ကောင်းကင်ဘုံကို အတူတကွ ဖြိုခွဲခြင်း (၂)
Vol. 16 Ch. 247
အဓိသော့ချက်မှာ သူသည် အခြားခြေတစ်လှမ်း လှမ်းနိုင်သည် ဖြစ်စေ ၊ မလှမ်းနိုင်သည်ဖြစ်စေ ..မရေမတွက်နိုင်သော တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများထက် သာနေသေးသည်။
ထို့အပြင် လင်းရှန်သည် ပါရမီရှင်တစ်ဦးဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်
အောင်မြင်နေချေပြီ။ သူသည် ကျင့်ကြံသူသခင်ထံသို့ ရောက်မည်ကို သံသယဝင်စရာ မလိုပေ။
နောက်တစ်ဆင့်ရောက်ဖို့ အချိန်တစ်ခုပဲ လိုတာပင်။
ဒါကို တွေးကြည့်တော့ လူတိုင်းက အံ့အားသင့်သွားသည်။
လူအုပ်၏နောက်တွင်ရှိနေသည့် ဖမ်းကျွင်းချင်သည် ဖြူဖတ်ဖြူလျော် အမူအရာရှိပြီး သူ့မျက်လုံးများသည် ငြူစူမှုများဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
လင်းရှန်သည် အောင်မြင်စွာ ရှင်သန်နိုင်ရုံသာမက ဝိညာဉ်မဏ္ဍိုင် သွေးကြောတစ်ခုကိုလည်း ပုံဖော်နိုင်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဖမ်းကျွင်းချင်သည်ပင်လျှင် သူ၏ ကျင့်ကြံမှု အဆင့်ကို လုံးဝ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။ သူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်ဆင်းဖို့ အလှမ်းဝေးနေသေးသည်။
လင်းရှန် ဖြစ်ပျက်ခဲ့တာကို မနာလို မဖြစ်ဘဲ မနေနိုင်ပေ။
ဝိညာဉ်မဏ္ဍိုင်သွေးကြောဖွဲ့စည်းပြီးနောက် လင်းရှန်၏ခွန်အားသည် ပိုမိုမြင့်မားသော အဆင့်သို့ရောက်ရှိသွားပြီး သူ၏ခံယူချက်မှာလည်း ပိုမိုပြတ်သားလာသည်။ သူသည် လူအုပ်၏နောက်ကွယ်မှ ဆိုးသွမ်းသော အကြည့်ကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ ဖမ်းကျွင်းချင်၏အကြည့်တွေကို တွေ့လိုက်သည်။
ဖမ်းကျွင်းချင်က ထိတ်လန့်သွားပြီး အပြစ်မကင်းသလို လှည့်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူ့အာရုံထဲ အသိ ပြန်ဝင်လာသည်။ လင်းရှန်ကို ဘာကြောင့် ကြောက်ရမှာလဲ။
ထို့ကြောင့် သူသည် ခေါင်းကိုပြန်လှည့်ကာ လင်းရှန်အား မတုန်မလှုပ် စိုက်ကြည့်နေသည်။
ဒါကိုမြင်တော့ လင်းရှန်က ပြုံးလိုက်သည်။ သူသည် ဤလူအုပ်အား ဂရုမစိုက်တော့ဘဲ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ရှီကျင့်ရှန်အား မေးပြန်သည်။
ထိုအခါ သူကြားခဲ့တာကို ပြန်တွေးမိသွားသည်။
မသေဆုံးမီ ကျန်းဝမ်ရင်၏စကားများကို သုံးသပ်ကြည့်လျှင် သွေးပင်လယ်ဂိုဏ်းသည် ဝိဥာဉ်ဂူထဲတွင် အရန်အစီအစဉ်တစ်ခုရှိသေးသည်။
သို့သော်လည်း သူရော ရှီကျင့်ရှန်ပါလွန်ခဲ့သည့် ရက်အနည်းငယ်က သွေးပင်လယ်ဂိုဏ်း၏ တပည့်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။
သွေးပင်လယ်ဂိုဏ်းမှ ဆုတ်ခွာသွားသည်ဟု လင်းရှန်မထင်ခဲ့ပေ။ ၎င်း၏အစီအမံသည် အရေးကြီးသည့်အချက်သို့ ရောက်ရှိသွားတာဖြစ်နိုင်ပြီး ၎င်းတို့သည် လက်ရှိအချိန်တွင် လူအင်အားကို မဖြုန်းတီးနိုင်တာ ဖြစ်နိုင်သည် ။
လင်းရှန်ကတော့ ထိုသို့ တွေးလိုက်မိသည်။ သွေးပင်လယ်ဂိုဏ်းသည် ဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့ကိုပင် လိုက်လံဖမ်းဆီးခဲ့သည်။ သူတို့သည် ဝိညာဉ်ဂူနောက်မှာ ရှိနေကြတာ သေချာသည်။
တစ်နည်းဆိုရသော် သွေးပင်လယ်ဂိုဏ်းက ဝိညာဉ်ဂူကို သိမ်းယူချင်နေတာပင်။
ထိုသို့ပြုလုပ်ရန် ပထမအဆင့်မှာ ဝိဥာဉ်ဂူ၏ ဝင်ပေါက်ကို ပိတ်ဆို့ပြီး နေကိုးစင်းဂိုဏ်းမှ ဝင်ရောက်ခြင်းကို တားဆီးရန်ဖြစ်သည်။
အဲဒီလိုသာဆိုရင် ဝိညာဉ်ဂူ ဝင်ပေါက်ကို သွေးပင်လယ်ဂိုဏ်းက ဝိုင်းရံနေတာ ကြာပြီပင်။
သူတို့ရှေ့ဆက်လျှောက်ရင် သူတို့ဟာ ကျားတွင်းထဲက သိုးငယ်လို ဖြစ်သွားလိမ့်မည်။
လင်းရှန်နှလုံးသားသည် အနည်းငယ် ဖိစီးသွားသည်။
သူ့စကားကြားပြီးနောက် လင်းရှန်၏ လေးနက်သောအမူအရာကို မြင်တော့ ရှီကျင့်ရှန်က အံ့ဩသွားပြီး ဘာဖြစ်နေတာလဲဟု အလျင်စလိုမေးသည်။
လင်းရှန်သည် ကျန်းဝမ်ရင်ပြောသည့်စကားနှင့် သူ့ကိုယ်ပိုင် ခန့်မှန်းချက်တွေကို ပြောပြသည်။
ဒါကိုကြားတော့ အားလုံးရဲ့ အမူအရာတွေ ပြောင်းသွားသည်။
ယခုအချိန်အထိ ကြုံတွေ့ခဲ့ရသည့်အရာများအရ လင်းရှန်ထင်တာ အမှန်အတိုင်းဖြစ်နိုင်သည် ။
အကယ်၍ သူတို့သာ သွေးပင်လယ်ဂိုဏ်းမှ တပည့်များနှင့်အတူ ဝိညာဉ်ဂူကို မတော်တဆတွေ့ရှိခဲ့ပါက သူတို့လုပ်ရမည့် ပထမဆုံးအရာမှာ ရန်သူအားလုံးကို သတ်ပစ်ပြီး ဝင်ပေါက်ကိုပိတ်ကာ ဝိညာဉ်လှိုဏ်ဂူကို သိမ်းပိုက်မည်ပင်။
“အဲဒါဆိုရင် ငါတို့က အိုးထဲမှာ ပိတ်မိနေတဲ့ လိပ်တွေလိုပေါ့.. ဝိညာဉ်ဂူထဲက မထွက်နိုင်တော့ဘူး…” အောက်အိမ်တော်မှ တပည့်တစ်ဦးက မျက်နှာဖြူဖျော့ဖျော့နှင့် ပြောသည်။
တခြားသူတွေကလည်း စိုးရိမ်နေပုံရသည်။
လင်းရှန်က ခဏလောက်စဉ်းစားပြီး “အဲဒါတော့မဖြစ်နိုင်ပါဘူး” အသံတိုးတိုးနဲ့ ပြောလိုက်သည်။
အားလုံးက သူ့ကို လှည့်ကြည့်တာကို မြင်တော့ လင်းရှန်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ ဝိညာဉ်ဂူထဲကို ဝင်တဲ့အခါမှာ အရမ်းချောမွေ့တယ်၊ ဘာအတားအဆီးမှ မတွေ့ဘူး။ ဆိုလိုတာက သွေးပင်လယ်ဂိုဏ်းက အဲ့အချိန်မှာ ဝင်ပေါက်ကို ပိတ်ထားတာတွေ မလုပ်သေးဘူး..တစ်နည်းအားဖြင့်ပြောရရင် ဒီဝိဥာဉ်လှိုဏ်ဂူကို သူတို့ရှာဖွေတွေ့ခဲ့တာ မကြာသေးပါဘူး”
ရှီကျင့်ရှန်၏ မျက်လုံးများ တောက်ပလာသည်။ သူက ဝမ်းသာအားရ ခေါင်းညိတ်ပြလေ၏
"ဟုတ်တယ်။ ဝိဥာဉ်လိုဏ်ဂူကို ပိတ်ဆို့ဖို့ မလွယ်ဘူး။ ဒီလိုအချိန်တိုလေးအတွင်းမှာ သွေးပင်လယ်ဂိုဏ်းက လှိုဏ်ဂူကို လုံးလုံးပိတ်ဖို့အတွက် လုံလောက်တဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို စုဆောင်းနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ပြင်ပလူတွေ မဝင်နိုင်အောင် ဝင်ပေါက်ကို ယာယီပိတ်ဖို့ ခင်းကျင်းဖွဲ့စည်းခြင်းကို အသုံးပြုတာလို့ ထင်တာပဲ”
“မနက်ဖြန် ဝိညာဉ်ဂူဖွင့်လို့ ငါတို့ မထွက်လာတာကို ဂိုဏ်းကမြင်တဲ့အခါ တစ်ခုခုမှားနေပြီဆိုတာ သူတို့ မြန်မြန်သိလိမ့်မယ်။ ဒီလိုဖြစ်လာတဲ့အခါ ဂိုဏ်းက ဝိညာဉ်ဂူကို အတင်းအကြပ်ဖွင့်ပြီး စုံစမ်းဖို့ လူတွေကို စေလွှတ်လိမ့်မယ်။ အဲ့အခွင့်အရေးကို ယူပြီး ဂိုဏ်းနဲ့ ပူးပေါင်းရမယ်။ ဒီလိုနည်းနဲ့ဆို ဝိညာဉ်ဂူထဲကနေ အပြေးအလွှားထွက်ဖို့ အခွင့်အရေးရနိုင်တယ်။”ရှီကျင့်ရှန်၏ စကားများသည် လူတိုင်း၏ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့သည်။
သွေးပင်လယ်ဂိုဏ်းက ဂူမျက်လုံးမှာ ရှောင်လွှဲလို့မရနိုင်တဲ့ ထောင်ချောက်တစ်ခုကို ထူထောင်ထားမည်ဆိုတာ လူတိုင်းသိသည်။ လူအနည်းငယ်နဲ့ ခွဲထွက်ချင်လျှင် သေခြင်းတရားသည် စောင့်မျှော်နေလိမ့်မည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ မျှော်လင့်ချက်အနည်းငယ်ရှိနေတုန်းပင်။ အဲ့တာက ဘာမှမရှိတာထက် ပိုကောင်းသည်။
“ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရဲ့ ခန့်မှန်းချက်ပဲလေ။ သွေးပင်လယ်ဂိုဏ်းက ဂူမျက်လုံးကို ပိတ်ဖို့ အချိန်တောင်မရှိတာလည်း ဖြစ်နိုင်တယ်” လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးပြသည်။
လင်းရှန် သူတို့ကို နှစ်သိမ့်ပေးနေမှန်း သိပေမယ့် လူတိုင်းက စိတ်မသက်မသာဖြစ်နေကြတုန်းပင်။
ဘာပဲဖြစ်ဖြစ် အခုတော့ စိုးရိမ်စရာတွေက အသုံးမဝင်ပေ။ နက်ဖြန် လှိုဏ်ဂူအဝကို ရောက်ရင် သိမှာပင်။
ဒီအချိန်မှာ ရှီကျင့်ရှန်သည် တစ်ခုခုကို ရုတ်တရက် တွေးပြီး " ညီလေးလင်း ကျန်းဝမ်ရင်ဘယ်မှာလဲ? ဒီရက်ပိုင်း သူ့ကို တွေ့သေးလား။"
လင်းရှန်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် သဘောပေါက်သွားသည်။ သူသည် ကျန်းဝမ်ရင်ထံမှ လွတ်မြောက်သွားပြီဟု ရှီကျင့်ရှန်က ထင်မြင်ခဲ့တာပင်။ လင်းရှန်က ချက်ချင်းပင် ရယ်မောကာ ခေါင်းခါလိုက်သည်။
"ကျန်းဝမ်ရင်က သေသွားပြီ"
ရှီကျင့်ရှန်က အံ့အားသင့်သွားပြီး မသိစိတ်က "သူဘယ်လိုသေတာလဲ"
"ကျွန်တော်သတ်လိုက်တာ” လင်းရှန်၏လေသံသည် သာမန်အရာတစ်ခုကို ပြောနေသကဲ့သို့ ငြိမ်သက်သွားသည်။
သို့သော် ထိုစကားများသည် အခြားသူများ၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
လင်းရှန်က ကျန်းဝမ်ရင်ကိုသတ်လိုက်တာလား။
ကျန်းဝမ်ရင်က လူနှစ်ဆယ်နီးပါးကို ခြိမ်းခြောက်ခဲ့သည်။
ရှီကျင့်ရှန် အပါအဝင် လူတိုင်းသည် မယုံကြည်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
လင်းရှန်က ဒီလိုပြောသူသာမဟုတ်ရင် တစ်စုံတစ်ယောက်က သူ့ကို မေးခွန်းထုတ်မည်ပင်။