← Chapters

ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးခြင်း  (၂)

Vol. 16 Ch. 244

ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးခြင်း  (၂)

Vol. 16 Ch. 244

ယခုအချိန်တွင် လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာအဆင့် လေးခုကို ကျွမ်းကျင်နေပြီဖြစ်သည်။

ထို့အပြင် သူ၏ မှော်စွမ်းအားမှာလည်း အဆင့်အမျိုးမျိုးအထိ တိုးတက်လာသည်။

၎င်းတို့အနက်မှ ဓားခုနစ်စင်းစွမ်းအင် သည် အတိုးတက်ဆုံးဖြစ်ပြီး ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့သည်။ ပြီးပြည့်စုံသောပုံစံဖြစ်သည့် သတ္တမအဆင့်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

“ကိုယ်ခံပညာတွေကို မကျင့်ကြံတော့ဘူး ၊ ပြီးတော့ မှော်စွမ်းအားကိုလည်း ခဏဘေးဖယ်ထားလိုက်မယ်။ ဝိညာဉ်မဏ္ဍိုင်သွေးကြော ပုံဖော်ဖို့ပဲ အာရုံစိုက်တော့မယ်။”လင်းရှန်သည်  မြေပုံကို ထုတ်ကာ ကြည့်လိုက်သည်။

သူရောက်နေသည့် လှိုဏ်ဂူက ဝိညာဉ်ဂူအဝင်ဝနဲ့ မဝေးပေ။  အရှိန်ပြင်းပြင်းနဲ့ ခရီးထွက်ရင် အများဆုံး တစ်ရက်အတွင်း ရောက်လိမ့်မည်ပင်။

ဝိညာဉ်လှိုဏ်ဂူတံခါးမဖွင့်ခင် ငါးရက်လောက် အချိန် ရှိသေးသည်။

တစ်နည်းဆိုရသော် ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုကို ဖန်တီးနိုင်ဖို့ လေးရက် အချိန်ကျန်သေးသည်။

ဤအခိုက်အတန့်တွင် လင်းရှန်သည် သူ၏ကိုယ်ပွားများဖြင့် ဝိညာဉ်မဏ္ဍိုင်

သွေးကြောများကို ပုံဖော်ရန် ဖြစ်နိုင်ချေရှိမရှိကို အလျင်အမြန် အတည်ပြုလိုခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ကိုယ်ပွားများကို ချက်ချင်း ဆင့်ခေါ်ခဲ့သည်။

ချက်ချင်းပင် အလွန်အမင်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားခြင်းက နာကျင်စေသည့် ကိုယ်ပွါး နှင့် နားလည်မှု ကိုယ်ပွါးသည် သူ့ရှေ့တွင် ပေါ်လာသည်။

လင်းရှန်၏ အတွေးတစ်ခုနဲ့အတူ ကိုယ်ပွါးနှစ်ယောက်သည် ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။ သူတို့သည် လင်းရှန်ထံမှ ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားများကို ယူကာ မျက်လုံးမှိတ်ပြီး မျိုချလိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းရှန်လည်း ဆေးတစ်လုံးသောက်ခဲ့သည်။

စစ်ယွမ်ဖေ ပေးခဲ့သော ကျောက်စိမ်းပြွန်တွင် ဝိဉာဉ်ပုံဖော်နည်းကို ဖော်ပြခဲ့ပြီး လင်းရှန်က ၎င်းကို ကြာရှည်စွာ ကျက်မှတ်ခဲ့သည်။ သူ အနေနဲ့ အသက်ပြင်းပြင်းရှူရင်း သူ့စိတ်ကို ငြိမ်သက်စေကာ ဝိညာဉ်မဏ္ဍိုင် သွေးကြောတစ်ခုကို စတင်ဖန်တီးခဲ့သည်။

ဆေးလုံးသည် သူ့ဗိုက်ထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းပင် သွေးကြောထဲသို့ စိမ့်ဝင်သွားသည့် ပူနွေးသော ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ခြေလက်နှင့် အရိုးများရှိ သွေးကြောများသည် ရုတ်တရက် ကျယ်လာပြီး အပူသည် သူ့ခေါင်းဆီသို့ ပြေးသွားခဲ့သည်။ ၎င်းက လှည့်ပတ်ပြီးနောက် ရင်ဘတ်မှ ဝမ်းဗိုက်ဆီသို့ ဆင်းသွားပြီး ခြေဖဝါးအထိ စီးဆင်းသွားသည်။

လင်းရှန်သည် သူ၏ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး နည်းစနစ်ကို အသက်သွင်းပြီး ဆေးပြားများ၏ အစွမ်းထက်မြက်သော ဝိညာဉ်ရေးရာအနှစ်သာရကို ရစ်ပတ်ထားသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ လျှို့ဝှက်နေရာများကို လှည့်ပတ်ကာ သူ့ကို ကန့်သတ်ထားသည့် အမျိုးမျိုးသော ချည်နှောင်မှုများကို ဖြတ်ကျော်ခဲ့သည်။

ဆေးစွမ်းအားတွေ ဖြတ်သွားတိုင်း အလင်းတန်းလေး တစ်ဖြည်းဖြည်း ပေါ်လာသည်။

အဲဒါက ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုပင်။

ဝိညာဉ်မဏ္ဍိုင်သွေးကြော ဖန်တီးခြင်းလုပ်ငန်းစဉ်သည် ကောင်းကင်နှင့် မြေကြီး၏ဝိညာဉ်ရေးရာအနှစ်သာရကို စုပ်ယူပြီး လိုက်လျောညီထွေ ဖြစ်စေနိုင်သည့် လူ့ခန္ဓာကိုယ်ရှိ ထူးကဲသောသွေးကြောများကို ဖွင့်ပေးရန်ဖြစ်သည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြောများ များလေလေ၊ လူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်ရေးရာအနှစ်သာရများကို ပိုလိုလေလေပင်။ ထိုမှသာ   ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ရေးဆိုင်ရာ အနှစ်သာရကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်လေဖြစ်သည်။

ကိုးသည် အကြီးဆုံးဂဏန်းတစ်လုံးဖြစ်သည်။ ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက် ကိုးခုသို့ရောက်ရှိသောအခါ ၎င်းသည်  စစ်မှန်သောချီကို ဝိညာဉ်ရေးရာအနှစ်သာရအဖြစ် ပြောင်းလဲပစ်သည်။

အောင်မြင်ပြီးသည်နှင့် ၎င်းတို့သည် သေမျိုးကမ္ဘာနှင့် ချည်နှောင်ထားသည့် အတားအဆီးများကို ဖြတ်ကာ အဆင့်မြင့်  ကျင့်ကြံနည်းစနစ်များ ကျင့်ကြံရန်အတွက် သင့်လျော်သော မသေမျိုး ခန္ဓာကိုယ်ကို ရရှိစေမည်ဖြစ်သည်။

ဤအချိန်တွင် ကျင့်ကြံသူများသည် လှောင်အိမ်အတွင်းမှ ဖောက်ထွက်ပြီး မသေနိုင်သော ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ တရားဝင်စတင်ကြမည်ဖြစ်သည်။

နေ့တစ်ဝက်ခန့်ကြာသောအခါ အလွန်အမင်း ဉာဏ်ရည် ဉာဏ်သွေးမြင့်မားခြင်းက နာကျင်စေသည့်ကိုယ်ပွား၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး ၎င်း၏ခန္ဓာကိုယ်မှ ကျယ်လောင်သောအသံထွက်လာသည်။

၎င်းက ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးနိုင်ခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက် နားလည်မှု ကိုယ်ပွါးသည် မျက်လုံးဖွင့်ပြီး ဒုတိယမြောက် ဝိညာဉ်ပုံဖော်ခြင်းဆေးကိုယူကာ ဆက်လက်ကျင့်ကြံခဲ့သည်။

ထို့နောက် လင်းရှန်ကိုယ်တိုင်လည်း ဒုတိယမြောက် ဝိညာဉ်ပုံဖော်ခြင်းဆေးကို သောက်သုံးခဲ့သည်။

ကျင့်ကြံရင်း အချိန်တွေကုန်တာ မြန်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ ရောက်သွားချေ၏

လင်းရှန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်မဏ္ဍိုင်သွေးကြော ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။

ဤဝိညာဉ်မဏ္ဍိုင်သွေးကြောအတွက်  သူသည်စုစုပေါင်း  ဝိညာဉ်ပုံဖော်ခြင်းဆေးငါးလုံးကို အသုံးပြုခဲ့ရသည်။ ကျောက်စိမ်းပြွန်၏ ဖော်ပြချက်အရ  ပထမဆုံးဝိညာဉ်မဏ္ဍိုင်သွေးကြော ဖန်တီးရန်အတွက် ဝိညာဉ်

ဆေးပြားငါးပြားကို အသုံးပြုခဲ့ရသော လေ့ကျင့်သူသည် သာမန် အရည်အချင်းရှိသူဟုသာ ဆိုနိုင်သည်။

အထူးအခွင့်အရေးများမရှိဘဲ ထိုသို့သောလူသည် ကျင့်ကြံသူသခင်ဖြစ်လာနိုင်ခြေ ၅၀% အောက်သာရှိသည်။

အဆုံးတွင် သူသည် ကျင့်ကြံသူသခင်ဖြစ်လာလျှင်ပင် ပဉ္စမအဆင့် ဝိညာဉ်မဏ္ဍိုင်

သွေးကြောတစ်ခုသာ ရရှိမည်ဖြစ်ပြီး သူ၏ အနာဂတ်အောင်မြင်မှုများမှာ အကန့်အသတ်ရှိမည်ဖြစ်သည်။ ကံကောင်းထောက်မစွာပဲ လင်းရှန်အနေနဲ့ သူ့အရည်အချင်းက ထူးထူးခြားခြားမဟုတ်မှန်း သိထားပြီးဖြစ်တာကြောင့် 

သိပ်ဂရုမစိုက်ပေ။

နောက်ဆုံးတော့ သူ့မှာ သူ့ကိုယ်ပွားတွေ ရှိနေတုန်းပင်။

ဒါကိုတွေးပြီး လင်းရှန်သည်  သူ့ရှေ့က ကိုယ်ပွါးနှစ်ယောက်ကို မော့ကြည့်ပြီး ပြုံးလိုက်သည်။

မတူညီသော ကိုယ်ပွါးများကြားတွင် လိုအပ်ချက်များ နှင့် အရှိန်အဟုန် ကွာခြားခြင်း ရှိ၊ မရှိကို စစ်ဆေးလိုသောကြောင့် သူသည် ကိုယ်ပွားနှစ်ခုကိုသာ ဆင့်ခေါ်ခဲ့သည်။

စစ်ဆေးမှုရလဒ်က သူ့ကို အံ့အားသင့်စေခဲ့သည်။

အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါးသည် ပထမဆုံးဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးရန်အတွက် ဝိညာဉ်ပုံဖော်ခြင်းဆေး တစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။

ကျောက်စိမ်းပြွန်တွင် ဖော်ပြချက်အရ ထိုသို့သော အရည်အချင်းမျိုးကို တွေ့ရတာ ရှားပေသည် ။ ထိုကိုယ်ပွားကို ပါရမီရှင်အဖြစ် သတ်မှတ်နိုင်သည်။

ဘာတစ်ခုမှ အမှားအယွင်းမရှိခဲ့ဘူးဆိုရင် သူသည် ဒုတိယအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို အောင်မြင်ဖို့ဆိုတာ သေချာတဲ့ အလောင်းအစားတစ်ခုလိုပင်။

“ကျင့်ကြံမှုအမြန်နှုန်းက +၂၀၀%ပဲလေ”  လင်းရှန်က သူ့ဘာသာ တွေးလိုက်သည်။ နားလည်မှုကိုယ်ပွါးကတော့ အဲ့ဒီလောက် အရည်အချင်းမရှိပေ။ ၎င်းသည် ပထမဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးရန်  ဝိညာဉ်ပုံဖော်ခြင်းဆေးသုံးခုကို အသုံးပြုခဲ့ရသည်။

ကျောက်စိမ်းပြွန်၏ ဖော်ပြချက်များအရ ထိုကိုယ်ပွားသည် ကျင့်ကြံသူ သခင်ဖြစ်လာဖွယ်ရှိသည်။

သို့သော် ၎င်းသည်  စတုတ္ထအဆင့်ဝိညာဉ်မဏ္ဍိုင်သွေးကြောရှိရန်သာ အခွင့်အလမ်း မြင့်မားသည်။ တတိယအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို လိုချင်ပါက အခွင့်အလမ်းအချို့ လိုအပ်မည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လင်းရှန်ထက်တော့ အများကြီးသာလွန်နေသေးသည်။

"ငါက အရည်အချင်းအနည်းဆုံးလို့ထင်ရတယ်" လင်းရှန်က ကိုယ့်ကိုယ်ကို နှိမ့်ချစွာပြောသည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြော ဖန်တီးခြင်း လုပ်ငန်းစဉ်အတွင်း သူသည် သူ၏စွမ်းရည်ကို ပြောင်းလဲရန် ကြိုးစားခဲ့သည်။

ကံမကောင်းစွာပဲ သူမှာ ဘယ်လိုစွမ်းရည်တွေပြောင်းသွားပါစေ၊ အဲဒါက ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ရာမှာ အထောက်အကူဖြစ်မှာမဟုတ်ပေ။

ဤစွမ်းရည်များသည်  ကဏ္ဍပေါင်းစုံရှိ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သော အလွန်အမင်းဉာဏ်ကောင်းခြင်းသည် ထိခိုက်စေသည်ဟူသော ကိုယ်ပွါးနှင့် မတူတာကြောင့်  အသုံးမဝင်ပေ။

ဒါ တကယ်ဟုတ်မဟုတ်ကိုတော့ လင်းရှန် အတည်မပြုနိုင်သေးပေ။

သူသည် အလွန်အမင်းဉာဏ်ကောင်းခြင်းသည် ထိခိုက်စေသည့်ကိုယ်ပွါးနဲ့ စမ်းကြည့်ချင်သည်။

သို့သော် သူ့စိတ်ထဲမှာ အလောင်းအစားတစ်ခု ပေါ်လာသည်နှင့်အမျှ လင်းရှန်က စိတ်လျှော့ချလိုက်သည်။

သူ့အသက်ကို မစွန့်ချင်ပေ။

သူ့အသက် ရုတ်တရက် ဆုံးပါးသွားခဲ့ရင် ဒါဟာ ရယ်စရာကြီးပင်။

ကိုယ်ပွါးမှ ဖန်တီးထားသော ဝိညာဉ် မဏ္ဍိုင်သွေးကြောများကို ပေါင်းစပ်၍

မရနိုင်ခဲ့လျှင်ရော ….

လင်းရှန် အမူအရာ ပြောင်းသွားသည်။ အတွေးတစ်ခုဖြင့် အလွန်အမင်းဉာဏ်ကောင်းခြင်းသည် ထိခိုက်စေသည့် ကိုယ်ပွါးသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

နောက်အခိုက်အတန့်တွင် လင်းရှန်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

သူ့အတွင်းစိတ်အာရုံကို စူးစိုက်ကြည့်တဲ့အခါ  သူ့ခန္ဓာကိုယ်မှာရှိသည့် ဝိဉာဉ်မဏ္ဍိုင်သွေးကြောအရေအတွက်ဟာ နှစ်ဆအထိတိုးလာသည်။

"တကယ်ဖြစ်နိုင်တာပဲ”

လင်းရှန် ဝမ်းသာသွားသည် ။

သူ့ခန့်မှန်းချက်က မှန်တယ်လို့ ထင်ရသည်။

ကိုယ်ပွါးများမှ ဖွဲ့စည်းထားသောဝိဉာဉမဏ္ဍိုင်သွေးကြောများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရောနှောနိုင်သည်။

ဤနည်းအားဖြင့် သူသည် ဝိဉာဉ်မဏ္ဍိုင်သွေးကြောများကို ဖန်တီးရန် သူ၏ကိုယ်ပွားကို လုံးလုံးအားကိုးနိုင်ပြီး သူ့၏ကိုယ်ပိုင်စွမ်းရည်ကို ကန့်သတ်ခံရခြင်း မရှိနိုင်ပေ။

All Chapters