← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

“သွားတော့ ငါပြင်ဆင်ခိုင်းထားတဲ့ ရွှေနဲ့ မြင်းတွေသွားယူချေ။”ကွန်းကသည် သူ့ကိုရွယ်ထားသည့် လက်နက်များကြောင့် ကြောက်ရွံ့ကာ ထက်မံအော်ဟစ်လိုက်သည်။

သို့သော်...

“သူ့ကို ဘာမှပေးစရာမလိုဘူး။” ယခင်ကတစ်ချိန်လုံး တိတ်ဆိတ်နေသော ဖှေးမှာ ပြောလိုက်၏။

“မင်းဘာပြောလိုက်တာလဲ။” ကွန်းကမှာ အံ့သြသွား၏။

“ငါပြောတာက မင်းကို ဘယ်ပိုက်ဆံမှပေးစရာမလိုဘူးဆိုတာပဲ။ ဘာလို့လဲဆိုတော့ မင်းအဲ့တာတွေကို သုံးနိုင်တော့မှာမဟုတ်တော့လို့။”ဖှေးမှာ ကလေးတစ်ယောက်ကို ရှင်းပြနေသည့်အတိုင်းပင် စိတ်အေးလက်အေးပြောနေ၏။

ဖှေး၏ စိတ်အေးလက်အေးအပြုမူမှာ ကွန်းကအား ကြောက်လန့်စေသည်။”ဟားဟား ဘာလို့ငါကမသုံးနိုင်တော့မှာလဲ...”

“ဘာလို့လဲဆိုတော့ မင်းသေတော့မှာမို့လို့ပဲကွ”

“ဟမ်....”

ကွန်းက ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် သူ၏ ဝမ်းဗိုက်မှ ပြင်းထန်သော ဝေဒနါအား ခံစားလိုက်ရသည်။ သူ၏ကိုယ်တွင်း ကလီစာများပေါက်ကွဲသွားသကဲ့သို့ပင်။ဖှေး၏လည်ပင်းအား စုပ်ကိုင်ထားသောလက်မှာ ဘာမှမလုပ်နိုင်ခင်မှာပင် ခွန်အားများကုန်ခမ်းသွားပြီး ဖှေး၏ လက်သီးချက်ကြောင့် လေပေါ်မြှောက်တက်သွား၏။

ထိုမြင်ကွင်းကြောင့် လူများပါးစပ်အဟောင်းသား ထက်ဖြစ်ရ၏။

“ဘာတွေဖြစ်သွားတာလဲ။” စစ်သားများ အံ့သြကုန်၏ သူတို့ မြင်ကွင်းထဲတွင် ဓားစာခံယူထားခြင်းခံထားရသော ဘုရင်မှာ လျင်မြန်စွာရွှေ့လျားပြီး ကွန်းက ဝမ်းဗိုက်အား လွယ်ကူစွာ ထိုးနှက်လိုက်ခြင်းပင်။

စက္ကန့်အနည်းငယ် အကြာတွင်..

ကွန်းကအား လွှမ်းခြုံထားသော အနီရောင်မီးတောက်များမှာ ကွယ်ပျောက်သွားပြီဖြစ်ပြီး ကွန်းကမှာလည်း ထိုးလိုက်သော အရှိန်ကြောင့် လေပေါ်သို့မြှောက်တက်သွား၏။

စစ်သားများ အံ့အားသင့်နေခိုက်မှာပင် ဖှေးသည် စစ်သားတစ်ယောက်ထံမှ လှံတစ်ချောင်းအားဆွဲယူပြီး လေပေါ်၌သာ ရှိသေးသော ကွန်းကအား ပစ်ပေါက်လိုက်သည်။

“ဝှီး”

လှံတံမှာ အရှိန်ပြင်းစွာဖြင့် လျှက်စီးလက်သကဲ့သို့ ကွန်းကထံအရှိန်နှင့်ပြေးသွား၏။ ကွန်းကမှာ ကြောက်လန့်တကြား အော်ဟစ်ချိန်ပင် မရလိုက်ချေ။ လှံတံမှာ သူ၏ နှလုံးသားအားတိတိကျကျစိုက်ဝင်သွားပြီး လှံတံ၏ ပြင်းထန်လှသော အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ လှံတံနှင့် အတူပါသွားပြီး မျှော်စဥ်နံရံပေါ်တွင် စိုက်လျှက်ဖြစ်နေတော့သည်။ကွန်းက၏ ခြေလက်များ အနည်းငယ် တုန်ခါသွားပြီး ပါးစပ်မှသွေးများစီးကျကာ ငြိမ်ကျသွားတော့သည်။ အသက်ရှင်ရန်မဖြစ်နိုင်တော့ပေ။

နှစ်ချက်ထဲနှင့်ပင် ကြယ်နှစ်လုံးအဆင့်စစ်သည်အား အလွယ်တကူပင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။အံ့သြစရာကောင်းလောက်သည့် စွမ်းရည်များပြသခဲ့ပြီး ဖြစ်သော်လည်း စစ်သားများမှာ ထက်မံအံသြကြရ၏။လမ်းပါ့ဒ်ပါ အံ့သြနေရသည်။

ကြယ်တစ်လုံးစစ်သည်နှင့် ကြယ်နှစ်လုံးစစ်သည်တို့၏ ကွာခြားချက်မှာ နံပါတ်တစ်ခုသာမဟုတ်ပေ။ အေဇာရုတိုက်ရှိ စစ်သည်များအား ကောင်းကင်ကို မူတည်ပြီး ကြယ်အဆင့် လအဆင့် နေအဆင့် စသည်ဖြင့် အဆင့်အတန်းခွဲ ခြားထား၏။

ကြယ်အဆင့် မှာ အနှိမ့်ဆုံး အဆင့်ဖြစ်၏။စစ်သည်များ၏ အဆင့်အား သူတို့ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားအပေါ်မူတည်၍ ဆုံးဖြတ်ကြ၏။အေဇာရုတိုက်ရှိစစ်သည်များ စတင်လေ့ကျင့်ရာမှ အတွင်းအားများစတင်ပေါ်ပေါက်လာက သူတို့၏ခေါင်းပေါ်တွင် မှော်ဆန်သော ကြယ်ပွင့် တစ်ခုပေါ်ပေါက်လာမည်ဖြစ်သည်။သူတို့၏ကိုယ်တွင်းရှိ အတွင်းအားများတိုးလာသည်နှင့်အမျှ ကြယ်အရေတွက်သည်လည်း တစ်ပွင့်မှ ကိုးပွင့်အထိတိုးလာမည်ဖြစ်သည်။စစ်သည်တစ်ယောက်သည် ကြယ်တစ်လုံးတိုးလာသည်နှင့်အမျှ သူတို့၏ တိုက်ခိုက်နိုင်စွမ်းနှင့် စွမ်းရည်များလည်း သိသိသာသာတိုးတတ်လာပြီဖြစ်၏။

ကြယ်ကိုးလုံးအဆင့်စစ်သည်သည် ကြယ်အဆင့်တွင် အမြင့်ဆုံးစစ်သည်ဖြစ်သည်။ကြယ်ကိုးလုံးအဆင့်အား ကျော်လွန်သွားသော စစ်သည်သည် လအဆင့် စစ်သည်တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။သို့သော်ထိုကဲ့သို့ ဖြစ်လာရန်မှာလည်း အင်မတန်ခက်ခဲလှသည်။ အေဇာရုတိုက်ရှိ စစ်သည်များအနက် ၇၀ရါခိုင်နှုန်းခန့်သည် လအဆင့် သို့ တစ်သက်လုံးရောက်နိုင်ကြမည်မဟုတ်ပေ။

လအဆင့် စစ်သည်များသည် အဆင့်သစ်တစ်ခုဖြစ်သည်။သူတို့သည် မတူကွဲ ပြားသည့် ကျင့်စဥ်များကို ရွှေးချယ်နိုင်သည်။တစ်ချို့သည် ထူးခြားသည့် လက်နက်အမျိုးစားတစ်ခုခုအား အသားပေးပြီး ကျင့်ကြသော [ကံကြမ္မာစစ်သည်များ]ဟုခေါ်ကြသည်။ စွမ်းအားကြီးသော မကောင်းဆိုးဝါးများနှင့် အပေးယူလုပ်ပြီး ကျင့်ကြံကာ မကောင်းဆိုးဝါးများ၏ အစွမ်းများရရှိလာကြသော [မကောင်းဆိုးဝါး စစ်သည်]များလဲရှိသည်။ထိုကဲ့သို့ကျင့်စဥ်ပေါင်းများ စွာကို ပိုမိုအစွမ်းထက်စေရန်ကျင့်ကြသည်။

လအဆင့်စစ်သည်များသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ အေဇာရုတိုက်ရှိ ခွန်အားကြီး အင်ပါယာများ၏ ချီးမြှောက်မှုများလဲရနိုင်သည်။ ပိုက်ဆံ အာဏာ ပါဝါဆိုသည်မှာ လအဆင့် စစ်သည်များအတွက် မရှားပါးပေ။

လအဆင့်စစ်သည်များအထက်တွင် နေအဆင့် စစ်သည်များရှိသည်။ နေအဆင့် စစ်သည်များသည် နတ်ဘုရားများကဲ့သို့ပင် ဒဏ္ဍာရီ ပုံပြင်များထဲတွင်သာ ကြားဖူးကြ၏။စစ်သည်မဟုတ်သော မှော်ဆရာများကိုလည်း ထိုကဲ့သို့ပင် ခွဲခြားထားကြသည်။

ချမ်းဘော့ဒ်သည် အေဇာရုတိုက်၏ အလည်ခေါင်နှင့် ဝေးလံလှသော နေရာတွင်ရှိသဖြင့် နေအဆင့်စစ်သည်ဆိုသည်ကို မြင်ဖူးဖို့နေနေသာသာ ကြားပင်မကြားဘူးချေ။

သို့သော် ဖှေး၏ စွမ်းရည်များကို တွေ့ပြီးသောအခါ စွမ်းရည်အဆင့်များခွဲခြားထားမှုအား နားမလည်နိုင်ကြတော့ပေ။

မည်ကဲ့သို့စွမ်းအားမျိုးအား ဖှေးပိုင်ဆိုင်ထားသည်ကို မည်သူမျှမသိကြချေ။ မည်သည့်အတွင်းအားမှ မသုံးပဲနှင့် ကြယ်နှစ်လုံး စစ်သည်၏ အတွင်းအားအကာရံအား ထိုးဖောက်ကာ လက်သီးနှင့် အဆုံးသက်ပေးလိုက်သော ဖှေး၏ အစွမ်းကို မည်သူမျှ နားမလည်နိုင်ကြချေ။

ချမ်းဘော့ဒ်နံပါတ်၁စစ်သည် လမ်းပါ့ဒ်ပင်လျှင် နားမလည်နိုင်ချေ။အလတ်ဇန္ဒားသည် အတွင်းအားမပါပဲ ခွန်းအားချည်းသပ်သပ် အသုံးပြုခဲ့သည်ဟု ယူဆနိုင်သော်လည်း ခွန်အားသပ်သပ်ဖြင့် ရန်သူ၏ အတွင်းအားကို ထိပ်တိုက်တွေ့ကာ အနိုင်ယူခဲ့သည့်ဖြစ်ရပ်ကိုတော့ တစ်ခါမှမကြားဖူး ယုံလည်း မယုံနိုင်ဖြစ်ရသည်။

ဘရွတ်၏ အတွေးထဲတွင်”ဒါနတ်ဘုရားရဲ့အစွမ်းတွေပဲ ဖြစ်ရမည်။ စစ်ပွဲနတ်ဘုရားက ဘုရင်ရဲ့ကိုယ်ထဲမှာ အစွမ်းတွေထားပေးခဲ့တာပဲဖြစ်မယ်။” ဟုယုံကြည်နေ၏။

ဘစ်ဇားသည် လူထုထဲတွင် ရောကာအကဲခက်နေ၏ သူ၏စိတ်ထဲတွင် “ဒီကောင်က ကျပ်မပြည့်တာကနေ ပြန်ကောင်းလာရုံတင်မဟုတ်ဘူး သူ၏ စွမ်းအင်တွေကလဲ အခုချိန်မှာ ခန့်မှန်းလို့မရနိုင်ဖြစ်နေပြီ ငါ့အစီစဥ်တွေကို ပြန်ချိန်ငြိမှဖြစ်တော့မယ်” ဟုတွေးနေ၏။

လူတိုင်းဖြစ်ပျက်ခဲ့သည်များကို စိတ်ဝင်တစားတွေးတောနေကြသဖြင့် ခံတပ်နံရံပေါ်တွင်တိတ်ဆိတ်လျက်ရှိနေသည်။

ဖှေးကိုယ်တိုင်ပင် အံ့သြနေသည်။သူ၏ စွမ်းရည်နှင့် ခွန်အားများမှာ မနေ့ကထက်စာလျှင် အသိသာ တိုးတက်လာသည်ကိုခံစားရသည်။သေချာစဥ်းစားကြည့်ပါက သူ၏ လူရိုင်းဇာတ်ကောင်အား အဆင့်၅မှ ၇သို့ရောက်ရှိအောင် တိုးမြှင့်လိုက်သောကြောင့်ဖြစ်နိုင်သည်။ သို့သော်လည်း ထိုကိစ္စအား စဥ်းစားနေရန်အချိန်မရှိပေ။

“ချွင်”

သူ၏ ခါးမှဆောင်ဓားအား ဓားအိမ်ထဲမှာ ဆွဲထုတ်ကာ.. အော်ခေါ်လိုက်သည်။

“ပီးရာ့စ်...”

ပီးရာ့စ်လဲ အမြန်ပြေးလာပြီး ဖှေးရှေ့တွင် ဒူးထောက်ကာ “ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”

“မင်းမနေ့က ရန်သူ့လှေကားတွေကို ဖျတ်ဆီးပြီး ချမ်းဘော့ဒ်တိုင်းပြည်ကို အသက်စွန့်ကာကွယ်ခဲ့တယ် အဲ့တာကြောင့် ငါမင်းကို ချီးမြှောက်တဲ့အနေနဲ့ မင်းကို စစ်ဘက်ဆိုင်ရာတရားသူကြီး အသစ်အနေနဲ့ခန့်အပ်လိုက်တယ် ငါအပါဝင်တိုက်ပွဲကနေတိမ်းရှောင်ဖို့ ကြိုးစားလာတဲ့သူဘယ်သူမဆို ဒီဓားနဲ့သုတ်သင်လိုက်။ အကယ်၍ငါလည်း တိုက်ပွဲက တိမ်းရှောင်ဖို့လုပ်ခဲ့ရင် ဒီဓားနဲ့ပဲ နှလုံးသားတည့်တည့်ကို ထိုးချလိုက်။”ဖှေး ဓားအား ပီးရာ့စ် ကိုပေးလိုက်သည်။

ပီးရာ့စ် လဲ ဓားကို လက်ခံပြီး “အမိန့်အတိုင်းပါ အရှင်မင်းကြီး။”ထို့နောက်တွင် စစ်သားများကြားထဲသို့ ခုန်ဝင်သွားပြီး သူ၏ ဓားကို ကိုင်မြှောက်ကာ ဘုရင်အလတ်ဇန္ဒားအတွက် တိုက်ခိုက်ကြ ညီအကိုတို့ဟု အော်ဟစ်လိုက်သည်။

စစ်သားများလည်း လိုက်လံကြွေးကြော်ကြသည်။ ခံတပ်နံရံပေါ်တွင် ကြွေးကြော်သံများနှင့် ပြည့်နှက်နေလေ၏။

ဘစ်ဇားတစ်ယောက်လည်း လူအုပ်ထဲတွင် ရပ်နေကာ မျက်လုံးထဲတွင် မနာလိုမုန်းတီးမှုများ အတိုင်းသားပေါ်လျက်ရှိနေ၏။

ဖှေးသည် လက်မြှောက်ပြပြီး တိတ်ဆိတ်ရန် အချက်ပြလိုက်ရာ စစ်သားများအားလုံးချက်ချင်းပင် အသံတိတ်ဆိတ်သွား၏။ သူတို့အားလုံး ဘုရင်ဘာများအမိန့်ပေးမည်ဆိုသည်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။

ဖှေး ပတ်ဝန်းကျဥ်ကို လှည့်ပတ်ကြည့်ပြီး စိတ်မရှည်စွာမေးလိုက်သည်။”ဝါဒန် အိုလက်ဂ် ကမရောက်သေးဘူးလား...”

“ရောက်ပါပြီ အရှင်မင်းကြီး ကျွန်တော်ဒီမှာပါ ကျွန်တော်ဒီမှာပါ...”

လူအုပ်ထဲမှ တုန်လှုပ်နေသော လူတစ်ယောက်အမြန်ပြေးထွက်လာပြီး ဖှေးအရှေ့တွင် ဒူးထောက်ချလိုက်သည်။

“ကြီးမြတ်တဲ့ဘုရင် အလတ်ဇန္ဒား အရှင့်အမိန့်ကို ကြားကြားခြင်း ကျွန်တော်ဒီနေရာကို အပြေးလာခဲ့တာပါ။”

ထိုသူသည် ဝါဒန်အိုလက်ဂ် ပင်ဖြစ်သည်။ သူသည်အနည်းငယ်နောက်ကျပြီးရောက်လာခဲ့သောလည်း ကွန်းက၏ အဖြစ်အား မြင်လိုက်ရသည်။သူသည်ယခင်က အလတ်ဇန္ဒား အပေါ်လုပ်ခဲ့သည့်အရာများကြောင့် ကြောက်ရွံ့ကာ လူအုပ်ထဲတွင် ရောနှောနေပါက သူ့ကို မေ့သွားမည်အထင့်နှင့် ရောနှောနေခဲ့၏။သို့သော် ဘုရင်အလတ်ဇန္ဒားမှာ သူ့အားတိုက်ရိုက်အော်ခေါ်လိုက်ခြင်းဖြစ်သည်။ အိုလက်ဂ် သည်အလွန်ကြောက်လန့်နေသော် လည်းချက်ချင်းပင် ထွက်လာပြီး ဘုရငွအား မြှောက်ပင့်တော့သည်။

သူသည် ဘုရင်၏ ခြေထောက်ကိုပင်ပြေးဖတ်လို၏။

သို့သော်...

“ချွင် ချွင်”

ပီးရာ့စ်နှင့် ဘရွတ်မှာ ဓားများဆွဲထုတ်ပြီး ဘုရင်အရှေ့မှဝင်ကာလိုက်ကြသည်။ ကွန်းကသည် ဘုရင်နှင့် အလွန်းနီးကပ်နေရာမှ ထိုကဲ့သို့ဖြစ်ပျက်ခဲ့သောကြောင့် ဝါဒန်အား ဘုရင်နှင့် အနီးအနားသို့ မရောက်လိုချေ။

“ကျွန်တော်တောင်းပန်ပါတယ် အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ ကျွန်တော်က ကွန်းကလိုမဟုတ်ပါဘူး အရှင့်အပေါ်မှာ သစ္စာရှိပါတယ် အရှင့် အမိန့်တွေက ကျွန်တော့ ဘဝပါပဲ”

ဖှေး ဝါဒန်အား အကဲခက်ကြည့်နေ၏။ ဝါဒန်မှာ အရပ်၅ပေ ၄လက်မခန့်သာရှိပြီး မျက်နှာတွင် အမာရွတ်ကြီးတစ်ခုနှင့် ကြမ်းတမ်းရက်စက်သည့်ဟန်ပေါ်သော်သောကြောင့် ယခုကဲ့သို့မြှောက်ပင့်တတ်မှန်းမည်သူမျှ ထင်ထားကြမည်မဟုတ်ပေ။

“ဒီလိုလူက ေထောင်ကို ဘယ်လို စီမံကွပ်ကဲတာလဲမသိဘူး။”ဖှေးတွေးလိုက်၏။

“ဟုတ်ပြီ ထတော့”ဖှေးစစ်သားများကို လက်နတ်များ ရုပ်သိမ်းစေလိုက်သည်။ ထို့နောက်တွင် ဝါဒန်စီ လမ်းလျှောက်သွားပြီး “မင်းရဲ့အမြှောက်ပင့်တွေကို ငါစိတ်မဝင်စားဘူး တကယ်ပဲမင်းငါ့ကို သစ္စာရှိတယ်ဆိုရင် မင်းလက်နက်ကိုကိုင်စွဲပြီး ချမ်းဘော့ဒ်ကို ကာကွယ်တိုက်ခိုက်ပါ။ ဟိုနားလေးကိုတွေ့တယ်မလား...” ဖှေးမနေ့ကတိုက်ပွဲကြောင့် အကာရံများကျိုးပဲ့နေသော ခံတပ်နံရံပေါ်မှ နေရာအား ညွှန်ပြလိုက်သည်။”ငါမင်းကို အဲ့နေရာကို တာဝန်ယူပြီး ကာကွယ်စေချင်တယ် ဟုတ်ပြီလား...”

ဝါဒန်နေရာအားကြည့်လိုက်သည်။ စစ်ပွဲစတင်ပါက ထိုနေရာတွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်မည်ဆိုသည်ကို ဝါဒန်သဘောပေါက်၏။ သူသည်ကြယ်တစ်လုံးအဆင့် စစ်သည်တစ်ယောက်ဖြစ်သော်လည်း ထိုနေရာအား ကာကွယ်ရန်လွယ်ကူမည်တော့မဟုတ်ပေ။

သို့သော် အမိန်အားမလိုက်နာပါက ကွန်းကနောက်တွင်လိုက်ရမည်ကိုလည်း သဘောပေါက်သောကြောင့်

“အမိန့်အတိုင်းပါ အရှင်မင်းကြီး ကျွန်တောဒီနေရာကို အသက်နဲ့လဲ ပြီးကာကွယ်ပါ့မယ် ကျွန်တော်သေရင်တောင် ရန်သူတွေ အရှင့်အနားမရောက်စေရပါဘူး။”အိုလက်ဂ် နာခံလိုက်သည်။

ဘုရင်၏ သဘောကျခြင်းမခံရပါက သူ၏ ထောင်မှူးသက်တန်းလဲ ယနေ့တွင် ကုန်ဆုံးတော့မည့်ကို အိုလက်ဂ် သဘောပေါက်၏။

All Chapters