← Chapters

အဲဒါပဲ (၁)

Vol. 16 Ch. 240

အဲဒါပဲ (၁)

Vol. 16 Ch. 240

စစ်မှန်သော ကိုယ်ခံပညာရပ်တစ်ခုကို ဆုပ်ကိုင်နိုင်လျှင်ပင် ပါရမီရှင်ဟု ခေါ်ရလောက်အောင်ပင်။

ထိုလူငယ်က နှစ်မျိုးကို ကျွမ်းကျင်နေ၏

ကျန်းဝမ်ရင်အဖို့ အံ့သြလွန်းလို့ ခဏတာ ဘာမှပြန်မပြောနိုင်ပေ။

လင်းရှန်သည် ကျန်းဝမ်ရင် မှိန်းခနဲ ကြောင်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် သူ၏ သန့်စင်သော ယန်စွမ်းအား စွမ်းရည်ကို ချက်ချင်းပြောင်းလိုက်ပြီး ဓားဖြင့် ထိုးလိုက်သည်။

မျက်စိကိုစူးသွားစေသော အလင်းတန်းတစ်ခုသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

ပြိုးပြိုးပြက်ပြက်တောက်ပနေသော အလင်းတန်းကိုးလုံး ပေါ်လာပြီး ဥက္ကာပျံကဲ့သို့ သွေးဝိညာဉ်သုံးခုထဲသို့ ကျရောက်သွားသည်။

တက်ကြွမှုအနည်းငယ်ကို ဆုံးရှုံးသွားပြီဖြစ်သော သွေးဝိညာဉ်သုံးခုကို အရည်ပျော်စေဖို့မပြောနှင့်။ နေကိုးစင်း နတ်ဘုရားဓားသည် ယင်အမျိုးအစားပစ္စည်းများကို တိုက်ဖျက်ရာတွင် အထိရောက်ဆုံးဖြစ်သည်။ မီးတောက်စွမ်းအင်အောက်မှာတော့ သွေးဝိညာဉ်သုံးခုသည် အပူအောက်တွင် နှင်းများ အရည်ပျော်သွားသကဲ့သို့ ချက်ချင်းပင် အရည်ပျော်သွားသည်။

သူ၏သွေးဝိညာဉ်များ သေဆုံးသွားသောအခါ ကျန်းဝမ်ရင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲမှာ ညီစို့စို့အရသာတွေ ထလာပြီး ပါးစပ်ထောင့်မှာ သွေးတွေထွက်လာသည်။

"အဲဒီခွေးကောင်တော့”

ကျန်းဝမ်ရင်သည် ဒေါသထွက်သွားသည်။ ဒီကလေးက သူ့သွေးဝိညာဉ် သုံးခုစလုံးကို သတ်ပစ်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သွေးဝိညာဉ်တစ်ခုကို ဖန်တီးဖို့ဆိုတာ မလွယ်ပေ။ အထွတ်အထိပ် ကျင့်ကြံသူ၏ မူလဝိညာဉ်ကို လိုအပ်သည့်အပြင် အချိန်နှင့် စွမ်းအင်များစွာလည်း လိုအပ်သည်။

ဤသွေးဝိညာဉ်သုံးခု သေပြီးသည်နှင့် ၎င်းတို့ကို ပြန်လည်သန့်စင်ရန် အနည်းဆုံး နှစ်ဝက်လောက်တော့ အချိန်လိုပေလိမ့်မည်။

ဒါတောင် သူ၏ မူလစိတ်ဝိညာဉ်အသစ်ကို ရှာဖွေရန် လိုအပ်သည့် အချိန်မပါဝင်ပေ။

ကျန်းဝမ်ရင်သည် သူ၏ ကြိုးစားအားထုတ်မှု အားလုံး ပျက်သုဉ်းသွားသည့်အတွက် ဒေါသတကြီး ဖြစ်နေသည်။

ကျန်းဝမ်ရင်၏ လင်းရှန်အပေါ်သတ်ဖြတ်ချင်စိတ်မှာ တစ်ခါမှ မကြုံစဖူးပင်။ သူက အော်ဟစ်ပြီး လင်းရှန်ဆီသို့ ပြင်းထန်သော အမူအရာဖြင့် ပြေးသွားခဲ့သည်။

လမ်းတစ်ဝက်မှာတင် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အနက်ရောင် စပါးအုံးမြွေကြီးက ရုတ်တရက် ထွက်လာသည်။ ၎င်းက  လေထဲမှာ ကွေးညွတ်ပြီး ခြောက်ပေရှည်သော အလံတစ်ခု ဖြစ်သွားသည်။

ကျန်းဝမ်ရင်က ၎င်းကိုလှမ်းဆွဲလိုက်သည်။ သူ့လက်ကို လှုပ်ခါလိုက်သည်နှင့် လှိုင်းသံများက ချက်ချင်းပင် လေထဲတွင် ထွက်လာသည်။ သွေးရောင် လှိုင်းလုံးများသည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်ဖြင့် လင်းရှန်ဆီသို့ လွင့်ပျံလာသည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျန်းဝမ်ရင်လက်ရှိအလံသည် အထူးလက်နက် ဖြစ်ကြောင်း လင်းရှန် ချက်ချင်းခန့်မှန်းမိသည်။

ဒါကိုမြင်တော့ လင်းရှန်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင် မှင်ကျောက်တစ်လုံး လှည့်ပတ်ပြီး လွှင့်ပျံသွားသည်။ ၎င်းက လေထဲမှာ ကျယ်ပြန့်လာပြီး အိမ်တစ်လုံးအရွယ်အစားအထိ ကြီးမားသည့် မှင်ကျောက်တုံးကြီး ဖြစ်သွားသည်။ ၎င်းက  သွေးအိုင်ဆီသို့ တဟုန်ထိုး ခုန်ဆင်းသွားသည်။

ဘုန်း 

မရေမတွက်နိုင်သော သွေးရေစက်များအဖြစ်သို့ ပြန့်ကျဲနေသော သွေးပင်လယ်ကို အားကြီးသော စွမ်းအားတစ်ခုက ပြင်းထန်စွာ ဖြိုခွဲပစ်လိုက်သည် ။

မှင်ကျောက်သည် နောက်ဆုတ်သွားပြီး လင်းရှန်၏ ဦးခေါင်းထိပ်သို့ ပြန်ရောက်သွားသည်။

နှစ်ဖက်စလုံး လက်ရည်ညီနေ၏

ကျန်းဝမ်ရင်က အံ့အားသင့်သွားသည်။

"သူ့မှာလည်း အထူး လက်နက် ရှိတယ်”

ကျန်းဝမ်ရင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး အလံကို ထပ်မံဝှေ့ယမ်းကာ သွေးစွန်းနေသော လှိုင်းလုံးကြီးများ ထွက်လာသည်။

လင်းရှန်သည် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် မှင်ကျောက်ကို ထိန်းချုပ်ထားနိုင်သောကြောင့် မကြောက်မရွံ့ ဖြစ်နေသည်။

သို့သော် သူ့မျက်လုံးထောင့်ဘေးဘက်မှ အလွန်ပါးလွှာသော အနီရောင် အလင်းတန်းနှစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းတို့သည် အတော် လျင်မြန်ပြီး သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို တပြိုင်နက် ထိမှန်သွားကြသည်။

ဒါကိုမြင်တော့ ကျန်းဝမ်ရင်က အတော် ပျော်သွားသည်။

သွေးလှိုင်းများ၏ ဖုံးလွှမ်းမှုအောက်တွင် လင်းရှန်ကို ပြင်းထန်စွာ ဒဏ်ရာရစေရန်အတွက် သွေးချည်သန်ကောင်နှစ်ကောင်ကို တိတ်တဆိတ် လွှတ်ပေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုလုပ်ကြံမှုတွင် သူအောင်မြင်ခဲ့သည်။

သွေးချည်သန်ကောင်တွေက ရက်စက်သည်။ ထို့အပြင် လင်းရှန်အနေနဲ့ တစ်ချိန်တည်းတွင် နှစ်ခု ထိမှန်ခဲ့သည်။ ဤကလေးသည် ကာကွယ်ရန် အထူး လက်နက်မရှိပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာ ရလိမ့်မည်ဟု ကျန်းဝမ်ရင် ထင်ခဲ့သည် ။

သို့သော် သူသည် ခဏတာမျှသာ ပျော်ရွှင်နေခဲ့ရသည်။ နောက်အခိုက်အတန့်တွင် ကျန်းဝမ်ရင်၏အမူအရာက ရုတ်တရက် အေးခဲသွားသည်။

လင်းရှန်၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်သွားသည်။ ၎င်းသည် စက္ကူကဲ့သို့ ပါးလွှာသော်လည်း သွေးချည်သန်ကောင်နှစ်ခုကို အခိုင်အမာ ပိတ်ဆို့ထားသည်။

လေးနက်သောအလင်းရောင်အလွှာကိုကြည့်ရင်း ကျန်းဝမ်ရင်၏မျက်နှာသည် တုန်လှုပ်သွားသည်။ သွားများကို အံကြိတ်ကာ စကားအနည်းငယ် ပြောလိုက်သည်။

"အထူး လက်နက်နောက်တစ်ခုလား”

နောက်ထပ် အထူးလက်နက်တစ်ခုပင်။ 

ထို့အပြင်  ၎င်းသည် ခံစစ် အထူးလက်နက်တစ်ခုဖြစ်သည်။

ကျန်းဝမ်ရင်သည် အံ့သြသွားသည်။

သွေးပင်လယ်ဂိုဏ်း၏ ထက်မြက်သော မျိုးဆက်သစ် လူငယ်တစ်ဦး ဖြစ်သည့်အပြင် ဂိုဏ်းအကြီးအကဲတစ်ဦး၏ တပည့်တစ်ဦးအနေဖြင့် သူသည် ကောင်းစွာဆက်ဆံခံရပြီး ဂိုဏ်းတွင် အဆင့်အတန်းမြင့်မားမှုကို ခံစားခဲ့ရသည်။ သို့သော် သူမည်မျှပင် အားထုတ်နေပါစေ ၊ သူ့တွင် အထူး လက်နက်တစ်ခုဖြစ်သည့်  သွေးလှိုင်းအလံတစ်ခုသာရှိသည်။

ဒီကလေးက အသက်နှစ်ဆယ်လောက်ပဲ ရှိပုံရသည်။  ဒါတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မှာ အထူးလက်နက်နှစ်ခုရှိနေ၏ ။ ဒီလူက ဘယ်ကလာတာလဲ။

လင်းရှန်သည် ကျန်းဝမ်ရင်၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သွေးချည်သန်ကောင်နှစ်ခုကို ခဏလောက် တိုက်ခိုက်ပြီးနောက် ကောင်းကင်ဘုံ ကြယ်ပွင့် ဝတ်ရုံ၏ မူမမှန်မှုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ဝတ်ရုံပေါ်ရှိ ဝိညာဉ်ရေးရာအလင်းရောင်သည် သိသိသာသာ မှိန်သွားခဲ့သည်။

ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်က ဘာကြောင့် ထိုသို့ဖြစ်တာကို ချက်ချင်းသိလိုက်ရသည်။

ကျန်းဝမ်ရင်မှ ထုတ်လွှတ်သော ပိုးကောင်နှစ်ကောင်သည် ဝိညာဉ်ရေးရာ အလင်း၏ စွမ်းအားကို ဝါးမြိုသွားနိုင်သည့် ဒိဌိဂုဏ်သတ္တိရှိတာ  ဖြစ်နိုင်သည်။

“ဒိဌိဂိုဏ်းတွေရဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းတွေက တကယ်ကို ဖောက်လွဲဖောက်ပြန်တွေပဲ”

လင်းရှန် နှလုံးသည် ခုန်တက်သွားသည်။

သူသည် ဒိဌိဂိုဏ်းများကို တိုက်ခိုက်ရာတွင် အတွေ့အကြုံများစွာမရှိသော်လည်း ဤအရာသည် ဓမ္မရတနာများကို အလွန်ထိရောက်ကြောင်း သူသိသည်။

ကောင်းကင်ကြယ်ပွင့်ဝတ်ရုံကဲ့သို့သော အထူးလက်နက်တောင်မှ သွေးချည်သန်ကောင်မျာ၏ ဆက်လက်ဝါးမျိုခြင်းကိုခံရပါက အာဟာရများစွာ လိုအပ်သည့်အထိ ပျက်စီးသွားနိုင်သည် သို့မဟုတ် ထာဝရ ပျက်စီးကာ  မှော်လက်နက်အဆင့်အထိ ကျဆင်းသွားမည်ဖြစ်သည်။ 

ဘာပဲဖြစ်ဖြစ် လင်းရှန်က လက်မခံနိုင်ပေ။

သူသည်  သွေးချည်သန်ကောင်နှစ်ကောင်ကို သတ်ချင်သော်လည်း ၎င်းတို့သည် လျှပ်စီးကြောင်းကဲ့သို့ မြန်သည်။ ပုံမှန်မဟုတ်ဘဲ လျင်မြန်သော ဓားခုနစ်စင်း စွမ်းအင်ပင်လျှင် ၎င်းတို့ကို လိုက်မမီနိုင်ပေ။

ကံကောင်းထောက်မစွာပဲ ဒါဟာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပေ။

သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့်အမျှ လင်းရှန်မှာ အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည်။

တစ်ဖက်တွင် သွေးချည်သန်ကောင်နှစ်ကောင်သည် လင်းရှန်၏ စွမ်းအင်တစ်ဝက်ကျော်ကို ယူဆောင်သွားသည်ကို တွေ့လိုက်ရသဖြင့် ကျန်းဝမ်ရင်က အနည်းငယ် ငြိမ်သက်သွားသည်။

နောက်ဆုံးတော့ သူ ဒီကလေးကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု ရှိခဲ့သည်။

အသက်ပြင်းပြင်းရှူရင်း ကျန်းဝမ်ရင်သည် သူ၏တိုက်ခိုက်မှုကို အရှိန်မြှင့်ကာ လင်းရှန်ကို တစ်ချက်တည်းသတ်ရန် စီစဉ်ခဲ့သည်။ ထို့နောက် သူသည် လင်းရှန်၏ မူလဝိဉာဉ်ကို ထုတ်ယူပြီး သွေးဝိညာဉ်အဖြစ်သန့်စင်ပစ်မည်ပင်။

လင်းရှန်၏ စွမ်းရည်နှင့် ခွန်အားအရ သွေးဝိညာဉ်အသစ်သည် ယခင်သုံးခုထက် ကျော်လွန်သွားနိုင်သည်။ဒါက ကျန်းဝမ်ရင်၏ ဆုံးရှုံးမှုအချို့အတွက် ဖြည့်ဆည်း ပေးနိုင်သည်။

သို့သော် ယခုအချိန်တွင်  လင်းရှန်သည် သွေးလေထဲရှိ ချည်သန်ကောင်နှစ်ခုဆီသို့ အဆောင်ဓားရှည်နှစ်ချောင်း ပစ်ချလိုက်သည်ကို ကျန်းဝမ်ရင်က ရုတ်တရက် မြင်လိုက်ရသည်။

စူးစူးရှရှ အသံနှစ်သံကြားပြီးနောက် ပျံသန်းနေသောဓားများသည် သွေးချည်သန်ကောင်များနှင့် တိုက်မိသွားပြီး ၎င်းတို့နှင့် ဆက်စပ်နေသော ဝိညာဉ်ရေးရာအနှစ်သာရသည် ချက်ချင်း အရည်ပျော်သွားသည်။ သူတို့သည် သာမန်သံပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သွေးချည်သန်ကောင်၏အရောင်မှာလည်း အနည်းငယ်မှိန်သွားသည်။

ကျန်းဝမ်ရင်က အံ့အားသင့်သွားသည်။

သူ့အာရုံတွေ ပြန်မရခင်မှာ လင်းရှန်က လက်နက်တွေ ထပ်မံ ပစ်ချတာကို တွေ့လိုက်ရသည်။  ဒီတစ်ခါတော့ ဒါဇင်တစ်ဝက်ကျော်လောက်ရှိလေ၏

All Chapters