← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

[ဟိန်းဟောက်ခြင်း]၏ စွမ်းအား အာနိသင်မှာ ခံတပ်နံရံအောက်ရောက်ချိန်တွင် သိသိသာသာ လျော့နည်းသွားသော်လည်း သာမန်မြင်းများကိုကြောက်ရွံစေနိုင်ရန်အတွက် လုံလောက်နေသေးသည်။မြင်းများသည် များစွာကြောက်ရွံ့ပြီး ခွန်အားများ ကုန်ဆုံးကာ မြေပေါ်သို့ ပစ်လဲ ကုန်ကြသည်။

မြင်းပေါ်မှာ အမဲရောင်စစ်သည် သုံးဦးလဲ အမြန်ခုန်ဆင်းလိုက်ကြရသည်။

"ဒီမြင်းတွေကတော့......"

မြင်းတွေမှာ ဘယ်လောက်ခေါ်ခေါ်ရိုက်ရိုက် ထမလာတော့ချေ။ သေချာစွာလေ့ကျင့်ပေးထားသော စစ်မြင်းကြီးများမှာ ဝင်ပူးခံထားရသဖွယ်ဖြစ်ပြီး မလှုပ်မယှက်သာ ဖြစ်နေကြနေသည်။

"ဟားဟား ကြည့်စမ်း ဒီကောင်တွေကြောက်နေကြပြီ။"

"ထွက်သွားကြစမ်း ခွေးသားတွေနောက်တစ်ခါဆို မင်းတို့ လက်နက်တွေပါယူလာခဲ့။"

"မင်းတို့ကောင်တွေက ငါတို့တွေကို လက်နက်ချစေချင်တာလား မင်းတို့အိမ်မက်ထဲမှာပဲရလိမ့်မယ်..."

"ချမ်းဘော့ဒ်ကမင်းတို့လိုကောင်တွေ သိမ်းပိုက်တာခံရမှာမဟုတ်ဘူးကွ။ မင်းတို့ကို သင်ခန်းစာပေးမှရတော့မယ်..."

"ဟားဟား ကြောက်နေကြပြီလား မင်းအမေကိုသွားတိုင်လေ..."

ထိုအရာကိုမြင်သော ချမ်းဘော့ဒ် စစ်သားများအားလုံ ရယ်မောကုန်ကြ၏။ တစ်ချို့စစ်သားများမှာ ရန်သူကို မခံချင်အောင် ပြောဆို စိန်ခေါ်လာကြသည်။

"ဒုန်း ဒုန်း ဒုန်း"

စစ်သားများသည် လက်နက်များဖြင့် ဆူညံသံများပြုလုပ်နေကြသည်။လမ်းပါ့ဒ်နှင့် ဖှေးတို့၏ အပြုမူများသည် လူတိုင်း၏ စိတ်ထဲ၏ ကြောက်ရွံ့မှုများအားကွယ်ပြောက်သွားစေသည်။ အကြောက်တတ်ဆုံးစစ်သားများပင်လျှင် တိုက်ပွဲအတွင် ရန်သူအနည်းငယ်အား သတ်ဖြတ်ရန် စိတ်အားထက်သန်နေကြသည်။

...........

...........

ဇူလီမြစ်တစ်ဖက်ကမ်းတွင်ဖြစ်သည်။

ယခင်က သက်သက်သာသာဖြင့် အခြေအနေကို စောင့်ကြည့်နေခဲ့သော ငွေရောက်မျက်မှာဖုံးရှင်မှာ ယခုအခါတွင် အလွန်မခံမရပ်နိုင်ဖြစ်နေပြီ ဖြစ်သည်။သူသည် ထိုဆွေးနွေးညှိနှိုင်းမှုကို အသုံးပြုပြီး ချမ်းဘော့ဒ် တိုင်းပြည်အတွင်းတွင် စည်းလုံးမှု ပြိုကွဲရန်အတွက် စီစဥ်ထားခဲ့သည်။အကယ်၍ ချမ်းဘော့ဒ် လက်နက်မချခဲ့လျှင်တောင် စည်းလုံးမှု ပြိုကွဲနေပြီဖြစ်သောကြောင့် တိုက်ခိုက် သိမ်းပိုက်ရာတွင်များစွာလွယ်ကူစေမည်ဖြစ်သည်။

သို့သော် အခြေအနေများသည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

[အမှတ်စဥ်၁]ဒေါသဖြင့် မိုက်မဲစွာပြုမူခဲ့သော အပြုအမူသည် ဆွေးနွေးညှိနှိုင်းမှု၏ စည်းမျဥ်းများကိုဖောက်ဖြတ်မိသွားရာ ချမ်းဘော့ဒ်အား အမှတ်စဥ်၁ကို သတ်ဖြတ်ရန်အတွက် အကြောင်းပြချက် ခိုင်ခိုင်မာမာပေးခဲ့သည်။အမှတ်စဥ်၁အာစ ဆုံးရှုံးလိုက်ရသည်သာမက ချမ်းဘော့ဒ် စစ်သားများ စိတ်ဓာတ်တက်ကြွသွားပြီး မိမိဘက်မှ စစ်သားများအတွက် စိတ်ဓာတ်ကျဆင်းသွားစေသည်။

"္ီးပဲကွာ"

ငွေရောင်မျက်နှာဖုံးရှင်သည် ဆဲဆိုခြင်းမှတစ်ပါး တစ်ခြား မတက်နိုင်ချေ။ဘာ့ကြောင့်မှန်းတော့မသိ ချမ်းဘော့ဒ် ကိုသိမ်းပိုက်ရန်မှာ ထင်သလောက်လွယ်ကူမည်မဟုတ်ကြောင်း ငွေရောင်မျက်နှာဖုံးရှင်ခံစားနေရသည်။

"ဆရာ့အဲ့ မာနထောင်လွှားနေတဲ့ ကြယ်သုံးလုံးစစ်သည်ကို သတ်ခွင့်ပေးပါဆရာ.."

လမ်ဒီမှာ ရှေ့ထွက်လာပြီး တိုက်ပွဲ စရန်တောင်းဆိုလိုက်သည်။တစ်ခြားအမဲရောင် စစ်သည်များလည်း စိတ်မရှည်ကြတော့ချေ။

သူတို့၏ လူများအား ချမ်းဘော့ဒ်ဘက်မှတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နေခြင်းမှာ ငွေရောင်မျက်နှာဖုံးရှင်၏ လူရုံဖြစ်သော ၄င်းတို့အား စော်ကားနေသကဲ့သို့ခံစားရသည်။ထို့ကြောင့်ချမ်းဘော့ဒ်အား အမြန်သိမ်းပိုက်ပြီး မြို့တွင်းရှိလူများအား အကုန်သတ်ဖြတ်ရန်မစောင့်နိုင်တော့ချေ။

သို့သော်....

ငွေရောင်မျက်နှာဖုံးရှင်မှာ မြင်းဇာတ်ကြိုးအား တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ အလွန်တင်းကြပ်စွာ ဆုပ်ကိုင်ထားသော​ကြောင့် လက်ချောင်းများပင် ဖြူဖက်ဖြူယော်ဖြစ်နေ၏။သူ၏စိတ်ထဲတွင်ရှိသော ဒေါသအား ထိန်းချုပ်နိုင်ရန်​​ကြိုးစားနေခြင်းပင်ဖြစ်သည်။

ထို့နောက်တွင် တစ်ခဏအကြာတွေးပြီးနောက် လက်ကာပြကာ သူ့လူများကိုတားလိုက်သည်။ "နေဦး နေ့လည်စာစားပြီးချိန်မှ စတိုက်ခိုက်မယ်။"

လမ်းဒီအပါဝင် အမဲရောင်စစ်သည်များ အံ့သြကုန်ကြသည်။ထိုကဲ့သို့သော အမိန့်ပေးလိမ့်မည်ဟုထင်မထားပေ။

"ဒီကောင်တွေက အခုချိန်မှာ အတော် စိတ်ဓာတ်တက်ကြွနေကြတယ်။ ငါတို့တွေအခုချိန်မှာ တိုက်ခိုက်မယ်ဆိုသူတို့ဘုရင်ရဲ့ အကွက်ထဲ ငါတို့ရောက်သွားလိမ့်မယ်..."ငွေရောင်မျက်နှာဖုံးရှင်သည် ချမ်းဘော့ဒ် အား သူ၏ မြင်းကြာပွတ်နှင့် ရွယ်ပြီး "နေ့လည် သူတို့တွေအရှိန်သေပြီ ဆိုမှဝင်တိုက်ကြမယ်။ ငါနန်းတော်ကို နာရီဝက်အတွင်း သိမ်းပိုက်ပြီး ဖြစ်ချင်တယ်။သိမ်းပိုက်ပြီးရင် ငါတို့လူတွေအတွက် လက်စားချေတဲ့အနေနဲ့ ချမ်းဘော့ဒ် တိုင်းပြည်မှာရှိတဲ့လူအကုန်လုံးကို ၃ရက်ဆက်တိုက် အကုန်ကွပ်မျက်ပစ်မယ်။"ဟုကြိမ်းဝါးပြီး မြင်းကိုလှည့်ကာ စခန်းသို့ပြန်ရန်ပြင်သည်။

........

........

ခံတပ်နံရံပေါ်တွင်ဖြစ်သည်။ သုံးမိနှစ်အကြာတွင် ဘရွတ်နှင့် ဖှေးတစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။

လမ်းပါ့ဒ်သည် အမဲရောင်စစ်သည် အားသတ်လိုက်ပြီးချိန်တွင် ရန်သူ့တပ်များဒေါသတကြီး စတင်ဝင်ရောက်တိုက်ခိုက်တော့မည်ဟု နံရံပေါ်ရှိလူများအားလုံး ထင်ထားကြသည်။ နံရံပေါ်ရှိစစ်သားများအားလုံးလဲ တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် သုံးမိနှစ်ခန့်ကြာသွားပြီဖြစ်သော်လည်း ရန်သူများစတင်မတိုက်ခိုက်လာသေးချေ။ရန်သူ၏ နေရာချထားမှုမှာ ယခင်အတိုင်းသာဖြစ်သည်။ လေးသည်တော်များ ပစ်ခက်နိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက်မှုမရှိသေးချေ။

ဖှေးလည်း စိတ်ရှုပ်နေ၏။ ရန်သူ့ခေါင်းဆောင်ခေါင်းအား မြင်းကန်မိသလားဟုပင် ထင်နေသည်။ ရန်သူဘက်မှ ဘာတွေးနေသည်ဆိုသည်အား နားမလည်ချေ။

ဖှေးဘေးတွင်ရှိသော ဘရွတ်လဲ အလေးအနက်စဥ်းစားနေသည်။ ရန်သူ့ခေါင်းဆောင်၏ ရည်ရွယ်ချက်မှာ ခန့်မှန်းရန်ခက်ခဲနေသည်ဟု ထင်မိသည်။မုန်တိုင်းကဲ့သို့လာရောက်မည်ဟု ထင်မှတ်ထားသော တိုက်ပွဲမှာ မဖြစ်ပွားခဲ့ချေ။ သို့သော်လည်း ပို၍ ပြင်းထန်ကြမ်းတမ်းမည့်တိုက်ပွဲစတင်ရန် အစပျိူးနေပြီဖြစ်သည်။

ဘုရင်အလတ်ဇန္ဒားမှ ခန့်အပ်ထားသော အထွေထွေခေါင်းဆောင်ရာထူးအရ ဘရွတ်သည် မိမိတွင် တာဝန်ရှိသည်ဟုယူဆထား၏။ ထို့ကြောင့်ပင် ရန်သူ့ခေါင်းဆောင်၏ ရည်ရွယ်ချက်အား သိရှိရန် အမြန်စဥ်းစားတွေးခေါ်နေ၏။

အချိန်အနည်းငယ်တွေးပြီးသော် နန်းတော်အား ဝန်းရံနေသောတောင်တန်းများအား ဘရွတ်တစ်ချက်ကြည့်လိုက်သည်။ရန်သူများ တောင်တန်းများရှိရာ ဘေးဘက်များမှဝင်ရောက်ရန် ကြိုးစားနေမည်ကိုလဲ စိုးရိမ်သောကြောင့် စစ်သားတစ်ချို့အား သွားကြည့်စေသည်။

နောက်ထက်အချိန်၁၅မိနစ်ကုန်ဆုံးသွားပြီဖြစ်သည်။

ခံတပ်နံရံပေါ်ရှိလူများ၏ အခြေအနေမှာလည်း စတင်ပြောင်းလဲစ ပြုနေပြီဖြစ်သည်။စစ်သားတစ်ချို့မှာ စတင်၍ အေးအေးဆေးဆေးနေလာကြသည်ကိုဖှေးသတိထားမိသည်။လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခြင်းမျိုးမရှိတော့ပဲ မျက်လုံးများမှာလဲ အာရုံစူးစိုက်မှုမရှိတော့ချေ။ယခင်က စစ်သားများ၏အခြေအနေမှာ အဆုံးထိတင်ထားသော လေးများကဲ့သို့ပင် ​ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေကြသည်။ ယခုအခါတွင် ထိုကဲ့သို့ မဟုတ်တော့ချေ။

အခြေအနေမှာ သိပ်မကောင်းတော့ချေ စစ်သားများ၏ စိတ်အားထက်သန်မှု စိတ်ဓာတ်တက်ကြွမှုများမှာ ရန်သူ၏ထူးဆန်းသော အပြုအမူကြောင့် အားနည်းစပြုလာပြီဖြစ်သည်။

"သေစမ်း ဒါရန်သူ့ခေါင်းဆောင်ရဲ့အကြံများဖြစ်နေမလား..."

ဖှေးထိတ်လန့်သွားသည်။

"တစ်ခုရှင်းသွားတာက ရန်သူ့ခေါင်းဆောင်က ငါထင်ထားတာထက် ပိုပါးနပ်ပြီး ဗျူဟာများတဲ့ကောင်ဆိုတာ သေချာသွားပြီ။အဲ့ကောင်က ကိုယ့်ကိုယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီးတော့ လူတွေရဲ့စိတ်ကိုလဲ ကောင်းကောင်းနာလည်တာပဲ..။ငါဘာလုပ်ရင်ကောင်းမလဲ....."

ရန်သူ၏ အစီစဥ်အားနားလည်သွားပြီဖြစ်သော်လည်း ပြန်လည်တုန့်ပြန်ရန်နည်းလမ်းအား ဖှေးရှာမရဖြစ်နေသည်။

စစ်သားများစိတ်အားထက်သန်နေဆဲတွင်တိုက်ပွဲစတင်ရန်အတွက် ချမ်းဘော့ဒ်ဘက်မှ စတိုက်ရန်မှာလဲ မဖြစ်နိုင်ချေ။ချမ်းဘော့ဒ်တိုင်းပြည်မှာ စစ်အင်အားပို၍ နည်းသောကြောင့် မြေမျက်နှာသွင်ပြင်၏ အားသာမှုကိုယူကာ ရန်သူနယ်မြေထဲစတင်ဝင်ရောက်လာချိန်ကို စောင့်ရမည်ဖြစ်သည်။ ရန်သူ့ဘက်ကို သွားတိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးနေသကဲ့သို့ပင်ဖြစ်တော့မည်။

သို့သော်အချိန်ကြာလာပါကလဲ မိမိစစ်သားများမှာ ဖိအားများအောက်တွင် စတင်ကြောက်ရွံ့လာကြ​တော့မည်ဖြစ်သည်။

အချိန်အနည်းငယ်ခန့်တွေးပြီးသော်။ဖှေး ဘရွတ်ကိုခေါ်ပြီး စစ်သားများအား အုပ်စုနှစ်ခုခွဲစေသည်။ အုပ်စုတစ်စုသည် ရန်သူ့အခြေအနေအားစောင့်ကြည့်နေရမည်ဖြစ်ပြီး တစ်ခြားအုပ်စုတစ်ခုသည် အနားယူနေရမည်ဖြစ်သည်။ အနားယူခြင်းနှင့် စောင့်ကြည့်ဖြင်းအား အုပ်စုနှစ်ခုမှာ တလှည့်စီပြုလုပ်သွားရန်ဖြစ်သည်။

ထို့အစီစဥ်သည် ယခုအချိန်တွင် စစ်သားများအား နိုးနိုးကြားကြားရှိစေရန် အကောင်းဆုံးဖြစ်သည်။မိနှစ်နှစ်ဆယ်ခန့်အကြာတွင် နေလည်းထွက်လာပြီဖြစ်သည်။ ပတ်ဝန်းကျင်မှာ အနည်းငယ်ပူနွေးစပြုလာပြီဖြစ်သည်။ အပူချိန်နှင့် ဖိအားများကြောင့် စစ်သားများချွေးပြန်လာသည်။

ဖှေးခံတပ်နံရံပေါ်မှနေ၍ ရန်သူအား ပို၍ ဂရုစိုက်စွာဖြင့် လေ့လာကြည့်လိုက်သည်။ရန်သူမှာ တိုက်ခိုက်မည့်ပုံမရှိသေးချေ။ ထို့ကြောင့် ဒီတိုင်းထိုင်မနေရန် ဆုံးဖြတ်လိုက်သည်။

မိနစ်တိုင်း စက္ကန့်တိုင်းမှာ ဖှေးအတွက်အရေးကြီးလှသည်။ ဖှေးဒိုင်ယာဘလိုကမ္ဘာထဲသို့သွားပြီး သူ၏ အစွမ်းများကို တိုးမြှင့်ရန်ကြိုးစားရမည်ဖြစ်သည်။ထိုသို့တိုးမြှင့်နေခြင်းမှာ ဒီအတိုင်းထိုင်စောင့်နေသည်ထက် အကျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ထို့နောက်တွင် ဖှေး ခံတပ်မျှော်စဥ်အတွင်းသို့ ဝင်ကာ ပီးရာ့စ်အား တံခါးတွင် အစောင့်ထားခဲ့သည်။ထို့နောက်တွင် မျက်လုံးများမှိတ်ပြီး ထူးဆန်းသောအသံနှင့် အဆက်သွယ်ရရှိရန်ကြိုးစားသည်။

ချက်ချင်းပင်အဆက်သွယ်ရရှိလိုက်လေသည်။

"စိတ်စွမ်းအားလုံလောက်ပါတယ်...... စိတ်ဝိညာဥ်လှိုင်းများကို ဖတ်ရှုပြီး အတည်ပြုပါတယ်.... ဒိုင်ယာဘလိုကမ္ဘာအား စတင်ဝင်ရောက်နေပါပြီ......"

အပိုင်း၃၃ ဆက်ရန်......

All Chapters