← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

ဤအလုပ်မှာ အနည်းငယ်ပို၍ရှုပ်ထွေး၏။ပထမဦးစွာဖှေးသည် [မြေအောက်လမ်း]ကို ဖြတ်ကျော်ကာ [မှောင်မိုက်သော သစ်တော]အတွင်းတွင် မှော်စာလိပ်တစ်ခုအား လိုက်ရှာရမည်ဖြစ်သည်။ထို့စာလိပ်ရပါက သူတော်စဥ် အာကာရာထံသို့သွားရောက်ပြီး ထိုစာလိပ်ပါ စာများကိုဘာသာပြန်ခိုင်းရမည်ဖြစ်သည်။ စာလိပ်အား ဘာသာပြန်ပြီးပါက နံပါတ်စဥ်များရလာမည်ဖြစ်သည်။ထိုနံပါတ်စဥ်များအတိုင်း [ကျောက်တုံးထူထပ်သော လွင်ပြင်] ကျောက်တုံးငါးတုန်းအား အစဥ်လိုက်ထိကိုင်သွားပါက ဖှေးအား လျို့ဝှက်သောနေရာတစ်ခုသို့ ပို့ဆောင်ပေးနိုင်မည့် ပေါ်တယ်တစ်ခုပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုနေရာသည် လူအိုကြီး ကိန်း ဖမ်းချုပ်ခံထားရသောနေရာဖြစ်ပြီး မကောင်းဆိုးဝါး များစွာ စောင့်ကြပ်နေလေ၏။လုပ်ငန်းပြီးမြောက်ရန် ဖှေးသည် ထိုနေရာရှိမကောင်းဆိုးဝါးများအား သုတ်သင်ပြီး ကိန်းအား ကယ်တင်ရမည်ဖြစ်သည်။

ထိုကိန်းအား ကယ်တင်သည့်အလုပ်မှာ ရှုပ်ထွေးသော်လည်း မူရင်း ဒိုင်ယာဘလိုဂိမ်းတွင်အရေးပါသောအလုပ်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူရင်းဒိုင်ယာဘလိုဂိမ်းထဲတွင် ကိန်းအား ကယ်တင်ပြီးပါက ကစားသူအလိုရှိသည့်အချိန်တိုင်းတွင် ကိန်းအားဆင့်ခေါ်နိုင်မည်ဖြစ်ပြီး ကိန်းမှ နောင်လုပ်ရမည့် အလုပ်များအား ညွှန်ပြ ကူညီပေးမည်ဖြစ်သောကြောင့်ပင်။

ဖှေးအလုပ်အား မစတင်ခင် သူ၏ ပစ္စည်များနှင့် အလုပ်နှင့် ပတ်သက်သော အချက်အလက်များအား သေချာစွာ ပြန်လည်ကြည့်ရှုစစ်ဆေးသည်။

ဖှေး၏လက်ရှိအခြေအနေများအရ ထိုအလုပ်အားပြီးမြောက်ရန် အရမ်းခက်ခဲ လိမ့်မည်မဟုတ်ပေ။ အရာအားလုံးအဆင်ပြေ ချောမွေ့ပါက နှစ်နာရီအတွင်းပြီးမြောက်နိုင်မည်ဖြစ်သည်။ထိုသို့ဆိုပါက ဖှေးဒိုင်ယာဘလိုကမ္ဘာမှ ကန်ထုတ်ခြင်းမခံရမှီ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အချိန်ရပေလိမ့်မည်။ ထို့ကြောင့်ဖှေး စာလိပ်အားရှာရန် ​ချက်ချင်းစတင်ထွက်ခွာလေသည်။

ဖှေးစခန်းမှမထွက်ခွာမှီသူ၏နောက်တွင် တိတ်ဆိတ်စွာလိုက်ပါနေသည့် အယ်လီနာအားကြည့်ကာ တစ်ခုခုကိုသတိရသွားသည်။ ထို့ကြောင့် အမျိုးသမီးပန်းပဲဆရာမ ချယ်စီထံသို့ပြန်သွားပြီး ရွှေဒင်္ဂါးတစ်ထောင်ခန့် အသုံးပြုကာ ခိုင်မာသော လေးတစ်ချောင်း၊ လယ်သာ ချပ်ဝတ်တစ်စုံနှင့် လယ်သာ ဖိနပ်တစ်ရံတို့အားဝယ်ယူလိုက်သည်။

“ဟေး နင်ဒီပစ္စည်းတွေအသုံးပြုလို့ရတယ်မလား...”ဖှေး အယ်လီနာအား ပြုံးပြပြီးပြောလိုက်သည်။ “အသုံးပြုလို့ရတယ်ဆိုရင် ဒီပစ္စည်းတွေကို တပ်ဆင်လိုက်ပါလား။ အဲ့ပစ္စည်းတွေက ငါတို့ရဲ့ စွမ်းအားတွေကို တစ်စိတ်တစ်ပိုင်းတိုးစေလိမ့်မယ်။ စွမ်းအားတိုးလာတော့ ငါတို့အတွက် အသက်ရှင်နိုင်ချေ ပိုများသွားတာပေါ့။”

“ဟမ်... ဒီပစ္စည်းတွေက ကျွန်မအတွက်လား....” အယ်လီနာ အံ့သြသွားသည်။ မယုံနိုင်ပင်ဖြစ်ရသည်။

“အမျိုးသမီး ပစ္စည်းတွေကို ငါသုံးဖို့ဝယ်တယ်လို့ထင်နေတာလား...”ဖှေးသည် သူ့ရှေ့ရှိ မိန်းကလေးမှာ အလွန်ပျော်ရွှင်နေသည်ကိုတွေ့ရသဖြင့် အံ့သြနေ၏။ထိုပစ္စည်းများသည် ဖှေးအနေနှင့်ဆိုပါက ​ရွှေဒင်္ဂါးတစ်ထောင်ခန့်သာ ကုန်ကျသဖြင့် သိပ်အဖိုးမတန်လှပေ။ ဖှေးတပ်ဆင်ထားသော ပစ္စည်းများနှင့်နှိုင်းယှဥ်ပါက မိုးနှင့်မြေကဲ့သို့ပင် ကွာခြားနေသည်။

“ကျေးဇူးတင်ပါတယ်...” အယ်လီနာသည် ပစ္စည်းများသူမအတွက်ဆိုသည်အား သေချာသွားသော် ပစ္စည်းများကို လက်ခံကာ ကျေးဇူးတင်စကားပြောပြီး ချယ်စီ၏ အနောက်တွင်ရှိသော တဲအတွင်းသို့ဝင်သွားလေသည်။

မကြာမှီအချိန်တွင် အယ်လီနာ၏ အဝတ်လဲနေသံများတဲအတွင်းမှ ထွက်ပေါ်လာသည်။ ဖှေးX rayအမြင်အာရုံရှိရန်ပင် ဆုတောင်းမိ၏။

စက္ကန့်နှစ်ဆယ်ခန့်အကြာတွင် အယ်လီနာတဲအတွင်းမှ ထွက်လာခဲ့သည်။ ဖှေး၏မျက်လုံးများတောက်ပသွား၏။အပြာနုရောင်ချယ်ထားသည့် လယ်သာချပ်ဝတ်သည် အယ်လီနာ၏ လှပသောခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှသည်။လက်တွင်ကိုင်ဆောင်ထားသော လေးနှင့် အနောက်တွင်လွယ်ထားသည့် မြှားများနှင့်ဆိုလျှင် သူမသည် စစ်ပွဲနတ်သမီးကဲ့သို့ပင်။

“ဟားဟား နင်နဲ့လိုက်တာပဲ သွားကြစို့”

ဖှေး အယ်လီနာ၏ အလှတွင် လွှင့်မြောနေသောလဲ ဘာမှမဖြစ်သကဲ့သို့ဟန်ဆောင်ပြီး ခရီးစတင်ထွက်ခွာလေသည်။

ဖှေးအယ်လီနာအား ထိုကဲ့သို့ ပစ္စည်းများ ချပ်ဝတ်များဝယ်ပေးခြင်းမှာ ဖွန်ကြောင်လို၍မဟုတ်ပေ။ အယ်လီနာသည် စစ်သည်ကောင်းတစ်ယောက်ဖြစ်၍ သူမအား အထောက်ပံ့ပေးခြင်းမှာ သူ၏ အဆင့်မြင့်တင်ခြင်း ကိစ္စကိုလဲ ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

အယ်လီနာ၏ မျက်နှာပေါ်တွင် ခနတာ အပြုံးတစ်ခုပေါ်လာခဲ့ပြီး မကြာခင်မှာပင် နဂိုတိုင်းရုပ်တည်သွားတော့သည်။

...........

...........

“ဝှစ်”

မကောင်းဆိုးဝါး သုံးကောင်မြေပြင်ပေါ်သို့လဲ ကျကုန်သည်။

“ချွင်”

မကောင်းဆိုးဝါး ၏ ရုပ်အလောင်းအောက်မှ အပြာရောင်မှော်ပစ္စည်းတစ်ခုပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ဖှေးကောက်ယူလိုက်ပြီး သေချာကြည့်လိုက်ရာ ထူးဆန်းသည့်ပုံဆန်ရှိသည့် လက်စွပ်တစ်ကွင်းဖြစ်နေသည်။ပစ္စည်းမှာ မစစ်ဆေးရသေးသဖြင့် ထိုပစ္စည်း၏ ဂုဏ်သတ္တိများကို ဖြင့် မသိနိုင်သေးချေ။

ဖှေး [စစ်ဆေးခြင်း စာလိပ်]တစ်ခုသုံးကာ လက်စွပ်အား စစ်ဆေးကြည့်လိုက်သည်။လက်စွပ်၏ အချက်အလက်များမှာ လူရိုင်းဇာတ်ကောင်အတွက်တော့ သိပ်အသုံးမဝင်လှပေ သို့ရာတွင် မဝတ်ဆင်ထားသည်ထက် ပိုကောင်းသည်ဖြစ်၍ ဖှေးဝတ်ဆင်လိုက်သည်။

အယ်လီနာသည် ဖှေးထိုကဲ့သို့ပြုမူနေချိန်တွင် ပတ်ဝန်းကျင်အား သတိထားကြည့်ရှုပေးနေသည်။ အယ်လီနာသည် ထိုအပြာရောင်မှော်ပစ္စည်းအား မြင်နိုင်ခြင်းမရှိ သဖြင့်ဖှေးအံ့သြရသည်။

“မဟုတ်မှလွဲရော အယ်လီနာလို ဒိုင်ယာဘလို ကလူတွေက မကောင်းဆိုးဝါး တွေကို သတ်ဖြတ်လိုက်တဲ့အချိန်မှာ ပေါ်လာတဲ့ပစ္စည်းတွေကို မမြင်ရဘူးလား...။ဒါဆိုရင်ဒီကမ္ဘာမှာ မကောင်းဆိုးဝါး တွေကို သတ်ပြီး ပစ္စည်းတွေရွှေတွေရတာ ငါတစ်ယောက်တည်းပေါ့...”ထိုသီအိုရီမှာ စိတ်ဝင်စားဖို့ကောင်းသော်လည်း ဖှေးတွေးနေရန်အချိန်သိပ်မရပေ။

[မြို့ပြောင်းစာလိပ်]အသုံးပြုကာ ပေါ်တယ်တစ်ခုဖွင့်ပြီး ဖှေးနှင့်အယ်လီနာတို့ [မြေအောက်လမ်း]အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မြေအောက်လမ်းအတွင်းသို့ ဝင်လိုက်ကြသည်နှင့် တပြိုက်နက်သူတို့မြင်ရသည်မှာ အမှောင်ထုချည်းသာဖြစ်သည်။

လမ်းအတွင်းတွင် အလင်းဟူ၍မရှိချေ။ အေးစက်သောလေမှာလည်း တဝှီးဝှီးတိုက်ခတ်နေလေသည်။မကောင်ဆိုးဝါးများ၏ စူးရှသောအော်သံများကိုလည်း ကြားနေရသည်။ လေထုထဲတွင်လည်း အပုတ်နံ့များဖြင့် ပြည့်နှက်နေသဖြင့် ပို၍ ပင်ခြောက်ခြားဖွယ်ကောင်နေသည်။

“ဂရုစိုက်နော် ငါ့နောက်မှာပဲနေ” ဖှေးအနောက်သို့လှည့်ပြီး အယ်လီနာအား သတိပေးလိုက်သည်။ဖှေး၏ဇာတ်ကောင်မှာ လူရိုင်းဖြစ်သောကြောင့် သွေးပိုများအာ ပိုမာ၍အကြမ်းခံနိုင်သည်။ထို့ကြောင့်အကယ်၍ရုတ်တရက်တိုက်ခိုက်ခြင်းခံရပါက ဖှေးသည်ရှေ့မှကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အယ်လီနာသည် လေးသည်တော်ဖြစ်သဖြင့် ရန်သူအားပို၍ထိခိုက်စေနိုင်သော်လည်း သွေးနည်းသဖြင့် အနီးကပ်တိုက်ခိုက်ခံရပါက အခြေအနေကောင်းမည်မဟုတ်ပေ။ ထို့ကြောင့်ဖှေးနောက်မှနေ၍ တိုက်ခိုက်ရန်ဖြစ်သည်။

ဖှေး၏ဆုံးဖြတ်ချက်ကြောင့် အယ်လီနာ အံ့သြရသည်။ ဖှေး၏ အပြုအမူများသည် သူပုန်စခန်းရှိ ယုံတန်းပုံပြင်များထဲက ကဲ့သို့မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်၆၀ခန့်ကဖှေးကဲ့သို့ ခရီးသွားတစ်ယောက်သည် သူ၏ ကိုယ်ရံတော်စစ်သည်မကလေးအား ငါးစာကဲ့သို့အသုံးချကာ မကောင်းဆိုးဝါးများကို တိုက်ခိုက်သည်ဟု အယ်လီနာကြားဖူးခဲ့သည်။

အယ်လီနာအံ့သြနေစဥ်မှာပင် ဖှေးမှာ စတင်ဝင်ရောက်တိုက်ခိုက်ပြီဖြစ်သည်။

“ဂါး..”

ဖှေးသူ၏ ပုဆိန်ကြီးအားဝှေ့ရမ်းတိုက်ခိုက်နေရင်း [ဟိန်းဟောက်ခြင်း]အားအသုံးပြုလိုက်သည်။သူ့ထံသို့ပြေးဝင်လာသော မကောင်းဆိုးဝါးသုံးကောင်အား ခြောက်ပိုင်းပိုင်းပစ်လိုက်သည်။

“လာခဲ့ ငါတို့မြန်မြန်သွားမှရမည်။”

ဖှေးအယ်လီနာအား နောက်လှည့်ကာပြောပြီး အမှောင်ထုထဲသို့ပြေးဝင်သွားသည်။ အယ်လီနာလည်း သူ့နောက်မှ ကပ်လိုက်သွားသည်။

ရေလှိုင်းကဲ့သို့ မကောင်းဆိုးဝါးအုပ်ကြီးမှာ ဖှေးထံသို့ပြေးဝင်လာသည်။ဖှေးရှေ့သို့တည့်တည့်ကြည့်ကာ တိုက်ခိုက်ရန်ရွယ်နေစဥ်မှာပင် အနောက်မှ လေးတင်သံကိုကြားလိုက်ရသည်။မြှားများသည် ဖှေးအနောက်မှထွက်ခွာသွားပြီး မကောင်းဆိုးဝါးလေးကောင်၏ ခေါင်းတည့်တည့်အားသွားမှန်သည်။ထိုမြှားများသည် မကောင်ဆိုးဝါးများကို ထိထိခြင်းပေါက်ကွဲကာ မကောင်းဆိုးဝါး များအားရေခဲအဖြစ်သို့အေးခဲပစ်လိုက်သည်။၄င်းတို့တွင် အသက်မရှိတော့ပေ။

“မိုက်တယ်”

ဖှေးအနောက်လှည့်ကာ အယ်လီနာအား လက်မထောင်ပြလိုက်သည်။

အယ်လီနာမှာ ရုပ်ရည်သာချောမောသည်မဟုတ်အံ့သြဖွယ်ကောင်းသည့် လေးသည်တော်တစ်ယောက်လဲ ဖြစ်သည်။ သူမသည် အမှောင်ထုထဲတွင်ပင်လျှင် ရွှေ့လျားနေသောမကောင်းဆိုးဝါးများအား တိတိကျကျပစ်ခက်နိုင်ပေသည်။

ဖှေး၏ ချီးမွန်းချက်အား အယ်လီနာမှာမည်ကဲ့သို့မှ မတုန့်ပြန်ချေ။မြှားများကိုသာ တစ်စင်းပြီးတစ်စင်းပစ်လွှတ်နေသည်။ “ဝှီး ဝှီး ဝှီး”နောက်ထပ်မြှားသုံးချောင်းထက်မံပစ်လွှတ်လိုက်ပြီး မကောင်းဆိုးဝါးသုံးကောင်အား ငရဲသို့ပို့ပေးလိုက်သည်။

ဖှေးသည် အယ်လီနာမှာ ရေခဲမှော်အားအသုံးပြုသည့် လေးသည်တော်ဖြစ်ကြောင်းသိရှိလိုက်သည်။ သူမ၏ ပစ်ချက်များမှာ ပြင်းထန်စွာထိခိုက်စေနိုင်ရုံသာမက ရန်သူအားနှေးကွေးသေည်။ အယ်လီနာသည်ဖှေးအတွက် အကောင်းဆုံးအထောက်ကူပေးနိုင်သည့် စစ်သည်တစ်ယောက်ဖြစ်လေသည်။

သူတို့နှစ်ယောက်သားရှေ့သို့ဆက်တိုးလာကြသည်။[မြေအောက်လမ်း]မှာ ဝင်္ကဘာတစ်ခုကဲ့သို့ပင်။မကောင်ဆိုးဝါးများမှာလည်း နေရာအမျိုးမျိုးမှထွက်လာပြီး တိုက်ခိုက်တတ်ကြသည်။ထိုနေရာတွင် လမ်းပျောက်ရန်မှာ မခက်ချေ။မကောင်းဆိုးဝါးအော်သံများဖြင့် ပြည့်နှက်နေသည်မှာ ငရဲခန်းအငယ်စားတစ်ခုကဲ့သို့ပင်။ဖှေးမှာ အတွေ့ကြုံရှိပြီးဖြစ်၍ မထိတ်လန့်ချေ။ အယ်လီနာသည်လည်း ထို့နည်း၄င်းပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။

သူမလေးတင်လိုက်တိုင်း မကောင်းဆိုးဝါးတစ်ကောင်သေရသည်။ပို၍အဆင့်မြင့်သည့်မကောင်းဆိုးဝါးမျိုးကိုတွေ့ပါက ဖှေးအကူညီဖြင့်ဆိုလျှင် မြှားသုံးချောင်းခန့်အသုံးပြုမှ သတ်ဖြတ်နိုင်သည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဖှေးနှင့်အယ်လီနာတို့နှစ်ယောက်သည်တိုက်ခိုက်ရာတွင်ပို၍အသားကြလာကြပြီဖြစ်သည်။ အဝေးရှိမကောင်းဆိုးဝါးများအား အယ်လီနာက မြှားဖြင့် သတ်ဖြတ်သလို အနီးသို့ရောက်ရှိလာကြသော မိစ္ဆာများကိုဖှေးပ ပုဆိန်ဖြင့် ဝှေ့ရမ်းတိုက်ခိုက်ကာ အယ်လီနာအား ကာကွယ်ပေးသည်။

“ငါတို့ဒီလိုသာဒီလိုပုံစံအတိုင်းပဲ ဆက်သွားမယ်ဆို နာရီဝက်အတွင်းမှာပဲ ဒီထဲကနေထွက်နိုင်လိမ့်မယ်။ဒီကနေမြန်မြန်ထွက်ပြီး [အမှောင်သစ်တော]ထဲသွားပြီး စာလိပ်ကိုမြန်မြန်ရှာရအောင်”

ဖှေး အခြေအနေကောင်းနေသဖြင့် ဝမ်းသာနေသည်။

ထိုအချိန်တွင် မထင်မှတ်ထားတာတစ်ခု ဖြစ်ပျက်သွားသည်။

“အား....”

အ​နောက်မှ မြှားပစ်နေသော အယ်လီနာ၏ ရုတ်တရက်အော်ဟစ်သံကိုကြားလိုက်သည်။ အော်သံသည် ကြောက်မက်ဖွယ် ရာတစ်ခုခုကိုတွေ့လိုက်ရသည့်အတိုင်း ဒေါသများထိတ်လန့်မှုများ ဝမ်းနည်းမှုများဖြင့်ပြည့်နက်နေသည်။

All Chapters