ကောင်းကင်ဘုံကို အတူတကွ ဆုတ်ဖြဲခြင်း (၁)
Vol. 16 Ch. 246
ဘုန်း
နတ်ဆိုးတစ်ကောင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သေဆုံးသွားသည်။
ရှီကျင့်ရှန်က သူ့ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ကျန်ဝိညာဉ်ရေးရာ နတ်ဆိုးများ အသတ်ခံရကြောင်းကိုလည်း သူသဘောပေါက်ခဲ့သည်။
"စီနီယာအကိုရှီ ကျွန်တော်တို့သွားမယ့်နေရာနဲ့ ဘယ်လောက်ဝေးလဲ။" အောက်အိမ်တော်တပည့်တစ်ယောက်က ချွေးတွေသုတ်ပြီး မေးသည်။
ရှီကျင့်ရှန်သည် မြေပုံကို ရင်ထဲမှာ အလွတ်ကျက်ထားပြီးသားဖြစ်သည်။ သူက မစဉ်းစားဘဲ ပြန်ဖြေသည် “၁၅ ကီလိုမီတာကျော်လောက် လိုသေးတယ်။ အနည်းဆုံး နှစ်နာရီအတွင်း ရောက်နိုင်တယ်။” တကယ်တော့ လမ်းတလျှောက်ရှိ ဝိညာဉ်နတ်ဆိုးတွေ အများကြီးကိုသတ်ဖို့ ခဏခဏရပ်ရတာကြောင့် မဟုတ်ရင် သူတို့လိုရာကို ရောက်တာကြာပြီပင်။
ကံအားလျော်စွာ မနက်ဖြန် ဝိညာဉ်ဂူဖွင့်တော့မှာကြောင့် အချိန်အများကြီး ကျန်ပါသေးသည်။
တစ်ယောက်က လွဲရင်ပေါ့
မကြားရသေးသော လင်းရှန်အကြောင်းကိုတွေးရင်း ရှီကျင့်ရှန်က သက်ပြင်းချလိုက်သည်။
မလှမ်းမကမ်းတွင် ဖမ်းကျွင်းချင်သည် ရှီကျင့်ရှန်၏အမူအရာကိုမြင်ပြီး လှောင်ပြောင်နေသည်။
ရိုးရိုးသားသားပြောရလျှင် လင်းရှန်ကို သူ မသိပေ။
ဝိညာဉ်ဂူထဲသို့မဝင်မီ ကျောင်းမှလူများနှင့် တွေ့ဆုံခဲ့သော်လည်း ထိုပုဂ္ဂိုလ်အား
သတိမထားမိခဲ့ပေ။
အခြားသူများနှင့်တွေ့ဆုံပြီး လင်းရှန်က သူတို့ကို ကယ်တင်ခဲ့ကြောင်း သိရပြီး ဖမ်းကျွင်းချင်သည် လင်းရှန်ကို မနာလိုဖြစ်လာခဲ့သည်။
နှိုင်းယှဥ်မှုပြုလုပ်ခြင်းသည် အဆိုးဆုံးဖြစ်သည်။
လင်းရှန်သည် အကျပ်အတည်းတစ်ခုအတွင်း ရောက်လာပြီး လူတိုင်းကို ကယ်တင်ခဲ့သည်။ ၎င်းသည် နောက်ဆုံးမိနစ်တွင် ဖမ်းကျွင်းချင် လုပ်ခဲ့သော ထွက်ပြေးခြင်းလုပ်ရပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
လူတိုင်းက ဖမ်းကျွင်းချင်ချင်ကို မထီမဲ့မြင်ပြုကြသော်လည်း လင်းရှန်ကို ချီးကျူးကြသည်။
ဖမ်းကျွင်းချင်သည် ပွင့်လင်းပြီး ရိုးသားသောလူမဟုတ်ပေ။ သူသည် လင်းရှန်ကို တိတ်တဆိတ် မုန်းတီးနေခဲ့တာ ကြာပြီပင်။
လင်းရှန်သည် ကျန်းဝမ်ရင်၏ သွေးဝိညာဉ်ဖြစ်လောက်ပြီဟု တွေးကာ ဖမ်းကျွင်းချင်က အတော်ပျော်ရွှင်စေခဲ့သည်။ ထိုအချိန်က သူ၏ဆုံးဖြတ်ချက်သည် အလွန်ပညာရှိသည်ဟုလည်း သူခံစားမိသည်။
အခြေအနေပိုဆိုးလာတာကို မြင်လိုက်ရတဲ့အခါ ထွက်မပြေးဘူးဆိုရင် လင်းရှန်လိုပဲ အသတ်ခံရမှာပင်။ သူ ဘယ်လို အသက်ရှင်နေနိုင်ပါ့မလဲ။ "တရားမျှတမှုအတွက် အသက်ကို စတေးဖို့လား … အသက် မရှိတော့ဘူးဆိုရင် တရားမျှတမှုကို ရှာဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ။" ဖမ်းကျွင်းချင်က ရယ်မောလိုက်သည်။
ခဏတာ အနားယူပြီးနောက် ခရီးဆုံးသို့ ခရီးဆက်ခဲ့ကြသည်။ လူအုပ်ထဲတွင် အိုက်ကျင့်ထင်က စိုးရိမ်တကြီး သက်ပြင်းချကာ သူမလက်ထဲတွင် တိုကင်ကို ဆုပ်ကိုင်ထားသည်။ လင်းရှန်သည် ရက်အတော်ကြာအောင် ပေါ်မလာသေးဘဲ ဆုံးပါးသွားဖွယ်ရှိသည်ကို သူမကောင်းကောင်းသိသော်လည်း သူအသက်ရှင်နေသေးလောက်သည်ဟူသော နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဤရက်များတွင် သူမသည် တစ်စုံတစ်ခုကို ခံစားသိရှိနိုင်မည်ဟု မျှော်လင့်ကာ ၎င်းကို သူမ၏ ခန္ဓာကိုယ်နှင့် နီးကပ်စွာ ကိုင်ဆောင်ထားခဲ့သည်။
ကံမကောင်းစွာပဲ အဆုံးမှာတော့ သူမ စိတ်ပျက်သွားသည်။
လမ်းတစ်လျှောက်တွင် သူမသည် တိုကင်မှ ဘာကိုမျှ အာရုံမခံစားမိပေ။
အိုက်ကျင့်ထင်သည် သက်ပြင်းချပြီး အဖွဲ့နောက်ကို လိုက်သွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူမ၏ လက်ဖဝါးမှ သင်္ကေတသည် အနည်းငယ် တုန်ခါသွားပြီး တစ်စုံတစ်ခုကို သူမ ခံစားလိုက်ရသည် ။
အိုက်ကျင့်ထင်က ခဏလောက် ထိတ်လန့်သွားသည်။ ထို့နောက် သူမသည် အိပ်မက်မှ နိုးထလာသကဲ့သို့ ငိုကြွေးသံ ထွက်လာကာ အလွန် အံ့သြသွားပုံပေါ်သည်။
အသံကြားတော့ လူတိုင်း လှည့်ကြည့်ကြသည် ။
ရှီကျင့်ရှန်က တစ်ခုခုဖြစ်သွားပြီဟု တွေးပြီး "ဂျူနီယာ ညီမလေးအိုက် ၊ ထူးထူးခြားခြား တစ်ခုခုတွေ့လို့လား"
"တိုကင်က တုံ့ပြန်နေတယ်” အိုက်ကျင့်ထင်က အံ့အားသင့်စွာ အော်လိုက်သည်။
ရှီကျင့်ရှန်သည် တိုကင်ကို အမြန်မထုတ်မီ တစ်ခဏမျှ အံ့အားသင့်သွားသည်။
စူးစူးဝါးဝါး အာရုံစူးစိုက်မှုကို ခံစားမိပြီးနောက် သူလည်း အံ့အားသင့်သွားပုံရသည်။
အဆောင်သည် ကျောင်းမှ တပည့်များ၏ အရောင်အဝါကိုသာ ခံစားပြီး စုပ်ယူထားသည့် တစ်ခုတည်းသော အရာဖြစ်သည်။
ဝိညာဉ်လိုဏ်ဂူထဲသို့ ဝင်ခဲ့ကြသောကျောင်းမှ တပည့် ဆယ့်လေးယောက်တွင် ပါ၀င်သူများမှလွဲ၍ ကျန်တဲ့သူများသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်ခုတည်းသောခြွင်းချက်မှာ သေလား၊ ရှင်လား မသိရသေးသော လင်းရှန်သာ ဖြစ်သည်။
တစ်နည်းဆိုရသော် တိုကင်ကို တုံ့ပြန်နိုင်သူမှာ လင်းရှန်သာ ဖြစ်သည်။ " ညီလေးလင်းက အသက်ရှင်နေသေးတာပဲ” ရှီကျင့်ရှန်က အရမ်းပျော်သွားသည်။
ဤအခိုက်အတန့်တွင် အခြားသူများကလည်းဘာကို ဆိုလိုကြောင်း သဘောပေါက်ကြသည်။ ကျောင်းမှ တပည့်များနှင့် အတွင်းဂိုဏ်းဝင် တပည့်များအားလုံး အလွန်ပျော်ရွှင်နေပုံရသည်။
ဖမ်းကျွင်းချင်၏အမူအရာကသာ မည်းမှောင်သွားပြီး သူ့အံသွားများကို လျှို့ဝှက်စွာ ကြိတ်လိုက်သည်။
ဒီကလေးက ဘာလို့ဒီလောက်ကံကောင်းတာလဲ။
ကျန်းဝမ်ရင်ဆီကတောင် ရှင်သန်နိုင်တာလား
ဖမ်းကျွင်းချင်သည် ကျန်းဝမ်ရင်ဆီမှလွတ်မြောက်ရန် အလွန်အဖိုးတန်သော ရတနာတစ်ခုနှင့် သူ၏ဝှက်ဖဲကို အသုံးပြုခဲ့ရသည်။ ဒါတောင် သူ့အတွက် စိတ်မကောင်းစရာ အခြေအနေဖြစ်နေတုန်းပင်။
အထက်အိမ်တော်တပည့် လင်းရှန်က ကျန်းဝမ်ရင်ကို ဘယ်လိုနည်းလမ်းနဲ့ ဖယ်ရှားနိုင်တာလဲ။
ဖမ်းကျွင်းချင်သည် မည်မျှပင် ခက်ခက်ခဲခဲ တွေးနေပါစေ ၎င်းကို နားမလည်နိုင်ပေ။ သူ အံ့သြပြီး နာကြည်းသွားသည်။
သို့သော်လည်း ယခုအချိန်တွင် ဖမ်းကျွင်းချင်ကို မည်သူမျှ ဂရုမစိုက်ပေ။ လင်းရှန် အသက်ရှင်နေသေးကြောင်းကို တွေ့ရှိပြီးနောက် ရှီကျင့်ရှန်သည် လှည့်ကာ လင်းရှန် ဦးတည်ရာဆီသို့ လူတိုင်းကို ဦးဆောင်ခဲ့သည်။
နာရီဝက်လောက်ကြာတော့ အဝေးက ကောင်းကင်မှာ တိမ်တွေ ရုတ်တရက်ပေါ်လာပြီး သူတို့ဆီ ပျံသန်းလာခဲ့သည်။
နီးကပ်လာသည်နှင့်အမျှ ၎င်းသည် ဦးခေါင်းမော့ကာ အမြီးတွန့်နေသော သက်ရှိတိမ်နဂါးတစ်ကောင်ဖြစ်ကြောင်း လူတိုင်းမြင်လိုက်ရသည်။
ပြီးတော့ တိမ်နဂါးဝိုင်းရံထားတဲ့လူဟာ လင်းရှန်ကလွဲလို့ တခြားသူမဟုတ်ပေ။
"တကယ် ဂျူနီယာ ညီလေးလင်းပဲ”
ရှီကျင့်ရှန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
အိုက်ကျင့်ထင်လည်း စိတ်သက်သာရာ ရသွားသည်။
ကောင်မလေးက စိတ်အေးလက်အေး ဖြစ်သွားပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပွင့်လန်းလာသည်။
ခဏအကြာတွင် လင်းရှန်သည် အေးအေးဆေးဆေး ဆင်းသက်လာကာ တိမ်နဂါးကို ဖြန့်ခွဲလိုက်သည်။ သူသည် လူတိုင်းကို ငုံ့ကြည့်ကာ အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"အကိုရှီတို့ အားလုံး ဘေးကင်းပြီး အဆင်ပြေနေတာကို တွေ့ရလို့ စိတ်သက်သာရာရသွားပါပြီ “
ရှီကျင့်ရှန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှေ့ကို လျှောက်သွားသည်။ သူစကားပြောခါနီးတွင် ရုတ်တရက် ရပ်လိုက်ပြီး လင်းရှန်ကို အကြိမ်အနည်းငယ် ကြည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပလာသည်။ "ညီလေးလင်း၊ မင်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ပြီးပြီလား"
လူတိုင်း အံ့ဩသွားကြသည်။ ထိုမှသာ သူတို့သည် လင်းရှန်ကို ဂရုတစိုက် ကြည့်လိုက်ကြသည်။ အမှန်ပင် သူ့ အရောင်အဝါက ပို၍ အားကောင်းလာကာ ဝိညာဉ်ရေးရာဆိုင်ရာ အရိပ်အမြွက် ရှိသည်ကို သူတို့ သဘောပေါက်လာကြသည်။ ၎င်းသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော စတင်ဖွဲ့စည်းသည့် နိမိတ်လက္ခဏာဖြစ်သည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို မြင်လိုက်ရတော့ လင်းရှန်သည် ဘာမှ ဖုံးကွယ်မထားတော့ပေ။ သူက တည်ငြိမ်စွာပြုံးပြီး “ဒီရက်အနည်းငယ်မှာ တစ်ခုခုရလို့ ကံကောင်းလိုက်တာ၊ ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ ဒါကြောင့် အချိန်နှောင့်နှေးခဲ့ပြီး အကိုတို့နဲ့ တွေ့ဆုံဖို့ အခုမှ အပြေးအလွှား လာရတာ”
သူတို့ မှန်းဆပြီးသားဖြစ်ပေမဲ့ လင်းရှန် ကိုယ်တိုင် ဝန်ခံတာကို ကြားရသည့်အခါ
လူတိုင်းက ချီးကျုးကြ၏
ဝိညာဉ်မဏ္ဍိုင်သွေးကြော ပုံဖော်ခြင်းသည် တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူအားလုံး၏ အိပ်မက်ဖြစ်သည်။
ပထမအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ခြင်းသည် ကျင့်ကြံသူသခင် အဆင့်တွင် ခြေတစ်လှမ်းရောက်နေသည်ဟု ဆိုလိုတာပင်။