← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ဖှေး စိုးရိမ်သွားသဖြင့် ရှေ့တွင်ရှိသော မကောင်းဆိုးဝါးတစ်ကောင်အား ခေါင်းဖြတ်သတ်လိုက်ပြီး အနောက်သို့အမြန်လှည့်ကြည့်လိုက်သည်။အယ်လီနာမှာ မကောင်းဆိုးဝါး များတိုက်ခိုက်ခံနေရခြင်းမဟုတ်ပေ။သို့သော် မလှမ်းမကမ်းရှိ ဂူအတွင်းသို့မလှုပ်မယှက်စိုက်ကြည့်နေသည် သူမ၏လက်များမှာလည်း ထိတ်လန့်စရာတစ်ခုခုကိုတွေ့ထားရသည့်အတိုင်း တုန်လှုပ်နေ၏။ထိုအရာအား စိုက်ကြည့်ရင်း သူမမျက်နှာပေါ်တွင် မျက်ရည်များစီးဆင်းလာခဲ့သည်။

ဖှေးစိုးရိမ်သွားပြီး အယ်လီနာအနားသို့ပြေးသွားသည်။ အနားသို့ရောက်ရှိချိန်တွင် အယ်လီနာစိုက်ကြည့်နေသော အရာမှာ အမျိုးသမီးသူပုန် တစ်ဦး၏ ပုတ်သိုးစပြုနေပြီဖြစ်သော ရုပ်အလောင်းတစ်ခုဖြစ်နေသ​ည်ကို ဖှေးတွေ့လိုက်ရ၏။ထိုရုပ်အလောင်းမှာ အမျိုးသမီးသူပုန်များဝတ်တတ်သည့် လယ်သာချပ်ဝတ်အား ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များမှာလည်း အယ်လီနာကဲ့သို့ အနီရောင်များပင်ဖြစ်သည်။သို့သော် အသက်အရွယ်အရဆိုလျှင် အယ်လီနာထက် ငယ်ရွယ်ပုံရ၏။သူမသည် အသက်ရှင်နေစဥ်အချိန်က မကောင်းဆိုးဝါးများ၏ နှိတ်စက်ခြင်းအား ပြင်းထန်စွာခံစားခဲ့ရသည်မှာ အသေအချာပင်ဖြစ်သည်။

သူမ၏ ရင်ဘက်မှာ စုတ်ဖြဲထားခြင်းခံရသကဲ့သို့ ပွင့်ဟနေပြီး သူမ၏နှလုံးသားမှာ မရှိတော့ချေ။သူမ၏ ဘယ်ပေါင်တွင် ကြောက်မက်ဖွယ် ကောင်းလောက်သည့် ကုတ်ခြစ်ရာများရှိနေပြီး ညာဘက်ပေါင်မှာ အသားများပျောက်ဆုံးနေပြီ အရိုးများပင်ပေါ်နေသည်။သတ္တဝါတစ်ခုခုမှ ကိုက်စားထားသည့်အတိုင်းပင်။

“အိုးဘုရားရေ သူမက... နီနာပဲ ကျွန်မတို့တွေ [သွေးမြေရိုင်း လွင်ပြင်]မှာ အစာရှာထွက်နေတုန်းက သူမကိုပျောက်ဆုံးသွားခဲ့တာပဲ....”အယ်လီနာမှာ မတ်တပ်ရပ်ရန်ခွန်အားပင် မရှိတော့ချေ ဒူးထောက်ကာ ငိုကြွေးတော့သည်။ “သူမက အခုမှ ၁၈နှစ်ပဲရှိသေးတယ်...အဲ့တာက သူမအတွက် စခန်းကနေထွက်ပြီး တာဝန်ထမ်းဆောင် တာ ပထမဆုံးပဲ။သူမက စခန်းမှာဆိုအလုပ်လဲ ကြိုးစားတယ် အလုပ်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပြုံးပြီးတော့ ကျန်တဲ့သူတွေကို အားပေးလေ့ရှိတယ်။ဘာလို့သူမကိုမှ ဒီလိုလာဖြစ်ရတာလဲ ဒီမကောင်းဆိုးဝါးတွေအကုန်​သေသင့်တယ်...”

အယ်လီနာ၏ ငိုကြွေးသံများအား နားထောင်ပြီးနောက်တွင် ဖြစ်ခဲ့သည်များကိုဖှေးအနည်ငယ် နားလည်လာပြီဖြစ်သည်။ အဆိုပါသေဆုံးသွားသော မိန်းကလေးမှာ အယ်လီနာ၏ အသိအကျွမ်းတစ်ဦး ဖြစ်ခဲ့ပုံရသည်။ သူမတို့ တာဝန်တစ်ခုထမ်းဆောင်နေစဥ် မကောင်းဆိုးဝါးများ၏လက်ထဲသို့ ကျရောက်ခဲ့ပြီး ဤဂူထဲတွင် ဆိုးဆ်ိုးဝါးဝါးသေဆုံးခဲ့ရခြင်း ဖြစ်သည်။

နီနာဟူသော ၁၈နှစ်အရွယ် မိန်းကလေးသည် ဘဝအား ပျော်ပျော်ပါးပါးဖြတ်သန်းနေသင့်သည်။ ထိုကဲ့သို့အဖြစ်ဆိုးမျိုးကြုံတွေ့ ခဲ့ရသည့်အတွက် ဖှေးနီနာအား မသိသော်ငြားလည်း သူမအတွက်စိတ်မကောင်းဖြစ်ရသည်။

ဒိုင်ယာဘလို ကမ္ဘာသည် ဖှေးအားလက်တွေ့ဆန်သော ခံစားချက်များပေးသည်။ဖှေး ဒဏ်ရာရရှိပါက နာကြင်မှုကိုခံစားရသည်၊ ကွန်ပျူတာ ဇာတ်ကောင်များသည်လည်း ကိုယ်ပိုင်အသိဉာဏ်ရှိကြသည်၊သို့သော်လည်း ဖှေးမသိစိတ်ထဲတွင် ဤကမ္ဘာအား ဂိမ်းတစ်ခုသာဖြစ်သည်ဟု သဘောထားနေတုန်းပင်။

သို့သော်လည်း အယ်လီနာ၏ ဇာတ်လမ်းအားနားထောင်ပြီးသော် ဖှေးသည် သူ၏ယူဆချက်များမှားသည်ဟု ခံစားမိလာသည်။ ဒိုင်ယာဘလိုကမ္ဘာသည်လည်း ကမ္ဘာအစစ်အမှန်တစ်ခုပင် ဂိမ်းတစ်ခုသာ မဟုတ်ဟုဖှေးလက်ခံလာသည်။ဤကမ္ဘာတွင်နေထိုင်သူများသည် အသိဉာဏ်သာရှိသည်မဟုတ် ခံစားချက်နှင့် သံယောစဥ်များလည်း ရှိကြသည်။၄င်းတို့သည်လည်း အသက်ရှင်နေသော လူသားများပင်ဖြစ်ကြပြီး ကွန်ပျူတာ ပရိုဂရမ်များမဟုတ်ကြပေ။

“အဆင်ပြေသွားပါမှာ အယ်လီနာ မငိုပါနဲ့တော့ ဒီမှာ ရှိတဲ့မိစ္ဆာတွေအကုန်လုံးကို သတ်ပြီး နီနာအတွက်လက်စားချေပေးရအောင်...”

ဖှေးသူ၏ရှေ့တွင်ရှိနေသော ငိုကြွေးနေသည့်မိန်းကလေးအား မည်ကဲ့သို့နှစ်သိမ့်ရမည်ဟုမသိပေ။သူမ၏လက်အားယူပြီး သူမအားဆွဲထူပေးလိုက်သည်။ယခင်က စစ်ပွဲနတ်သမီးကဲ့သို့ မကောင်ဆိုးဝါးများအား သတ်ဖြတ်နေခဲ့သော အယ်လီနာမှာ ယခုအချိန်တွင် သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ပင် အားပေးမှုနှင့် ကာကွယ်ပေးမှုများ လိုအပ်နေသည်။

မကောင်းဆိုးဝါးနှင့်ရင်ဆိုင်ရာတွင် အယ်လီနာသည် တည်ငြိမ်ပြီး သန်မာသည့်ပုံပေါက်သော်လည်း သူမသည် ၂၁နှစ်ခန့်သာရှိသေးသော မိန်းကလေးတစ်ယောက်သာဖြစ်သည်။ အရင်ကမ္ဘာတွင် ထိုအရွယ်မိန်းကလေးများသည် တက္ကသိုလ်တက်သည့်အရွယ်မျှသာရှိသေးမည်ဖြစ်ပြီး လှပသောအနာဂတ်အား ဖော်ဆောင်ရန်ကြိုးစားနေကြသည်သာ။သို့သော်ဒိုင်ယာဘလိုကမ္ဘာတွင်တော့ ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးများရှိသောလောကတွင် အသက်ရှင်နိုင်ရန် လေ့ကျင့်ကြရသည်သာဖြစ်သည်။ သူတို့၏သူငယ်ချင်းများ မိသားစုများ သေဆုံးသည်ကို မြင်တွေ့ရသည်မှာ အထူးဆန်းမဟုတ်တော့ပေ။

ဖှေးသူ၏ ပုဆိန်နှင့် ကျင်းတစ်ခုတူးပေးပြီး နီနာအား မြုပ်နံပေးရန်ပြင်ကြသည်။ နီနာ၏ အလောင်းအား ရွှေ့နေစဥ်တွင် တစ်စုံတစ်ခုအားတွေ့လိုက်ရသည်။ထိုအရာသည် ရွှေဒင်္ဂါးပြားများမဟုတ် မျိုးစေ့အိပ်တစ်အိပ်သာ။

သူပုန်စခန်းမှ စားစရာရှာရန်ထွက်လာစဥ်က သူမှရှာဖွေထားသော မျိုစေ့များသာဖြစ်ပေလိမ့်မည်။ထိုအရာအာစ အယ်လီနာမှ နီနာ၏ ပိုင်ဆိုင်မှုဖြစ်သဖြင့် နီနာ၏ အိပ်ထဲသို့ဂရုတစိုက်ထည့်ပေးကာ နီနာနှင့်အတူ မြေမြုပ်ပေးလိုက်လေသည်။နီနာ၏ခန္ဓာအား မြေမြုပ်ပြီးနောက်တွင် သူတို့နှစ်ယောက်ခရီးတဖန်ပြန်လည်စတင်ခဲ့ကြသည်။

အယ်လီနာသည် ဖြစ်ပြတ်ခဲ့သည်နှင့် ပတ်သက်ပြီး ခံစားနေရစဲဖြစ်သဖြင့် သူမ၏ ဝမ်းနည်းမှုများအား ဒေါသအဖြစ်ပြောင်းကာ မကောင်းဆိုးဝါးများအား ငရဲသို့ ဆက်တိုက်ပို့ပေးလျှက်ရှိသည်။ ဖှေးပင် သိပ်မတိုက်ခိုက်ရချေ။ ဖှေးတ်ိုက်ခိုက်ရန်ပြင်ဆင်နေချိန်မှာပင် အယ်လီနာ မှ ထိုမကောင်းဆိုးဝါးအား သတ်ဖြတ်ပြီးဖြစ်နေသည်။

သူတို့လမ်းတစ်လျှောက်တွင် အမျိုးသမီးသူပုန်များ၏ အလောင်းများကိုလည်း ထက်မံတွေ့ရှိနေရသည်။ ထိုသူများကိုတော့ အယ်လီနာမသိချေ။ သနားတတ်သော ဖှေးသည် အလျင်လိုနေသော်လည်း ထိုအလောင်းများအား အချိန်ယူပြီး ကောင်းမွန်စွာ မြေမြုပ်ပေးသည်။

နောက်ဆုံးတွင် [မြေအောက်လမ်း]မှထွက်ခွာနိုင်ခဲ့ ပြီး [အမှောင်သစ်တော]ထဲသို့ရောက်ရှိလာခဲ့သည်။ ထိုအမှောင်သစ်တောသည် နာမည်ကဲ့သို့မှောင်မိုက်မနေချေ။ မြေအောက်လမ်းနှင့်ယှဥ်ပါက အလွန်ပင်လင်းလင်းထင်းထင်းရှိသည်။[အေးစက်သော ဒေသ]နှင့် [သွေးမြေရိုင်း လွင်ပြင်]ထက်ပိုပြီး သစ်ပင်များ မြက်များဖြင့် စိမ်းစိမ်းစိုစိုရှိလှသည်။

ကောင်းကင်ပေါ်မှာ မိုးများ တပြိုက်ပြိုက်ရွာကျနေသည်။ ဖှေး အဝေးသို့လှမ်းကြည့်လိုက်ရာ မကောင်းဆိုးဝါးအုပ်တစ်ခုအား တွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝါးများသည် လူနှစ်ယောက်ဝင်ပေါက်မှထွက်လာသည်အား တွေ့လိုက်သည်နှင့် ဖှေးနှင့် အယ်လီနာထံရန်လိုစွာဖြင့် တဟုန်ထိုးပြေးလာကြတော့သည်။

“ဝှီး ဝှီး ဝှီး”

မြှားပေါင်းများစွာကို အယ်လီနာပစ်လွှတ်လိုက်သည်။ ထိုမြှားများသည် စက်သေနတ်မှ ထွက်သည့် ကျည်ဆန်များထက်ပို ပိုမိုမြန်ဆန်လှသည်။

“ဒုတ် ဒုတ် ဒုတ်”

ဖှေးမှလည်း သူ၏ အသွားနှစ်ဖက်ပါ ပုဆိန်ကြီးနှင့် ဝှေ့ရမ်းတိုက်ခိုက်နေသည်။

ဖှေးနှင့်အယ်လီနာတို့သည် လယ်သမားများကောက်ရိတ်သည့်အတိုင်း မကောင်းဆိုးဝါး များအား လျှင်မြန်စွာ ရှင်းလင်းသုတ်သင်ပစ်လိုက်ကြသည်။

မကောင်းဆိုးဝါးများအား ရှင်းလင်းပြီး သူတို့နှစ်ယောက်သား ပေ၅၀အမြင့်ရှိ သစ်ပင်ကြီးအနားသို့ရောက်လာကြသည်။အပင်ခြေရင်းတွင် ပုတ်သိုးနေသော အလောင်းများဖြင့် ပြည့်နှက်နေပြီး ယဥ်တလောင်းလောင်းဖြစ်နေသည်။အလောင်းတစ်ချို့မှာ သစ်ကိုင်းများပေါ်တွင်တွဲလောင်းဖြစ်နေပြီး သွေးများတစက်စက်ကျနေသည်။ မြင်ရသည့်မြင်ကွင်းမှာ ငရဲခန်းပင်။

ဖှေး အသက်အောင့်ကာ သစ်ပင်အနားသို့ချည်းကပ်သွားပြီး ပင်စည်အားလက်ဖြင့်ထိလိုက်သည်။

“ဖုတ်”

အဖြူရောင်စာလိပ်တစ်ခုသည် သစ်ခေါင်းအတွင်းမှထွက်ကျလာခဲ့သည်။

ဖှေးစာလိပ်အား ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ စာလိပ်ထဲတွင့ ဖှေးနားမလည်သည့် ထူဆန်းသည့်စာများ သင်္ကေတများဖြင့်ပြည့်နှက် လျှက်ရှိသည်။

“အာကာရာကို ဘာသာပြန်ခိုင်းရတော့မယ့်ပုံပဲ....”

ဖှေးစာလိပ်အား သူ၏ [ပစ္စည်းထားသိုရာ အကန့်]ထဲသို့ ပစ်ထည့်လိုက်ပြီး မကောင်းဆိုးဝါး များစီမှ ထွက်လာ​သော အဖိုးတန်ပစ္စည်းအနည်းငယ်အား လိုက်လံကောက်ယူသည်။ထို့နောက်တွင် [မြို့ပြောင်းစာလိပ်]အား အသုံးပြုလိုက်ရာ အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာတော့သည်။

ဖှေးအနောက်တွင် သူ့အား စောင့်ကြည့်ပေးနေသော အယ်လီနာအား သူနှင့်အတူပေါ်တယ်ထဲသို့ဝင်ရန် အချက်ပြလိုက်သည်။ သို့သော် အယ်လီနာ ၏မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်အား တွေ့ရသည်။

“ဒါ... ဒါက [မြို့ပြောင်းမှော်စာလိပ်]လား.......”

အယ်လီနာမှာ အလွန်အံ့သြနေသည်။

“ငါတို့မှာသာ ဒီလိုစာလိပ်တွေရှိခဲ့ရင် ငါ့သူငယ်ချင်းတွေ သေမှာမဟုတ်ဘူး။”အယ်လီနာ တွေးမိ၏။

“ဟုတ်တယ် အဲ့တာမြို့ပြောင်းစာလိပ်လေ...”

အယ်လီနာ၏မျက်နှာပေါ်တွင် အံ့သြ သည့်အမူအယာကိုတွေ့သော်လည်း ဖှေး အမှုမဲ့အမှတ်မဲ့သာနေနေသည်။ “မြို့ပြောင်းစာလိပ်က ဘာထူးဆန်းလို့လဲ ရွှေဒင်္ဂါး၈၀ပဲပေးရတာကို”ဟု တွေးမိ၏။

ထို့နောက်တွင် နှစ်ယောက်သားပေါ်တယ်ထဲသို့ ဝင်လိုက်ကြပြီး [သူပုန်စခန်း]သို့ပြန်လည်ရောက်ရှိလာကြသည်။ အယ်လီနာသည် မြို့ပြောင်းစာလိပ်ဖြင့် ပေါ်တယ်ထဲသို့ ဝင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့်ထူးဆန်းအံ့သြနေသည်။ သူပုန်စခန်းသို့ရောက်ရောက်ခြင်း ဖှေးအာကာရာထံသို့သွားရန်ပြင်သည်။ အယ်လီနာသည် နီနာ၏သေဆုံးကြောင်းအား သူ၏ သွေးသောက်ညီအမများထံသွားရောက်သတင်းပို့ရန် စီစဥ်ထားသော်လည်း ယခုအခါတွင် သူမသည် ဖှေး၏ ကိုယ်ရံတော်ဖြစ်သွားပြီဖြစ်သောကြောင့် သူ၏ ညီအမများစီသို့ မပြန်တော့ရန်ဆုံးဖြတ်လိုက်သည်။

သို့သော်ဖှေးမှ “မင်းသူငယ်ချင်းတွေနဲ့သွားတွေ့ပြီး စကားပြောလိုက်ဦးလေ။”ဟု နောက်လှည့်ကာ ပြောလိုက်၏

All Chapters