အခန်း (၃၃)
Vol. 3 Ch. 33
ဖှေး လူရိုင်းဇာတ်ကောင်ကိုပင် ထက်မံရွေးချယ်လိုက်သည်။
ထို့နောက်တွင် [အေးစက်သော ဒေသ]ရှိ သင်္ချိုင်းမြေပေါ်သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။
[သွေးကျီးကန်း]၏ ရုပ်အလောင်းမှာ သူ့ရှေ့တွင်မှောက်လျက်သားရှိနေသည်။ဘေးပတ်ဝန်းကျင်တွင် ရွှေဒင်္ဂါးပြားများနှင့် ပစ္စည်းများ ပြန့်ကျဲလျက်ရှိနေသည်ကိုတွေ့ရသည်။သို့သော် ထိုပစ္စည်းများအား လိုက်လံကောက်ယူသိမ်းဆည်းနေရန် ဖှေးအတွက်အချိန်မရှိပေ သူပြန်ရောက်လာချိန်တွင် [ပျက်စီးသွားသော် စစ်သည်]စသည့် မကောင်းဆိုးဝါး များစွာ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ သူ့အား တဟုန်ထိုးဝင်ရောက်တိုက်ခိုက်ကြသည်။
ဒိုင်ယာဘလိုကမ္ဘာတွင် တိုက်ပွဲ ပြန်စပြီဖြစ်သည်။ဖှေး လာရောက်တိုက်ခိုက်သော မကောင်းဆိုးဝါးများအား ကြိုးစားသတ်ဖြတ်လိုက်သည်။နောက်ဆုံးတွင် ရွှေဒင်္ဂါးနှင့်ပစ္စည်းများမှာ အေးဆေးကောက်ယူခွင့်ရလေပြီဖြစ်သည်။
[သွေးကျီးကန်း]၏အလောင်းအောက်ရှိ မှော်ပစ္စည်းသုံးခုအားကောက်ယူရန်ပြင်ဆင်နေချိန်တွင် ထိုပစ္စည်းများကြားတွင် အဝါရောင်တောက်ပနေသော ပစ္စည်းတစ်ခုအား ဖှေးတွေ့လိုက်ရ၏။
"ဒါက...."ဖှေးစိတ်လှုပ်ရှားသွားသည်။ အဘယ်ကြောင့်ဆိုသော် ရှားပါးပစ္စည်းများသည်သာလျှင် အဝါရောင်တောင်ပလေ့ရှိသောကြောင့်ပင်။
"ငါ့ရဲ့ကံကောင်းခြင်းတွင် ရောက်လာပြီထင်တယ်..."
ဖှေးစုစုပေါင်း အဝါရောင်တောက်ပနေသည့် ရှားပါးပစ္စည်းသုံးခုအားရရှိလိုက်သည်။ ဒိုင်းတစ်ခု ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသည့် ဓားတစ်ချောင်းနှင့် အနုစိတ်သွန်းလုပ်ထားသော ကြေးလက်အိပ်တို့ပင်ဖြစ်သည်။
ပစ္စည်းသုံးခုလုံးအား သေချာစွာ မစစ်ဆေးနိုင်သေးသဖြင့် ၄င်းတို့၏ စွမ်းအင်သတ္တိများအား ဖှေးမသိနိုင်သေးချေ။
ဖှေးအဝါရောင်ပစ္စည်းများရရှိပြီး ဖြစ်သော်ကြောင့် အပြာရောင်ပစ္စည်းများအား သိပ်ဂရုမစိုက်တော့ချေ။တွေ့သမျှအား [ပစ္စည်းထားသိုရာ အကန့်]ထဲသို့ပင် ပို့လိုက်တော့သည်။ထို့နောက်တွင် ရွှေဒင်္ဂါးပြားများကို လိုက်လံကောက်ယူသည်။ကောက်ယူအပြီးတွင် သူ၏ [ဇာတ်ကောင်အချက်အလက်များ]စာမျက်နှာအားဖွင့်လိုက်၏။
-------------------------------
ကစားသူ အမည် : ဖှေး
-------------------------------
ဇာတ်ကောင် အမျိုးစား : လူရိုင်း
-------------------------------
အဆင့် : 7
-------------------------------
အတွေ့ကြုံ : 35100/40000
-------------------------------
ခွန်အား : 51 ကျွမ်းကျင်လိမ္မာမှု : 20
-------------------------------
ဉာဏ်ရည် : 10 ရှင်သန်နိုင်စွမ်း : 34
-------------------------------
ထိခိုက်စေနိုင်မှု : 30-43 တိကျမှု : 114
-------------------------------
အကာအကွယ် : 77 သက်လုံ : 1124
-------------------------------
သွေးပမာဏ : 126 ကြွယ်ဝမှု : 19
-------------------------------
အပူဒဏ်ခံနိုင်စွမ်း : 0 အအေးဒဏ်ခံနိုင်စွမ်း 0
-------------------------------
လျှပ်စီးဒဏ်ခံနိုင်စွမ်း : 15 အဆိပ်ခံနိုင်ရည် : 0
-------------------------------
ဖှေး၏ စွမ်းအားအချက်အလက်များမှာ စတင်စဥ်ကထက် သိသာစွာတိုးတတ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်ထိုကဲ့သို့ အချက်အလက်များဖြင့်ပင် ဖှေးလက်တွေ့ဘဝတွင် တွေ့ကြုံနေရသော ပြသနာများကို ဖှေရှင်းရန်ကားမလုံလောက်သေးပေ။
ဖှေး၏ အကြမ်းဖျင်းခန့်မှန်းချက်များအရ ဒိုင်ယာဘလိုကမ္ဘာအတွင်းရှိ အဆင့်၅ သည် ကြယ်တစ်လုံးစစ်သည်နှင့် ညီမျှသည်ဟုယူဆသည်။
အဆင့်၅နှင့်၇အတွင်းတွင် ဖှေးသည် ကြယ်တစ်လုံးစစ်သည်တစ်ယောက်အား လွယ်ကူစွာပင်သတ်ဖြတ်နိုင်မည်ဖြစ်ပြီး ကြယ်နှစ်လုံးစစ်သည်တစ်ယောက်ကိုလည်း ကောင်းစွာ ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။
သို့သော်အစွမ်းကိုကောင်းမွန်စွာ အသုံးချနိုင်ပြီးဖြစ်သော ကြယ်နှစ်လုံးစစ်သည်များနှင့်ရင်ဆိုင်ရပါက ကွန်းကကို သတ်သလောက်လွယ်မည်မဟုတ်ချေ။နိုင်ရန်မဖြစ်နိုင်သည်တော့ မဟုတ်ချေ။သို့သော်လမ်းပါ့ဒ်နှင့် လမ်ဒီကဲ့သို့သော် ကြယ်သုံးလုံးစစ်သည်များနှင့် ရင်ဆိုင်ရပါက ဖှေးအတွက် အနိုင်တိုက်ခိုက်နိုင်ရန်မဖြစ်နိုင်သေးပေ။
ဖှေးအဆင့်၁၀သို့ရောက်ရှိသွားပါက လမ်ဒီကို ကောင်းမွန်စွာကိုင်တွယ်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့်ဖှေး သူ၏လက်ရှိအချိန်အား အကျိုးရှိအောင် တန်ဖိုးထားအသုံးပြုရမည်ဖြစ်ပြီး သူ၏ လူရိုင်းဇာတ်ကောင်အား အဆင့်၁၀သို့ ရောက်အောင် ကြိုးစားပေးရမည်ဖြစ်သည်။သို့မှသာ ချမ်းဘော့ဒ် တိုင်းပြည်အတွက် အောင်နိုင်ရန်အခွင့်လမ်းပိုရလာလိမ့်မည်ဖြစ်သည်။
ဖှေး ဒိုင်ယာဘလို ကမ္ဘာအတွင်းတွင် ခရီးတစ်ဖန်ပြန်စပြီဖြစ်သည်။
"ဒွီ ဒွီ..."
ဖှေး သူ၏ [ပစ္စည်းများထားသိုရာ အကန့်]ကို ဖွင့်လိုက်ပြီး [မြို့ပြောင်း စာလိပ်]အားအသုံးပြုလိုက်သည်။ သူ၏အရှေ့တွင် ဘဲဥပုံပေါ်တယ်(ဝင်ပေါက်)တစ်ခုပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ထိုပေါ်တယ် ထဲသို့ဝင်ရောက်လိုက်ရာ [သူပုန် စခန်း]သို့ ချက်ချင်းပြန်လည်ရောက်ရှိသွားလေသည်။
ထို့နောက်တွင် ပထမဦးစွာ သူတော်စဥ် အာကာရာထံသို့ သွားရောက်၏။အာကာရာထံမှ [မြို့ပြောင်း စာလိပ်အထုတ်] နှင့် [စစ်ဆေးခြင်း စာလိပ် အထုတ်]တို့အားဝယ်ခဲ့သည်။ အထုတ်တစ်ခုတွင် စာလိပ်အခုနှစ်ဆယ်ခန့်ပါသည်။ ထို့ကြောင့် တစ်ခုခြင်းဝယ်ခြင်းထက် ထားသိုရန်နေရာ ကြပ်တည်းခြင်းမှ အဆင်ပြေစေသည်။
အကယ်၍ စာလိပ်တစ်ခုသည် နေရာတစ်ခုယူပါက စာလိပ် အခုလေးဆယ်အတွက် နေရာအခုလေးဆယ်လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် အထုတ်နှင့်ဝယ်လိုက်ပါက နှစ်နေရာပင်လိုအပ်တော့မည်ဖြစ်သည်။
သူတော်စဥ် အာကာရာသည် စျေးနှိမ်တတ်သောကြောင့် သူ၏ မလိုအပ်သည့်ပစ္စည်းများကို အာကာရာအား မရောင်းချလိုချေ။ ထို့ကြောင့် ဒီအတိုင်းထွက်ခဲ့ကာ တဲအလွတ်တစ်ခုအတွင်းသို့ဝင်လိုက်သည်။ထို့နောက်တွင် [စစ်ဆေးခြင်း စာလိပ်]အား အသုံးပြုပြီး သူ၏ ရှားပါးပစ္စည်းများအား စစ်ဆေးကြည့်လိုက်သည်။
[အာဇူရာ ဒိုင်းကာ]
ခုခံခြင်း: +20
တားဆီးခြင်း: +20%
အကြမ်းခံနှိုင်မှု: 10/10
ကိုင်တွယ်ရန်လိုအပ်သည့် ခွန်အား: 35
ကိုင်တွယ်ရန်လိုအပ်သည့် အဆင့်: 7
ထူးခြားဂုဏ်သတ္တိများ: အအေးဒဏ်ခံနိုင်မှု +9% သွေးပြန်ပြည့်နှုန်း +17% ပြန်လည်ပြုပြင်၍ မရ
စစ်ဆေးခြင်း မှော်စာလိပ်အား အသုံးပြုသောကြောင့် ဒိုင်း၏ အချက်အလက်များသည် ဖှေး၏ စိတ်အာရုံတွင် အလိုလိုပေါ်လာခဲ့သည်။
ထိုဒိုင်းကာ၏ ဂုဏ်သတ္တိများမှာ အလွန်ကောင်းမွန်လှသည်။ ဖှေး၏ လူရိုင်းဇာတ်ကောင်နှင့် အသင့်လျော်ဆုံး ဒိုင်းပင်။ထိုဒိုင်းကို တပ်ဆင်လိုက်သဖြင့် ဖှေး၏ ခုခံမှုမှာ အဆင့်တစ်ခုတက်သွားသည်မှာကား မလွဲပင်။
ဒိုင်း၏ တစ်ခုတည်းသော အားနည်းချက်မှာ ၄င်း၏ အကြမ်းခံနိုင်မှုမှာ ၁၀ သာရှိခြင်းပင်ဖြစ်သည်။ အကြမ်းခံနိုင်မှု ကုန်ဆုံး၍ ပျက်စီးသွားပါက ပြန်လည်ပြုပြင်၍ ရမည်မဟုတ်။သို့သော် အားသာချက်မှာ အာနည်းချက်ထက်ပို သာလွန်နေသည်။ ထိုဒိုင်းသည် ဖှေးအတွက် ယခုအချိန်တွင်အလိုအပ်ဆုံး အရာဖြစ်၏။ထို့ကြောင့် ဖှေးတွေဝေမနေပဲ ချက်ချင်းပင်တပ်ဆင်လိုက်သည်။
ထို့နောက်တွင် [စစ်ဆေးခြင်း စာလိပ်]နောက်တစ်ခုအားသုံးပြီး ရွှေရောင်ဓားအားစစ်ဆေးလိုက်သည်။
[မုန်တိုင်း ဆေဘာဓား]
ထိခိုက်စေနိုင်မှု: 3-7
အကြမ်းခံနိုင်မှု: 24/24
ကိုယ်တွယ်ရန်လိုအပ်သည့် ခွန်အား: 25
ကိုယ်တွယ်ရန်လိုအပ်သည့် ကျွမ်းကျင်မှု: 20
ထူခြားဂုဏ်သတ္တိများ: အနည်ဆုံးထိခိုက်စေနိုင်မှု +1, တိကျမှု +16, ဖုတ်ကောင်များအား ထိခိုက်စေနိုင်မှု: +69, လျှပ်စီးဖြင့် ထိခိုက်စေနိုင်မှု: +6, အဆိပ်ဖြင့်ထိခိုက်စေနိုင်မှု: ၂စက္ကန့်အကြာ
ဓား၏ ဂုဏ်သတ္တိများမှာလည်း အံ့သြဖွယ်ကောင်းလောက်အောင်ပင် ကောင်းမွန်လှသည်။ ရှားပါးပစ္စည်းများမှာ ထိုကဲ့သို့ပင် ဖြစ်သည်။
ဖှေးအတန်ကြာစဥ်းစားပြီး ထိုဓားကိုလည်းတပ်ဆင်လိုက်သည်။ဒိုင်ယာဘလိုဂိမ်းတွင် ချပ်ဝတ်များမှလွဲ၍ ဇာတ်ကောင်သည်လက်နက်နှစ်မျိုးတပ်ဆင်နိုင်သည်။ အခြေအနေကိုလိုက်၍ သင့်လျော်သည့် လက်နက်အား ထုတ်သုံးနိုင်ရန်ဖြစ်သည်။
ဖှေး[အာဇူရာ ဒိုင်း] နှင့် [မုန်တိုင်း ဆေဘာဓား]တို့အား လက်နက်တစ်ခုအနေဖြင့်ကိုင်တွယ်လိုက်သည်။ညာလက်တွင် ဓားနှင့် ဘယ်လက်တွင်ဒိုင်းကိုကိုင်တွယ်ထားသည်။သို့သော်လည်း ကြီးမားသည့် အသွားနှစ်ဖက်ပါ ပုဆိန်သည် ဖှေး၏ အဓိကလက်နက်ဖြစ်နေတုန်းပင်။
ထို့နောက်တွင်နောက်ဆုံးကျန်ရှိနေသော အဝါရောင်ရှားပါး ပစ္စည်းအား စစ်ဆေးကြည့်လိုက်သည်။
[ကိုယ်တိုင် ပြန်လည်ပြုပြင် နိုင်စွမ်းရှိ ကြေးလက်အိပ်]
ခုခံနိုင်စွမ်း: +6
အကြမ်းခံနိုင်မှု: 14/14
ထူးခြားဂုဏ်သတ္တိများ: အပူဒဏ်ခံနိုင်စွမ်း +10%, အအေးဒဏ်ခံနိုင်စွမ်း +15% 33မိနစ်ကြာတိုင်း ကိုယ်တိုင်ပြန်လည်ပြုပြင်သည်။
ဖှေးသည် ကံအလွန်ကောင်းလွန်းနေသဖြင့် မယုံနိုင်ပင်ဖြစ်ရသည်။ ရှားပါပစ္စည်းသုံးခုလုံးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းမွန်သည့် ဂုဏ်သတ္တိများရှိကြသည်။ ပို၍အဆင်ပြေသည်မှာ ဖှေးအဆင့်နှင့် ချက်ချင်းတပ်ဆင်အသုံးပြုနိုင်ချင်းပင်။ထိုပစ္စည်းသုံးခုမှာ ဖှေးအားရည်ရွယ်ပေးနေသည်သကဲ့သို့ပင်ထင် ရသည်။
ထိုအသစ်ရရှိသော ကြေးလက်အိပ်အား ဖှေးမိမိ၏ ပျက်စီးနေပြီဖြစ်သော ပိတ်စလက်အိပ်ဖြင့် လဲလည်ဝတ်ဆင်လိုက်သည်။ရှားပါပစ္စည်းသုံးခုမှာ သူ၏ကိုယ်ပေါ်တွင် တလက်လက်တောက်ပနေသည်။သူ့အား ပိုမိုအစွမ်းထက်စေသည်မှာလဲ မုချပင်ဖြစ်သည်။ ဖှေး ပစ္စည်းများ၏ စွမ်းအားများကို စမ်းသပ်သည့်အနေဖြင့် မြေရိုင်းလွင်ပြင်သို့သွားကာ မကောင်းဆိုးဝါးများအား တိုက်ခိုက်ကြည့်ရန်မစောင့်နိုင်တော့ချေ။
ပစ္စည်းများအားလုံးအား စစ်ဆေးအပြီးတွင် အမျိုးသမီး ပန်းပဲဆရာမ ချယ်စီထံသို့သွားသည်။
ဖှေးသည်မလိုအပ်သော အပြာရောင်မှော်ပစ္စည်းများအား ချယ်စီထံတွင်ရောင်းချလိုက်ရာ ရွှေဒင်္ဂါး၁၈၆၆၆ပြားရလေသည်။သူ၏ ပစ္စည်းထားသိုရာအကန့်အတွင်းရှိ ရွှေဒင်္ဂါးများကိုကြည့်ပြီး ဖှေးကျေနပ်နေလေသည်။အချိန်သိပ်မရ ဖှေး ရောင်းချစရာရှိသည်များရောင်းချပြီးသော် ချယ်စီထံမှ သံမဏိခေါင်းဆောင်းတစ်ခုနှင့် လယ်သာ ဖိနပ်တစ်ခုအားဝယ်လိုက်သည်။ထို့နောက်တွင် သွားရန်ကြံရွယ်ထားသည့် နောက်တစ်နေရာသို့ထွက်ခဲ့၏။
နောက်တစ်နေရာမှာ [သူပုန်စခန်း]ရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ခက်ရှာထံသို့ဖြစ်သည်။သူသည်ခက်ရှာ ထံမှ လက်ခံရရှိသော အလုပ်ဖြစ်သည့် သွေးကျီးကန်းအား သတ်ဖြတ်ရမည့် အလုပ်အား ပြီးမြောက်ပြီး၍ ဆုလက်ခံရယူရန်သွားခြင်းဖြစ်သည်။
"အိုငယ်ရွယ်သော ခရီးသွား အသင်ဟာ စေခိုင်းသည့်အတိုင်း သစ္စာဖောက်အား သတ်ဖြတ်ပြီးဖြစ်ပါတယ်..အဲ့အတွက် အသင်ဟာ ငါ့ရဲ့ ယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ရရှိသွားပါပြီ။ ဆုလက်ဆောင်အနေနဲ့ အစွမ်းထက်တဲ့ အမျိုးသမီးသူပုန် စစ်သည်တစ်ဦးကို လက်ခံပေးပါ..."ခက်ရှာ ပြောအပြီးတွင် သူ့အနောက်ရှိတဲထဲမှ ငယ်ရွယ်ချောမောသည့်အမျိုး သမီးတစ်ယောက်ထွက်လာပြီး ဖှေးထံသို့ လမ်းလျှောက်လာလေသည်။
"သူမကတော့ သူပုန်စခန်းရဲ့ အစွမ်းအထက်ဆုံး မှော်လေးသည်တော် အယ်လီနာပါ။ အခုအချိန်ကစပြီး အယ်လီနာက အသင့်ဘေးမှာနေပြီး အသင့်အတွက် တိုက်ခိုက် ပေးပါလိမ့်မယ်...."ခက်ရှာမှာ အမျိုးသမီး လေးသည်တော်ကို ဖှေးနှင့် မိတ်ဆက်ပေးလိုက်သည်။
ဖှေးအယ်လီနာအား အနီးကပ်သေချာကြည့်လိုက်သည်။ သူမသည် အသက်၂၁ခန့်ရှိလောက်ပြီး ဖှေးထက် အရပ်အနည်းငယ်သာပုသည်။သူမ၏ ရှည်လျားလှသော အနီရောင်ဆံနွယ်များကို စုစည်းပြီး အဝတ်စတစ်ခုနှင့် ချည်ထားသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်လှပ၏။ သူမသည် အရေးကြီးနေရာများကိုသာ ဖုံးအုပ်ထားသော လယ်သာ ချပ်ဝတ်တစ်ခုအားဝတ်ဆင်ထားလေသည်။သူမ၏ လှပမှုတို့ကြောင့် အနားတွင်ရှိသော ဖှေးအား ရင်ခုန်စိတ်လှုပ်ရှားစေသည်။ သူမသည်လှပသည်သာမဟုတ် ရဲရင့်ပြီး အစွမ်းသတ္တိတို့နှင့် ပြည့်စုံသည်ဟုလည်း ဖှေးခံစားနေရသည်။
"ဟယ်လို ခေါင်းဆောင်ခက်ရှာရဲ့ အမိန့်အတိုင်း အသင်နဲ့အတူ တိုက်ခိုက်ပေးပါမယ် ငယ်ရွယ်သော စစ်သည်"
အယ်လီနာသည် စကားရှည်ရှည်ဝေးဝေးပြောနေရခြင်းအား သဘောမကျခြေ။ ထိုသို့ပြောပြီးပြီးခြင်း ဖှေးဘေးသို့သွားပြီး သက်တော်စောင့်တစ်ဦးသကဲ့သို့ ရပ်နေလေသည်။သူမ၏ အမူအယာမှာ တည်ငြိမ်အေးချမ်းနေသည်။
ဖှေးကမ္ဘာပေါ်တွင်၌ ဒိုင်ယာဘလို ဂိမ်းကစားခဲ့စဥ်က အတွေ့ကြုံအားသွားသတိရလိုက်သည်။
မူရင်းဂိမ်းတွင် ကြေးစားစစ်သည်တစ်ယောက်နှင့်အတူ တိုက်ခိုက်ခြင်းသည် ကစားသူ၏ အဆင့်မြှင့်တင်မှုများ များစွာမြန်ဆန်စေသည်။
ထို့နောက်တွင် ဖှေးသည် သူ၏လှပသော ကိုယ်ရံတော် မလေးနှင့်အတူ သူ၏တတိယမြောက်အလုပ်ဖြစ်သော [ကိန်းအား ရှာဖွေခြင်း]ဆိုသည့် အလုပ်အား လက်ခံရန် သူတော်စဥ် အာကာယာထံသို့ထွက်လာခဲ့သည်။