← Chapters

ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးခြင်း (၁) 

Vol. 16 Ch. 243

ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးခြင်း (၁) 

Vol. 16 Ch. 243

ဖမ်းကျွင်းချင်သည် မျက်လုံးထောင့်မှ တခြားသူများ၏ ဒေါသနဲ့ မထီမဲ့မြင်ပြုတဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့အခါ တုန်လှုပ်သွားသည်။

“အဲဒီတုန်းက အခြေအနေက အရမ်းဆိုးတယ်လေ။  အဲ့တုန်းက ငါနေခဲ့ရင်တောင် ကံကြမ္မာကဘာမှထူးမလာဘူး။ ငါလည်း ငါ့အသက်ကို စောင့်ရှောက်ရမယ်လေ.. ဝိဥာဉ်လိုဏ်ဂူကနေ ထွက်သွားပြီးရင် ဒီနေရာရဲ့ အခြေအနေကို အကြီးအကဲတွေဆီ တင်ပြမလို့ပဲ။ ငါတို့အားလုံး လုံးလုံးရှင်းပစ်ခံရတာထက်စာရင် အဲ့တာက ပိုကောင်းတာပဲ မဟုတ်ဘူးလား”

ဖမ်းကျွင်းချင်၏ စကားများသည် ကျိုးကြောင်းဆီလျော်သော်လည်း ဤနေရာတွင် မည်သူမျှ မမိုက်မဲခဲ့ပေ။ ဒါက အဖြစ်အပျက်အပြီးမှာ ဖမ်းကျွင်းချင်ရှာတွေ့ခဲ့တဲ့ အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်း သူတို့ မသိပဲ မနေပေ။

ရှီကျင့်ရှန်က ရယ်မောလိုက်ပြီး "မင်း အကြောင်းပြချက်ကောင်းတစ်ခု ပေးလိုက်

တာပဲ..မင်းဘယ်လောက်ပဲ တုန်လှုပ်နေပါစေ၊ မင်းရဲ့တပည့်တွေကို စွန့်ပစ်ပြီး နောက်ဆုံးမိနစ်မှာ ထွက်ပြေးသွားတာဆိုတဲ့ အချက်ကပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဝိဥာဉ်ဂူထဲက ထွက်သွားတဲ့အခါ အကြီးအကဲတွေကို ငါသေချာ ပေါက် ပြောပြမှာ”

ဖမ်းကျွင်းချင်၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပနေသော်လည်း နောက်ဆုံးမှာတော့  သူက မှားနေခဲ့တာပင် ။ သူက အေးဆေးနေပြီး တခြားဘာမှ မပြောတော့ပေ။

သူ့ကို လျစ်လျူရှုလိုက်ပြီး ရှီကျင့်ရှန်သည် အနားယူရန် နေရာတစ်ခုကို အမြန်ဆုံးဖြတ်ကာ လူတိုင်းနှင့် ထွက်ခွာသွားခဲ့သည်။

ရွေးချယ်ထားသော လှိုဏ်ဂူသို့ ရောက်တော့ လူတိုင်းသည် ဂူပတ်ပတ်လည်ရှိ နတ်ဆိုးများကို ရှင်းလင်းရန် ၎င်းတို့၏ ခွန်အားကို စုစည်းပြီး  ခြေရာများကို ဖုံးကွယ်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန် အခင်းအကျင်းတစ်ခုကို ထူထောင်ခဲ့ကြသည်။ ထိုမှသာ သူတို့သည် ဆေးများကိုစားပြီး ဒဏ်ရာများမှ ပြန်လည်သက်သာလာအောင် ကုသကြသည်။

ဖမ်းကျွင်းချင်သည်လည်း အရှက်မဲ့စွာ နောက်က လိုက်လာခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် တူညီသောဂိုဏ်းမှဖြစ်သည်။ ဖမ်းကျွင်းချင်၏ လုပ်ရပ်ကို လူတိုင်းက  မကြိုက်သော်လည်း သူ့ကို နှင်မထုတ်ခဲ့ကြပေ။  သူတို့က သူ့ကို လျစ်လျူရှုပြီး ဒီလူအနားမှာ မရှိဘူးလို့ သဘောထားကြသည်။

ကြွယ်ဝသောဝိညာဉ်ရေးရာအနှစ်သာရ၏အာဟာရအောက်တွင် လူတိုင်း၏ဒဏ်ရာများသည် အလွန်လျင်မြန်စွာပြန်လည်ကောင်းမွန်လာသည်။

သုံးရက်အကြာတွင် လူတိုင်းနီးပါး ပြန်လည်ကျန်းမာလာကြသည်။

သို့သော် လင်းရှန်ကို မည်သည့်နေရာမှာမှ မတွေ့ရသေးပေ။

ယခုတစ်ကြိမ်တွင် ရှီကျင့်ရှန်ပင် စိတ်ပူပင်နေ၏။။ သူအရမ်းစိုးရိမ်နေပုံရသည်။

“အကိုရှီ အကိုလင်းက ညီမတို့ကို တွေ့ဖို့လာတာ တော်တော်ကြာပြီ။ တစ်ခုခုဖြစ်နေတာများလား။ ကျွန်မတို့ ဘာလို့ အပြင်ထွက်ပြီး မစုံစမ်းတာလဲ။” အိုက်ကျင့်ထင်က စိုးရိမ်စွာပြောသည်။

လင်းရှန်သည် သူမအသက်ကို ကယ်တင်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်မိပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူမ ပို၍ပင် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ရှီကျင့်ရှန်လည်း အလားတူ ခံစားခဲ့ရသည်။

သူတစ်ယောက်တည်းသာရှိနေရင် လင်းရှန်ကို  ရှာဖို့ သေချာပေါက် ထွက်သွားမှာပင်။

သို့သော် တပည့်တစ်စုကို စောင့်ရှောက်ရန် သူ့တွင် တာဝန်ရှိသေးသည်။ လင်းရှန်ကိုရှာရင်း ကျန်းဝမ်ရင်ဆီရောက်သွားပါက သူတို့ ထွက်ပြေးဖို့ ဒုတိယအကြိမ် အခွင့်အရေးကို ရရှိမည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ရှီကျင့်ရှန်က တွေဝေနေ၏

ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

အဲ့တာက ဖမ်းကျွင်းချင်ပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် လူတိုင်း၏ မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရပြီး ဒေါသကို ထိန်းထားနိုင်ခဲ့သည်။  ယခုမူ အိုက်ကျင်ထင်နှင့် ရှီကျင့်ရှန်တို့၏ စကားဝိုင်းကို ကြားလိုက်ရပြီး နောက်ဆုံးတွင် သူ စကားမမပြောဘဲ မနေနိုင်တော့ပေ။

"လင်းရှန်က သေနေလောက်ရောပေါ့”

"မင်း ဘာပြောလိုက်တာလဲ” ရှီကျင့်ရှန်က ဒေါသတကြီးနှင့် ဖမ်းကျွင်းချင်ကို စိုက်ကြည့်နေသည်။

အိုက်ကျင့်ထင်နှင့် အခြားသူများကလည်း သူ့ကို စိုက်ကြည့်နေကြသည်။

ထိုသို့ပြောပြီးသည်နှင့် ဖမ်းကျွင်းချင်သည် ဆက်လက်ပုတ်ခတ်ပြောဆိုနေ၏

“ဘယ်လောက်တောင် မိုက်မဲတဲ့ လူတွေလဲ”

"ကျန်းဝမ်ရင်က သွေးပင်လယ်ဂိုဏ်းရဲ့ မျိုးဆက်သစ် လူငယ်တွေထဲက တစ်ဦးပဲ။ သူက တောက်ပသောဝင်ပေါက် နဝမအဆင့်ကို ရောက်ရှိရုံတင် မဟုတ်ဘူး။  ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၀ကျော်ကိုလည်း ပုံဖော်ထားတာ ။ အကယ်၍ ဒုတိယအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံမဖော်နိုင်တောင် ကျင့်ကြံသူသခင်ဖြစ်လာမဲ့သူပဲ”

"ကျန်းဝမ်ရင်ရဲ့ ခွန်အားနဲ့ဆို သူက တောက်ပသောဝင်ပေါက်အဆင့်မှာ အောင်မြင်လုနီးပါးပါပဲ။ လင်းရှန်က တောက်ပသောဝင်ပေါက် နဝမအဆင့်တောင် မရောက်သေးဘူး.. ကျန်းဝမ်ရင်တိုက်တာကို ဘယ်လို ခံနိုင်ရည်ရှိပါ့မလဲ။ အဲ့တာကို ငါစိုးရိမ်တာပါ ..သူက သွေးဝိညာဉ်အဖြစ်ပြောင်းသွားလောက်ပြီ..။”

"တော်တော့”

ရှီကျင့်ရှန်သည် ဖမ်းကျွင်းချင်ကို ဒေါသတကြီးမျက်နှာဖြင့် ကြားဖြတ်လိုက်သည်။

"ဖမ်းကျွင်းချင် အရင် မင်းက မင်းရဲ့ တပည့်​တွေရဲ့အသက်ကို စွန့်ပစ်လိုက်တာ တစ်ခုဘဲ၊ ဒါပေမယ့် အခု တပည့်တွေကိုတောင် ကျိန်ဆဲခဲ့တယ်။ မင်းမှာ အရှက်ရှိသေးရဲ့လား"

ဖမ်းကျွင်းချင်သည် သူ့တွင် ဆုံးရှုံးစရာ ဘာမှ မရှိတာကြောင့် ထိုစကားများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် သတ္တိရှိနေ၏  ဤစကားကိုကြားသောအခါ ဒေါသမထွက်ဘဲ လှောင်ရယ်နေ၏။

"ငါ အမှန်အတိုင်းပြောနေတာ မင်းတို့လိုစိတ်ကူးယဉ်နေတာတွေ မရှိဘူး”

ရှီကျင့်ရှန်သည် ဖမ်းကျွင်းချင်ကို စိုက်ကြည့်နေသည်။ သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် လက်ဆစ်တွေ ဖြူသွားသည် ။ သူ ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ သိသာသည်။

အိုက်ကျင့်ထင်က သူမ၏ နှုတ်ခမ်းများကို စိထားရင်း မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည် ။

တခြားလူတွေကလည်း တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေး ကြည့်နေကြသည်။

ဖမ်းကျွင်းချင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း သူ့စကားသည် အဓိပ္ပါယ်ရှိလှသည်။

ကျန်းဝမ်ရင်၏ စွမ်းအားသည် သိသာသည်။ ၎င်းသည် သာမန် တောက်ပသောဝင်ပေါက်နဝမအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။

လင်းရှန်၏ ခွန်အားသည် သာလွန်ကောင်းမွန်သော်လည်း ကျန်းဝမ်ရင်ထက် နိမ့်ကျနေဆဲဖြစ်သည်။

ယခုအချိန်တွင် သူသည် ၎င်းတို့နှင့် တွေ့ဆုံရန် ပေါ်လာခြင်းမရှိသေးပေ။ သူသေတာ ဖြစ်နိုင်သည်။

ဘယ်သူမှ စကားတစ်ခွန်းမှ မပြောတော့ပေ။  ဖမ်းကျွင်းချင်သည် ရှီကျင့်ရှန်ကို ရန်မစတော့ဘဲ ပါးစပ်ကို ပိတ်ထားလိုက်သည်။ ဂူသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

လူတိုင်းက စိတ်အခြေအနေမကောင်းကြပေ။

ဒီလိုနဲ့ အချိန်တွေ ကုန်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လဝက်လောက်ကြာသွားသည်။

တိတ်ဆိတ်သောဂူထဲတွင် လင်းရှန်သည် မျက်လုံးများကိုမှိတ်ကာ ငြိမ်သက်စွာ ထိုင်နေလေသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အငွေ့အသက်များက တဖြည်းဖြည်း ရွေ့လျားလာသည်။

အချိန်အတော်ကြာတော့ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ တခဏချင်းမှာပဲ လျှပ်စီးလက်လိုက်သလို အမှောင်ဂူကြီးက ခဏလောက် လင်းသွားပုံရသည်။

လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဝမ်းသာအားရမှုများနှင့် ပြည့်နေလေသည်။

(၁၅)ရက်ကြာ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီးနောက်တွင် သူသည်  တောက်ပသောဝင်ပေါက်အဆင့်၏ အထွတ်အထိပ်သို့ မြှင့်တင်နိုင်ခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည် : နားလည်မှု ]

[အဆင့်- တောက်ပသော ဝင်ပေါက် နဝမအဆင့် ,၁၀၀%]

[ကျင့်ကြံနည်းစနစ်-နေကိုးစင်းကျမ်း (ပြီးပြည့်စုံခြင်းအဆင့် )၊ အရည်ပျော်ခြင်း (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တိမ်တိုက်နဂါးစည်းချက် (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ နေကိုးစင်း နတ်ဘုရားဓား  (စစ်မှန်သော ကိုယ်ခံပညာအဆင့်)…]

[မှော်စွမ်းအား -ဓားစွမ်းအင်ခုနစ်ခု (အဆင့် ၆၊၄၅ %)၊လျှပ်စီးလက်ဝါး (အဆင့် ၄ ၊ ၇၈ %)၊စက္ကူလူသားရွေ့လျားမှု (အဆင့် ၄ ၊ ၁၂ %)၊မရွေ့လျား စွမ်းအား (အဆင့်၃၊ ၆၇ %) ၊ လေဟုန်စီးခြင်း (အဆင့် ၄ ၊ ၂၃ %)၊ရေကြေးမုံနည်းစနစ် (အဆင့် ၁ ၊ ၈၉%)]

[ကိုယ်ပွားအရေအတွက်- ၇ (၂၆%)]

"နောက်ဆုံးတော့ ငါက ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို  ပုံဖော်လို့ရပြီ”

လင်းရှန်က ကျေနပ်စွာ ပြုံးလိုက်သည်။

ကျင့်ကြံခြင်းအပြင် သူသည် ဤရက်အနည်းငယ်အတွင်း ဝိညာဉ်အနှစ်သာရ အမဲလိုက်ခြင်းကိုလည်း လက်လွတ်မခံခဲ့ပေ။

သတ်ဖြတ်ခြင်းကိုအားပေးသည့် စွမ်းရည်၏အကူအညီဖြင့် တိမ်တိုက်နဂါး စည်းချက်နှင့် နေကိုးစင်းနတ်ဘုရားဓား နှစ်ခုစလုံးသည်လည်း စစ်မှန်သော ကိုယ်ခံပညာအဆင့်သို့ရောက်ရှိခဲ့သည်။

All Chapters