← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

အချိန်တွေကုန်သည်မှာကား မြန်လွန်းလှသည်။ရက်စက်သော တိုက်ပွဲကြီးမှာ မုန်တိုင်းကြီးကဲ့သို့ တဖြည်းဖြည်း ချည်းကပ်လာနေကာ စတင်တော့မည်ဖြစ်သည်။

ဇူလီမြစ်တစ်ဖတ်ကမ်းရှိ ရန်သူများသည်လည်း နေရာယူပြီးနေပုံရသည်။ ဘရွတ်သည်လည်း စစ်သားများအား ခံတပ်သုံးကရိယာများ ထောင်ခြောက်များ နေရာချတပ်ဆင်နေသည်ကို ညွှန်ကြားနေ၏။ချမ်းဘော့ဒ်တိုင်းပြည်၏ တတ်သစ်စ လူငယ်လူရွယ်များလည်း အကူညီပေးရန်ရောက်ရှိနေကြပြီဖြစ်သည်။

သို့သော်လည်း ခံစစ်အင်အားမှာ မလုံလောက်သေးချေ။ဘုရင့်အစောင့်တပ်ဖွဲ့မှ စစ်သားအင်အားမှာ ဒဏ်ရာရ၍တိုက်ပွဲ မဝင်နိုင်သည့်စစ်သားများလည်း ရှိသေးသောကြောင့် ၄၀၀ပင်မပြည့်ချေ။ယခုမှ ဝင်ရောက်လာခါ စစ်ပညာမသင်ကြားရသေးသော အရွယ်ရောက်ပြီး လူငယ် ၁၀၀၀ခန့်လဲရှိနေ၏။ချမ်းဘော့ဒ်တိုင်းပြည်၏ ခံစစ်အင်အားမှာ စုစုပေါင်း ၁၅၀၀ပင်မပြည့်ချေ။

ထိုအင်အားမှာ ရန်သူ၏ သေချာစွာလေ့ကျင့်ပေးထားသော ရန်သူစစ်သား၂၀၀၀နှင့် နှိုင်းယှဥ်ပါက အလွန်ပင် အားနည်းနေ၏။

ကံကောင်းထောက်မစွာပင် ချမ်းဘော့ဒ်တိုင်းပြည်၏ မြေမျက်နှာအသွင်အပြင်အရ အားသာချက်များစွာလည်း ရှိနေသေး၏။ထိုအားသာချက်များရှိနေသည်မှန်သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ အခြေအနေမှာ စိတ်မချရသေးသည်မှာတော့ အမှန်ပင်ဖြစ်သည်။

စွမ်းအားကြီး စစ်သည် သို့မဟုတ် မှော်ဆရာများသည် အေဇာရုတိုက်ရှိ စစ်ပွဲများတွင် များစွာအရေးပါ၏။ ရန်သူ့လက်ထဲတွင် လမ်ဒီကဲ့သို့ စွမ်းအားကြီး စစ်သည်များရှိသေးပါက ချမ်းဘော့ဒ်တိုင်းပြည်အတွက် မျှော်လင့်ချက်မဲ့ပြီဖြစ်သည်။

ဖှေးသည်လည်း ထိုအရာကို အလွန်စိုးရိမ်လျှက်ရှိနေ၏။

နေလဲ တဖြည်းဖြည်းစတင်ထွက်ပေါ်လာပြီဖြစ်ရာ လေထုထဲတွင် ဆောင်းလေအေးနှင့်အတူ တင်းမာမှုများ ဖိအားများနှင့် ပြည့်နှက်လျက်ရှိနေလေသည်။

ဖှေးသည် လဲ ခံတပ်နံရံဘေးတွင် မတ်တပ်ရပ်လျက်တိုက်ပွဲ စတင်မည့်အချိန်အား စောင့်ဆိုင်းနေ၏။

ဖတ်တီး ဂေးလ်တစ်ယောက်လည်း ဖှေးနှင့် မလှမ်းမကမ်းတွင်ရှိနေ၏။ဂေးလ်မှာ အလွန်ကြောက်လန့်လှသဖြင့် ဒူးများပင်တုန်ခါနေသည်။ ကံကောင်းစွာပင် ဘစ်ဇားသည် သူ၏ လူယုံစစ်သားတချို့အား ေဂးလ်ကိုစောင့်ရှောက်ရန် ဝန်းရံထားစေသည်။ သို့မဟုတ်ပါက ဂေးလ်တစ်ယောက်အလွန်ကြောက်လန့်လာပြီး သတိလစ်မေ့မျောသွားလောက်၏။

ဘရွတ်၏ပြောပြချက် အရ ဘစ်ဇားသည် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ယခုတိုက်ပွဲနေရာမှ မထွက်ခွာသေးသည်ကို ဖှေးအံ့သြမိ၏။ဘစ်ဇားသည် တိုက်ပွဲမှတိမ်းရှောင်ရန်မကြိုးစားပဲ သူ့သားဘေးတွင်ရပ်လျက်ရှိနေမည်ဟု မည်သူမျှထင်မထားပေ။

"ဒီအဘိုးကြီးက သူ့သားကိုတော့ တကယ်ဂရုစိုက်တာပဲဟ သူမှာ လူစိတ်တော့ရှိနေသေးတာပဲ ထင်မထားဘူး......."ဖှေး တွေးမိ၏။

ကျုံး၏ တစ်ဖက်တွင် ရန်သူတပ်များသည် စတုရန်းဆယ်ကွက်ပုံ ဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ခံတပ်နံရံအနီးသို့ တရွေ့ရွေ့ချီတပ်လာသည်ကိုတွေ့ရသည်။ရန်သူ၏ ဓားများလှံများသည် နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။

ခံတပ်နံရံပေါ်တွင် တိတ်ဆိတ်နေပြီး လူတိုင်း၏ နှလုံးခုံသံများမှာ ကျယ်လောင်မြန်ဆန်နေသည်။တပ်သားသစ်တစ်ချို့မှာ ဒူးများတုန်ခိုက်ပြီး လက်များချွေးပြန်လာကာ လက်နက်ကိုပင် မြဲမြံစွာမကိုင်နိုင်ကြတော့ချေ။သွေးလွှမ်းသော တိုက်ပွဲမှာ စတင်တော့မည်ဖြစ်ပြီး သေမလားရှင်မလားမည်သူမျှမရေရာချေ သို့သော် သူတို့၏ မိသားစုများအတွက် နောက်လှည့်ရန်မဖြစ်။

"ဒုန်း ဒုန်း ဒုန်း ဒုန်း"

ရန်သူ၏ ခြေသံများဖြစ်သည်။ ညီသာသဖြင့် စည်းချက်ကျကျ ဒရမ်တီးနေသကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းနေသည်။ဇူလီမြစ်အား ကျော်ဖြတ်ရန် ကျောက်တံတားအနီးသို့ရောက်သော် ရန်သူ့တပ်ဖွဲ့မှာ လူဆယ်ယောက် တစ်ဖွဲ့စီမှ လူသုံးယောက်တစ်ဖွဲ့ပုံစံကူးပြောင်းသွားသည်။ ခြေသံတွေမှာ ညီညာဆဲ ဖြစ်သည်။ ချီတပ်လာနေစဥ် ရန်သူများဘက်မှ ခြေသံများမှ လွဲ၍တခြားဘာသံမှမကြားရ။ သေချာစွာလေ့ကျင့်ပေးထားသော လူသတ်စက်များကဲ့သို့ပင်။

ထို့ကြောင့်ဖှေးစိတ်ထဲတွင် မရေရာမှုများပိုများလာသည်။ သူ့ဘေးမှစစ်သားများနှင့် ယှဥ်ပါက ရန်သူ့တပ်များသည် ပိုမို၍ကျွမ်းကျင်ကာ အောင်နိုင်ရန် ခက်ခဲကြောင်းထင်ရှားနေ၏။

နှစ်ဖက်ကြား အကွာအဝေးမှာ ကျဥ်းသထက်ကျဥ်းလာပြီ ဖြစ်သည်။၁၀ မိနှစ်ခန့်လောက်တွင် ရန်သူများသည် ချမ်းဘော့ဒ်တိုင်းပြည်၏ လေးသည်တော်များ ပစ်ခက်နိုင်သည့်အကွာအဝေးသို့ဝင်ရောက်လာမည်ဖြစ်ပြီး စတင်ပစ်ခက်ကာ တိုက်ပွဲစတင်တော့မည်ဖြစ်သည်။

"ချွင်"

ဘရွတ်သူ၏ ဓားကိုဆွဲထုတ်လိုက်ကာ

"လေးသည်တော်တွေ.... အသင့်ပြင်ထား"

"ချွတ် ချွတ်" လေးသည်တော်များ လေးတင်နေသည့်အသံဖြစ်၏။လေးပေါင်းတစ်ရာကျော်မှာ ဆွဲတင်ပြီးဖြစ်၏။ မြှားထိတ်များမှာ သေမင်းများကဲ့သို့ပင် ဘရွတ်၏အမိန့်အား စောင့်ဆိုင်းလျှက်ရှိကြသည်။

သို့ရာတွင်..

"ဒုန်း"

ဒိုင်းများကာပြီး ကိုင်ဆောင်ပြီး ချီတပ်လာသော ရန်သူများမှာ ရုတ်တရက် ရပ်တန့်သွားကြတော့သည်။ဒိုင်းသမားများနောက်ရှိ ဓားသမားများ လှံသမားများတို့လည်း တစ်ညီညွတ်ထဲ ရပ်တန့်သွား၏။ တစ်ယောက်ထဲမှ လုပ်ဆောင်နေသကဲ့သို့ပင် ညီညာလှသည်။

"ဒါဘာသဘောပါလိမ့်" ဖှေး မျက်မှောင်ကြုံ့ကာ အကဲခက်နေ၏။ ရန်သူခေါင်းဆောင်ဘာတွေးနေလဲ ဖှေးမသိချေ။

ဘရွတ်လဲ နားမလည်ချေ သို့သော်ဘရွတ်မှာ စိတ်အေးလက်အေးမနေချေ။"လေးသည်တော်တွေ အသင့်ပြင်ထား အာရုံစိုက်နေ ဘယ်သူမှ နေရာကနေထွက်ခွာခွင့်မရှိဘူးနော်"

အနည်းငယ်ခန့်အကြာတွင် ရန်သူအုပ်စုထဲမှ အမဲရောင်ချပ်ဝတ်များနှင့် စစ်သည်လေးယောက်ခန့်ရှေ့သို့ထွက်လာခဲ့သည်။ သူတို့ထဲမှတစ်ယောက်မှာ ခေါင်းဆောင်းတစ်ခုအား သုံးမီတာခန့်ရှည်သော လှံထိပ်တွက် စွပ်ကာ ကိုင်မြှောက်ထားသည်။

ထိုအရာကိုမြင်သော် ဘရွတ်၏ မျက်နှာအမူအယာမှာပြောင်းလဲသွား၏။ ဓားကိုပြန်သိမ်းပြီး ဖှေးထံသို့ပြေးသွားကာ..

"အရှင်မင်းကြီး ရန်သူက ဆွေးနွေးညှိနှိုင်းချင်နေတယ်"

"ဆွေးနွေးချင်တာလား..."ဖှေးစိတ်ဝင်စားသွား၏။

"ခေါင်းဆောင်းကို လှံထိတ်မှာ စွပ်ပြီးကိုင်မြှောက်တာက ဆွေးနွေးလိုကြောင်း အချက်ပြတာပေါ့..."ဖှေးမှတ်သားလိုက်၏။

"ဒီခွေးသားတွေက သူတို့မှာ အားသာချက်ကောင်းကောင်းရှိနေတာကို ဘာတွေညှိနှိုင်းနေချင်တာလဲမသိဘူး.."ဖှေးတွေးနေ၏။

"သူတို့လေးယောက်ကို အရှေ့တက်လာခွင့်ပြုလိုက်"ဖှေး ဘရွတ်အား အမိန့်ပေးလိုက်သည်။ရန်သူ ခေါင်းဆောင်ဘာတွေကြံစည်နေလဲ ဖှေးသိလို၏။

"ဟုတ်ကဲ့ပါ"

ဘရွတ်စစ်သားတစ်ယောက်ကို ခေါ်ပြီး ဆွေးနွေးမှုကို လက်ခံကြောင်းအချက်ပြန်ပြခိုင်းလိုက်သည်။

ပြန်ကြားချက်ကိုမြင်သော် ရန်သူစစ်သည်လေးယောက်သည် မြင်းများဖြင့် ချမ်းဘော့တိုင်းပြည်၏ ပင်မှဂိတ်ပေါက်အနားထိ စီလာခဲ့သည်။

"ငါ့ဆရာရဲ့ အမိန့်အရ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင် လာရောက်နားထောင်ပေးပါ။"

[အမှတ်စဥ်၁]ဟုအမည်ရသော အမဲရောင်စစ်သည်မှာ လှံတံအားမြေတွင်ထောက်ကာ မည်သူမျှ ဂရုမစိုက်သည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။သူ၏ ကြယ်တစ်လုံးစစ်သည်အစွမ်းကြောင့် နံရံပေါ်ရှိ လူတိုင်းသူ၏ အသံအားကျယ်လောင်ပြတ်သားစွာကြားနိုင်သည်။ သူ၏အသံမှ ထီမမြင်မှုအား လူတိုင်းခံစားလိုက်ရသည်။

"စောက်စကားမရှည်နဲ့ မင်းပြောစရာရှိတာ မြန်မြန်ပြောစမ်း"ဖှေး ကျယ်လောင်စွာပြန်လည်အော်ဟစ်လိုက်သည်။ သူသည်ထိုပုဂ္ဂိုလ်၏ ထီမမြင်သော ဟန်ကြောင့်ဒေါသဖြစ်နေကာ သဘောကောင်းသည့်သူလုပ်နေမည်မဟုတ်ပေ။

ခံတပ်နံရံအောက်ရှိ အမှတ်စဥ်၁ ၏ မျက်ခုံးများ ပင့်တင်သွားသည်။ ကြယ်သုံးလုံးအဆင့်စစ်သည်ကို ဒဏ်ရာရအောင် လုပ်လိုက်သောသူမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်ဟု သူထင်မထားပေ။

"ငါတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ပြောတာက ဘုရင်က ကျပ်မပြည့်ဘူးဆို...ဘယ်လိုများပါလိမ့်..."

အတန်ငယ်ဝေးသောနေရာမှ စောင့်ကြည့်နေသော ငွေရောင်မျက်နှာဖုံးပိုင်ရှင်လည်း အထူးစိတ်ဝင်စားနေသည်။သူ၏မျက်နှာတွင်ပြုံးနေကာ.."စိတ်ဝင်စားစရာပဲဟေ့ ဘုရင်ကို ကိုလိုစီရမ်ကို ရောင်းစားတယ်ဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းမှာပဲ ဟားဟား"

ခံတပ်နံရံအောက်တွင်...

"ဆရာက အလွန်ကြင်နှာတတ်ပြီး သဘောထားကြီးတဲ့အတွက်ကြောင့် မင်းတို့အကုန်လုံးကို အသက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်တယ်။" အမှတ်စဥ်၁ ဂုဏ်ယူစွာအော်ဟစ်လိုက်သည်။ "ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်သေချာနားထောင်ပါ မင်းဂိတ်တံကားတွေကိုဖွင့်ပြီး လက်နက်ချအရှုံးပေးမယ်ဆိုရင် ဝန်ကြီးတွေနဲ့တော်ဝန်မျိုးနွယ်တွေကို ငါတို့က စောင့်ရှောက် ကာကွယ်ပေးမယ်။ မြို့သည်မြို့သားတွေကို ငါတို့က ကျွန်အနေနဲ့ရောင်းစားမယ် လုံးဝမသတ်ဘူး။ဒါပေမယ့်...." အမှတ်စဥ်၁ ၏ အသံအနေထားမှာ ပြောင်းလဲသွား၏။ "မင်းက မိုက်မဲပြီး လက်နက်ချဖို့ ငြင်းဆန်မယ်ဆိုရင်တော့ တိုင်းပြည်ကို သိမ်းပြီးတာနဲ့ ရှိသမျှသူအကုန်သတ်မယ် ဘယ်သူမှ အသတ်ရှင်မှာမဟုတ်ဘူး..."

အမဲရောင်စစ်သည်၏ အသံအား လူတိုင်းပြတ်သားစွာကြားလိုက်၏။

လူတိုင်း၏ တုံ့ပြန်မှုများမှာမတူကြချေ။ ဘစ်ဇား အိုလက်ဂ် နှင့် ဝန်ကြီးများက လက်ခံလိုကြသည်။ တချို့မြို့သားများမှာလဲ အသတ်​သေ သည်ထက်ကျွန်ဖြစ်သည်က တော်သေးသည်ဟုဆိုကာ လက်ခံလိုကြသည်။ သို့သော် လက်နက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လက်နက်မချလိုသည့်သူများလည်း များစွာရှိနေ၏။

လူတိုင်း ဘုရင်အလတ်ဇန္ဒားကိုသာ ကြည့်နေကြသည်။ ဘုရင်ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သောကြောင့်ဖြစ်သည်။

ဖှေးသည်ချက်ချင်းမငြင်းလိုက်သေးပေ။ လူများ၏မျက်နှာပေါ်မှအမူယာများကို မြင်သော်အကြံတစ်ခုရကာ ဖြည်းညင်းစွာပြောလိုက်သည်။"ရန်သူဘက်က ဒီလိုကမ်းလှမ်းလာမယ်လို့ ငါထင်မထားဘူး။ ဒါခက်ခဲတဲ့ရွေးချယ်မှုပဲ မင်းတို့တွေဘယ်လိုထင်လဲ ။"

ဖှေးပြောပြောပြီးချင်း အိုလက်ဂ် မှာ ထကာ"အရှင်မင်းကြီး ကျွန်တော်မျိုးက အရှင့်အတွက်တိုက်ပွဲမှာ သေရဲတိုက်ရဲတဲ့သူပါ။ ဒါပေမယ့် ရန်သူရဲ့ ကမ်းလှမ်းချက်ကိုလည်း အရှင်မင်းကြီး စဥ်းစားသင့်ပါတယ်။ ကျွန်တော်တို့မှာ စစ်သည်အင်အား ၄၀၀အောက်မှာပဲရှိပြီး ဒဏ်ရာရနေတဲ့သူတွေက များနေပါတယ်။ကျွန်တော်တို့ရန်သူကိုခုခံဖို့ခက်ခဲ့နိုင်ပါတယ်။ကျွန်တော်တို့ရှုံးရင်လဲ နန်းတော်ထဲက လူတွေအကုန်သေရပါလိမ့်မယ်။ ကျွန်တော်ကတော့သေရမှာမကြောက်ပါဘူး တိုင်းပြည်ကလူတွေကို စိုးရိမ်လို့ပါ....."

အိုလက်ဂ်သည် စိုးရိမ်သည့်အနေဖြင့်ပြောနေသော်လည်း တကယ်တန်းမှာ မြို့သားများအတွက် ဂရုပင်မစိုက်ချေ။ အိုလက်ဂ်သည်ထောင်မှူးဖြစ်သောကြောင့် ဝန်ကြီးများနည်းတူ သတ်မှတ်ကာ ကာကွယ်မှုရမည်ဖြစ်ပြီး သေစရာလဲမလို ကျွန်ခံစရာလဲမလိုချေ။ ထို့ကြောင့်အရှုံးပေးရန်မှာ လူကြောက်ဖြစ်သော အိုလက်အဖို့အကောင်းဆုံးရွေးချယ်မှုပင်။

လူအများသည် အိုလက်ဂ် အားမယုံသင်္ကါမျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။ အိုလက်ဂ် မှာ သတိထားမိသော်လည်း မသိချင်ယောင်သာဆောင်နေလိုက်၏။

Back

Chapters

Next

All Chapters