သွေးချည်သန်ကောင် (၃)
Vol. 16 Ch. 236
နေကိုးစင်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်များက စိတ်လှုပ်ရှားစွာ အော်ဟစ် ကြသည်။
ဖမ်းကျွင်းချင်၏ မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသော အကြည့်တစ်ခု ပေါ်လာသည်။ သူသည် ချီစွမ်းအင် ငါးခုကို ထိန်းချုပ်ထားတာဖြစ်သည် ။
နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်နဲ့ ဤအခွင့်အရေးကို အရယူပြီး အခြားသွေးပင်လယ်ဂိုဏ်း၏ တပည့်များကို ဆက်လက် တိုက်ခိုက်ရန်လုပ်နေလေ၏
သို့သော် ဤအခိုက်အတန့်တွင် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို သွေးစီးကြောင်းတစ်ခုက ရုတ်တရက် ထိမှန်သွားသည်။ ချွမ်ကနဲ အသံနှင့်အတူ အဆောင်ကို ပြန်တွန်းလိုက်သည်။
ဖမ်းကျွင်းချင်က အံ့သြသွားသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ အရပ်မြင့်မြင့်နဲ့ လူက သူ့လက်ကို ချလိုက်သည်ကို တွေ့လိုက်ရသည်။
အရပ်ရှည်ရှည်နဲ့လူသည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို တစ်ချက်တည်းနဲ့တိုက်ပြီး ကျဆင်းသွားသော သွေးပင်လယ်ဂိုဏ်းမှ တပည့်များ၏ စိတ်ဓာတ်ကို ချက်ချင်းပင် မြင့်တက်သွားစေသည်။ စီနီယာကျန်းသည် အံ့သြဖွယ်
ကောင်းသည်ဟု သူတို့အားလုံးက စိတ်လှုပ်ရှားစွာ အော်ကြသည်။
ဖမ်းကျွင်းချင်သည် စီနီယာကျန်းဟူသော နာမည်ကို ကြားသောအခါ တစ်ခုခုကို တွေးနေပုံရသည်။ "မင်းက ကျန်းဝမ်ရင်လား”
အရပ်ရှည်ရှည်နဲ့လူသည် မျက်ခုံးပင့်ကာ ဖမ်းကျွင်းချင်ကို အနည်းငယ် စိုက်ကြည့်နေသည်။
"မင်းက ငါ့နာမည်ကိုသိနေတာဆိုတော့ နေကိုးစင်းဂိုဏ်းမှာ သာမာန်တပည့်ဖြစ်ပုံ မရဘူး။ မင်းနာမည်ကိုပြောကြည့်..မင်းမသေခင် မင်းနာမည်ကို ပြောပြပိုင်ခွင့် ရှိတယ်”
ဖမ်းကျွင်းချင်သည် ကျန်းဝမ်ရင်၏ မထီမဲ့မြင်ပြုသောလေသံကြောင့် ဒေါသထွက်ခဲ့သော်လည်း သူပြန်ပြီး မတုံ့ပြန်ခဲ့ပေ။ အဲဒီအစား သူက အော်လိုက်သည်။
"ကျန်းဝမ်ရင် ၊ မင်းက အရည်အတွက်တွေ အားသာချက်ရှိတာနဲ့ပဲ ငါတို့ကို အနိုင်ယူနိုင်မယ်လို့ မထင်နဲ့။ ငါ့လက်ထဲမှာရှိတဲ့ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်က အသေးအဖွဲတော့ မဟုတ်ဘူး”
ကျန်းဝမ်ရင်သည် သူ့လက်ကို နောက်သို့ ပစ်လိုက်ပြီး ဖမ်းကျွင်းချင်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်နေသည်။
"အရည်အတွက်မှာ အားသာချက် ရှိတာတဲ့လား..မင်း ကိုယ့်ကိုကိုယ် အထင်ကြီး လွန်းနေတာပဲ”
သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အေးစက်စက်ပြောလိုက်သည်။
"မင်းတို့ တခြားသူတွေကို တိုက်ကြ”
သူသည် ဖမ်းကျွင်းချင်နဲ့ အတွင်းဂိုဏ်းတပည့်များအား ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။
ဖမ်းကျွင်းချင်ကို ဝိုင်းရံနေသော သွေးပင်လယ်ဂိုဏ်းမှ တပည့်များက တညီတညွတ်တည်း တုံ့ပြန်ကြသည်။ မဆိုင်းမတွဘဲ သူတို့ပစ်မှတ်ကို စွန့်ခွါပြီး ကျောင်းက လူတွေကို တိုက်ခိုက်ဖို့ လှည့်လိုက်သည်။
ဒီအခင်းအကျင်းကို မြင်လိုက်ရတော့ အတွင်းဂိုဏ်းက တပည့်တွေသည် စိတ်အေးလက်အေးမဖြစ်တော့ဘဲ သူတို့အမူအရာတွေက ပိုပြီး လေးနက် လာသည်။
သူတို့အမူအရာတွေကိုမြင်တော့ ကျန်းဝမ်ရင်က ရယ်မောလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သွေးအရိပ်သုံးခုက ခန္ဓာကိုယ်မှ ထွက်ခွါသွားကာ အတွင်းဂိုဏ်းဝင် တပည့်များကို သတ်ဖြတ်ချင်သော အရောင်အဝါဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။
သွေးပင်လယ်ဂိုဏ်းရှိ အခြားတပည့်များ ဆင့်ခေါ်ထားသော သွေးဝိညာဉ်များနှင့် နှိုင်းယှဉ်ပါက ကျန်းဝမ်ရင်၏ ဝိညာဉ်များသည် ပို၍ စိမ့်ဝင်နေသည်။ ဂူ၏အမှောင်ထဲတွင် ဂရုတစိုက်မလေ့လာပါက ၎င်းသည် သာမန်လူထံမှ သွေးဝိညာဉ်ဟု ပြောနိုင်မည်မဟုတ်ပေ။
ကျန်းဝမ်ရင်၏ ကျင့်ကြံမှုသည် အခြားသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များ အားလုံးထက် သာလွန်ကြောင်း ပြသနေသည်။
တပည့်များထံ တိုက်ခိုက်နေသော သွေးဝိညာဉ်သုံးခုနဲ့ ကျန်းဝမ်ရင်၏ ယုတ်မာသော ကဲ့ရဲ့သံကို ကြားသောအခါတွင် ဖမ်းကျွင်းချင်သည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို စတင်အသက်သွင်း လိုက်သည်။
"မင်း တခြားသူတွေကို ဂရုစိုက်ဖို့ အချိန်ရှိသေးတာလား"
စကားပြောပြီးသည်နှင့် ဖမ်းကျွင်းချင်သည် သူ့နံဘေးမှ အေးစက်သော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ သွေးရောင်ချည်ကြိုးက သူ့ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်လာတာကို တွေ့လိုက်ရသည်။
ဒိဌိဂိုဏ်းတစ်ခုအနေဖြင့် သွေးပင်လယ်ဂိုဏ်း၏တပည့်များတွင် ထူးဆန်းပြီး နားမလည်နိုင်သော နည်းလမ်းများစွာရှိသည်။ ဖမ်းကျွင်းချင်သည် သူ့ကံကြမ္မာကို မစမ်းကြည့်ဝံ့ပေ။ ထို့ကြောင့် သူသည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို ချက်ချင်း လှည့်ပတ်လိုက်သည်။
ချွမ်ကနဲ အသံနှင့်အတူ သွေးချည်ကြိုးသည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို ထိသွားသည်။ နှစ်ဖက်လုံး တုန်တုန်ယင်ယင်နဲ့ နောက်ပြန်ဆုတ်သွားကြသည်။
ဤခေတ္တခဏတွင် ဖမ်းကျွင်းချင်သည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို နှစ်ကြိမ်ဆက်တိုက် ပိတ်ဆို့ထားသည့် သွေးကြိုး၏ အသွင်အပြင်ကို တွေ့ခဲ့ရသည်။ ၎င်းသည် ကျောက်စရစ်ခဲအရွယ် သွေးရောင် အဆိပ်ပြင်း ပိုးကောင် ဖြစ်သည်။
တိုက်ခိုက်မှု မအောင်မြင်သဖြင့် သွေးပိုးကောင်က တဆတ်ဆတ်ခုန်လာပြန်သည်။ ဖမ်းကျွင်းချင်သည် ၎င်းကို လျှော့မတွက်ဝံ့ဘဲ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို အလျင်အမြန် ထိန်းချုပ်ခဲ့သည်။
သွေးပိုးကောင်နှင့် ကျောက်စိမ်းဆွဲသီးတို့သည် လေထဲတွင် အကြိမ်ပေါင်းများစွာ တိုက်မိကြပြီး အကြိမ်တိုင်း သာတူညီမျှ ဖြစ်ခဲ့ကြသည်။
ဖမ်းကျွင်းချင်က ထိတ်လန့်တုန်လှုပ်သွားသည် ။
ဘယ်လိုပဲကြည့်ကြည့် ထိုသွေးပိုးကောင်က ရင်ပစ္စည်းပင်။ ရင်ပစ္စည်းများကို ထိန်းချုပ်ရန် အထူးပြုထားသော နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို ရင်ဆိုင်ရာတွင် ၎င်းသည် အားနည်းချက်မရှိဘဲ အညီအမျှ တိုက်ခိုက်နိုင်သည်။ ဒါက သာမန်မဟုတ်ပေ။
နောက်တစ်ကြိမ် တိုက်ပွဲတွင် သွေးပိုးကောင်သည် ပြင်းထန်စွာ တုန်လှုပ်သွားသော်လည်း ခြေတစ်လှမ်းမှ မဆုတ်လိုက်ပေ။ တစ်ဖက်တွင် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် မီတာအနည်းငယ် ဆုတ်သွားသည်။
ဒါကို ဖမ်းကျွင်းချင် မြင်လိုက်တာနဲ့ တစ်ခုခု မှားနေပြီဆိုတာ ရုတ်တရက် သိလိုက်ရပြီး နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို အမြန်ဖယ်ပစ်လိုက်သည်။ ကြည့်လိုက်တော့ ရတနာပေါ်ရှိ ဝိညာဉ်ရေးရာ အလင်းရောင်သည် များစွာမှိန်ဖျော့သွားသည်ကို သူနားလည်လိုက်သည်။ အဲ့တာကာသိသိသာသာ ပျက်စီးသွားကြောင်းလည်း ထင်ရှားသည်။
ဒါကိုမြင်တော့ ဖမ်းကျွင်းချင်က ရင်တွေ တုန်လာသည် ။ သူသည် သွေးပင်လယ်
ဂိုဏ်း၏ ထူးဆန်းသော မှော်စွမ်းအားကို ရုတ်တရက် တွေးလိုက်ပြီး အံ့သြစွာ အော်ဟစ်လိုက်သည်။
"သွေးချည်သန်ကောင်”
ဖမ်းကျွင်းချင်၏ အာမေဋိတ်သံကိုကြားတော့ ကျန်းဝမ်ရင်က အေးစက်စွာ လိုက်သည်။
"မင်းက တော်တော် ပညာတတ်တာပဲ”
ဖမ်းကျွင်းချင်၏နှလုံးသည် ခုန်တက်သွားသည်။
သွေးချည်သန်ကောင်သည် သွေးပင်လယ်ဂိုဏ်း၏ လူသိများသော ရက်စက်
ကြမ်းကြုတ်သည့် မှော်စွမ်းအားဖြစ်သည်။
၎င်းကို မှော်စွမ်းအားဟု ခေါ်သော်လည်း အလွန်ထူးခြားသော သားရဲထိန်းနိုင်သည့် နည်းစနစ်တစ်ခုဟုလည်း ဆိုနိုင်သည်။
သွေးပင်လယ်ဂိုဏ်းမှ တပည့်များသည် တောက်ပသော ဝင်ပေါက်အဆင့်သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်တွင် အင်းဆက်ဥတစ်လုံးကို ထည့်သွင်းကာ ဝိညာဉ်ရေးရာအနှစ်သာရဖြင့် အကောင်ဖောက်ကြသည်။ ထို့နောက် ၎င်းကို ခန္ဓာကိုယ်အပြင်ဘက်သို့ ခေါ်ထုတ်နိုင်ရုံသာမက အင်းဆက်ဖြစ်လာစေရန် လူနှင့် သားရဲအသားများစွာကို ကျွေးမွေးကြရသည်။
ဤအင်းဆက်သားရဲကို သွေးချည်သန်ကောင်ဟုခေါ်သည်။
သွေးချည်သန်ကောင်သည် ဓမ္မရတနာများကို စွန်းထင်းစေပြီး ဝိညာဉ်ရေးရာ အလင်းရောင်ကို ဆုံးရှုံးစေရုံသာမက သူ့ကိုယ်သူ အာဟာရဖြစ်စေရန်အတွက် အသွေးအသားကိုလည်း ဝါးမျိုသွားနိုင်သည်။
ရန်သူနှင့် တိုက်ပွဲတွင် သန်ကောင်သည် မောပန်းနွမ်းနယ်လာသည်နှင့်အမျှ ရန်သူ၏ အသွေးအသားကို ဝါးမြိုကာ အာဟာရအဖြစ်သို့ ပြောင်းလဲပြီး သုံးစွဲမှုကို ပြန်လည် ဖြည့်စွက်ရမည် ဖြစ်သည်။
အဆင့်မြင့်တဲ့ အဆင့်မှာရှိနေသော သွေးပိုးကောင်တွေသည် ကောင်းကင်နဲ့ မြေကြီးကိုတောင် ဖုံးလွှမ်းသွားနိုင်သည်။ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် မည်မျှပင်မြင့်မားစေကာမူ ၎င်းတို့ကို ရှောင်ရှားရန်သာ ကြိုးစားနိုင်သည်။
ဖမ်းကျွင်းချင်သည် သွေးချည်သန်ကောင်ကိုမွေးမြူထားသော သွေးပင်လယ်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံရသည့်အတွက် ကံမကောင်းခဲ့ပေ။
နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် ရင်ပစ္စည်းများကို ထိန်းချုပ်ရန် အထူးပြုထားသော်လည်း သွေးချည်သန်ကောင်သည် ဓမ္မရတနာများကို တန်ပြန်နိုင်ခဲ့သည်။ နှစ်ဖက်စလုံးက အညီအမျှ ချုပ်နှောင်ထားကြသည်။ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင် ၏အားသာချက်သည်ချက်ချင်းပျောက်ကွယ်သွားသည်။
အကယ်၍ အခြားအချိန်မျိုးဆိုလျှင် ဖမ်းကျွင်းချင်သည် သူ့ရှိသမျှအားနဲ့ တိုက်မည်ဖြစ်သည်။ အမှန်တော့ သွေးချည်သန်ကောင်သည် ဓမ္မရတနာများ၏ ဝိညာဉ်ရေးရာအလင်းရောင်ကို ဆုံးရှုံးနိုင်သော်လည်း ၎င်းသည် ၎င်း၏ကိုယ်ပိုင်အသက်စွမ်းအားကိုလည်း သုံးစွဲသွားရမည်ဖြစ်သည်။
အထူးလက်နက်တစ်ခုအနေဖြင့် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် ဝိညာဉ်ရေးရာ အလင်းရောင် ပိုမိုကြွယ်ဝသည်။ သွေးချည်သန်ကောင်၏ ရှင်သန်နိုင်စွမ်း ကုန်ဆုံးသွားသည့်အထိ တိုက်ခိုက် နိုင်သည်။
သို့သော် ပြဿနာမှာ အခြားလူများက အနားတွင် ရှိနေလေ၏၎င်းတို့အားလုံးသည် သွေးချည်သန်ကောင်များအတွက် တက်ကြွမှုကို ပြန်လည်ဖြည့်တင်းရန် ကောင်းမွန်သော ဖြည့်စွက်စာများဖြစ်ကြသည်။ ၎င်းတို့ကို ပင်ပန်းနွမ်းနယ်စေရန် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို အသုံးပြုခြင်းသည် စိတ်ကူးယဉ်ခြင်းသာ ဖြစ်သည်။
သူ့မှန်းဆချက်ကို စိစစ်လိုက်သလိုပဲ သွေးချည်သန်ကောင်က ရုတ်တရက် လှည့်လာပြီး အဝေးရှိ နေကိုးစင်းဂိုဏ်းမှ တပည့်တစ်ဦးဆီကို ခုန်ချလိုက်သည်။
"သတိထား”
ကံမကောင်းစွာပဲ နောက်ကျသွားချေပြီ။ သွေးချည်သန်ကောင်သည် အလွန်လျင်မြန်ပြီး အတွင်းဂိုဏ်းဝင်တပည့်သည် အချိန်မီ မရှောင်နိုင်ပေ။ သွေးအပ်ချည်က သူ့ရင်ဘတ်ကို ထိုးဖောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ မအော်နိုင်ခင်မှာပင် သူ့အသွေးအသားတွေက ခြောက်သွေ့သွားသည် ။
သွေးချည်မျှင်သန်ကောင်သည် ရှုံ့တွနေသော အလောင်းထဲမှာ တွားသွား နေခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးစွမ်းအင်များဖြင့် ပြည့်နေပြီး ၎င်းသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
ဖမ်းကျွင်းချင်၏ ဦးရေပြားသည် ထုံကျင်သွားသည် ။ ကျောရိုးအောက်ထဲက အေးစက်သွားသလို ခံစားလိုက်ရသည်။ ။