အချိန်ရောက်လာပြီ (၂)
Vol. 16 Ch. 250
ဖူဝေ့ဖန်ကိုမြင်တော့ ရှီကျင့်ရှန်က "ညီလေးဖူ၊ မင်းမှာ အကြံဥာဏ်ရှိလား"
ဖူဝေ့ဖန်သည် ရှန်ယန်ကို အေးစက်စွာကြည့်ကာ " ကျွန်တော်တစ်ကြိမ်ကလမ်းစဉ်လွဲတဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ပြီး ဝိညာဉ်ချည်နှောင်ခြင်းကြေးမုံလို့ခေါ်တဲ့ အထူးလက်နက်ကို ရခဲ့တယ်။ အဲ့တာက သေဆုံးသွားသူရဲ့ မူလဝိညာဉ်ကို ဖမ်းယူပြီး စစ်ဆေးမေးမြန်းဖို့ အသုံးပြုနိုင်တယ်။ မူလစိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုအဆင့်က သူအသက်ရှင်နေချိန်မှာ တောက်ပသောဝင်ပေါက် အဆင့်ထက် မကျော်လွန်သရွေ့ သူက မေးခွန်းအားလုံးကို ဖြေပေးလိမ့်မယ်”
"ဝိညာဉ်ချည်နှောင်ခြင်းကြေးမုံ" ဟူသော စကားလုံးကို ကြားသောအခါ ရှန်ယန်သည် ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဤဓမ္မရတနာကို သူသိတာ သိသာသည်။
သူ့အမူအရာကိုမြင်တော့ဖူဝေ့ဖန် ပြောတဲ့စကားဟာ မှန်ကန်ကြောင်း လူတိုင်း ချက်ချင်းသိလိုက်ရပြီး ဝမ်းသာပီတိဖြစ်ကုန်၏
သို့သော် သူတို့ တုံ့ဆိုင်းသွားကြသည်။
ထိုနေရာမှာ ရှိသူတိုင်းသည် ရှေးရိုးစွဲဂိုဏ်းများမှဖြစ်သည်။ သဘာဝအားဖြင့် ၎င်းတို့သည် သွေးပင်လယ်ဂိုဏ်ာင့် ၎င်းတို့သည် ဝိညာဉ်ချည်နှောင်ခြင်းကြေးမုံကို
ငြင်းပယ်ခဲ့ကြသည်။
ဖူဝေ့ဖန်သည် ကျန်းဝမ်ရင်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ သူသည် သွေးပင်လယ်ဂိုဏ်းကို အရိုးထဲထိအောင် မုန်းတီးသည့် အတွက် သွေးပင်လယ်ဂိုဏ်းမှ တပည့်တွေ၏ ရှေးဦးဝိဉာဉ်ကို ဖမ်းဆီးဖို့ သူ့မှာ ဘာခံစားချက်မှ မရှိခဲ့ပေ။ ရှီကျင့်ရှန် တုံ့ဆိုင်းနေတာကို မြင်တော့ သူက ချက်ချင်း အကြံပေးခဲ့သည်။
“အကိုရှီ သွေးပင်လယ်ဂိုဏ်းက ကျွန်တော်တို့ဂိုဏ်းဝင်တွေကို အရင်သတ်ခဲ့တာ.. ဒီလိုလူဆိုးတွေကို ဘာကြောင့် စေတနာထားမှာလဲ။”
ယခုအချိန်သည် စိတ်ပျော့ပြောင်းရမည့်အချိန်မဟုတ်ကြောင်းကိုလည်း ရှီကျင့်ရှန်
သည် သိထားသည်။ သူသည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ 'ညီလေးဖူ အဲ့တာကို မင်းနဲ့ ထားခဲ့လိုက်မယ်”
ဖူဝေ့ဖန်သည် ဤစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။ သူက ရှန်ယန်ကို အေးစက်သော အပြုံးဖြင့် ကြည့်သည်။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် သူ့လက်ဖဝါးထဲတွင် မှောင်မိုက်သောမှန်တစ်ခုပေါ်လာသည်။
ရှန်ယန်အမူအရာသည် တုနှိုင်းမရလောက်အောင် ပျက်ယွင်းခဲ့သည်။ သူပြောဖို့ ပါးစပ်ကို ဖွင့်ထားပေမယ့် ဖူဝေ့ဖန်က သူ့ကို စကားပြောခွင့် လုံးဝမပေးပေ။ သူသည် ရှန်ယန်ကို ဓားဖြင့်ထိုးသတ်လိုက်သည်။
ဖူဝေ့ဖန်သည် ရှေးဦးဝိဉာဉ်ကို ဖမ်းနေချိန်တွင် လင်းရှန်သည် ရှန်ယန်၏ သိုလှောင်
လက်စွပ်ကို ဖယ်ထုတ်လိုက်ပြီး လှည့်ပတ်သွားကြည့်ခဲ့သည်။ အခြားသွေးပင်လယ်ဂိုဏ်းမှ တပည့်လေးဦး၏ သိုလှောင်အိတ်မှ အထူးလက်နက်များကိုလည်း သူတွေ့ရှိခဲ့သည်။
ဒါကို လူတိုင်းမြင်ပေမယ့် ဘာမှမပြောကြပေ။
လင်းရှန်က သူတို့ငါးယောက်ကို တစ်ယောက်တည်း အနိုင်ယူထားတာကြောင့် သူတို့မှာရှိတဲ့ ပစ္စည်းတွေက သဘာဝအတိုင်း သူ့ရမည့် စစ်လက်ကျန်တွေပင်။
ဖမ်းကျွင်းချင်လည်း ဘာမှ မပြောပေ။
ထိုအချိန်တွင် ဖမ်းကျွင်းချင်သည် ဝိညာဉ် လွင့်မတတ် ကြောက်လန့်နေပြီ ဖြစ်သည်။ လင်းရှန်က သူ့ကို သတိမထားမိဖို့ မျှော်လင့်ရင်း ထောင့်တစ်နေရာမှာ ပုန်းနေခဲ့သည်။
အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် လင်းရှန်သည် လူငါးယောက်၏ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ပုံဖော်ခြင်းဆေးကို တွေ့ရှိခဲ့သည်။
၎င်းတို့အနက် ရှန်ယန်၏သိုလှောင်အိတ်တွင် ဝိညာဉ်ပုံဖော်ခြင်းအများဆုံးရှိသည်။ စုစုပေါင်း ၁၅လုံးအထိ ရှိခဲ့သည်။
ကျန်တဲ့ လေးယောက်မှာ ငါးလုံးကနေ ကိုးပြားအထိသာရှိသည်။
အားလုံးကို ပေါင်းလိုက်လျှင် သူတို့ငါးယောက်က လင်းရှန်ကို ဝိညာဉ်ပုံဖော်ခြင်း ဆေးပြား ၄၃ ပြား ပေးခဲ့သည်။ ဒါဟာ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပင်။
“ကောင်းတယ်။ ဝိညာဉ်ပုံဖော်ခြင်းဆေးတွေက အလွန်အမင်း ဉာဏ်ကောင်းခြင်က ထိခိုက်စေသည်ဆိုတဲ့ကိုယ်ပွါးကို ဝိညာဉ်မဏ္ဍိုင်သွေးကြော လေးခုအထိ ထပ်ဖွဲ့စည်းဖို့ လုံလောက်စေတာပဲ”
လင်းရှန် မျက်လုံးများတွင် ပျော်ရွှင်မှု တောက်ပလာသည်။
အခြားသူများထံမှ အရင်းအမြစ်များ ရယူရတာက အမှန်တကယ် မြန်ဆန်သည်။
ကံမကောင်းစွာပဲ ဒီလိုအခွင့်အရေးတွေက ရှားသည်။
လင်းရှန်သည် အရာခပ်သိမ်းကို စီစဥ်ပြီးသောအခါ ဖူဝေ့ဖန်က ရှန်ယန်၏ မူလဝိဉာဉ်ကို အောင်အောင်မြင်မြင် ဖမ်းယူထားပြီး စစ်ဆေးမေးမြန်းမှုကို စတင်ရန် မှန်ထဲသို့ ထည့်ထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူတို့လိုအပ်တဲ့ အချက်အလက်တွေကို ရခဲ့ပေမယ့် သူတို့အပြောအဆိုတွေက လေးနက်လာသည်။
အဆိုးဆုံးအခြေအနေက အခုထိရှိနေတုန်းပင်။
သွေးပင်လယ်ဂိုဏ်းသည် ဂူမျက်လုံးကို ပိတ်ရန်အတွက် မြေအောက် အလောင်းမီးခိုး အခင်းအကျင်းကို အသုံးပြုပြီးဖြစ်သည်။ အခင်းအကျင်းကို ဦးစီးသော ကျင့်ကြံသူသခင်လည်း ရှိလေ၏။
ဤကျင့်ကြံသူ သခင်နှင့်အတူ မြေအောက် အလောင်းမီးခိုး အခင်းအကျင်းနဲ့ဆို နေကိုးစင်းဂိုဏ်းသည် အချိန်တစ်ခုအထိ ဝိညာဉ်ဂူထဲသို့ ဝင်မလာနိုင်လောက်ပေ။
ဤကာလအတောအတွင်း သွေးပင်လယ်ဂိုဏ်း၏ စစ်ကူများ ရောက်ရှိလာပေလိမ့်မည်။
ထိုအချိန်တွင် သွေးပင်လယ်ဂိုဏ်းသည် ဂူ၏မျက်လုံးကို လုံးလုံးပိတ်ပြီး ဝိဥာဉ်ဂူကို ၎င်းတို့အတွက် ယူဆောင်သွားမည်ဖြစ်သည်။
သူတို့ကတော့ အထဲမှာ လုံးဝပိတ်မိနေမည်ပင်။အသတ်ခံရတာ အကောင်းဆုံးရလဒ်ဖြစ်မှာပင်။ သူတို့၏ ရှေးဦးဝိဥာဉ်များကို ဖမ်းယူပြီး သွေးဝိညာဉ်များအဖြစ်သို့ သန့်စင်မှာက ပို၍ဖြစ်နိုင်ချေရှိသည်။
"ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ အကိုလင်းနဲ့ အကိုရှီ" အောက်အိမ်မှ တပည့်တစ်ဦးသည် လင်းရှန်နှင့် ရှီကျင့်ရှန်အား မေးမြန်းခဲ့သည်။
တခြားသူတွေကလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ထိတ်လန့်တကြား မျက်လုံးတွေနဲ့ ပြည့်နေ၏
လင်းရှန်က အသက်ပြင်းပြင်းရှူပြီး “အခု ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်က အရင်က ဆွေးနွေးခဲ့တဲ့အတိုင်း လုပ်ပြီး ခင်းကျင်းမှုကို ဖြတ်ကျော်ဖို့ ကြိုးစားရမှာပဲ”
"မှန်တယ်။"
ရှီကျင့်ရှန်က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီအခြေအနေကနေ ရုန်းထွက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဂိုဏ်းက ဝိညာဉ်ဂူထဲကို ဖောက်ဝင်ဖို့ ကြိုးစားနေချိန်မှာ ငါတို့က မြေအောက် အလောင်းမီးခိုး အခင်းအကျင်းကို တိုက်ခိုက်ဖို့ပါပဲ။
“ ရှန်ယန်ပြောတာတော့ သာမန်အခြေအနေတွေအရ မြေအောက် အလောင်းမီးခိုး အခင်းအကျင်းကို လုပ်ဖို့အတွက် ကျင့်ကြံသူသခင်တွေ အများကြီး လိုအပ်တယ်။ သူတို့သခင်က သူသွေးဝိညာဉ်တွေနဲ့ ခင်းကျင်းဖွဲ့စည်းမှုကို ထိန်းထားတယ် ။ ငါတို့ရှိသမျှအားနဲ့ တွန်းအားပေးနိုင်သရွေ့ အခင်းအကျင်း ဖွဲ့စည်းပုံရဲ့ စွမ်းအားကို ကျိန်းသေပေါက် သက်ရောက်မှုရှိနိုင်မှာပါ..အဲ့တာဆို ဂိုဏ်းက အခင်းအကျင်းကို ချိုးဖျက်နိုင်တဲ့ အခွင့်အလမ်းလည်းတိုးလာမှာ”
"နှစ်ဖက်စလုံး တိုက်ခိုက်တာက မြေအောက် အလောင်းမီးခိုး အခင်းအကျင်းကို ချိုးဖျက်ဖို့ အခွင့်အလမ်းကောင်း ရှိတယ်”
ဤသည်မှာ ယခုတစ်ခုတည်းသောရွေးချယ်ခွင့်ဖြစ်သည်ကို လူတိုင်း သိကြသောကြောင့် စိတ်မသက်မသာခံစားချက်ကို မျိုသိပ်ကာ ခေါင်းညိတ်လိုက်ကြသည်။
ရှီကျင့်ရှန်က ဖမ်းကျွင်းချင်ဘက်ကို လှည့်ကြည့်ကာ လေးနက်စွာ ပြောသည် ။
"ဖမ်းကျွင်းချင် ရှန်ယန်ပြောတာကို မင်းကြားတယ်မလား။ ငါတို့က တစ်လှေတည်း စီးနေတာ ။ ငါတို့သေရင် မင်းလည်း မြန်မြန်သေလိမ့်မယ်။ မင်းဘယ်လိုလုပ်မှာလဲ?"
ဖမ်းကျွင်းချင်ပုံစံသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်။ သူက လင်းရှန်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သွားများကို အံကြိတ်လိုက်သည်။ "ကောင်းပြီ ငါမှာကန့်ကွက်စရာမရှိဘူး”
ရှန်ယန်ကို စစ်ဆေးမေးမြန်းခြင်း မပြုမီတွင် ဖမ်းကျွင်းချင်သည် မျှော်လင့်ချက် အရိပ်အယောင် ရှိနေသေးသော်လည်း ရှန်ယန်ထံမှ ရရှိသော အချက်အလက်များသည် သူ၏ နှလုံးသားအတွင်းမှ နောက်ဆုံးမျှော်လင့်ချက်ကို ချိုးနှိမ်ခဲ့သည်မှာ သေချာသည်။
နောက်ရက်အနည်းငယ်က သူတို့ရဲ့ နောက်ဆုံးအခွင့်အရေးပင်။
အခင်းအကျင်းကို မဖောက်ဖျက်နိုင်ခဲ့ရင် စစ်ကူတွေရောက်လာတဲ့အခါ ဝိညာဉ်ဂူသည် သွေးပင်လယ်ဂိုဏ်းရဲ့လက်ထဲကို ကျရောက်သွားလိမ့်မည်။
နေကိုးစင်းဂိုဏ်းက ဝိဥာဉ်လိုဏ်ဂူကို ပြန်ယူနိုင်လောက်လားဟု ဘယ်သူမှ မသိကြပေမယ့် ဖမ်းကျွင်းချင်ကတော့ အဲဒီအချိန်အထိသေချာပေါက် မရှင်သန်နိုင်ဘူးဆိုတာ သိသည်။
သူသည် သေခြင်းကို ကြောက်သော်လည်း မတုံးအပေ။အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်သာ ဤအကျပ်အတည်းကို လွတ်မြောက်နိုင်မည် ဖြစ်ကြောင်း သူသိသည်။
ဖမ်းကျွင်းချင်၏အဖြေကိုကြားတော့ ရှီကျင့်ရှန်က တခြားဘာမှ မပြောဘဲ အားလုံး လုပ်စရာရှိတာ လုပ်ကြသည်။
သွေးပင်လယ်ဂိုဏ်း၏ နောက်လိုက်များနှင့် ကြုံတွေ့ရမည်ကိုလည်း ဂရုမစိုက်တော့ပေ။