အခန်း (၃၁)
Vol. 3 Ch. 31
ပီးရာ့စ်သည် ရှေ့ထွက်လာပြီး အိုလက်ဂ် အားစိတ်ဆိုးစွာ အော်ဟစ်လိုက်သည်။ "ဟေ့ကောင် အိုလက်ဂ် စောက်ကြောက် ပေါက်ကရတွေရှောက်မပြောနေနဲ့ မင်းကသေရမှာပဲကြောက်နေတာ မင်းကထောင်မှူးဆိုတော့ ကျွန်လဲလုပ်ရမှာမဟုတ်ဘူးလေ။ မြို့သူမြို့သားတွေအတွက်ရော မင်းထည့်မတွေးဘူးလား။ကျွန်လုပ်ရတာက သေတာထက်ပိုဆ်ိုးတယ်ဆိုတာကို မင်းရောငါရောလူတိုင်းသိတယ်..."
ထို့နောက်တွက်ပီးရာ့စ်သည် ဖှေးဘက်သို့လှည့်ကာ "အရှင်မင်းကြီးကျွန်တော်တို့ကို တိုက်ပွဲဝင်ဖို့အမိန့်ပေးပါ ကျွန်တော်တို့တွေက နှိမ့်ကျတဲ့ကျေးကျွန်တွေဖြစ်လာမယ့်အစား စစ်မြေပြင်မှာပဲ အသေခံဖို့ဆန္ဒရှိပါတယ်။"ဟုပြောလိုက်၏။
ပီးရာ့စ် သည်အလွန်ပင် စိတ်ခံစားချက်ပြင်းထန်နေ၏။ ဘရွတ်လဲရှေ့ထွက်လာပြီး ဒူးတစ်ဖက်ထောက်ကာ "အရှင်မင်းကြီး ကျွန်တော်လဲ အဲ့ဒီလိုပါပဲ ကျွန်ခံမယ့်အစား တိုက်ပွဲပဲဝင်လိုပါတယ်။"
ကျန်စစ်သားများနှင့် လူငယ်များလည်း ဘရွတ်နှင့်အတူ လိုက်လံဒူးထောက်ကြ၏။
အေဇာရုတိုက်တွင် ကျေးကျွန်များ၏ဘဝသည် သေသည်ထက်ပင် ဆိုးဝါးလှ၏။ သူတို့၏အသတ်များကို သခင်များကသာပိုင်၏။အလုပ်ကြမ်းများစွာကိုနေ့စဥ်လုပ်ကိုင်ကြရသည်။ ကျွန်ဖြစ်သည်မှစ၍ ရောဂါနှင့်ဖြစ်စေ အလွန်မောပန်းလွန်း၍ဖြစ်စေ သေဆုံးကြသည်အထိမျှော်လင့်ချက် ဟူ၍မရှိပေ။သူတို့၏ မွေးဖွားသောကလေးများပင်လျှင် ကျွန်ဘဝသို့ကျရောက်ကြမည်ဖြစ်သည်။
"အရှင်မင်းကြီး ကျွန်တော်တို့အားလုံး ချမ်းဘော့ဒ်တိုင်းပြည်ကို အသက်စွန့်ပြီး ကာကွယ်ဖို့ဆန္ဒရှိပါတယ်။"စစ်သားများသည် သူတို့၏ ငယ်ရွယ်သောဘုရင်အား စိုက်ကြည့်ပြီး လျှောက်တင်လိုက်သည်။ သူတို့၏သွေးများမှာ ဆူပွက်နေပြီဖြစ်သည်။
ဖှေးသည်လည်း ထို့နည်းတူစွာပင်ဖြစ်သည်။ သူ့စိတ်ထဲတွင် ယုံမှားသံသယများ စိုးရိမ်စိတ်များမရှိတော့ပေ။စိတ်ထဲတွင်ရဲရင့်မှုများနှင် ဂုဏ်သိက္ခာများသာ ကျန်ရှိတော့သည်။ထို့နောက်တွင် တစ်ခုခုပြောရန်ကြံရွယ်နေတုန်း အကြံတစ်ခုရကာ ဘစ်ဇားဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။"ငါဘာလုပ်သင့်တယ်လို့ထင်လဲ ဘစ်ဇား"
"ခုခံတိုက်ခိုက်ဖို့က ကျွန်တော်တို့မှာရှိတဲ့အကောင်းဆုံးရွေးချယ်မှုပါပဲ။ ကျွန်တော်တို့ နိုင်ဖို့အခွင့်ရေးရှိပါတယ်။ လက်နက်မချသင့်ပါဘူး အရှင်မင်းကြီး။"ဘစ်ဇား ရိုသေစွာပြန်ဖြေလိုက်သည်။
ဘစ်ဇားအဖြေကြောင့် ဖှေးအံ့သြ သွားသည်။ ဘစ်ဇား အား အရှုံးပေးလိုသည့်လူထဲတွင်ပါဝင်သည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်ဖှေးထိုကိစ္စကို စဥ်းစားနေရန်အချိန်မရှိပေ။ သူဆုံးဖြတ်ချက်ချရတော့မည်ဖြစ်သည်။သူသည်သူ၏သစ္စာရှိသော နောက်လိုက်များအား စိတ်ပြတ်စေလို့မဖြစ်ချေ။ ထို့ကြောင့်ခံတပ်နံရံအစွန်းသို့ လျှောက်သွားကာ"မင်းငါ့စစ်သားတွေရဲ့အဖြေကိုကြားတယ်မလား မင်းတို့ရဲ့ ခိုးကြောင်ခိုးဝှက်ဆရာကိုပြောလိုက် ချမ်းဘော့ဒ်ကိုလိုချင်ရင် ဉာဏ်နီဉာဏ်နက်တွေနဲ့သွေးခွဲဖို့မကြိုးစားပဲ လက်ထဲက ဓားတွေလှံတွေနဲ့ ယောက်ျားပီပီသသတိုက်ယူပါလို့။ချမ်းဘော့ဒ်တိုင်းပြည်က စစ်သားတွေထဲမှာ တိုက်ရဲသေရဲတဲ့သူတွေကြည့်ပဲ။ လက်နက်ချမည့် ငကြောက်တစ်ယောက်မှမပါဘူးကွ။"
ဖှေး၏အဖြေကြောင့် စစ်သားများအားလုံးတက်ကြွကုန်ကြသည်။
ခံတပ်နံရံအောက်တွင်ဖြစ်သည်။
အမဲရောင်စစ်သည်လေးယောက်မှာ မျက်နှာပျက်ကုန်ကြသည်။ ငွေရောင်မျက်နှာဖုံးရှင်၏ ရည်ရွယ်ချက်မှာ ချမ်းဘော့ဒ်တိုင်းပြည်အတွင်း စည်းလုံးမှုပြတ်ပြားကာ သိမ်းပိုက်ရာတွင် ပိုလွယ်ကူစေနိုင်ရန်ဖြစ်သည်။သူတို့သည်ဇီးနစ်အင်ပါယာ၏နယ်မြေအတွင်းသို့ ကျူးကျော်နေခြင်းဖြစ်ရာ သိမ်းပိုက်ခြင်းအချိန်ကြာသွားပြီး ဇီးနစ်အင်ပါယာ သိရှိသွားပါက လုပ်ခဲ့သမျှအရာအားလုံးသဲထဲရေသွန်ဖြစ်သွားမည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်သည် သူတို့၏ ဗျူဟာအား အသုံးချပြီး သူ၏စစ်သည်များကို စိတ်ဓာတ်တတ်ကြွအောင်ပြုလုပ်လိုက်မည်ကို မျှော်လင့်မထားချေ။ငွေရောင်မျက်နှာဖုံးရှင်၏ အစီစဥ်မှာ သဲထဲရေသွန်ဖြစ်ရလေပြီ။
အမှတ်စဥ်၁မှာ အလွန်မခံမရပ်နိုင်ဖြစ်သွားပြီး စတင်ရယ်မောကာ လှံထိပ်တွင်စွပ်ထားသော ခေါင်းဆောင်းအား ခံတပ်နံရံနှင့် ပစ်ပေါက်ခွဲပစ်လိုက်သည်။ ထိုနောက်တွင် သူ၏ လှံတံနှင့် ခံတပ်နံရံအပေါ်ရှိ ဖှေးအားရွယ်ပြီး "မိုက်မဲတဲ့ကောင် ငါ့ဆရာက သဘောထားကြီးပြီး အသက်ရှင်ဖို့အခွင့်ရေးပေးတာတောင် မင်းကသေလမ်းကိုရွေးတယ်ပေါ့။နန်းတော်ကိုသိမ်းပြီးတာနဲ့ မင်းကိုအပိုင်းပိုင်းဖြတ်ပြီး ငါတို့ခွေးတွေကို အစာကျွေးပစ်မယ်ဆိုတာငါအာမခံတယ် ကျပ်မပြည့်တဲ့ဘုရင်"
ထိုသို့ကြုံးဝါးပြီးသော် မြင်းကိုလှည့်ကာ ထွက်ခွာရန်ပြု၏။ ထိုအချိန်တွင် [အမှတ်စဥ်၁]၏ စကားများကြောင့် ဒေါသဖြစ်နေသော ပီးရာ့စ်သည် အနားမှ လေးတစ်ခုယူပြီး ချိန်ကာအော်ဟစ်လိုက်သည်။ "မင်းက ငါတို့ဘုရင်ကို စော်ကားပြီး ကထွက်သွားလို့ရမယ်ထင်နေတာလား... သေစမ်း..."
"ဝှီး" မြှားသည် အမှတ်စဥ်၁ ၏ နောက်ကြောတည့်တည့်သို့ ပျံသန်းသွား၏။ သို့သော်...
"ချွင်"
အမှတ်စဥ်၁မှာ သူ၏ လှံရှည်အား ဝှေ့ရမ်းပြီး မြှားအား လွယ်ကူစွာ ကာကွယ်လိုက်သည်။ထို့နောက်တွင် နောက်သို့လှည့်ကာ ပီးရာ့စ်အားစိုက်ကြည့်ပြီး "ဆံပင်အဖြူရောင်နဲ့ကောင် မင်းရဲ့ခွန်အားက အာနည်းလွန်းနေသေးတယ် မင်းကို ငါမှတ်ထားတယ် တိုက်ပွဲစတာနဲ့မင်းခေါင်းကို ဖြတ်ပြီး ငါ့လှံထိတ်မှာ စွပ်ထားမယ်လို့ ငါကတိပေးတယ်..."
ပီးရာ့စ်သည်လူပုံမှန်ထက်သာလွန်သော ခွန်အားမျိုးရှိသည်မှာ မှန်သော်လည်း အတွင်းအားမရှိချေ။ ကြယ်အဆင့်စစ်သည်တစ်ယောက်ပင်မဟုတ်ပေ။ အမှတ်စဥ်၁သည် ကြယ်တစ်လုံးအဆင့်စစ်သည်ဖြစ်သည်မှာ ကြာလွန်နေပြီဖြစ်သောကြောင့် ပီးရာ့စ်သည် အမှတ်စဥ်၁အား လွယ်ကူစွာဖြင့် ထိခိုက်နိုင်မည်မဟုတ်။
ထို့နောက်တွင် ခံတပ်နံရံပေါ်ရှိလူများ၏ မျက်နှာအား ထီမမြင်သည့်ဟန်ဖြင့် ကြည့်ပြီး ရယ်မောကာ ထွက်ခွာရန်ပြင်သည်။
သို့သော်ထိုအခိုက်တန့်တွင်...
"မင်းရဲ့ခေါင်းကို ဒီနေရာမှာ ထားခဲ့မယ်ဆိုရင်ပိုကောင်းမှာပေါ့....."
ခံတပ်နံရံပေါ်မှ အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး အပြာရောင်စွမ်းအင်အလင်းတန်းများနှင့်အတူ လူတစ်ယောက်ခံတပ်နံရံပေါ်မှ ခုန်ထွက်သွား၏။ထိုပုဂ္ဂိုလ်သည် လေထဲ၌ရှိနေစဥ်မှာပင် သူ၏ဓားကို ဝှေ့ရမ်းလိုက်ပြီး အပြာရောင်လှိုင်းများသည် အလင်း၏ အမြန်နှုန်းဖြင့် အမှတ်စဥ်၁ ထံသို့တဟုန်ထိုးပျံသန်းသွား၏။
"ဒါက..."
ထိုအချိန်တွင် အမှတ်စဥ်၁၏စိတ်ထဲတွင် သေခြင်းနိမိတ်ကိုခံစားလိုက်ရသည်။ထိုစွမ်းအင်လှိုင်းများအား သူ၏ လှံရှည်အမြန်ကြိုးစားကာကွယ်ပြီး ဤအခြေအနေမှလွတ်မြောက်နိုင်သည့် အကြံစဥ်အား လျင်မြန်စွာစဥ်းစားနေ၏။
သို့အသော်...
"ချွတ် ချွတ် ချွတ်"
အပြာရောင်စွမ်းအင်များအား ကာကွယ်တားစီးထားသော အမှတ်စဥ်၁၏ လှံရှည်မှာ တစ်စစီကြိုးပဲ့သွားကာ ပတ်ဝန်းကျဥ်တစ်ခုလုံး ဘာမှမမြင်နိုင်လောက်အောင် အပြာရောင်များတောက်ပကုန်၏။ ထို့နောက်တွင် ထိုပုဂ္ဂိုလ်သည် တစ်ချက်ပြန်ခုန်ပြီး နံရံပေါ်သို့ ပြန်ရောက်ရှိလာခဲ့သည်။သူ၏လက်ထဲတွင် မျက်လုံးနှစ်လုံးဖွင့်လျက်ပင်ရှိသေးသော ခေါင်းတစ်လုံးပင်။
ထိုဦးခေါင်းမှာ အမှတ်စဥ်၁၏ ဦးခေါင်းပင်ဖြစ်တော့သည်။ ထိုဦးခေါင်းအား ကိုင်ထားသည့် ပုဂ္ဂိုလ်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁ စစ်သည် လမ်းပါ့ဒ်ပင်ဖြစ်တော့သည်။
သူ၏ စွမ်းအားတို့ကြောင့် စစ်မြေပြင်ရှိလူများ ထိတ်လန့်အံ့သြကာ တိတ်ဆိတ်နေ၏။
"ဖုန်း"
နံရံအောက်ရှိ အမှတ်စဥ်၁၏ ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်မှာ မြင်းပေါ်မှပြုတ်ကျပြီး လည်ပင်းမှ သွေးများရေပန်းကဲ့သို့ပန်းထွက်လာ၏။မကြာသေးခင်ကမှ ထီမမြင်သည့်ဟန်နှင့် အော်ဟစ်ပြောဆိုနေခဲ့သော အမှတ်စဥ်၁မှာ လမ်းပါ့ဒ်၏ ဓားချက်တစ်ချက်အောက်တွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ သူပီးရာ့စ်အား ကြိမ်းဝါးခဲ့သကဲ့သို့ပင် အဆုံးသက်သွား၏။
တိတ်ဆိတ်နေခဲ့သော လမ်းပါ့ဒ်မှာ ရုတ်တရက်ထွက်ခွာတိုက်ခိုက်မည်ဟု မည်သူမျှထင်မထားပေ။ကြယ်သုံးလုံး အဆင့်စစ်သည်၏ ကြောက်မက်ဖွယ် စွမ်းအင်တို့အား လမ်းပါ့ဒ်ပြသလိုက်ပြီဖြစ်သည်။
"ဖောက် ဖောက် ဖောက်"
ရန်သူများရှေ့တွင်လမ်းပါ့ဒ်သည် သွေးများတစ်စက်စက်ကျနေသော ဦးခေါင်းပြတ်ကိုကိုင်ပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ မက်တပ်ရပ်နေသည်။ ထိုဦးခေါင်း၏ မျက်နှာတွင် ကြောက်လန့်ခြင်းများ နောင်တများမှာ အတိုင်းသားပေါ်လွင်နေ၏။
"ဆွေးနွေးငြိနှိုင်းရေးဦးထုပ်ကို ဖျက်ဆီးပြီး ငါတို့ရဲ့ဘုရင်ကို ခြိမ်းခြောက်တဲ့သူဟာ သေခြင်းနဲ့အဆုံးသက်ရလိမ့်မယ်။
လမ်းပါ့ဒ်သည် သူ၏စွမ်းအင်ကို အသုံးပြုပြီး အော်ဟစ်လိုက်ခြင်းဖြစ်သောကြောင့် ရန်သူစစ်သားတိုင်းပြတ်ပြတ်သားသားကြားလိုက်ရသည်။ မြစ်တစ်ဖက်ကမ်းရှိ ငွေရောင်မျက်နှာဖုံးရှင်ပါကြားလိုက်ရသည်။ လမ်းပါ့ဒ်၏ အသံမှာ မိုးခြိမ်းသံသကဲ့သို့ပင်။
အေဇာရုတိုက်ရှိ ဓလေ့ထုံးတမ်းများအရ ဆွေးနွေးငြိနှိုင်းရာတွင် သဘောတူညီခဲ့သည်ဖြစ်စေ မတူညီခဲ့သည်ဖြစ်စေ အချက်ပြသည့် ခေါင်းဆောင်းအား မဖျတ်ဆီးရပေ။ ဖျတ်ဆီးပါက စစ်ပွဲနတ်ဘုရားအား မလေးမစားလုပ်သည်ဟုယူဆကြသည်။
ဖှေး လမ်းပါ့ဒ်အားကြည့်နေပြီး အံ့သြနေ၏။
"ဒါကတကယ့် စစ်သည်ပါလား.."
မနေ့ကတိုက်ပွဲတွင် လမ်းပါ့ဒ်သည် ရန်သူဘက်မှ ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်နှင့် တိုက်ခိုက်နေရသဖြင့် အစွမ်းမပြလိုက်ရပေ။ သို့သော် လမ်းပါ့ဒ်သည် ကြယ်တစ်လုံးစစ်သည်တစ်ယောက်အား လွယ်ကူစွာပင် နှိမ်နှင်းနိုင်သည်ဖြစ်သည်။
ဖှေးသည် သူ၏ အစွမ်းသည် လမ်းပါ့ဒ်လောက်မကြီးမှန်းသိသော်လည်း အစွမ်းပြရသည်ကိုနှစ်သက်သော ဘုရင်တစ်ပါးဖြစ်သည့်အတိုင်း မက်တပ်ထပြီး ပုဆိန်ကိုဝှေ့ရမ်းကာ အော်ဟစ်လိုက်သည်။
"ထွက်သွားကြစမ်း...."
သူသည် လူရိုင်းဇာတ်ကောင်၏ အစွမ်းဖြစ်သည့် ဟိန်းဟောက်ခြင်းကို အသုံးပြုကာအော်ဟစ်လိုက်ဖြင်းဖြစ်သည်။
သို့သော်ဖှေးနှင့် အမဲရောင်စစ်သည်၃ယောက်၏ အကွာအဝေးမှာ ဝေးကွာလှသောကြောင့် သူတို့ သည်ကြောက်မက်ဖွယ်ဖိအားက်ိုမခံစားရချေ။ အနည်းငယ်ထိတ်လန့်သွားရုံလောက်မျှသာဖြစ်သည်။
သို့သော်ဖှေး၏ပစ်မှတ်မှာ ထိုကြယ်တစ်လုံးစစ်သည်များမဟုတ်။ သူတို့စီးထားသည့် မြင်းများပင်ဖြစ်သည်။