← Chapters

ကောင်းကင်ဘုံကို အတူတကွ ဖြိုခွဲခြင်း (၃)

Vol. 16 Ch. 248

ကောင်းကင်ဘုံကို အတူတကွ ဖြိုခွဲခြင်း (၃)

Vol. 16 Ch. 248

သို့သော် လူတစ်ဦးသည် လင်းရှန်ကို လုံးဝမယုံကြည်ပေ။

တိတ်တိတ်ဆိတ်ဆိတ်အချိန်မှာ တစ်စုံတစ်ယောက်ဆီက အသံထွက်လာသည်။

"အဲ့လိုအကြွားသန်လို့ မင်းလျှာကို ထိခိုက်မှာ မကြောက်ဘူးလား"

ဖမ်းကျွင်းချင်သည် သူ့မျက်လုံးထောင့်မှ လင်းရှန်ကို စိုက်ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

"ကျန်းဝမ်ရင်က ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၀ကျော်ကို ဖန်တီးထားပြီး အထူးလက်နက်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူလေ။ သူကတောက်ပသော ဝင်ပေါက်အဆင့်မှာ ပြိုင်ဘက်ကင်းပဲ ။ ဝိဉာဉ်တစ်ခု သို့မဟုတ် နှစ်ခုကို ဖန်တီးနိုင်ရုံနဲ့ သူ့ကို ဘယ်လိုသတ်နိုင်မှာလဲ”

"မင်းကိုယ့်ကို မြှောက်ပင့်ချင်ရင်တောင် ဒါကလုပ်ရမယ့် နည်းလမ်း မဟုတ်ဘူးလေ”

ရှီကျင့်ရှန်၊ အိုက်ကျင့်ထင်နဲ့ တခြားသူတွေက ဖမ်းကျွင်းချင်ကို ချက်ချင်း ဒေါသတကြီး ကြည့်နေသည်။

လင်းရှန် ကျန်းဝမ်ရင်ကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ သံသယရှိသော်လည်း ဤစက်ဆုပ်ဖွယ်လူက လင်းရှန်အား ဆဲဆိုရန် ခွင့်မပြုနိုင်ပေ။

ရှီကျင့်ရှန်က ဒေါသထွက်သွားသည်။ ဖမ်းကျွင်းချင်ကို ကြိမ်းမောင်းတော့မည့် အချိန်မှာပဲ အဝေးကို လှမ်းကြည့်ရင်း သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် အခြားလူများသည် မိုးကုတ်စက်ဝိုင်းပေါ်ရှိ သွေးအလင်းတန်းကို သတိပြုမိကြသည်။

ဥက္ကာပျံများကဲ့သို့ အံ့မခန်းအရှိန်အဟုန်ဖြင့် သွေးနီရောင်အလင်းတန်းငါးခု ပျံ့လွင့်လာသည်။

အကျွမ်းတဝင်ရှိသည့် အေးစက်သော ရောင်ဝါသည် မည်သူလာသည်ကို ပြောနိုင်သည် ။

"ဒါက သွေးပင်လယ်ဂိုဏ်းရဲ့ နောက်လိုက်တွေပဲ” ရှီကျင့်ရှန်၏အမူအရာသည် အလွန်ရုပ်ဆိုးသွားသည်။

သွေးပင်လယ်ဂိုဏ်း၏အစီအစဥ်ကို ဆွေးနွေးနေကြသော်လည်း မျက်စိတစ်မှိတ် အတွင်း လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထိုလူတွေက  ကျန်းဝမ်ရင်လောက် မပြင်းထန်ဘူးဆိုရင်တောင် သွေးအလင်းရဲ့အမြန်နှုန်းကို ကြည့်ရပုံအရ အားနည်းမှာ မဟုတ်ပေ။ ၎င်းတို့သည်  တောက်ပသောဝင်ပေါက် နဝမအဆင့်တွင် ဖြစ်နိုင်သည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်ရာမှ မလွတ်မြောက်မီတွင် အလင်းတန်းငါးခုသည် အဝေးမှ ချဉ်းကပ်လာပြီး ၎င်းတို့ရှေ့သို့ ရောက်နေပြီဖြစ်သည်။

သွေးအလင်းရောင်သည် ပျောက်ကွယ်သွားပြီး လူငါးယောက် ပေါ်လာသည်။ ခေါင်းဆောင်မှာ ရှန်ယန် ဖြစ်သည်။

အေးစက်စက် အပြုံးတစ်ခုသည် ရှန်ယန်မျက်နှာပေါ်တွင် ပေါ်လာပြီး သူသည် လူအုပ်ကြားကို စူးစူးစိုက်စိုက် ကြည့်နေ၏ 

"အတော်လေး ကောင်းတယ်။ ကျန်တဲ့ နေကိုးစင်းဂိုဏ်းက တပည့်တွေအားလုံးက ဒီမှာ ရှိနေပုံပဲ။ သူတို့အားလုံးကို အတူတွေ့တော့ နေရာတိုင်းမှာ ရှာဖွေရမဲ့ အခက်အခဲကိုကျော်နိုင်တာပေါ့”

သွေးပင်လယ်ဂိုဏ်းမှ တပည့်တစ်ဦးက အော်ဟစ်ရယ်မောသည်။ “အစ်ကိုရှန် သူတို့ထဲက တချို့က အလားအလာကောင်းတယ် ။နောက်အရွေ့ကျ လွယ်ကူသွားနိုင်တယ် ။ သူတို့ရဲ့ မူလဝိဥာဉ်တွေကို မဖျက်ဆီးပါနဲ့။ မကြာသေးမီကမှ ကျွန်တော်တို့မှာ သွေးဝိညာဉ်တွေကို သန့်စင်တဲ့ ပစ္စည်းအနည်းငယ် ချို့တဲ့နေတာ”

ကျန်တဲ့သုံးယောက်ကလည်း အတွေးအတူတူပင်။

တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများ၏ ရှေးဦးဝိညာဉ်များသည် ရှားပါးသည်။ အနည်းငယ်ရနိုင်လျှင်ပင် သူတို့သည် ထိပ်တန်းသွေးဝိညာဉ်အချို့ကို သန့်စင်ပေးနိုင်သည်။ သူတို့ခွန်အားအတွက် အတော်လေး အကျိုးရှိမည်ပင်။

မမျှော်လင့်ဘဲ ရှန်ယန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြောသည်  "ဒီလူတွေက ကျန်းဝမ်ရင်ကိုတောင် သတ်နိုင်တာမို့ သူတို့ရဲ့အင်အားကို လျှော့တွက်လို့မရဘူး။ မင်း သူတို့ကို အထင်သေးလို့တစ်ခုခုဖြစ်ရင် မင်းကိုသတိမပေးလို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။"

ဤသို့ပြောပြီးသည်နှင့် သွေးပင်လယ်ဂိုဏ်းမှ တပည့်လေးဦး၏ အပြုံးများသည် ချက်ချင်းပျောက်ကွယ်သွားကာ သူတို့၏အမူအရာများသည် လေးနက်လာသည်။

ကျန်းဝမ်ရင်၏ မောက်မာသော သဘောထားကို မကြိုက်ကြသော်လည်း ကျန်းဝမ်ရင်ခွန်အားသည် ၎င်းတို့အားလုံးထက် များစွာသာလွန်ကြောင်း ဝန်ခံရမည်။

သူတို့သည် တစ်ဦးချင်းတိုက်ပွဲတွင် သူ့နှင့် မယှဉ်နိုင်ပေ။

နှစ်ယောက် တစ်ယောက်ဆိုတောင် ခဏလောက်ပဲ ထိန်းထားလို့ ရမည်။

သူတို့သုံးယောက် ၊ လေးယောက် ဝိုင်းတိုက်ကြတဲ့အခါမှ ကျန်းဝမ်ရင် နဲ့ တန်းတူညီတူလောက်ပင်။

ရှန်ယန်ပါ သူတို့နဲ့ပူးပေါင်းမှ ကျန်းဝမ်ရင်ကို အနိုင်ယူဖို့ ယုံကြည်မှုရှိခဲ့သည်။

နေကိုးစင်းဂိုဏ်းမှ တပည့်များသည် ကျန်းဝမ်ရင်ကို မည်သို့ သတ်ခဲ့သည်ကို မသိသော်လည်း ၎င်းတို့က လုပ်နိုင်ခဲ့သောကြောင့် လျှော့မတွက်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အဲဒါကို သဘောပေါက်တော့ သူတို့လေးယောက်က ပြိုင်ဘက်တွေကို အထင်မသေးတော့ပေ။

သွေးပင်လယ်ဂိုဏ်းမှ တပည့်များက မိမိကိုယ်ကို လျှို့ဝှက်သတိပေးနေကြစဉ် ရှီကျင့်ရှန်နှင့် အခြားသူများ စိတ်ရှုပ်ထွေးသွားကြသည်။

သွေးပင်လယ်ဂိုဏ်း၏ တပည့်ငါးဦးသည် အနီးနားတွင် မည်သူမျှမရှိဘဲ ၎င်းတို့အား သားကောင်ကဲ့သို့ ပြုမူပြောဆိုနေသည်ကို မြင်သောအခါတွင် ဒေါသထွက်ခဲ့ကြသည်။ သို့သော် သူတို့ကြားလိုက်ရသောစကားသည် ထိုနေရာတွင်ပင် အံ့အားသင့်သွားခဲ့သည်။

ကျန်းဝမ်ရင်... တကယ်သေပြီလား။

တစ်ချိန်တည်းမှာပင် အားလုံးက လင်းရှန်ကို လှည့်ကြည့်ကာ လုံးဝကို အံ့သြသွားကြသည်။

လင်းရှန်က ကျန်းဝမ်ရင်ကို တကယ်သတ်ခဲ့တာလား

ဖမ်းကျွင်းချင်လည်း အံ့အားသင့်သွားသည်။

သူ လိမ်ခဲ့တာ မဟုတ်ဘူးလား? ကျန်းဝမ်ရင်ကို တကယ်သတ်ခဲ့တာလား။

သူတို့၏ တုံ့ပြန်မှုသည် ရှန်ယန်၏ အာရုံကို ချက်ချင်း စွဲဆောင်သွားခဲ့သည်။

သူတို့အကြည့်နောက်လိုက်ကြည့်တော့ လင်းရှန် တွေ့လိုက်ရသည်။ သူ့အား ကြိမ်ဖန်များစွာ ကြည့်ပြီးနောက် ရှန်ယန်သည် မျက်လုံးများကို မှိတ်ထားကာ အေးစက်သော အလင်းတန်းများ လင်းလက်လာသည်။

“ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်နေတဲ့ တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူပါလား ။ စိတ်ဝင်စားစရာပဲ။ ကျန်းဝမ်ရင်က မင်းလက်ထဲမှာ သေသွားတာ အံ့ဩစရာ မရှိပါဘူး”

ကျင့်ကြံသူနှစ်ဦးစလုံးသည် တောက်ပသောဝင်ပေါက် နဝမအဆင့်တွင် ရှိလျှင်တောင် ဝိညာဉ်မဏ္ဍိုင်သွေးကြောသည် ကွဲပြားမှုအားလုံးကို လုပ်နိုင်ခဲ့သည်။

တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူသည် ဝိညာဉ်မဏ္ဍိုင် သွေးကြောတစ်ခုကို ပုံဖော်ထားလျှင်ပင် ၎င်းတို့၏ ဝိညာဉ်ရေးရာအနှစ်သာရသည် စတင်ပြောင်းလဲလာပြီး ဝိညာဉ်ရေးရာလမ်းကြောင်းကို ရရှိမည်

ဖြစ်သည်။ ရလဒ်အနေနဲ့ ခွန်အားတွေ တိုးလာမည်ပင်။

ဤနေကိုးစင်းဂိုဏ်းအဖွဲ့မှ တပည့်များကြားတွင် ထိုသို့သော ကျွမ်းကျင်ပညာရှင် ရှိသောကြောင့် ကျန်းဝမ်ရင်ကို သတ်ရန် အတူတကွ လုပ်ဆောင်ခဲ့မည်ဆိုပါက အံ့ဩစရာ မဟုတ်ပေ။

ရှန်ယန်က သူ့ဘာသာ ရေရွတ်နေပေမယ့် အမှန်တရားက သူမှန်းဆထားတဲ့အရာနဲ့ အရမ်းကွာခြားနေတာကို  မသိလိုက်ပေ။

လင်းရှန်သည် ရန်သူများကို ပြုပြင်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူ၏အကြည့်များသည် သွေးပင်လယ်ဂိုဏ်း၏တပည့်ငါးဦးကို ဖြတ်ကျော်သွားကာ ၎င်းတို့အပေါရှိ ဝိညာဉ်ရေးရာကို လျင်မြန်စွာ ခံစားသိရှိ ခဲ့သည်။

ဤလူငါးဦးသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ထားသည့်  တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူများဖြစ်သည်။

သို့သော် သူတို့ ပုံဖော်ထားသော ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက်သည် ကျန်းဝမ်ရင်ထက် များစွာ နိမ့်ကျသည်။ အနည်းဆုံးတော့ လင်းရှန်က သူတို့ဆီက ခြိမ်းခြောက်မှု များများစားစား မခံစားရပေ။

"ဒါပေမဲ့ သူတို့က ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုကို စတင်ဖန်တီးနေပြီဆိုတော့ သူတိူ့မှာ  ဝိညာဉ်ဆေးပြားတွေ ရှိနေနိုင်တယ်”

သူတို့ငါးယောက်ကို လင်းရှန်ကြည့်ရှုသည့်ပုံစံသည် သားကောင်ကို ကြည့်နေသလိုမျိုး ပြောင်းလဲသွားသည်ကို ရှန်ယန်က ရုတ်တရက် သဘောပေါက်လိုက်သည်။

ဤအကြည့်များက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သူက ချက်ချင်းပဲ အေးစက်စက်ပြောသည်။

"တိုက်ခိုက်ကြ..အားလုံးကို သတ်ပစ်”

ပြောပြီးသည်နှင့် ၎င်းတို့ငါးဦးသည် အထူးလက်နက်များကို တစ်ချိန်တည်း ထုတ်ကာ နေကိုးစင်းဂိုဏ်း၏ တပည့်များအား သတ်ဖြတ်ရန် တိုက်ခိုက်ခဲ့သည်။

ဒါကိုမြင်တော့ ရှီကျင့်ရှန် နဲ့ တခြားသူတွေရဲ့အမူအရာတွေ ပြောင်းသွားသည်။ သူတို့ က လက်နက်တွေ မြှင့်တင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ကြသည်။

တစ်ချိန်တည်းမှာပင်  ဖမ်းကျွင်းချင်သည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့မှာ ထွက်ပြေးဖို့ စိတ်ကူးရှိနေပြန်သည်။  ထွက်ပြေးရန်အခွင့်အရေးမရရှိမီ လူတိုင်းတိုက်ပွဲ စတင်မှာကို စောင့်ဆိုင်းနေခဲ့သည်။

“ဒီလူငါးယောက်က တော်တော် အစွမ်းထက်တယ်။ ရှီကျင့်ရှန်လို အမှိုက်က သူတို့ပြိုင်ဘက်  မဖြစ်နိုင်ပါဘူး။ ဒီနေရာကနေ ထွက်ခွါပြီးရင်  ချက်ချင်း ပုန်းဖို့ နေရာကို ရှာရမယ်။ ဝိညာဉ်ဂူက  အတော်လေးအရေးပါတယ်။  ဂိုဏ်းက ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ အားဖြည့်မှုတွေက  အနှေးနှင့်အမြန် ရောက်လာမှာပဲ။  အဲ့ကျ  ငါကယ်တင်ခံရနိုင်ပါတယ်။  ဒီလူမိုက်တွေနဲ့ ကံကြမ္မာကို မျှဝေဖို့ မလိုဘူး”

ဖမ်းကျွင်းချင်သည် အေးစက်စွာ တွေးနေမိသည်။ ထိုအချိန်တွင် သူ့မျက်လုံးထောင့်ကနေ ရုတ်တရက် ဖြတ်သွားတဲ့ အရိပ်အယောင်ကို မြင်လိုက်ရသည်။  သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ ထိုသူသည် လင်းရှန် မှလွဲ၍ အခြားသူ မဟုတ်ပေ။

လူအုပ်ကြားတွင် ပွဲကို စောင့်ဆိုင်းနေသူ သို့မဟုတ် လွတ်မြောက်ရန် အခွင့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းနေသောသူအဖို့ လင်းရှန်၏ လုပ်ရပ်သည် ထင်ရှားလွန်းသဖြင့် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ရှန်ယန်နှင့် သူ့လူများကို ပြင်းပြင်းထန်ထန် တွန်းလှန်နေသော လင်းရှန်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရုတ်တရက် သူ့ဓားကို ခုတ်ချလိုက်သည်။

ပြင်းထန်သော စွမ်းအင်သည် ချက်ချင်း ထွက်ပေါ်လာသော အပူလှိုင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက  အနီရောင်မီးတစ်ခု လင်းသွားသလိုပင်။

အနီရောင်တောက်လောင်နေသော နေမင်းကြီးသည် ရုတ်တရက်ထလာပြီး ရှန်ယန်နှင့် သူ၏လူများကို ဖြိုခွင်းလိုက်ရာ အာကာသတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ရွှေရောင်အလင်းတန်းများ ဖြန်းခနဲ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် လူတိုင်း၏အမြင်တွင် ကျန်ခဲ့သမျှအရာအားလုံးမှာ ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုကာ နစ်မြှုပ်နိုင်သော  ပိုကြီးလာသည့် သွေးနီရောင်နေလုံးကြီးတစ်ခုဖြစ်သည်။

နေ၏ တောက်ပမှုသည် တောင်ပေါင်းတစ်ထောင်ကို ဖုံးလွှမ်းရန် လုံလောက်ပြီး ကောင်းကင်ကို ဖြိုခွင်းနိုင်သည်။

ဤသည်မှာ သူဖြတ်ကျော်ပြီးကတည်းက စစ်မှန်သောကိုယ်ခံပညာအဆင့် နေကိုးစင်းနတ်ဘုရားဓားကို အခြားသူများရှေ့တွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။

All Chapters