← Chapters

အဲ့ဒါပါပဲ (၂)။

Vol. 16 Ch. 241

အဲ့ဒါပါပဲ (၂)။

Vol. 16 Ch. 241

လင်းရှန်သည် သူ၏သိုလှောင်လက်စွပ်ထဲတွင် မှော်လက်နက်များစွာ ယူလာခဲ့သည် ။

မကြာသေးမီက သူသတ်ခဲ့သော ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးများဆီမှ ရရှိခဲ့သော မှော်လက်နက်များအပြင် သူသတ်ခဲ့ဖူးသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များဆီမှ ဓားနှင့် ၀တ်စုံများလည်း ရှိသေးသည်။

အနည်းဆုံး အခု ၂၀ မှ ၃၀ အထိရှိခဲ့သည်။

လင်းရှန်အတွက် ဤအဆင့်နိမ့် မှော်လက်နက်များက လုံးဝ အသုံးမဝင်ပေ။ အရည်အသွေးရမှတ်တွေနဲ့ လဲလှယ်ခဲ့ရင်တောင် ၎င်းတို့က သိပ်တန်ဖိုးရှိမှာ မဟုတ်ပေ။ ဒါကြောင့် သူတို့ကို ပြန်ယူသွားဖို့ လုံးဝစိတ်မ၀င်စားပေ။

သွေးချည်သန်ကောင်နှစ်ကောင်သည် မှော်လက်နက်များထံမှ ဝိညာဉ်ရေးရာ အလင်းရောင်အားလုံးကို ဝါးမြိုလိုက်ပြီးနောက် ၎င်းတို့၏အသက် စွမ်းအားမှာလည်း ကုန်ဆုံးသွားကာ မှိန်ဖျော့သွားခဲ့သည်။

ကျန်းဝမ်ရင်သည် နောက်ထပ် ပါးစပ်မှ သွေးများ ထွက်ကျလုနီးပါးဖြစ်ကာ အလွန်စိတ်ပျက်သွားသည်။

သွေးချည်သန်ကောင်များကို  သန့်စင်ခြင်းသည် အလွန်ခက်ခဲပြီး သွေးဝိညာဉ်များကို သန့်စင်ခြင်းထက်ပင် ပို၍ဒုက္ခပေးသည်။

ယခုအချိန်အထိ သူသည် သွေးချည်သန်ကောင် နှစ်ခုသာ သန့်စင်နိုင်ခဲ့သည်။ သူသည် ၎င်းတို့ကို ရတနာများအဖြစ် အမြဲတမ်း ဆက်ဆံခဲ့ပြီး မရေမတွက်နိုင်သော ပြိုင်ဘက်များကို သတ်ခဲ့ဖူးသည်။

သူသည် ပိုးကောင်များကို ရပ်တန့်ရန် အဖိုးတန် မှော်လက်နက်မျိုးစုံကို အသုံးပြုခဲ့သည့်  လင်းရှန်ကဲ့သို့သော သူနှင့် ကြုံတွေ့ခဲ့ရသည်။ ရတနာများကို သတ္တုအညစ်အကြေးများကဲ့သို့ တစ်လုံးပြီးတစ်လုံး လွှင့်ပစ်နေသည်။

ကျန်းဝမ်ရင်သည် သွေးချည်သန်ကောင်များကို ဤကဲ့သို့ သတ်သောလူအား ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

သွေးဝိညာဉ်သုံးခုနှင့် သွေးချည်သန်ကောင်နှစ်ကောင်သည် ကျန်းဝမ်ရင်အတွက် ကြီးမားသောဆုံးရှုံးမှုကို ခံစားရစေသည်။

နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရတဲ့ အလုပ်က မြောင်းထဲရောက်သွားချေပြီ။

သူ၏သွေးဝိညာဉ်များနှင့် သွေးချည်သန်ကောင်များဆုံးရှုံးပြီးနောက်  သူ၏ခွန်အား ကို အနည်းဆုံး ၃၀ မှ ၄၀%အထိ ဆုံးရှုံးခဲ့ရသည်။

သူ့နှလုံးသားက နာကျင်လွန်းလို့ သွေးထွက်နေသလို ခံစားရသည်။  ထိုအချိန်တွင် ကျန်းဝမ်ရင်သည် လင်းရှန်ကို အရေခွံခွာပြီး အရိုးများကို ချိုးကာ အသားကိုစားရင်း သွေးကို သောက်နိုင်စေရန် ဆန္ဒရှိခဲ့သည်။

သို့သော် ကျန်းဝမ်ရမ်သည် ဒေါသထွက်နေသော်လည်း သူ့ဒေါသကို လမ်းကြောင်းမလွဲစေခဲ့ပေ။ ဆက်လက်တိုက်ခိုက်နေရင်တောင် လင်းရှန်ကို  ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သူသိသည်။ တကယ်တော့ သူ ဒီမှာပဲ သေသွားနိုင်တာကြောင့်  နောက်ဆုတ်ဖို့ ရည်ရွယ်ခဲ့သည်။

“အကြီးအကဲဝူက နေကိုးစင်းဂိုဏ်းရဲ့ ဝိညာဉ်ဂူပေါက်ဝမှာ ရှိနေလောက်ပြီ။  ပြီးတော့ သူက အခင်းအကျင်းဖွဲ့စည်းမှုကို စတင်

လုပ်ဆောင်နေလောက်ပြီ။ နေကိုးစင်းဂိုဏ်းက တပည့်တွေ မလွတ်မြောက်စေဖို့ အကြီးအကဲဝူဆီကို သတင်းပြန်ကြားရမယ် ။ မဟုတ်ရင် ငါတို့ရဲ့အရင် ကြိုးစားမှုတွေအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မယ်”

ကျန်းဝမ်ရင်သည် ပြတ်သားသည်။ လင်းရှန်ကို မသတ်နိုင်မှန်းသိ၍ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်လှိုဏ်ဂူမှထွက်ပေါက်ကို ပိတ်လိုက်သောအခါ ဤကလေးအပါအဝင် နေကိုးစင်းဂိုဏ်းဝင် တပည့်များ ပိတ်မိနေလိမ့်မည်။

စစ်ကူများရောက်လာသောအခါ ဤလူများသည် သွေးပင်လယ်ဂိုဏ်းကို အသနားခံနေကြရမည်။ 

ကျန်းဝမ်ရင်သည် လင်းရှန်ကို ညှဉ်းပန်းနှိပ်စက်ရန် အချိန်အလုံအလောက်ရှိမည်ဟု ဆုံးဖြတ်ခဲ့သည်။

လင်းရှန်ကို အေးစက်စွာ ကြည့်နေပြီးနောက် သူ လှည့်ထွက်ချင်သော်လည်း နောက်အခိုက်အတန့်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ကို ဖုံးအုပ်ထားသလို ခံစားလိုက်ရပြီး သူ့ကို ပိတ်ဆို့လိုက်သည်။

ပုံသေကိုယ်ခန္ဓာမှော်စွမ်းအား 

ကျန်းဝမ်ရင်သည် အော်ဟစ်လိုက်သည်။ သူသည် သူ၏ဝိညာဉ်ရေးရာ အနှစ်သာရကို ထွေးထုတ်ပြီး သူ့အားဖုံးလွှမ်းနေသော မမြင်နိုင်သည့် စွမ်းအားကို ဖြိုခွဲပစ်လိုက်သည်။

လင်းရှန်၏ ပုံသေခန္ဓာကိုယ်စွမ်းအားသည် တတိယအဆင့်တွင်သာရှိသေးသည်။ ကျန်းဝမ်ရင်လို့ ကျင့်ကြံသူအတွက် များစွာအကျိုးရှိမည်ဟု မထင်ခဲ့ပေ။ သူ့ကို နည်းနည်းနှောင့်နှေးဖို့ပဲလိုတာပင်။

ဤနှောင့်နှေးနေသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လင်းရှန်သည် သူ၏ဓားကို မြှောက်ကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ဓားအလင်းသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး ကျန်းဝမ်ရင်ကို ဖုံးအုပ်ထားသည်။

"ကျန်းဝမ်ရင် ၊ မင်း ခုနကတော့ ယုံကြည်မှုတွေ တအားရှိနေတာပဲ။ အခုကျ မင်းက ထွက်ပြေးဖို့ စီစဉ်နေတာလား။ မင်းကြည့်ရတာ အရမ်းတော်ပုံပဲ” 

လင်းရှန်က ရယ်မောလိုက်သည်။

ကျန်းဝမ်ရင်၏ မျက်လုံးများသည် ရှက်ရွံ့မှုဖြင့် တောက်ပနေသော်လည်း ၎င်းကို မချေပနိုင်ပေ။

နောက်ဆုံးတွင် သူသည် လင်းရှန်၏အလောင်းကို နဂိုအတိုင်းထားခဲ့မည်ဟုသာ ပြောခဲ့သည်။ အဆုံးတွင် သူသည် တိုက်ပွဲမှ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့်  ဒါက  ဖရိုဖရဲဆန်နေ၏

“ကောင်လေး၊ သိပ်မောက်မာမနေပါနဲ့။ ရက်အနည်းငယ်အတွင်း မင်းငါ့လက်ထဲရောက်သွားမှာ။ အဲ့ကျ မင်းဆန္ဒအတိုင်း သေစေရမယ်” ကျန်းဝမ်ရင်က မုန်းတီးစွာပြောသည်။

လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏ ။ကျန်းဝမ်ရင်၏ စကားနောက်ကွယ်တွင် အခြားသော အဓိပ္ပါယ်ရှိနေကြောင်း သူပြောနိုင်သည်။

သို့သော် ယခုအချိန်သည် ထိုအကြောင်းကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ ရယ်ရင်းနဲ့ သူ့အကြည့်တွေက အေးစက်သွားသည်။

"မင်း ဒီအခွင့်အရေးကို မရမှာကို စိုးရိမ်မိတယ်”

ပြောပြီးသည်နှင့် လင်းရှန်သည် ရုတ်တရက် မှုန်ဝါးသွားကာ ချက်ချင်းဆိုသလို ခုနစ်

ယောက်ကွဲထွက်သွားသည်။

ကမ္ဘာကို အံ့ဩသွားစေခြင်းကိုယ်ပွားမှလွဲ၍ ကျန်ခြောက်ယောက်ကို ဆင့်ခေါ်ခဲ့သည်။

ရုတ်တရတ်ပြောင်းလဲမှုက ကျန်းဝမ်ရင်ကို  ထိတ်လန့်သွားစေသည်။ 

"ကိုယ်ပွါးမှော်စွမ်းအား”

သူထိတ်လန့်တုန်လှုပ်နေချိန်တွင် လင်းရှန်ခုနှစ်ယောက်သည် ကျန်းဝမ်ရင်ကို ဝိုင်းရံထားပြီးဖြစ်သည်။ သူတို့၏ ဓားရှည်များသည် ကောင်းကင်ကို ဖြတ်ကျော်သွားကာ တောင်ကဲ့သို့ ပြင်းထန်သော ဓားစွမ်းအင်များ ဖြန့်ကျက်ပြီး ကျန်းဝမ်ရင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

မရွေ့လျား တောင်တန်း၏ ခုနစ်ပိုင်း အခင်းအကျင်း

ကျန်းဝမ်ရင်သည် ဗဟုသုတရှိပြီး ဤအရာသည် ခင်းကျင်းမှု ပုံစံတစ်မျိုးဖြစ်သည်ကို ချက်ချင်းသိခဲ့သည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် ပတ်ပတ်လည်မှ ခွဲထွက်ရန် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် ကောင်းကင်တွင် ပြည့်နေသော ဓားအလင်းသည် သူ့အမြင်အာရုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လင်းရှန်၏ကိုယ်ပွားတွင် သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်းသာရှိမည်ဟု ကျန်းဝမ်ရင်က ထင်ခဲ့သည်။

သို့သော်  တကယ်တိုက်ခိုက်ပြီးသည့်နောက်တွင် ကိုယ်ပွားများသည် လင်းရှန်နှင့် တူညီသော ကျင့်ကြံမှုအဆင့်ရှိသည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့ဩသွားလေ၏  ၎င်းတို့သည် လင်းရှန်နှင့် ညီတူမျှတူပင်။

ဤရှာဖွေတွေ့ရှိမှုသည် ကျန်းဝမ်ရင်၏နှလုံးကို အောက်ဆုံးအထိ နစ်မြုပ်သွား စေခဲ့သည်။

ကိုယ်ပွါးတွင် လင်းရှန်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းသာ ရှိလျှင် ခင်းကျင်းဖွဲ့စည်းပုံသည် မပြည့်စုံသော ချို့ယွင်းချက်တစ်ခု ရှိပေလိမ့်မည်။ ဒဏ်ရာတချို့နဲ့ ရုန်းထွက်ဖို့က သူ့အတွက် ခက်ခဲမှာ မဟုတ်ပေ။

ယခုမူကား  ဤမျှော်လင့်ချက် ပျက်သွားလေပြီ။

“လင်းရှန်” ခုနစ်ယောက်သည် တူညီသော ခွန်အားနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပြင်းထန်ပြီး ၎င်းတို့သည် လူတစ်ဦးနှင့် နီးပါး တူညီသည်။ ဖွဲ့စည်းပုံက ပြီးပြည့်စုံလုနီးပါးပင်။

သေးငယ်သည့် ချို့ယွင်းချက်တစ်ခု ရှိခဲ့ရင်တောင် အခင်းအကျင်းဖွဲ့စည်းပုံနဲ့ မရင်းနှီးသည့် ကျန်းဝမ်ရင်အဖို့  ရှာတွေ့နိုင်သည့်အရာ မဟုတ်ပေ။

မရွေ့လျားတောင်တန်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင် ကျန်းဝမ်ရင်သည် နေရာပေါင်းစုံမှ ရန်သူများ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ချက်ချင်းသိလိုက်သည်။ ပြင်းထန်သောလှိုင်းလုံးများကဲ့သို့ ဓားစွမ်းအင်အလွှာများ လွင့်စင်သွားကာ သူ့အား နစ်မြှပ်လုနီးပါး ဖြစ်နေသည်။

ခဏလောက်ကြာတော့ ကျန်းဝမ်ရင်သည် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသလို ခံစားနေရသည်။  သူ အခြေအနေက စိတ်မကောင်းစရာပင်။

ခုနစ်စက္ကန့်မှ ရှစ်စက္ကန့်အတွင်းတွင် သူ့၌ ဒဏ်ရာများစွာ ရရှိခဲ့သည်။

ကျန်းဝမ်ရင်သည် အခင်းအကျင်းထဲသို့ ကျသွားပြီး မလွတ်မြောက်နိုင်တော့သည်ကို မြင်လိုက်ရသဖြင့် လင်းရှန်သည် သူ၏ဓားနည်းစနစ်ကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ယခု သူသည် အဆင့်နိမ့်ကိုယ်ခံပညာရပ်များကိုသာ အသုံးပြုခဲ့တာ ဖြစ်သည်..

All Chapters