← Chapters

မင်းရဲ့အလောင်းကို တစ်စစီလုပ်ပစ်မယ်(၁)

Vol. 16 Ch. 237

မင်းရဲ့အလောင်းကို တစ်စစီလုပ်ပစ်မယ်(၁)

Vol. 16 Ch. 237

ကျန်းဝမ်ရင်လှုပ်ရှားလိုက်သည်နှင့်အမျှ အခြေအနေက ပိုဆိုးလာခဲ့သည်။

ကျန်းဝမ်ရင်၏သွေးဝိညာဉ်သုံးခုကို အတွင်းဂိုဏ်းဝင်တပည့်များ ခံနိုင်ရည်ရှိရန် ခက်ခဲလေသည်။ သူတို့ တတ်နိုင်သမျှသာ အကောင်းဆုံးလုပ်ကြရသည်။

ဖမ်းကျွင်းချင်ကဲ့သို့ သန်မာသူတစ်ဦးကိုပင် သွေးချည်သန်ကောင်က နှိမ်နင်းခဲ့သည်။

ကျန်းဝမ်ရင်သည် ဖမ်းကျွင်းချင်နှင့် အခြားသူတို့ကို စိတ်မကောင်းစရာ အခြေအနေထိရောက်အောင်  တစ်ချက်တည်းဖြင့် ဖိနှိပ်ခဲ့သည်။

ဒါကိုမြင်တော့ ရှီကျင့်ရှန်နဲ့ တခြားသူတွေက ပိုတောင် အံ့ဩသွားသည်။

သို့သော် ယခုအချိန်တွင် သူတို့သည် သွေးပင်လယ်ဂိုဏ်း၏ တပည့်များ ဝိုင်းရံထားတာခံရပြီး  တစ်ဖက်တစ်လမ်းမှ ကူညီဖို့နေနေသာသာ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ကြပေ။

အတွင်းဂိုဏ်းတပည့်၏ သွေးအနှစ်သာရကို စုပ်ယူပြီးနောက် သွေးချည်သန်ကောင်သည် ၎င်း၏ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည်ဖြည့်တင်းပြီး ဖမ်းကျွင်းချင်အား ထပ်မံ တိုက်ခိုက်ရန် လှည့်လာခဲ့သည်။

သူ့မှာ တိုက်ခိုက်မှုကိုရင်ဆိုင်ဖို့ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါးကလွဲရင် ရွေးချယ်စရာမရှိပေ။

နာရီဝက်မပြည့်မီတွင် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါးမှ ဝိညာဉ်ရေးရာအလင်းရောင်သည် အလွန်မှိန်သွားပြီး ဖမ်းကျွင်းချင်၏ နှလုံးသားကို နာကျင်စေခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးချည်သန်ကောင်သည် လှည့်ပတ်၍ အတွင်းဂိုဏ်း၏ တပည့်တစ်ဦးကို တိုက်ခိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့အသွေးအသားတွေကို မျိုချလိုက်ပြီး ကုန်ဆုံးသွားသည့် အသက်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေသည်။

သို့သော်လည်း ဤအရာသည်  ဖမ်းကျွင်းချင်ကို ပို၍ ထိတ်လန့်စေသော အရာမဟုတ်ပေ။

ကျန်းဝမ်ရင်သည် ကြာရှည်တိုက်ပွဲအတွက် ငြီးငွေ့နေပုံရသည်။ သူက ရယ်မောလိုက်ပြီး နောက်ထပ် သွေးအလင်းတန်းတစ်ခုကို လွှင့်ပစ်လိုက်သည်။

၎င်းမှာ အခြားသွေးချည်သန်ကောင်ဖြစ်သည်။

ဖမ်းကျွင်းချင်သည် သွေးချည်သန်ကောင်နှစ်ကောင်အား လှမ်းမြင်နေရသဖြင့် သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားမတတ် ခံစားရသည်။ တခြားဘာကိုမှ ဂရုမစိုက် နိုင်တော့ဘဲ  လှည့်ထွက်ကာ အဝေးကို ရုတ်တရက် ပြေးသွားသည်။

ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ အတွင်းဂိုဏ်းဝင်တပည့်များကို အံ့အားသင့် စေခဲ့သည်။

ကျန်းဝမ်ရင်ပင် အံ့အားသင့်သွားပြီး သတိပြန်ဝင်လာတော့  ကျယ်လောင်စွာ ရယ်မောခဲ့သည်။ သူ၏ ရယ်မောခြင်းမှာ အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

“ဒါဆို ဒါက နေကိုးစင်းဂိုဏ်းရဲ့ တပည့်ပေါ့၊  နောက်ဆုံးအခိုက်အတန့်မှာ တကယ်ပဲ သူ့ဂိုဏ်းဝင်တွေရဲ့ အသက်ကို စွန့်လွှတ်ပြီး  ထွက်ပြေးသွားခဲ့တယ်။ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်တဲ့လူလဲ”

ရယ်မောသံက ကျယ်ကျယ်လောင်လောင် ပျံ့နှံ့သွား၏

နေကိုးစင်းဂိုဏ်းမှ တပည့်များ၏ မျက်နှာသည် ဒေါသနှင့် အရှက်တရားများဖြင့် နီမြန်းလာသည်။

ကျန်းဝမ်ရင်အပေါ် ဒေါသတွေ ထွက်နေခဲ့ကြသည်။

သို့သော် အများစုမှာ ၎င်းတို့အား စွန့်ပစ်ကာ တစ်ယောက်တည်း ထွက်ပြေးသည့် ဖမ်းကျွင်းချင်အပေါ် တုန်လှုပ်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ဖြစ်ခဲ့သည်။

ဖမ်းကျွင်းချင်သည် ကျန်းဝမ်ရင်၏ စကားကိုကြားပြီး တုန်လှုပ်သွားသော်လည်း အနည်းငယ် နှေးကွေးသွားခြင်းမရှိပေ။

သူ့ဂုဏ်သိက္ခာ ဘယ်လောက်ပဲ အရေးကြီးနေပါစေ ၊ သူ့အသက်က ပိုအရေးကြီးသည်။

အသက်ရှိနေသရွေ့ မျှော်လင့်ချက်လည်း ရှိသည်။ သူအောင်မြင်စွာ လွတ်မြောက်

ပြီးသည်နှင့်  ဂိုဏ်းအား သတင်းပို့ရန် ဝိညာဉ်ဂူမှ ထွက်ခွာပြီး ဤသွေးပင်လယ်ဂိုဏ်း၏ တပည့်များကို လက်စားချေရန် လူများကို ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်သည်။

ရှီကျင့်ရှန်နဲ့ တခြားသူတွေအပြင် ကျန်တဲ့ အတွင်းဂိုဏ်းတပည့်တွေကတော့ ဘာမှ အမှားအယွင်းမရှိရင် ဒီနေ့ ဒီမှာပဲ သေကြလိမ့်မည်ပင်။ 

လူတိုင်းသေတော့မည်ဖြစ်သောကြောင့် သူထွက်ပြေးသွားပြီဟူသောအချက်ကို မည်သူမျှ လူသိရှင်ကြား ပြောကြမည် မဟုတ်ပေ။

ဒါကိုတွေးပြီး ဖမ်းကျွင်းချင်က ထွက်ပြေးဖို့ကို ပိုပြီး စိတ်ပိုင်းဖြတ်လာခဲ့သည်။ သူက အရှိန်ပိုပြင်းလာသည်။

ဒါကိုမြင်တော့ ကျန်းဝမ်ရင်က ရယ်မောလိုက်သည်။

"မင်း ထွက်ပြေးချင်တာလား.. အဲ့တာဆိုမင်းငါ့ကိုအရင်မေးရမယ်လေ”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးအလင်းတန်းများ တောက်ပလာသည်။ သူသည် မှုန်ဝါးသော သွေးအရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးလက်သလို ပစ်လွှတ်လိုက်သည်။ တကယ်တော့ သူက ဖမ်းကျွင်းချင်ထက်တောင် ပိုမြန်သည်။

သူတို့နှစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားကြသည်။

ကျန်းဝမ်ရင်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သွေးဝိညာဉ်သုံးခုသည် သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း နေကိုးစင်းဂိုဏ်းအဖွဲ့ဝင်များ၏ အခြေအနေမှာ မတိုးတက်ခဲ့ပေ။

သွေးပင်လယ်ဂိုဏ်းတွင် သူတို့နှင့်အတူ ကျန်းဝမ်ရင်မရှိတော့သော်လည်း ဖမ်းကျွင်းချင်နှင့် သူ၏ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါးအဆောင်လည်း မရှိတော့ပေ။

နှစ်ဖက်စလုံး တစ်ယောက်စီ မရှိတော့သော်လည်း အရေအတွက်အရ

အားသာချက်ရှိသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များက အသာစီးရနေသေးသည်။

အချိန်ကြာလာသည်နှင့်အမျှ နေကိုးစင်းဂိုဏ်းသည် တဖြည်းဖြည်း ရှုံးနိမ့်ခြင်း လက္ခဏာများ ပြသလာသည်။

ရှီကျင့်ရှန်က ဒါကိုမြင်ပြီး ခါးသီးစွာ ခံစားလာရသည်။

"ဂျူနီယာ ညီလေးလင်းသာ ဒီမှာ ရှိနေရင် အခွင့်အလမ်း ရှိကောင်းရှိနိုင်မှာ” ရှီကျင့်ရှန်က  ရုတ်တရက် တွေးလိုက်သည်။

လင်းရှန်၏ စွမ်းအားနဲ့ဆို  ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက် ပေါင်းစည်း

ထားသည့်အတိုင်း စွမ်းဆောင်နိုင်သည်။

သွေးပင်လယ်ဂိုဏ်းကို အနိုင်မယူနိုင်ရင်တောင်မှ သူရှုံးမှာမဟုတ်ပေ။

ဝိညာဉ်လှိုဏ်ဂူထဲသို့ ဝင်လာကတည်းက လင်းရှန်၏ ခြေရာလက်ရာများကို မတွေ့ခဲ့ရတာက စိတ်မကောင်းစရာပင်။ တိုကင်တောင်မှ ဘာကိုမှ အာရုံမခံစားနိုင်ဘဲ သူ ဘယ်ရောက်သွားမှန်း မသိပေ။

ရှီကျင့်ရှန်သည် လင်းရှန်တစ်ခုခုဖြစ်နေမည်ဟု မယုံကြည်ခဲ့ပေ။

လင်းရှန် ခွန်အားနဲ့ဆို  ဝိညာဉ်လှိုဏ်ဂူအတွင်းရှိ ဝိညာဉ်နတ်ဆိုးးများသည် သူ့အား ခြိမ်းခြောက်မှုများစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ။

လင်းရှန်သည် ဝိညာဉ်နတ်ဆိုးများစွာရှိသည့် အန္တရာယ်ရှိသောနေရာသို့သာ ခုန်မဆင်းခဲ့ပါက….

ဤအခိုက်အတန့်တွင် လူနှစ်ယောက်သည် အဝေးမှ ရုတ်တရက် ပေါ်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်။

ရှီကျင့်ရှန်သည် တချက်ကြည့်လိုက်ပြီး ဝမ်းသာအားရနဲ့အံ့သြသွားသည်။

"လင်းရှန်”

ထိုနှစ်ယောက်သည် လင်းရှန်နဲ့ အိုက်ကျင့်ထင်တို့ဖြစ်သည်။

သွေးပင်လယ်ဂိုဏ်းက တပည့်တွေလည်း အဲဒီလူကို သတိထားမိသည်။

သွေးပင်လယ်ဂိုဏ်းမှ တပည့်အနည်းငယ်က အိုက်ကျင့်ထင်ကို မှတ်မိပြီး သူမသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင်သာ ရှိနေကြောင်း သိခဲ့သည်။ လင်းရှန်သည် သူမနှင့် အတူရှိနေသည်ကို တွေ့လိုက်ရသဖြင့် အောက်အိမ်တော်၏ တပည့်အဖြစ် သဘောထားကာ သိပ်အာရုံမစားပေ။

အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့ထဲမှ အနည်းငယ်က ပြုံးပြီး ရှေ့သို့ ပြေးသွားကြသည်။

လင်းရှန်၏အကြည့်သည် ရှီကျင့်ရှန် နှင့် အခြားလူများကို ဖြတ်ကျော်သွားသည်။ သူတို့အားလုံး ဒဏ်ရာရခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်နေသေးတာကို တွေ့ရတော့ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူ့ဆီသို့ ပြေးလာနေသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များကို ကြည့်လိုက်သည်။

"သေစမ်း”

သူ ချဉ်းကပ်လာသည်နှင့်အမျှ  ရှေ့ဆုံးရှိ သွေးပင်လယ်ဂိုဏ်းမှ တပည့်က လင်းရှန်ကို အော်ဟစ်တိုက်ခိုက်သည်။

ကံမကောင်းစွာပဲ ဓားစွမ်းအင်က ပိုမြန်ဆန်သည်။ 

ဓားအလင်းသည် လျှပ်စီးလက်သကဲ့သို့ လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သွေးပင်လယ်ဂိုဏ်းမှ တပည့်၏ လည်ပင်းကို ဖြတ်ကျော်သွားသည်။ ခေါင်းတစ်လုံးသည် ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားသည်။

ဘုန်း 

ဦးခေါင်းမပါသော အလောင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လွင့်သွားပြီးနောက် ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကျိုးသွားသော လည်ပင်းမှ ထွက်လာသော သွေးများက ၎င်းရှေ့ မီတာအနည်းငယ်ထိ လွင့်စင်သွားသည်။

အနောက်တွင်ရှိသော သွေးပင်လယ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ယင်းကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။ သို့သော် သူတို့ မတုံ့ပြန်မီ နီမြန်းသော ဓားအလင်းသည် ကွေ့ကောက်ပြီး လျှပ်စီးကဲ့သို့ သူတို့၏လည်ပင်းကို ဖြတ်ပြေးသွားခဲ့ပြီဖြစ်သည်။

တခဏအတွင်းမှာပင် နောက်ထပ် ခေါင်းနှစ်လုံး လွင့်ပျံလာသည်။

ချက်ချင်းပင် သွေးပင်လယ်ဂိုဏ်း၏ တပည့်သုံးဦးစလုံး ခေါင်းဖြတ်ခံရသည်။

ရုတ်တရက် ပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်စေသည်။

နေကိုးစင်းဂိုဏ်းမှ တပည့်များသည် အံ့သြနေကြသော်လည်း သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် ထိတ်လန့်သွားကြသည်။

"သူ့ကိုသတ်ကြ”

သွေးပင်လယ်ဂိုဏ်း၏ တပည့်တစ်ဦးသည် ကျယ်လောင်စွာအော်ပြီး လင်းရှန်ဆီသို့ သတ်ချင်ဖြတ်ချင်သောအမူအရာဖြင့် ပြေးသွားသည် ။

All Chapters