွေရှုပ်နေတာလဲ အရှင်က နန်းတော်ထဲမှာပဲရှိနေရမှာလေ ဒါဟာသမဟုတ်ဘူး ဂေးလ်ကို လွှတ်လိုက်ပါတော့။”ဖှေးအား စိတ်မပါတစ်ပါဖြင့် အရိုသေပေးပြီး ပြောလိုက်၏။ ထိုသူသည် ဘုရင်အား ဂရုမစိုက်ပေ။
ထိုသူသည် တိုက်ပွဲစသည့် ပထမဆုံးနေ့ကစပြီး ရှောင်သွေပုန်းအောင်းနေလေအာ မနေ့ကဖြစ်ခဲ့သည့်ကိစ္စများကိုလည်း မသိသေးချေ။သူသည်အလတ်ဇန္ဒားအား သုံးနှစ်ကလေးအရွယ်ဉာဏ်ရည်သာရှိသည့် လူတစ်ယောက်ဖြစ်နေတုန်းဟုပင် ထင်မှတ်နေ၏။
“ဒီငတုံးကတော့ကွာ”ဘစ်ဇားစိတ်ထဲမှ ကြိမ်ဆဲကာ ချောင်းဟန့်ပြလိုက်သည်။
ထို့သော် စစ်ဘက်ဆိုင်ရာတရားသူကြီးမှာ ဘစ်ဇားချောင်းဟန့်သံကိုကြားသော် အဓိပ္ပါယ်ကောက်လဲဲပြီး ပိုမိုဖားလိုသဖြင့် ဖှေးအားပိတ်ကာပြီး စစ်သားများကိုထက်မံအမိန့်ပေးနေ၏။ “မင်းတို့ကောင်တွေငါပြောနေတာမကြားဘူးလား သွားကြ ခုံသွားရှာကြ မင်းတို့တွေအကုန်လုံး စစ်ပွဲမှာသေမှအေးမှာ...။ ချမ်းဘော့ဒ်မှာရှိတဲ့ ဆရာဝန်တွေအကုန်လုံးကို သခင်လေးဂေးလ်ကို ကုသပေးဖို့ခေါ်ခဲ့။”
“ဆရာဝန်တွေအကုန်လုံးဒဏ်ရာရစစ်သားတွေကို ကုသပေးနေရလို့ အချိန်မရပါဘူး။ “တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“အဲ့ကောင်တွေအကုန်လုံး သေခိုင်းလိုက်ကွာ သခင်လေးဂေးလ်က ပိုအရေးကြီးတယ် သွားသွားငါခိုင်းတာမြန်မြန်လုပ်ကြ။”ကွန်းကမှာ ဂရုမစိုက်ပေ။
သို့သော်လည်း.....
သူ့အမိန့်ကို ဘယ်သူမှမလိုက်နာသည်ကို တွေ့လိုက်ရ၏။
“သေစမ်းဟ” ဘစ်ဇားတွေးလိုက်မိ၏။ သို့သော်သူလည်း မည်ကဲ့သို့ အခြေနေအားကိုင်တွယ်ရမလဲ မသိတော့ချေ။
သူ့အမိန့်အားမည်သူမျှမလိုက်နာသည်ကိုတွေ့သော ကွန်းကမှာ ဒေါသဖြစ်သွားပြီး “မင်းတို့နှိမ့်ကျတဲ့ကျေးကျွန်တွေ ငါပြောနေတာမကြားဘူးလားကွ။ မင်းတို့ စစ်ဥပဒေအရအရေးယူခံရမှာကို မကြောက်ဘူးလား...”
“ခင်ဗျားကရော စစ်ဥပဒေကိုမကြောက်ဘူးလား”ကွန်းကအား တစ်စုံတစ်ယောက်က မေးလိုက်သည်ကို ကြားလိုက်ရသည်။
“ဟမ် ဟားဟား ငါက ဘာလို့ကြောက်ရမှာလဲကွာ ချမ်းဘော့ဒ်မှာ ငါ့ပါးစပ်ကထွက်သမျှက စစ်ဥပဒေပဲ”ကွန်းကပြန်ဖြေလိုက်၏။
သို့သော်ပြန်ဖြေအပြီးတွင် တစ်ခုခုလွဲနေသလ်ိုခံစားရ၍ နောက်လှည့်အကြည့်တွင် ထိုမေးခွန်းမေးသူမှာ ကျပ်မပြည့်သည့်ဘုရင် အလတ်ဇန္ဒား ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ သူသည် အနည်းငယ် စိုးရိမ်သွားသော်လည်း နောက်ပိုင်းမစိုးရိမ်တော့ချေ။
“ကျပ်မပြည့်တဲ့ကောင်က ဘာသိမှာလဲ ငါပြောချင်တာပြောလို့ရပါတယ် စိုးရိမ်စရာမလိုပါဘူး။”ကွန်းကတွေးလိုက်၏။
သို့သော်...
“ခွေးသား...”
စိတ်မရှည်တော့သောဖှေးမှာ ကွန်းကအားနောက်မှ စောင့်ကန်လိုက်၏။ ကွန်းက ရှေ့သို့လွှင့်ထွက်သွားပြီး နံရံနှင့်ပစ်စောင့်မိကာ ပါးစပ်မှ သွေးများရေတံခွန်ကဲ့သို့စီးကျလာတော့သည်။
“ဟမ်...”
ကွန်းကများစွာတုန်လှုပ်သွား၏။ကွန်းကကဲ့သို့ ကြယ်နှစ်လုံးအဆင့်သို့ရောက်ခါနီး စစ်သည်တစ်ယောက်အား ကျပ်မပြည့်သည့်ဘုရင် အလတ်ဇန္ဒား မှ သဲအိပ်တစ်အိပ်ကဲ့သို့ ပစ်ကန်လိုက်နိုင်သည်ကို ကွန်းက အိမ်မက်ပင်မမက်ဖူးပေ။
“ငါဘာတွေမသိလိုက်ဖြစ်သွားတာလဲ....”
ကွန်းက ဘစ်ဇားအားမော့ကြည့်အာ ဘစ်ဇားသည်လည်း အလတ်ဇန္ဒား ဘေးတွင်တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး ဘာမှမပြောရဲဖြစ်နေသည်ကိုတွေ့ရသည်။
ကွန်းက သည်ယခင်က ကုန်သည်တစ်ယောက်ဖြစ်လေသည်။ သူ၏ပုံစံမှာ သန်မာပြီး ကမူးရှူးထိုးပုံစံဖြစ်နေသော်လည်း အမှန်မှာ ကွန်းကသည် ဉာဏ်ကောင်းကာ ကလိမ်ကကျစ်ကျတတ်သည့်သူဖြစ်သည်။သူသည်လွန်ခဲ့သည့်နှစ်နှစ်ခန့်က ချမ်းဘော့ဒ်တိုင်းပြည်သို့ရောက်ရှိခဲ့ပြီး ဘစ်ဇားကို ကပ်ဖားရပ်ဖားလုပ်ခဲ့သောကြောင့် ဘစ်ဇားသဘောကျကာ စစ်ဘက်ဆိုင်ရာတရားသူကြီးဖြစ်အောင်လုပ်ပေးခဲ့ပြီး လူယုံအနေဖြင့် ထားရှိခဲ့ ခြင်းဖြစ်သည်။ကွန်းကသည် ယခင်ကအခြေအနေကို သေချာမလေ့လာသောကြောင့် ဘာမှမသိဖြစ်ခဲ့ရာ အကန်ခံရအပြီးတွင် နားလည်လာ၏။ ဘုရင်အလတ်ဇန္ဒားပြောင်းလဲသွားပြီ။
ကွန်းက လျင်မြန်စွာအကြံထုတ်နေ၏။ သူသည် ဒုက္ခကြီးစွာရောက်နေပြီဖြစ်သည်။ အာဏာသည် ဘုရင်အလတ်ဇန္ဒားလက်ထဲ ပြန်ရောက်နေပြီဖြစ်သောကြောင့်ပင်။
ထို့နောက်တွင်မိမိဒဏ်ရာများကို ဂရုမစိုက်တော့ပဲ ဘုရင်အလတ်ဇန္ဒားရှေ့သို့အမြန်သွားပြီး ဒူးထောက်ကာ
“ကျွန်တော်မှားသွားပါတယ်အရှင်မင်းကြီး ခွင့်လွတ်ပါ ကျွန်တော်အရက်မူးနေလို့ပါ...”အသဲသန်တောင်းပန်လေတော့သည်။
“တောင်းပန်ပါတယ်ဟုတ်လား..”ဖှေးပြောလိုက်၏။ “အေးဟုတ်တယ် မင်းတောင်းပန်သင့်တယ် မင်းသေဖို့ကောင်းတဲ့ကောင်ပဲ။”
ဖှေးကွန်းက ကန်ခဲ့သောစစ်သားနှစ်ယောက်စီလမ်းလျှောက်သွားပြီ ထူပေးကာ ကွန်းကရှေ့ခေါ်လာခဲ့သည်။
“ကွန်းက မျက်လုံးဖွင့်ပြီးသေချာကြည့်စမ်း ဒါမင်းပြောတဲ့နှိမ့်ကျတဲ့ ကျေးကျွန်တွေလား။သူတို့က နိုင်ငံကို လေးရက်ဆက်တိုက်ကာကွယ်နေရတဲ့အချိန်မှာ ရှေ့တန်းမှာရှိသင့်ဆုံးဖြစ်တဲ့ မင်းကဘယ်ရောက်နေတာလဲ။”ဖှေး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သူတို့ကိုနှိမ့်ကျတဲ့ကျေးကျွန်တွေလို့တော့ ငါမမြင်ဘူး သူတို့ကိုယ်က ဖုန်တွေနဲ့ သွေးတွေက သူတို့ရဲ့ဂုဏ်သိက္ခာပဲ။မင်းနဲ့တော့တစ်ခြားစီပဲ မင်းကတောက်ပတဲ့ ချပ်ဝတ်တွေဝတ်ဆင်ထားပေမယ့် စိတ်ဓာတ်ကတော့ အတော်အောက်တန်းကျတာပဲကွ မင်းက သူတို့ကို နှိမ့်ကျတဲ့ကောင်တွေလို့ခေါ်တယ်ဆို မင်းကရောဘာလဲ....”