← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

ဖှေး၏ဟိန်းဟောက်လိုက်သံသည် လူပေါင်းများရွာ၏နှလုံးသားထဲသို့ စိုက်ဝင်သွားသော် မြှားများကဲ့သို့ပင်။စစ်သားများစွာမှာ မျက်ရည်ကျသည်အထိပါ စိတ်ထဲတွင်ကြည်နူးမိ၏။

မလှမ်းမကမ်းတွင် မတ်တက်ရပ်နေကြသော ပီးရာ့စ်၊ ဘရွတ်နှင့် လမ်းပါ့ဒ်တို့မှာလည်း ဘုရင်၏စကားကြောင့် စိတ်အားတက်ကြွမိကြ၏။

တစ်ဖက်တွင်လည်း ကွန်းကတစ်ယောက်မှာ သေမတက်ကြောက်လန့်နေပြီဖြစ်သည်။

“မင်းက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာဥပဒေဆို ငါကရောဘာလဲ...”ဖှေးထက်မံ ဟိန်းဟောက်ကာ မြေပေါ်မှကွန်းကအား ပစ်ကန်လိုက်သည်။ထို့နောက်တွင် ဘရွတ်ဘက်သို့လှည့်ကာ “ငါ့ကိုပြောစမ်းဘရွတ် စစ်ဘက်ဆိုင်ရာ တရားသူကြီး တစ်ယောက်အနေနဲ့ စစ်ပွဲကတိမ်းရှောင်ခြင်း ဘုရင်ကိုဖိဆန်ခြင်း ဥပဒေကိုချိုးဖောက်ခြင်းတို့အတွက် ပြစ်ဒဏ်က ဘာလဲကွ”

“သစ္စာဖောက်မှုလို့ သတ်မှတ်ပြီး သေဒဏ်အပြစ်ပေးရပါလိမ့်မည်။”ဘရွတ်ကလဲ အမှန်အတိုင်းပင် ပြန်ဖြေသည်။

ဖှေးက ရုန်းကုန်နေသောကွန်းကအား ငုံ့ကြည့်ပြီး “ကြားတယ်မလား မင်းဘာပြောချင်သေးလဲ။”ဟုအေးစက်စွာမေးလိုက်၏။

ထိုအရာကိုကြားသော ကွန်းကမှာ အလွန်အမင်းစတင်ကြောက်ရွံ့ပြာယာခက်လာ၏။

ကွန်းကသည် ကြယ်တစ်လုံးကျော်စစ်သည်အဆင့်စွမ်းအားရှိသောကြောင့် ဘရွတ်နှင့် စစ်သားများကို မကြောက်သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည် လမ်းပါ့ဒ်ရှိနေသဖြင့် ဘာမှမလုပ်ရဲပေ။ လမ်းပါ့ဒ်သည် သူ့အားတောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ဖိအားများစွာပေးနေသလိုပင်။

“တောင်းပန်ပါတယ် အရှင်မင်းကြီး ကျွန်တော်နောက်တစ်ခါမလုပ်တော့ပါဘူး ခွင့်လွှတ်ပေးပါ။”ကွန်းကမှာ အသည်းအသန်တောင်းပန်နေ၏။ သူ၍ယခင်က မာနထောင်လွှားမှုများနှင့် ရန်လိုမှုများမရှိတော့ပေ။ အသက်ရှင်နိုင်ရန်ကိုပင် တောင်းပန်နေ၏။

“မင်းကိုငါက ခွင့်လွှတ်ပေးရမယ်ပေါ့။ဒီစစ်သားတွေကိုမေးကြည့်ပါ မင်းကို ခွင့်လွှတ်ပေးရမလားဆိုတာကို။”ဖှေးစစ်သားများကို ညွှန်ပြရင်းပြောလိုက်သည်။

ဘယ်သူမှဘာမှပြန်မပြောကြချေ။သို့သော်ကွန်းကအား မုန်းတီးသည့်မျက်လုံးများဖြင့်သာ ဝိုင်းကြည့်နေကြ၏။ကွန်းကသည် သူယခင်ကနှိမ်ချ နှိပ်စက်ခဲ့သော စစ်သားများအား ပြန်၍ အသက်အတွက် ပြန်၍ သနားခံရမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။သူယခင်ကချမ်းဘော့ဒ်တိုင်းပြည်သို့ လုပ်ခဲ့သည်များကို ပြန်တွေးကြည့်လိုက်သော် မည်သူမျှ သူအားခွင့်လွှတ်ကြမည်မဟုတ်ပေ။

ဘုရင်သည် သင်ခန်းစာတစ်ခုလုပ်ပြလိုနေသည်ကို ဖှေးရိပ်မိသည်။ကံမကောင်းစွာပင် ထိုသင်ခန်းစာမှာ သူဖြစ်ခဲ့လေသည်။သူ၏နောက်ဆုံးမျှော်လင့်ချက်မှာ ဝန်ကြီးချုပ် ဘစ်ဇားပင်ရှိတော့သည်။

ဘစ်ဇား၏ ချီးမြှောက်မှုများရရှိပြီးနောက်တွင်သူသည် ချမ်းဘော့ဒ်တွင် မတရားမှုများ လာဘ်စားမှုများများစွာကို ဘစ်ဇားနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။သူသည် ယခုအခါတွင် လည်း ဘစ်ဇားမှ သူ့ကို ကယ်တင်ရန်မျှော်လင့်နေသေး၏။

သို့သော်လည်း ဘစ်ဇားမှာ ထိုနေရာ၌ပင် မတ်တပ်ရပ်နေကာ ဘာမှဝင်မပြောချေ။ ကွန်းကအား တစ်ချက်ပင်မကြည့်ပေ။ကွန်းကနှင့် မသိကျွမ်းသည့်အတိုင်းသာနေနေလေ၏။

သူသည် စွန့်ပစ်ခြင်းခံလိုက်ရပြီ ဖြစ်သည်။

“ဒါဆို ကျွန်တော့ကို လာလုပ်ဖို့ စီစဥ်ထားလဲ အရှင်မင်းကြီး။”ကွန်းက စိတ်ပြန်လည်တည်ငြိမ်သွားပြီး မေးလိုက်၏။

ဖှေးမှာ ကွန်းက အားလှည့်ပင်မကြည့်ချေ။ ထို့နောက်တွင် စစ်သားများဘက်သို့လှည့်ကာ ကြေငြာလိုက်သည်။”တရားသူကြီး ကွန်းကက စစ်ပွဲမှတိမ်းရှောင်ခြင်း၊ ဘုရင်ကို ဖီဆန်ခြင်းနဲ့ ဥပဒေပေါင်းများစွာကို ချိုးဖောက်ခဲ့သည့်အတွက် ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေအရ သစ္စာဖောက်ခြင်းဟု ယူဆရတဲ့အတွက် သေဒဏ်ပေးရပါလိမ့်မယ်။”

ဖှေးသည်လဲ အခွင့်ရေးရသည် ဖြစ်သည့်အတွက် လက်လွှတ်ခံမည်မဟုတ်ပေ။ထိုကွန်းကမှာ ဘစ်ဇား၏ လက်အောက်ခံလူရုံဖြစ်ခဲ့ရုံသာမက စစ်သားများကိုလည်း မတရားကျင့်ခဲ့သည်မှာထင်ရှား၏။ထို့ကြောင့် ကွန်းကကို သုတ်သင်လိုက်ပါက ဘစ်ဇာ၏ အာဏာကိုပါထိခိုက်စေမည်သာမက ဥပဒေ၏တင်းကြပ်မှုကို ပြန်လည် ထူထောင်လိုက်ရာပါရောက်သွားမည်ဖြစ်သည်။ထို့ကြောင့်ပင် ဖှေးသည် ကွန်းကအား အစကတည်းက သုတ်သင်ရန် စီစဥ်ထားပြီးဖြစ်၏။

ဖှေး ဆုံးဖြတ်ချက်အား ကြေငြာပြီးနောက်တွင် စစ်သားများစွာ ထောက်ခံအော်ဟစ်ကြသည်။ ထို့သော်ထိုအချိန်တွင်....

“မင်းက ငါ့ကိုသေစေချင်တယ်ပေါ့၊ ဒါဆို ငါနဲ့အတူလိုက်သေလိုက်...”

ကွန်းကအော်ဟစ်ပြီး ခန္ဓာကိုယ်ကို အနီရောင်မီးတောက်များဖုံးလွှမ်းသွား၏။ ထို့နောက်တွင် လျင်မြန်စွာ ရွှေ့လျားလိုက်ပြီး ဖှေးအနောက်သို့ရောက်သွားကာ ဖှေး လည်ပင်းအား ဆုပ်ကိုင်လိုက်သည်။

“ဟေ့ကောင်တွေ တစ်ကောင်မှ အနားမကပ်ကြနဲ့ တစ်ယောက်ယောက်ရှေ့တိုးလာတာနဲ့ ဒီဘုရင်သေပြီသာမှတ်နော်...”စစ်သားများကို ကြည့်ကာအော်ဟစ်လိုက်သည်။

ဘရွတ် ပီးရာ့စ်နှင့် စစ်သားများမှာ ရုတ်တရက် ထိတ်လန့်ကုန်ကြပြီး ကွန်းကအား ဝိုင်းထားကာ ဓားများရွယ်ထားကြသည်။

“အရှင့်ကို လွှတ်ပေးလိုက်စမ်း သွေးကြောင်တဲ့ကောင်” ပီးရာ့စ် သူ၏ တူအား ဝှေ့ရမ်းကာ အော်ဟစ်လိုက်သည်။

ဘရွတ် လဲ အကြံအိုက်နေ၏။ မနေ့က ဘုရင်၏ နတ်ဘုရားတစ်ပါးကဲ့သို့စွမ်းရည်များနှင့် ရန်သူ့ဘက်မှ ကြယ်တစ်လုံးစစ်သည်အားနှိမ်နှင်းခဲ့နိုင်သည်ကို သိသော်လည်း ကွန်းက ခန္ဓာကိုယ်အား ဖုံးလွှမ်းနေသော မီးတောက်ကဲ့သို့ စွမ်းအင်များကို ကြည့်ပါက ကွန်းကသည် ကြယ်နှစ်လုံးစစ်သည်အဆင့်သို့ ရောက်ရှိလုဖြစ်နေပြီရှိကြောင်းသိရသည်။ထို့အပြင်ကွန်းက သည် အလစ်ငိုက်တိုက်ခိုက်ပြီး အသာစီးရပြီးဖြစ်နေ၏။ထို့ကြောင့် ဘုရင်ထိခိုက်မည်ကို စိုးရိမ်သော ဘရွတ်သည်”အရှင့်ကို လွှတ်ပေးလိုက်ပါ ကွန်းက မင်းကိုချမ်းဘော့ဒ်ကနေ အသက်ရှင်လျက်လွှတ်ပေးမယ်လို့ ငါစစ်ပွဲနတ်ဘုရားအပေါ်မှာ တိုင်တည်ပါတယ်။ ချမ်းဘော့ဒ်ကနေထွက်သွားပြီး အရင်လိုကုန်သည်ဘဝကို ပြန်သွားပါတော့။”

“ကုန်သည်ဟုတ်လား။ ငါအရင်လို ခက်ခဲတဲ့ကုန်သည်ဘဝကိုပြန်သွားနိုင်မည်ထင်လို့လား။ချမ်းဘော့ဒ်မှာ ချမ်းချမ်းသာသာနဲ့ နှစ်နှစ်လောက်နေပြီးနောက်မှာတော့ အဲ့ဘဝကိုပြန်သွားဖို့ မဖြစ်နိုင်တော့ဘူးကွ။ငါ့ကိုရွှေပေါင်းများစွာနှင့် မြင်းနှစ်ကောင်ပါယူလာပေးစမ်း။”

ကွန်းက အာရုံများနေစဥ် ချမ်းဘော့တိုင်းပြည်၏ နံပါတ်၁ စစ်သည် လမ်းပါ့ဒ်မှာ ကွန်းကထံသို့ တဖြည်းဖြည်းချည်းကပ်လာ၏။လက်မှာလဲ နောက်ကျောတွင် လွယ်ထားသော အမဲရောင်ဓားသို့ အရံသင့်ကိုင်ထား၏ သူသည် ရန်သူနှင့် အကွာအဝေးအား တွက်ချက်နေပြီး ဘုရင်အား ကယ်တင်နိုင်မည့်နည်းလမ်းကို အမြန်ဆုံးရှာဖွေလျက်ရှိနေ၏။

သို့သော်လည်း ကွန်းကမှာ သတိထားမိသွား၏။

“ဟေး မစ်စတာလမ်းပါ့ဒ် ဝေးဝေးနေနော် နောက်ပြန်ဆုတ် ကျွန်တော်ခင်ဗျားကို မယှဥ်နိုင်ဘူးဆိုတာသိတယ် ဒါပေမယ့် ဒီအကွာအဝေးနဲ့ဆို ခင်ဗျားကျွန်တော့ကို မသတ်နိုင်ခင်မှာပဲ ဒီကျပ်မပြည့်တဲ့ဘုရင်ရဲ့ လည်ပင်းကိုချိုးပစ်လိုက်လို့ရတယ်။ နောက်ဆုတ်လိုက်ပါ....”

လမ်းပါ့ဒ်မှာ ဒေါသဖြစ်သွား၏။ သို့သော်လည်း နောက်ဆုတ်ရတော့မည်ဖြစ်သည်။

ဘရွတ်နှင့် ပီးရာ့စ်မှာ အလွန်စိုးရိမ်လျက်ရှိနေပြီး ဘာလုပ်ရမယ်မှန်းမသိတော့ချေ။ သူတို့သာ အစားဝင်ခံပေးလိုကြတော့သည်။

လူအုပ်စုထဲတွင် မစိုးရိမ်ပဲရှိနေသူမှာ ဝန်ကြီးချုပ်ဘစ်ဇားတစ်ယောက်ပင်ဖြစ်သည်။သူ၏ မျက်လုံးထဲတွင် ဝမ်းသာချင်း အရိပ်ရောင်များဖုံးလွှမ်းနေ၏။သူ၏စိတ်ထဲတွင်”အမြန်သာ သတ်လိုက်ပါတော့ ဒါဆိုငါ့အတွက် နောက်ပိုင်း တော်တော်အဆင်ပြေသွားမှာ ဟားဟား”ဟုဆုတောင်းနေလေသည်။

All Chapters