← Chapters

အချိန်ကျလာပြီ (၁)

Vol. 16 Ch. 249

အချိန်ကျလာပြီ (၁)

Vol. 16 Ch. 249

ပူလောင်သော အပူလှိုင်းတစ်ခု ပျံ့နှံ့သွားပြီး ဂူအတွင်းမှ အအေးဓာတ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

လူတိုင်း၏မျက်စိရှေ့တွင် နေရောင်သည် လင်းထိန်နေပြီး အလင်းရောင်က မျက်စိစူးစေ၏။ အပူငွေ့ငွေ့များက သူတို့၏ မျက်လုံးများနှင့် နှာခေါင်းထဲသို့ ပြေးဝင်လာသည်။ သူတို့ ဘာမှမတွေးနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့သည်။

အဝေးမှဖြစ်သော်လည်း ရှီကျင့်ရှန်နှင့် အခြားသူများအဖို့ အနီရောင် အလင်းတန်းက စူးစူးရှရှ ဖြစ်နေသည်ဟု ခံစားမိသေးသည်။ အပူလှိုင်းက သူတို့မျက်နှာတွေကို ရိုက်ခတ်ပြီး မီးတောင်ထဲမှာ ရှိနေသလို ခံစားရသည်။

ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နေသည့် ရှန်ယန်နဲ့ သူ့လူတွေက ပိုဆိုးမည်ပင်။

အပူလှိုင်းသည် မြင်သာထင်သာသော အလင်းတန်းတစ်ခုအဖြစ်သို့ ပေါင်းစပ်လုနီးပါး ဖြစ်သွားသည်ကို သူတို့ငါးယောက် ခံစားလိုက်ရသည်။ အပူချိန်ပြင်းထန်သည့် လှိုင်းလုံးတွေက လှိမ့်လာပြီး သူတို့ကို ဝါးမျိုလုနီးပါးပင် ၊

တောက်လောင်နေသော နေရောင်သည် ပြိုကျနေသော တောင်ကြီးတစ်ခုလိုပင်  ၎င်းတို့ကိုဖိနှိပ်ထားကာ  ၎င်းတို့၏ အရိုးများနှင့် အသားများကို ပြာအဖြစ် သုတ်သင်ပစ်လိုသည် ။

သေခြင်းတရားအပေါ် ကြောက်ရွံ့စိတ်က ချက်ချင်းပင် သူတို့ရင်ထဲမှာ ပြည့်နှက်သွားသည်။

ကြီးမားသောဖိအားအောက်တွင် သူတို့ငါးဦးသည် ထိတ်လန့်ဖွယ်အမူအရာများဖြင့် အော်ဟစ်ပြီး သူတို့တွေးနိုင်သော အစွမ်းထက်နည်းစနစ်ကို အသုံးပြုခဲ့သည်။ တောက်လောင်နေသော နေရောင်ကို ရင်ဆိုင်ရင်း သူတို့၏ မျက်လုံးများသည် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။

နောက်အခိုက်အတန့်တွင် ဆူညံသောအော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ပြင်းထန်ပြီး တောက်လောင်နေသော မီးတောက်များသည် ရှန်ယန်နှင့် အခြားသူများကို ချက်ချင်းနစ်မြုပ်သွားစေပြီး သူတို့ရပ်နေသည့်နေရာကို ပူလောင်သောမြေကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

လေလှိုင်းသည် ဖုန်မှုန့်များနှင့်အတူ မီတာငါးရာမှ ခြောက်ရာအကွာသို့ လွင့်စင်သွားသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ကျောက်တုံးများက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

တောက်လောင်နေသော အနီရောင်အလင်းတန်းသည် ရုတ်တရက် ကွယ်ပျောက်သွားသည်။ ရှီကျင့်ရှန်နှင့် အခြားသူများသည် ကီလိုတစ်သောင်းလောက်ရှိသော လေးလံသည့် ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်မှ သိမ်းလိုက်သလို ခံစားလိုက်ရပြီး လှုပ်ခါကုန်၏

သို့သော် သူတို့မှာအသက်ရှုရန် အချိန်မရှိပေ။ သူတို့ အလျင်စလို မျှော်ကြည့်လိုက်တော့ သူတို့ရှေ့က ကီလိုမီတာ တစ်ဝက်လောက်သည် လောင်မြိုက်သွားတာကို တွေ့လိုက်ရသည်။ အနီရောင် အလင်းဖျော့ဖျော့ လေးများနဲ့ အဖုအထစ်လေးများသာ ကျန်ခဲ့သည်။

လွန်ကဲသော အပူရှိန်ကြောင့် ရုတ်တရက် အရည်ပျော်သွားသော သဲပုံတောင်ဖြစ်သွားသည် ။

အားလုံးက သူတို့ရှေ့က မြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။ သူတို့ ပါးစပ်တွေ ခြောက်ခမ်းသွားသလို စကားလည်း မပြောနိုင်ပေ။

ဖမ်းကျွင်းချင်သည် ထိုနေရာတွင် လုံးဝ အံ့အားသင့်သွားသည်။ သူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရက်စက်ကြမ်းကြုတ်သော ရန်သူငါးဦးကို လင်းရှန်သည် တစ်ချက်တည်းဖြင့် အနိုင်ယူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

အဲ့တာက ရှန်ယန်၏ ပြဿနာ မဟုတ်ပေ။

လင်းရှန်က အလွန်အစွမ်းထက်လွန်းတာပင်။

ဒီတိုက်ခိုက်မှု၏ စွမ်းအားက သူတို့နှလုံးသားတွေကို တုန်လှုပ်စေခဲ့သည်။

အဲဒါကတောက်ပသောဝင်ပေါက်အဆင့် စွမ်းအားမဟုတ်တာ သေချာသည်။

ထိုစွမ်းအားသည်  ကျင့်ကြံသူသခင်အဆင့်သို့ ရောက်ရှိသွားသည်ဟူသော အချက်ကို မည်သူမျှ ကန့်ကွက်မည်မဟုတ်ပေ။

ယခင်က ကျန်းဝမ်ရင်ကို သတ်ဖြတ်ခဲ့သည့် လင်းရှန်နှင့် ပတ်သက်၍ သံသယ အရိပ်အယောင်များ ရှိနေရင်တောင် ယခုအခါ ၎င်းတို့သည် သူ့အား ယုံကြည့်နေပြီဖြစ်သည်။

ဖမ်းကျွင်းချင်လည်း သဘောပေါက်သွားသည်။ သူ့ခြေထောက်များသည် ချက်ချင်းပင် အားနည်းသွားကာ လင်းရှန်ကို အကြောက်တရားဖြင့် ကြည့်လိုက်သည်။

လူတိုင်း၏တုံ့ပြန်မှုကို လျစ်လျူရှုကာ လင်းရှန်သည် သူ၏ဓားကို ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်သည်။

သူ၏ သန့်စင်သော ယန်စွမ်အားစွမ်းရည်ဖြင့် မြှင့်တင်ထားသည့် နေကိုးစင်းနတ်ဘုရားဓားသည် မျှော်လင့်ထားသည်ထက် ပို၍ပင် အစွမ်းထက်သည်။ တစ်ချိန်တည်းမှာ နေကိုးလုံး ပေါ်ထွက်ပြီး အဆင့်မြင့်တစ်ခုကို ကျော်သွားပြီပင်။

"ဒီဓားရဲ့ အစွမ်းက  ကျင့်ကြံသူသခင်အဆင့်ကို မရောက်နိုင်ရင်တောင် အားနည်းတော့မှာ မဟုတ်ဘူး”

လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

သူကိုယ်ပွါး၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောနှင့် ပေါင်းစပ်ကာ တိုးမြင့်လာပြီးနောက်

နေကိုးစင်း နတ်ဘုရားဓား၏ စွမ်းအားသည် တိုးတက်ရန် နေရာတစ်နေရာစာ ကျန်သေးသည်။

ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် မီတာ ၁၀၀ အကွာတွင် ရုတ်တရက် ပေါ်လာသည်။

ရှန်ယန်သည် မြေပြင်ပေါ်တွင် မည်းမှောင်နေ၏။

အခြားသွေးပင်လယ်ဂိုဏ်း၏ တပည့်လေးဦးသည် ပြာအဖြစ်သို့ ပြောင်းသွားသည်မှာ ကြာပြီပင်။ အသန်မာဆုံး ရှန်ယန်သာ အသက်ရှင်နေသေးသော်လည်း သူသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကြာရှည်စွာ အသက်ရှင်နေတော့မည်မဟုတ်ပေ။

ရှန်ယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လင်းရှန် လမ်းလျှောက်လာတာကို မြင်တော့ သူက အော်ပြီး လင်းရှန်၏မျက်နှာကို သွေးစွန်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေ၏

“… စစ်မှန်တဲ့ ကိုယ်ခံပညာအဆင့်..မင်း ကျန်းဝမ်ရင်တစ်ယောက်တည်းပဲ သတ်လိုက်တာ…”

"မှန်တယ်။"

လင်းရှန် ခေါင်းညိတ်တာကို မြင်လိုက်ရတော့ ရှန်ယန်က နောင်တရပြီး စိတ်ပျက်သွားသည်။

ဤအဖွဲ့တွင် ထိုသို့သော ကျွမ်းကျင်ပညာရှင် ရှိကြောင်း သူသိခဲ့ပါက သူသည် ဤမျှလောက် လူနည်းစုကို ခေါ်ဆောင်လာလိမ့်မည် မဟုတ်ပေ။

သို့သော် ဝိညာဉ်ဂူထဲသို့ဝင်ခဲ့သော နေကိုးစင်းဂိုဏ်းတပည့်များကြားတွင် စစ်မှန်သော ကိုယ်ခံပညာအဆင့်ကို ကျွမ်းကျင်သော ပါရမီရှင်တစ်ဦးရှိမည်ဟု မည်သူက မျှော်လင့်မည်နည်း။

မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမိပြီး သူ့အသက်ကို ဆုံးရှုံးစေခဲ့သည်။

"သွေးပင်လယ်ဂိုဏ်းက ဂူမျက်လုံးမှာ ဘယ်လိုအစီအစဉ်တွေ ချမှတ်ထားတာလဲ။" လင်းရှန်က မေးသည်။

ရှန်ယန်က အသိအာရုံတွေပြန်ဝင်လာပြီး ကြောက်စရာကောင်းတဲ့ အပြုံးမပြုံးမီ လင်းရှန်ကို အချိန်အကြာကြီး စိုက်ကြည့်နေ၏

“မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဆရာကြီးနဲ့ အကိုမင်က ငါ့တို့အတွက် မကြာ

ခင် လက်စားချေတော့မှာ ။ မင်းတို့အားလုံး ငါနဲ့အတူသေလိမ့်မယ်”

စကားပြောပြီးသည်နှင့် ရှန်ယန်၏မျက်နှာသည် တောက်ပလာပြီး ရှင်းလင်းလာသော်လည်း အမှန်မှာ သေခြင်း၏ လက္ခဏာဖြစ်သည်။

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ စောစောက သိခဲ့ရင် ဒီလောက်ထိ ပြင်းပြင်းထန်ထန် ရိုက်မှာ မဟုတ်ပေ။ ယခု ရှန်ယန်ကိုကြည့်လိုက်တော့ နှိပ်စက်ညှဉ်းပန်းမှုနှင့် စစ်ဆေးမေးမြန်းမှုကို သူ သည်းမခံနိုင်တော့သည်မှာ သိသာသည်။

သူ့ကိုဒီမှာထားခဲ့ရင်တောင် မကြာခင် သေမှာပင်။

ယခုအချိန်တွင် ရှီကျင့်ရှန်နှင့် အခြားသူများသည် ထိတ်လန့်ရာမှ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ရှန်ယန်၏ စကားကို ကြားလိုက်သောအခါ အားလုံး လန့်သွားသည်။

ရှန်ယန်က စီနီယာအကိုမင်ကိုသာ ပြောခဲ့မယ်ဆိုရင် အဆင်ပြေသည်။ သို့သော် "ဆရာကြီး" ဆိုတဲ့စကားလုံးက လူတိုင်း၏နှလုံးသားကို ခုန်ပေါက်သွားစေသည်။

တောက်ပသောဝင်ပေါက် နဝမအဆင့် တပည့်တစ်ဦးအား သင်ကြားနိုင်သည့် ထိုလူသည် ကျင့်ကြံသူသခင်တစ်ဦးဖြစ်သည်မှာ သေချာသည်။

ဝိညာဉ်ဂူထဲတွင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူ သခင်တစ်ယောက် အမှန်တကယ်ရှိနေသည်။

ဤအချက်အလက်သည် လူတိုင်း၏နှလုံးသားကို အောက်ဆုံးအထိ နစ်မြုပ်သွားစေခဲ့သည်။

လူတိုင်း၏အမူအရာများကိုမြင်တော့ ရှန်ယန်က ရယ်နေ၏

သူအသက်မရှည်တော့သော်လည်း သူနှင့်အတူ စစ်မှန်သော ကိုယ်ခံပညာအဆင့်ကို ဆုပ်ကိုင်ထားသော ပါရမီရှင်တစ်ဦးနှင့် နေကိုးစင်းဂိုဏ်း တပည့်တစ်စုကို ဆွဲခေါ်သွားနိုင်ပါက ထိုက်တန်ပါသည်။

အားလုံးက ဒေါသတွေ ထွက်နေကြပေမယ့် ဘာမှ လုပ်လို့ မရပေ။

ထိုအချိန်တွင် လူအုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"ကျွန်တော်မှာ အကြံတစ်ခုရှိတယ်”

လူတိုင်း လှည့်ကြည့်လိုက်ကြသည်။  အဲ့တာက ဖူဝေ့ဖန်ပင်။

သွေးပင်လယ်ဂိုဏ်းမှ ၎င်းတို့အား ခြုံခိုတိုက်ခိုက်သည့်နေ့တွင် ဖူဝေ့ဖန်သည်

ကျန်းဝမ်ရင်ကြောင့်  ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အချိန်အတော်ကြာမှ သက်သာလာသော်လည်း အပြည့်အဝ မသက်သာသေးပေ။ သူ့မျက်နှာသည် သွေးမရှိဘဲ ဖြူဖျော့နေသေးသည်..

All Chapters